ရန်ကုန်၊
စက်တင်ဘာ ၁၇ – “ကျွန်တော် ဒီခြံကို စပြီး ခေါင်းခံတော့
တစ်ခြံလုံးမြက်ထူထူအရှည်ကြီးတွေနဲ့ပေါ့၊ အဆောက်အအုံတွေကလဲ ပြိုကျတော့မယ်၊
ခြံထဲကချုံတွေကို အလုပ်သမားခေါ် ရှင်းတာပဲ နှစ်လလောက်ကြာတယ်˘လို့ လက်
ရှိခြံကို ဦးဆောင်ပြုပြင်နေတဲ့ ဦးအုန်းချစ်မြိုင်က အေးဆေးတည်ငြိမ်စွာ
ပြောပြနေပါတယ်။
တစ်ချိန်တုန်းက နေ့စဉ်လူရာနဲ့ချီ
အဝင်အထွက်ရှိခဲ့တဲ့ ခြံကြီးဟာ ၂၀ဝ၉ ခုနှစ်နောက်ပိုင်း ကစပြီး လူသူလာရောက်မှု
နည်းပါးသွားတဲ့အထိ မှေးမှိန်သွားခဲ့ရပါတယ်။
ခြံကြီးရဲ့ အရှင်သခင်မရှိတော့တဲ့
နောက်ပိုင်းခြံကြီးဟာ ဦးဆောင်သူ ကင်းမဲ့သွားကာ ချုံ
နွယ်ပိတ်ပေါင်းထူထပ်ပြီး ခြံဝင်းတံခါးပိတ်ခဲ့ရတဲ့ အခြေအနေအထိ
ဖြစ်လာခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၅ခုနှစ်မှာ အရှင်သခင်ရဲ့ အမျိုးသမီးက တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးအုန်းချစ်မြိုင်တို့ကို လက်ရှိခြံကြီးကို ဦးဆောင်ပြုပြင် ဖို့ အာဏာကုန်လွှဲအပ်လိုက်ပါတော့တယ်။
ဒါပေမဲ့ ၂၀၁၅ခုနှစ်မှာ အရှင်သခင်ရဲ့ အမျိုးသမီးက တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးအုန်းချစ်မြိုင်တို့ကို လက်ရှိခြံကြီးကို ဦးဆောင်ပြုပြင် ဖို့ အာဏာကုန်လွှဲအပ်လိုက်ပါတော့တယ်။
အဲသည်ခြံကတော့ စာရေးဆရာ၊ နက္ခတ္တ ဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ မှော်ဘီမြို့မှာရှိတဲ့ မရမ်းတလင်းခြံကြီး ဖြစ် ပါတယ်။
“အဘမရှိတော့တဲ့နောက်ပိုင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့ကြတယ်၊ ကျွန်တော်တို့ သတ်မှတ်တာက ဒီခြံဟာ အဘအပြင် ဒီကသားတပည့်တွေ ခုနစ်ရက်သားသမီးတွေ အကုန်ပိုင်တာ”လို့ သူ့ရဲ့ယူဆချက်ကို ဦးအုန်းချစ်မြိုင်က ပြောပါတယ်။

အဲသည်အတွက် သူမတိုင်ခင် ရှေ့မှာ သည်ခြံကို
ဦးစီးခဲ့တဲ့ ဆရာမင်းသိင်္ခရဲ့ စီနီယာတပည့်တွေများစွာ ရှိခဲ့ပေမဲ့
အနှောင့်အယှက် အမျိုးမျိုး ကြုံခဲ့ရတယ်လို့ သူကပြောပါတယ်။
အဲသည်တော့ သူတို့လည်း စိတ်ညစ်ပြီး နောက်ဆုံးမှာတော့ အဆိုပါ မရမ်းတလင်းခြံကို မဦးဆောင်ကြတော့ဘူးလို့ ပြောပါတယ်။
အဲသည်တော့ သူတို့လည်း စိတ်ညစ်ပြီး နောက်ဆုံးမှာတော့ အဆိုပါ မရမ်းတလင်းခြံကို မဦးဆောင်ကြတော့ဘူးလို့ ပြောပါတယ်။
အဘရဲ့ အမျိုးသမီးက သည်ခြံကို အရင်အတိုင်း
