Thursday, May 22, 2014

ငွေလို၍ အိမ်နီးချင်း ကလေးကိုသတ်ပြီး နားကပ်ချွတ်ယူ



22 May 2014

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသားတစ်ဦးက ခြောက်နှစ်အရွယ် မိန်းကလေးကို သတ်ကာ နားကပ်အားချွတ်ယူပြီး အလောင်းကို ကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်ထားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်နီမော်ကျေးရွာ အုပ်စု မြောက်ပိုင်းရပ်ကွက်တွင် မေလ၁၉ ရက်က အဆိုပါ မိန်းကလေးငယ်ပျောက်ဆုံးခဲ့ပြီး မေလ ၂၁ ရက်မှသာ တောင်ပိုင်းရပ်ကွက်သင်္ချိုင်းတွင်  ကလေးငယ်အလောင်းကိုပြန်တွေ့ခြင်းဖြစ်ကြောင်း အမှတ် ၃၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး ညီညီထွန်းက ပြောသည်။

ရုတ်တရက်သေဆုံးသွားသူ၏ ရုပ်လောင်းအား သဂြုင်္ိဟ်ပြီး တစ်လအကြာတွင် တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်



22 May 2014

မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် အသက် (၃၄)နှစ်အရွယ် နိုင်လင်းဆိုသူ အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့သဖြင့် မြေမြှုပ်သဂြုင်္ိဟ်ပြီး တစ်လအကြာ၌  ပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုအဖြစ် ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဧပြီ ၁၆ ရက်က သေဆုံးသွားတာ။ ရုတ်တရက်သေဆုံးပြီး မိသားစုက အလျင်အမြန် မြေမြှုပ် သဂြုင်္ိဟ်ခဲ့တာ။ တစ်လအကြာမှာ မြေမြုပ်သဂြုင်္ိဟ်တာကို စစ်ဆေး တဲ့အခါ   လူသတ်မှုကျူးလွန် ကြောင်း ဖော်ထုတ်အရေးယူနိုင် ခဲ့တာပါ’’ ဟု မုံရွာမြို့ အမှတ်(၂) နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အခြေခံဥပဒေချက်ချင်းပြင်ဖို့တစ်ကယ်ပဲလိုအပ်နေပြီလား


22 May 2014
မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရှုနားထောင်ခဲ့ရပါတယ်။ အစကတော့ သူ့ပါတီက ဥပဒေပညာရှင်တွေ၊ သူ့လက်ရုံးတွေနဲ့ လွှတ်ထားခဲ့တဲ့ ကိစ္စကို အခုအခါမှာတော့ ဒေါ်စုကိုယ်တိုင် နယ်တွေဆင်းပြီး အားသွန်ခွန်စိုက် လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား။ ပေးထား
တဲ့ ခေါင်းစဉ်နဲ့ ပြောသွားတဲ့ အကြောင်းအရာတွေဟာ ထပ်တူကျခြင်း ရှိ၊ မရှိဆိုတာ အဲဒီ ဗီဒီယိုဖိုင်ကို စာဖတ်သူ ကျွန်တော့်မိတ်ဆွေတွေ ကြည့်ရှုနားထောင်ပြီးရင် ဝေဖန်ပိုင်းခြား နိုင်ကြပါလိမ့်မယ်။ အခြေခံဥပဒေကို အကြောင်းပြပြီး တပ်မတော်နဲ့ ပြည်သူကို ပညာသားပါပါ သွေးခွဲတာပဲလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလိုမျိုး လုပ်ရပ်ဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ ကိုယ့်နိုင်ငံအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် လိုချင်သလား၊

NLD မှာ ဗဟိုဦးစီးစနစ် လိုသည်ထက်ပိုနေတယ် ဆိုသည့် ဒေါက်တာရန်မျိုးသိမ်းနှင့် တွေ့ဆုံခြင်း


ကျွန်တော့်အမြင်က ၄၃၆ ရော ၅၉(စ)ရော ပြင်ဖို့က ၂၀၁၅ အမီ မဖြစ်နိုင်ဘူးလို့ မြင်တယ်’’

အတွဲ (၁၃)၊ အမှတ်(၁၁)


အစိုးရသစ်တက်ပြီးချိန်မှစ၍ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အစဉ်တစ်စိုက် လေ့လာသုံးသပ်ခဲ့သူ။
နိုင်ငံရေးဆောင်းပါးများနှင့် နိုင်ငံရေးအတွေးအမြင်များဖြင့် လက်ရှိ အာဏာရအစိုးရအဖွဲ့နှင့် အတိုက်အခံ အင်အားကြီးနိုင်ငံရေးပါတီများပါမကျန် ဝေဖန်သုံးသပ်နေသူ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးအရွေ့များ၊ ၂၀၁၅ ရွေးကောက်ပွဲအကြို
မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို 7Day News က တွေ့ဆုံမေးမြန်းထားပါသည်။ 

မေး- လွှတ်တော်နဲ့ အစိုးရသက်တမ်း သုံးနှစ်ကျော်ရှိလာတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အကူးအပြောင်းကာလကို ဘယ်လိုများသုံးသပ်ပါသလဲ။ သိသာထင်ရှားစွာ ပြောင်းလဲတယ်လို့
နိုင်ငံရေးလေ့လာသူတစ်ယောက်အနေနဲ့ မြင်ရတာတွေက ဘာတွေဖြစ်မလဲ။ 

ကိုရန်မျိုးသိမ်းကို ပြောချင်တယ်...