ပြန်လည်ပတ်စေချင်တယ်။ သာမညဆရာ တော်မရှိလို့ သာမညတောင် နာမည်ကျသွားသလို
မင်းသိင်္ခမရှိလို့ မရမ်းတလင်းခြံ နာမည်ကျသွားမှာ မလိုလားတဲ့အတွက်
ကျွန်တော့်ကို ခေါင်းခံခိုင်းခဲ့ပါတယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
အဲသည်အချိန်မှာ ဆရာမင်းသိင်္ခရဲ့ အမျိုး
သမီးဖြစ်တဲ့ ဒေါ်ကျင်ဖုံကနေ ဦးအုန်းချစ်မြိုင်တို့ကို
နိုင်ငံတော်မှတ်ပုံတင်ရုံးကနေ အထွေထွေ လုပ်ပိုင်ခွင့်တွေ
လွှဲပြောင်းခဲ့ပါတယ်။
အဲသည်အတွက် ၂၀၁၅ခုနှစ် စက်တင် ဘာက စတင်ပြီး သည်ခြံကို ရှင်းလင်းရေးတွေ ပြုပြင်ရေးတွေ ပြန်လည်လုပ်ဆောင်ခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အဲသည်အတွက် ၂၀၁၅ခုနှစ် စက်တင် ဘာက စတင်ပြီး သည်ခြံကို ရှင်းလင်းရေးတွေ ပြုပြင်ရေးတွေ ပြန်လည်လုပ်ဆောင်ခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
မယုံရင်မဝင်ရ
မှော်ဘီဈေးကို ကျော်လာပြီး ချမ်းမြေ့ရိပ်
သာသို့ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့ လမ်း လေးကနေကတ္တရာလမ်းကိုတစ်သွယ်
မြေနီလမ်းလေးကို တစ်ခေါက်ကျော်ဖြတ်ပြီး မင်းသိင်္ခခြံသို့ဆိုတဲ့
သစ်သားဆိုင်းဘုတ်လေးကို တွေ့မြင်လိုက်ရပါတယ်။
၁၉့  ၅ဧက ကျယ်ဝန်းတဲ့ ခြံကြီးဟာ ၁၀ ပေ တောင်မပြည့်တဲ့ လမ်းလေးနဲ့မှမမျှ အံ့မခန်း တည်ရှိနေပါတယ်။
ခြံရှေ့ကို ရောက်ရှိချိန်မှာ “ဗေဒင်မယုံသူ
များမဝင်ရ”ဆိုတဲ့ ခေါင်းစီးဆိုင်းဘုတ်က ဗေဒင် ယုံကြည်သူတွေသာ
ဝင်ရောက်ခွင့်ပြုတဲ့ အနေ အထားနဲ့ ဆီးကြိုနေပါတယ်။
ခေါင်းစီးဆိုင်းဘုတ်ကို ကျော်လွန်ချိန်မှာ ဗေဒင်ပညာရဲ့ အစီအမံတွေနဲ့ ပြုလုပ်ထားတဲ့ အဓိဋ္ဌာန်ကန်တော့ပွဲပုံစံ ထုဆစ်ထားတဲ့ ရုပ်တုကို တွေ့မြင်ရပါတယ်။
ခေါင်းစီးဆိုင်းဘုတ်ကို ကျော်လွန်ချိန်မှာ ဗေဒင်ပညာရဲ့ အစီအမံတွေနဲ့ ပြုလုပ်ထားတဲ့ အဓိဋ္ဌာန်ကန်တော့ပွဲပုံစံ ထုဆစ်ထားတဲ့ ရုပ်တုကို တွေ့မြင်ရပါတယ်။
အဲသည်အရုပ်ကနေ ၁၀ပေလောက်အကွာမှာ မိုက်ကယ်လို့
နာမည်ပေးတဲ့ ပေ ၅၀ကျော် လောက်ရှိမယ့် ဘီလူးရုပ်ကြီးက ခြံထဲကို
ဝင်လာသူတွေကို ခက်ထန်တဲ့ မျက်နှာနဲ့ ကြည့်ရှုနေပါတယ်။
အစွယ်နှစ်ဖက်က ချွန်မြနေသလို အပြာ၊ အစိမ်း၊ အဝါ၊ အနီ ရောစပ်ထားတဲ့ မိုက်ကယ်ရဲ့ ဝတ်စုံဟာ ရေညှိတွေ ကပ်လာတဲ့အတွက် တချို့နေရာတွေမှာ အမည်းကွက်တွေ ဖြစ်နေပါတယ်။
ဒါပေမဲ့လည်း ဓားတစ်လက် မြေစိုက် လက် နှစ်ဖက်လုံးနဲ့ ပူးကပ်ကိုင်ဆောင်ထားတဲ့ သူ့ရဲ့ ဟန်ပန်က ကြောက်စရာအသွင်တော့ ပေါ်ပေါက်နေပါသေးတယ်။

“၂၀ဝ၇ရွှေဝါရောင် သံဃာအရေးအခင်းတွေ ဖြစ်ကြတော့
အဘက မနေနိုင်ဘူး၊ သူ့စိတ်ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာအတွက်
တစ်ခုခုလုပ်ဖို့ကော ဒီခြံကြီးကို သူမရှိတဲ့နောက်ပိုင်း အန္တရာယ်တွေက
ကာကွယ်ဖို့ကော ဒီမိုက်ကယ် ရုပ်တုကြီးကို ထုခဲ့တာ˘လို့ လက်ရှိ
မရမ်းတလင်းခြံရဲ့ ဦးဆောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမင်းဟိန်းကိုက
ပြောပါတယ်။
မိုက်ကယ်ရဲ့ နောက်မှာ ၂၇ လုံးပုတီးကို ထု
လုပ်ထားပြီး ရုပ်တုသုံးခုရဲ့ဘေးမှာ မြေနီလမ်း ကလေးတစ်ခုက ခြံထဲကို ဆက်လက်
လျှောက် ကြည့်ဖို့ နှိုးဆော်နေပါတယ်။
မြေနီလမ်းလေးရဲ့ ညာဘက်အခြမ်းမှာတော့
ဆရာမင်းသိင်္ခရဲ့ဝတ္ထုတွေထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ပုဏ္ဏားဘကွန်း၊
ဆားပုလင်းနှင်းမောင်၊ စားဖိုမှူးကြီး ဦးဂွမ်တီ၊ မာလိန်မှူးထူးစိန်အပါအဝင်
ရုပ်တုရှစ်ရုပ်ကိုထုလုပ်ထားပါတယ်။
ရုပ်တုတွေ ထုလုပ်ထားတာ ကြာနေပြီ ဖြစ်
တဲ့အတွက် ပုဏ္ဏားဘကွန်းရဲ့ အမှတ်တံဆိပ် တုတ်နဲ့ မီးအိမ်မှာလည်း
တုတ်သာရှိပြီး မီးအိမ်ကိုင်းလေးပဲ ကျန်ရစ်ခဲ့တော့တယ်။ တချို့အရုပ်တွေလဲ
ပျက်စီးနေပြီး အောက်ခြေကို မမြင်နိုင် တော့အောင် ချုံနွယ်တွေက
ရစ်ခွေသိုင်းယှက် နေပါတယ်။
နေရာပြန်ချမယ်
ကျွန်တော်တို့ အခုတန်ဆောင်မုန်းလပြည့်
နေ့မတိုင်ခင် အခုအရုပ်တွေကို နေရာပြန်ချမှာ ဖြစ်ပြီး စားဖိုမှူးကြီး
ဦးဂွမ်တီကိုလည်း မီးဖိုဆောင်မှာပေါ့။ တခြားအရုပ်တွေလည်း သင့်တော်ရာနေရာကို
ပြန်ချပြီး ပြန်လည်ပြုပြင်ဖို့ ရှိ တယ်လို့ လက်ရှိခြံကို
ဦးဆောင်ထိန်းသိမ်းနေတဲ့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ဇာတ်ကောင်အရုပ်တွေကို ကျော်ဖြတ်ပြီး ရင်တော့
ဆရာကြီးလက်ထက်က တပည့်တွေကို အိမ်ထောင်ကျရင် နေထိုင်ဖို့ ပေးခဲ့တဲ့
ခြေတံရှည်အိမ်လေးတွေကို တွေ့မြင်ရပါတယ်။
အဲသည်ကနေ ဘယ်ဘက်ကို နှစ်မိနစ် ဝန်း
ကျင်လမ်းလျှောက်လိုက်ရင် ဝါးခြံစည်းရိုးလေးနဲ့ ကာထားပြီး လှည်းဘီးနှစ်ဘီးက
ခြံဝင်းအ သေးလေးရဲ့ တံခါးတစ်ဖက်တစ်ချက်စီမှာ နေရာယူထားတာ တွေ့ရပါတယ်။
အဆိုပါခြံတစ်ခုလုံးဟာ ဂမ္ဘီရအငွေ့အသက်တွေ၊ သံစဉ်တွေ ဖုံးလွှမ်းနေပြီး အဝါ၊ အစိမ်း၊ အနီအလံငယ်လေးတွေကို ခြံဝင်းအနှံ့တွေ့ မြင်နေရပါတယ်။