 May 22, 2014

ကိုရန်မျိုးသိမ်းကပြောတယ်အစိုးရသစ်တက်လာတာ၃-နှစ်ကျော်ပြီ ပြည်သူလူထုကဘာမှတိုးတက်မှုမရှိဘူး
လို့ဆိုတာ ကတော့ပကတိအရှိတရားကိုမျက်စိစုံမှိတ်ပြီးအဆိုးမြင်တာပဲလို့ ကျွန်တော်ပြောချင်တယ်။
ပြည်သူတွေကားတွေကိုဈေးနှုန်းသက်သာစွာနဲ့တိုက်ရိုက်တင်သွင်းခွင့်တွေရခဲ့တယ်၊လူတိုင်းနီးပါးလက်ကိုင်
ဖုန်းတွေ သုံးနိုင်တော့မယ်၊ လယ်သမားတွေ ဆင်းရဲးသားတွေရင်းနှီး လုပ်ကိုင်စားဖိုအတိုးနှုန်းနည်းနည်းနဲ
့ငွေထုတ်ချေးပေးခဲ့ တယ်။

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော




 ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးရန်လိုက်လျောပါ က မိမိတို့က လူထုနှင့်ကန့်ကွက်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ပုဒ်မ၅၉(စ)ပြင်ရန် လမ်းပေါ်ထွက် ကန့်ကွက်စရာမလိုသေးကြောင်း တစည ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လင်မယားစကားများပြီး ဇနီးအိမ်ပေါ်ကဆင်းသွားလို့ ကြိုးဆွဲချ သေတဲ့လူ

မလ(၂၀)ရက်နေ့
လှည်းကူးမြို့နယ်၊ အင်ကြင်းကွင်းကျေးရွာတွင်    ဇနီးအိမ်ပေါ်ကဆင်းသွားလို အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
မိမိကိုယ်ကို ကြိုးဆွဲချပြီး သေကြောင်းကြံခဲ့သူမှာ အသက်(၃၇)နှစ်အရွယ် ကိုသန်းလေးဝင်းဆိုသူဖြစ်၍၎င်းသည် နေအိမ်၏ အမြင့် ၂၂ ပေခန့်ရှိ ထုတ်တန်းတွင် အရှည်၁၃ပေခန့်ရှိ နိုင်လွန်ကြိုးဖြင့်ချည်လျက် ကြိုးဆွဲချ  သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဇနီးဖြစ်သူနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူမှာ နေအိမ်မှဆင်းသွားသဖြင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပုံရိပ်(burmesehearts.com)

ဘင်္ဂလာဒေ့ရှ် အစိုးရမှ သူတို့နိုင်ငံအတွင်း RSO အကြမ်းဖက်သောင်းကျန်းသူများမရှိဟု ငြင်းဆို မြန်မာဘက် မှ တင်းမာမှုများရှိခဲ့



၂၀၁၄ မေ ၂၁
ယနေ့နေ့လည် ၁၁ နာရီတွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အလံတင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးမှ မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်း ဖက်မှုများတွင် တစ်ဘက်နိုင်ငံမှ တာဝန်များစွာရှိကြောင်း၊ အဆိုပါသောင်းကျန်းသူများသည် တစ်ဘက်နိုင်ငံ တွင် အခြေပြုလှုပ်ရှားနေသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်း နှိမ် နှင်းပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BGB တပ်ရင်းမှ (လက်ထောက်ညွှန်ကြားရေးမှူးချုပ်)တပ်ရင်းမှူး ရာဖိခ်ဟာစိန်မှ ဆိုပါသောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများမဟုတ်ကြောင်း အတိအလင်းငြင်းဆိုခဲ့ပါသည်။ သူမှ ယခုဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအား မြန်မာနိုင်ငံအတွင်းရှိ သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်းဟုသာ သိရှိခဲ့ရ ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံအတွင်း ၌ သာအခြေပြုလှုပ်ရှားသူများသာဖြစ်သည် ဟုလည်း ပြောခဲ့ကြောင်း၊ သို့ပေမယ့် မိမိတို့ဘက်မှလည်း လှည့်ကင်းများဖြင့် စီစစ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ



22 May 2014

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဆင်းကတ်တစ်ကတ်ကို ၁၅၀၀ နှင့် ကတ် ၁၀သန်း တယ်လီနောမှ ရောင်းတော့မည်



22  May 2014

တယ်လီနောမြန်မာက ဝန်ကြီးဌာနဆီကနေ ဆင်းကတ် ၁၀သန်း ဝယ်ယူထားတယ်လို့ တယ်လီနောရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျ ကဆိုသည်။တယ်လီနောမြန်မာရဲ့စီအီးအိုပီတာဖားဘာ့ဂ်ျက” လက်ရှိမှာ ဆင်းကတ်နံပါတ် ၁၀ သန်း regulator ဆီက ဝယ်ထား ပြီးသား၊ အဲဒီ ၁၀ သန်းနဲ့စဖြန့်မယ်၊ဝယ်ယူနှုန်းပေါ်မူတည်ပြီး လိုသလောက် ထပ်ထပ်ဝယ်သွားမယ် လို့” ပြောသည်။ တယ်လီနောမြန်မာဟာ ဖေဖော်ဝါရီလအတွင်းမိုဘိုင်းအော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီးဖြစ်သည်။