အဆိုပါခြံတစ်ခုလုံးဟာ ဂမ္ဘီရအငွေ့အသက်တွေ၊ သံစဉ်တွေ ဖုံးလွှမ်းနေပြီး အဝါ၊ အစိမ်း၊ အနီအလံငယ်လေးတွေကို ခြံဝင်းအနှံ့တွေ့ မြင်နေရပါတယ်။
ခြံရှေ့တည့်တည့်ကနေ ကြည့်လိုက်ရင်
ရွှေရောင်အဆင်းနဲ့ ရုပ်တုနှစ်ခုနဲ့အတူ ဘုရားကျောင်းဆောင်အငယ်လေးကို
တွေ့နိုင်ပြီး ဘယ်ဘက်မှာ ရာဇဂြိုဟ်ဆိုတဲ့ နာမည်နဲ့ စာအုပ်
ဆိုင်ငယ်လေးတစ်ခု၊ ဘေးမှာတော့ လုမ္ဗိနီခန်းမဆိုတာ ရှိပါတယ်။
ခြံထဲကိုပြန်ရောက်တော့ သည်ခန်းမကြီးက
ပြိုကျတော့မယ်။ မြွေတွေဝင်ခွေနေတာတွေ ကော အဲဒါကို မူလပုံစံမပျက်စေဘဲ
ပိုခိုင်အောင် အုတ်ဖိနပ်စီလိုက်ရတယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ခြံဝင်းထဲမှာ သစ်ပင်ကြီးတွေ များစွာ စိုက်ပျိုးထားပြီး သစ်ပင်တွေမှာ စာတမ်းငယ်လေးကို ကိုယ်စီချိတ်ဆွဲထားကြပါတယ်။
ခြံဝင်းထဲမှာ သစ်ပင်ကြီးတွေ များစွာ စိုက်ပျိုးထားပြီး သစ်ပင်တွေမှာ စာတမ်းငယ်လေးကို ကိုယ်စီချိတ်ဆွဲထားကြပါတယ်။
ခြံဝင်းလေးထဲမှာပဲ မယ်တော်ကျောင်းတွေ၊ အရင်
ဆရာမင်းသိင်္ခရှိစဉ်က အသုံးပြုခဲ့ တဲ့ ဖုန်းရုံလေးတွေ၊ ခရီးလှည့်စဉ်
အသုံးပြုခဲ့တဲ့ ကားတွေကို တွေ့နိုင်ပါတယ်။
အရင် ဆရာမင်းသိင်္ခရှိစဉ်က နေခဲ့တဲ့ အဆောင် ၃၇
ကို ပြန်လည်ပြင်ဆင်တာတွေ၊ မပြီးပြတ်ခဲ့တဲ့ အိုးစေတီ၊ ဘူးစေတီ၊
ပုလင်းစေတီတွေကို ပြန်လည်တည်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဘုရားစေတီတည်ဖို့ဆိုတာ အင်မတန် မလွယ်တဲ့ကိစ္စ
အဲဒါကို တစ်လအတွင်း အပြီး တည်ဖို့ အိပ်မက်ပေးတာတွေရှိတယ်။ ဘုရားတည်တော့
ပိုက်ဆံကုန်သွားချိန်မှာလည်း ပိုက်ဆံက တခြားနည်းတစ်ခုခုနဲ့ ဝင်လာတတ်တယ်လို့
သူက ပြောပါတယ်။
“လူတွေက ကျွန်မတို့ကို ခရေစီကျတယ်လို့
ပြောရင်ပြောလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ အဘဟာဝိဇ္ဇာပဲ၊
ကျွန်မတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သက်သေသာဓကတွေလဲ ရှိပါတယ်”လို့ လက်ရှိ
မရမ်းတလင်းခြံရဲ့ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမာအေးကသူ့ရဲ့
ယုံကြည်ချက်နဲ့ပတ်သက်ပြီး ပြောပါတယ်။
ပြန်စနေပြီ
လက်ရှိအချိန်မှာ ဆရာမင်းသိင်္ခရှိစဉ်က အတိုင်း
ဗေဒင်ပညာသင်ကြားပေးတာတွေ၊ ယတြာချေပေးတာတွေကို အဆိုပါ ခြံဝင်းထဲမှာ
ပြန်လည်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
‘“အဘရှိစဉ်ကအတိုင်းပဲ အကုန်လုံးကို အ ခမဲ့သင်ကြားပေးတယ်၊ အခုဆို အပတ်စဉ် ၂၄ ရောက်လာပါပြီ”လို့ ဦးအုန်းချစ်မြိုင်က ပြောပါ တယ်။
‘“အဘရှိစဉ်ကအတိုင်းပဲ အကုန်လုံးကို အ ခမဲ့သင်ကြားပေးတယ်၊ အခုဆို အပတ်စဉ် ၂၄ ရောက်လာပါပြီ”လို့ ဦးအုန်းချစ်မြိုင်က ပြောပါ တယ်။
ဆရာမင်းသိင်္ခရှိစဉ်မှာ ဗေဒင်ပညာ
လာရောက်သင်ကြားသူတွေကို သင်တန်းကာလအတွင်း နေ့စဉ် ထမင်းသုံးနပ်၊ လက်ဖက်ရည်
သုံးခွက် ကျွေးမွေးသလို အခမဲ့နေထိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
သင်တန်းတွေကို လစဉ် ၂၄ ရက်နေ့မှာ သင်ကြားပေးပြီး ၂ ရက်နေ့မှာ
သင်တန်းကာလပြီးဆုံးပြီး သင်တန်းချိန် ရှစ် ရက်ကြာမြင့်တာ ဖြစ်ပါတယ်။
သင်တန်းချိန်မှာ မနက် ၅းဝ၀နာရီ အိပ်ရာကထရပြီး ည ၁၁းဝ၀နာရီအထိစာသင်ချိန် သုံးကြိမ်ခွဲကာ သင်ကြားပေးနေတာ ဖြစ်ပါတယ်။
“အဘ ရှိတုန်းကလောက် လူလာရောက်မှု
မရှိတော့ပေမဲ့ ကျွန်တော်တို့က ဒီ ၂၀၁၈မှာ အရင်လိုပြန်ဖြစ်ဖို့
ဆောင်ရွက်နေတာတွေ၊ မျှော်လင့်နေတာတွေရှိတယ်”လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆရာမင်းသိင်္ခနေ ထိုင်ခဲ့တဲ့ အဆောင် ၃၇ ကို ပြတိုက်ပုံစံထားရှိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဆရာမင်းသိင်္ခနေ ထိုင်ခဲ့တဲ့ အဆောင် ၃၇ ကို ပြတိုက်ပုံစံထားရှိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြတိုက်ဆိုတာထက် အဘရှိစဉ်က အသုံးပြုခဲ့တဲ့
သူ့ရဲ့ မူရင်းပစ္စည်းတွေကို သူ့ရဲ့ တပည့်သားသမီးတွေ၊ ခုနစ်ရက်သားသမီးတွေ
ကြည့်ရှုခွင့်ရရှိအောင် ကန်တော့လို့ရအောင် ဆောင်ရွက်တာပါလို့ သူက ပြောပါတယ်။
သင်တန်းကာလမဟုတ်တဲ့အတွက် ခြံဝင်းလေးမှာတော့ လူနည်းပါးနေပြီး လာရောက် လေ့လာလည်ပတ်သူ ဆယ်ဂဏန်းလောက်တော့ တွေ့ရပါတယ်။
ဆရာမင်းသိင်္ခအသုံးပြုခဲ့တဲ့ ကြွေခွက်တွေ၊
မီးခံသေတ္တာတွေ၊ အလှူခံသေတ္တာတွေ၊ စစ်ထဲမှာ နေခဲ့တုန်းက အသုံးအဆောင်တွေကတော့
လောလောဆယ် ပြတိုက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆရာမင်းသိင်္ခအိန္ဒိယသွားချိန်မှာ လက်ဆောင်ရရှိထားတဲ့ ပစ္စည်းတွေ၊ ဆုတံဆိပ်တွေ၊ နိုင်ငံတကာက ချီးမြှင့်တဲ့ဘွဲ့တွေကိုလည်း ပြသထားမှာလို့ သိရပါတယ်။ ဒါ့အပြင် ဆရာမင်း သိင်္ခနဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်တုလည်း ထုလုပ် နေတယ်လို့ သိရပါတယ်။

ဆက်လုပ်မယ်
“တချို့ပစ္စည်းတွေက စုတဲ့အနေအထားပဲ ရှိ
သေးတယ်၊ သူရှိစဉ်က ရေးသားခဲ့တဲ့ စာအုပ်တွေကို ပြန်စုနေပြီး
စာကြည့်တိုက်ပြန်လုပ်ဖို့ ရှိ တယ်၊ တခြားအဘ မျှော်မှန်းခဲ့တဲ့ အရာတွေကိုလဲ
ဆက်လက် လုပ်ဆောင်ဖို့ ရှိတယ်”လို့ သူက ပြောပါတယ်။
ဆရာမင်းသိင်္ခရှိစဉ်ကတည်းက သည် ခြံ ထဲမှာ
နေထိုင်တဲ့ လာရောက်တဲ့ဘယ်သူ့ကိုမဆို အခမဲ့ကျွေးမွေးတာတွေ လုပ်ဆောင်ပေမဲ့
ငွေကြေးအခက်အခဲမရှိခဲ့ဘူးလို့လည်း သိရပါ တယ်။
‘အဘက စာရေးတယ်၊ ယတြာ ပေး တယ်၊ အဲဒီကရတဲ့ငွေတွေနဲ့ပဲ ဒီခြံကြီးက လည်ပတ် လာခဲ့ကြတာပါ”လို့ သူက ပြောပါတယ်။
‘အဘက စာရေးတယ်၊ ယတြာ ပေး တယ်၊ အဲဒီကရတဲ့ငွေတွေနဲ့ပဲ ဒီခြံကြီးက လည်ပတ် လာခဲ့ကြတာပါ”လို့ သူက ပြောပါတယ်။
ခြံဝင်းလေးအတွင်းမှာ ဆရာမင်းသိင်္ခရဲ့
ကိုယ်တစ်ပိုင်းရုပ်တုတစ်ခုကို လုပ်ထားပြီး ဂမ္ဘီရဆန်တဲ့ အရေးအသားတွေကို
ခြံဝင်းလေးအနှံ့တွေ့မြင်နေရပါတယ်။
ဗေဒင်ပညာသင်ကြားပေးတဲ့နေရာ၊ ပညာလာရောက်သင်ယူသူတွေအတွက် အမျိုးသမီးအဆောင်၊ အမျိုးသားအဆောင်သီးခြားသတ်မှတ်ထားတာ ဖြစ်ပါတယ်။
‘ယုံကြည်တယ်လေ၊ အန်တီတို့လဲ သိပံသမားတွေ၊
လက်တွေ့မှ ယုံကြည်တာ၊ ကိုယ်တွေက စာတွေ့မဟုတ်ဘဲ ငါတွေ့ဆိုတော့ ပိုပြီး
ယုံကြည်လာတာ”လို့ လက်ရှိမရမ်းတလင်းမှာ ဗေဒင်ပညာ မွမ်းမံသင်တန်းတက်ရောက်ဖို့
ရောက်ရှိလာတဲ့ အစိုးရဝန်ထမ်းအမျိုးသမီးတစ်ဥိးက စိတ်အားထက်သန်တက်ကြွစွာ
ပြောပါတယ်။
သူ့အနေနဲ့ ဆရာမင်းသိင်္ခလက်ထက်ကတည်းက သည်မှာ ယတြာလာရောက် ယူနေသူ ဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကို ဝမ်းပန်းတသာပြောပြနေပါတယ်။
အန်တီက ပြည်မှာတာဝန်ကျတယ်။ အသက်က ၂၀
ကျော်ပဲရှိသေးတော့ ရန်ကုန်ကိုပဲ ပြန်လာချင်တာ၊ အဲဒါနဲ့ အဘမင်းသိင်္ခဆီမှာ
ယတြာလာချေတာ အဲသည်အချိန်ကဆို ယတြာချေဖို့လူတွေက အများကြီးတိုကင်ယူပြီး
တန်းစီစောင့်ရ တာလို့ ဆရာမင်းသိင်္ခရှိစဉ် သည်ခြံရဲ့ အခြေအနေကို ပြောပြတယ်။
‘ယတြာပေးတော့ ရိုးစင်းတယ်၊ သစ္စာတရားပေါ်
အခြေခံတယ်၊ လုပ်ရလွယ်ကူတဲ့အတွက် ပိုပြီးအဆင်ပြေတယ်၊ ဒါပေမဲ့ တချို့ပတ်
ဝန်းကျင်ကိုတော့ မေ့ထားရတယ်”လို့ ပြောတယ်။
ခြံထဲမှာ လူသူအရောက်နည်းလာတဲ့ နေရာတွေရှိတယ်။ တချို့နေရာမှာဆို ဘုရားတွေ အ များကြီးထားခဲ့တာလို့ သိရပါတယ်။ ပြတိုက်ရှိ ရာ ခြံဝင်းလေးကနေ အပြင်ကိုထွက်ပြီး ညာဘက်ကို ငါးမိနစ်ကျော် ကုန်းမြင့်သေးသေးလေးကိုသွားရင် ခြံရဲ့အသက်လို့ပြောလို့ရတဲ့ ရုက္ခစိုးရဲ့ နတ်နန်းကို ရောက်ပါတယ်။

ငါးမိနစ်ကြာ လမ်းလျှောက်နေချိန်
မြေနီလမ်းလေးရဲ့ဘေးမှာ ဆရာမင်းသိင်္ခနေထိုင်ခဲ့ တဲ့ အိမ်ဖြူတော်ဟာ
ချုံနွယ်ပိတ်ပေါင်းတွေ ကြားသွားလာရခက်ခဲတဲ့အနေအထားမှာ ရှိနေပါတယ်။
ဝင်ပေါက်နှစ်ခု
အဲဒါအပြင် ဆရာမင်းသိင်္ခရှိစဉ် လက်ဝှေ့
သမားတွေအတွက် ကြိုးဝိုင်းစင်မြင့်တွေဟာလည်း ပန်းအိုးလေးတွေ အစီအရီ
နေရာယူထား ပြီး အုတ်ဖိနပ်တွေဟာ ရေညှိတွေများပြားကပ်ညှိနေပါပြီ။
ခြံဝင်းကို ဝင်ပေါက်က နှစ်ခုပေါ့။ ပထ မဂိတ်ပေါက်ရယ်၊ အခုရုက္ခစိုးရှိတဲ့ ညောင်ပင်ရယ်ပေါ့။ ညောင်ပင်ရှေ့မှာ အမြင့် ကိုးပေလောက်ရှိမယ့် မှန်အိမ်တစ်ခုကို တွေ့မြင်ရပါတယ်။
ခြံဝင်းကို ဝင်ပေါက်က နှစ်ခုပေါ့။ ပထ မဂိတ်ပေါက်ရယ်၊ အခုရုက္ခစိုးရှိတဲ့ ညောင်ပင်ရယ်ပေါ့။ ညောင်ပင်ရှေ့မှာ အမြင့် ကိုးပေလောက်ရှိမယ့် မှန်အိမ်တစ်ခုကို တွေ့မြင်ရပါတယ်။
“အရင်က ဒီနားတွေမှာ မျှော်စင်ရှိတယ်၊ အခုတော့
အဲဒီနေရာက အောက်ကပဲ ကြည့်လို့ရတော့တယ်၊ အပေါ်တက်လို့တော့ အဆင် မပြေဘူး”လို့
ခြံဝင်းကို လိုက်လံပြသတဲ့ မစိုးယုယထက်က ပြောပါတယ်။
ညောင်ပင်ကြီးရဲ့ဘေးမှာ မြက်ရိုင်းတွေ ပေါက်နေတဲ့ မြေနိမ့်လမ်းလေးထဲကို ဝင်သွားလိုက်ရင် ဝင်္ကပါပုံစံတည်ဆောက်ထားတဲ့နေရာတစ်ခုကို ရောက်ရှိသွားပါတယ်။
ညောင်ပင်ကြီးရဲ့ဘေးမှာ မြက်ရိုင်းတွေ ပေါက်နေတဲ့ မြေနိမ့်လမ်းလေးထဲကို ဝင်သွားလိုက်ရင် ဝင်္ကပါပုံစံတည်ဆောက်ထားတဲ့နေရာတစ်ခုကို ရောက်ရှိသွားပါတယ်။
“အဘရှိတုန်းကတည်းက တည်ထားတာပေါ့၊ ဘုရားက
တရားရေအေးတိုက်ကျွေးချိန် မှာ မုဒြာအမျိုးမျိုးနဲ့ ဟောပြောခဲ့တာ
အဲဒါတွေအားလုံးကို ဒီမြေမှာ တစုတစည်းတည်း ရှိနေ စေချင်တာပါ”လို့
ဆရာမင်းသိင်္ခရဲ့ ဆန္ဒကို ဦး မင်းဟိန်းကိုက ပြောပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ ၁၀၈ ဝင်္ကပါက
ဘုရားတချို့ဟာ ခိုးယူခံရတာတွေရှိတဲ့အတွက် ဘုရားတချို့ကို
ဗေဒင်ပညာသင်ပေးတဲ့အခန်းထဲမှာ သိမ်းဆည်းထားတာ တွေ့ရပါတယ်။
ဝင်္ကပါကနေထွက်ပြီး တခြားတစ်ဖက်ကို ရောက်ရှိချိန်မှာ ဖောင်တော်ဦးဆိုတဲ့ စေတီငယ်လေးကို တွေ့မြင်ရပါတယ်။
ဝင်္ကပါကနေထွက်ပြီး တခြားတစ်ဖက်ကို ရောက်ရှိချိန်မှာ ဖောင်တော်ဦးဆိုတဲ့ စေတီငယ်လေးကို တွေ့မြင်ရပါတယ်။
စတီလေးရဲ့ ဘေးမှာတော့ ဗေဒင်ပညာ ထဲက ကျမ်းတစ်စောင်ဖြစ်တဲ့ သုံးတန်ပေါ် နိစ်ကျမ်းကို ရေးထိုးထားတဲ့ ကျောက်စာ ငါးချပ်ကို တွေ့မြင်ရပါတယ်။
ဖောင်တော်ဦးစေတီရဲ့ဘေးမှာ လက်ဝှေ့ ဝါသနာပါတဲ့ တပည့်တွေနေထိုင်ဖို့ ခြေတံရှည်အိမ်လေးကိုလည်း တွေ့နေရပါတယ်။
လက်ရှိမှာတော့ အဆိုပါ အိမ်နေရာလေး ဟာ အသံမစဲမဟာပဋ္ဌာန်းပူဇော်ရွတ်ဖတ်တဲ့ နေရာလေးတစ်ခု ဖြစ်နေခဲ့ပါပြီ။
ဖောင်တော်ဦးစေတီရဲ့ဘေးမှာ လက်ဝှေ့ ဝါသနာပါတဲ့ တပည့်တွေနေထိုင်ဖို့ ခြေတံရှည်အိမ်လေးကိုလည်း တွေ့နေရပါတယ်။
လက်ရှိမှာတော့ အဆိုပါ အိမ်နေရာလေး ဟာ အသံမစဲမဟာပဋ္ဌာန်းပူဇော်ရွတ်ဖတ်တဲ့ နေရာလေးတစ်ခု ဖြစ်နေခဲ့ပါပြီ။
ဦးတည်ရာ
ကျွန်တော်တို့က သည်ခြံသည်မြေကို အောင်မြေလို့
သတ်မှတ်ထားတယ်။ သည်က နေ့ နိုင်ငံကျော် အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊
လက်ဝှေ့ပညာရှင်တွေ၊ ဗေဒင်ပညာရှင်တွေကို အစီအမံယတြာတွေနဲ့ မွေးထုတ်ပေးနိုင်
ခဲ့တဲ့အတွက် သည်မြေဟာ ခုနစ်ရက်သားသမီးတွေအကျိုးအတွက် ကောင်းမွန်တဲ့နေရာတစ်
ခုဖြစ်တယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ဒါ့အပြင် ဘုရား၊ တရားမမေ့ဖို့ အကြားအမြင်ဆိုတဲ့ စကားတွေနောက်မှာ မမျောမိဖို့ လည်း ပြောပါတယ်။
“အဘရှိကတည်းက ပြောတယ်၊ အကြားအမြင်ဆိုတာ
ရှိတယ်၊ အဲဒီလိုလူမျိုးကလဲ နှစ်နှစ်ထက် ပိုမခံဘူး၊ တကယ်လို့ သူက အကြားအ
မြင်လို့ ခေါင်းစဉ်တပ်ဟောပြောနေရင် သူဟာ ဗေဒင်နဲ့ ပတ်သက်ပြီး
အပိုင်ကိုင်ထားတာရှိလို့ ပါ”လို့ ဦးအုန်းချစ်မြိုင်က ဆရာမင်းသိင်္ခရဲ့သူတို့
ကိုပြောခဲ့တဲ့စကားကို ပြန်လည်ပြောပြပါတယ်။
သည်နေရာမှာ လူတစ်ယောက်ရဲ့ မွေးနေ့ မွေးရက်မသိဘဲ ရှေ့ဖြစ်ဟောနိုင်တယ်ဆိုတာ ဗေဒင်ပညာမှာ ပါပြီးသားပါ။
အကြားအမြင်အရ ဖြစ်တည်လာတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အဲသည်အတွက် မရမ်းတလင်းခြံမှာ
ဗေဒင်ပညာသင်ယူပြီးရင် အကြားအမြင်ရတဲ့ပုံစံမျိုးလုပ်ပြီး အပြင်မှာ
လုပ်မစားဖို့ သစ္စာရေတိုက် တာတွေကို ဆရာမင်းသိင်္ခလက်ထက်ကတည်းက လုပ်ခဲ့တယ်လို့
သိရပါတယ်။
ဗေဒင်ပညာဆိုတာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ထိန်းညှိပေးတဲ့ အရာသာ ဖြစ်တယ်။ ကံဇာတာအကျပိုင်းရောက်ချိန် ဘယ်လို နေသင့်တယ်။ ကံဇာတာတက်ချိန် ဘာတွေ ဆောင်သင့်တယ်ဆိုတာကို ခုနစ်ရက်သားသမီး တွေအတွက် ပြသတဲ့နေရာလို့ သူက ပြောပါတယ်။

Author / ဂျက် Kumudra