Thursday, May 22, 2014

ကိုရန်မျိုးသိမ်းကို ပြောချင်တယ်...


 May 22, 2014

ကိုရန်မျိုးသိမ်းကပြောတယ်အစိုးရသစ်တက်လာတာ၃-နှစ်ကျော်ပြီ ပြည်သူလူထုကဘာမှတိုးတက်မှုမရှိဘူး
လို့ဆိုတာ ကတော့ပကတိအရှိတရားကိုမျက်စိစုံမှိတ်ပြီးအဆိုးမြင်တာပဲလို့ ကျွန်တော်ပြောချင်တယ်။
ပြည်သူတွေကားတွေကိုဈေးနှုန်းသက်သာစွာနဲ့တိုက်ရိုက်တင်သွင်းခွင့်တွေရခဲ့တယ်၊လူတိုင်းနီးပါးလက်ကိုင်
ဖုန်းတွေ သုံးနိုင်တော့မယ်၊ လယ်သမားတွေ ဆင်းရဲးသားတွေရင်းနှီး လုပ်ကိုင်စားဖိုအတိုးနှုန်းနည်းနည်းနဲ
့ငွေထုတ်ချေးပေးခဲ့ တယ်။

နိုင်ငံခြားခရီးသွားတွေသန်းနဲ့ချီပြီးဝင်လာတယ်။ဟိုတယ်လုပ်ငန်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများကြီးဝင်
လာတယ်။သီလဝါဆိပ်ကမ်းစက်မှုဇုန်ကြီးမကြာမီဖွံ့ဖြိုးလာတော့မယ်၊ ပြည်တွင်းပြည်ပလုပ်ငန်းလေကြောင်း
လိုင်းလိုင်းတွေအများကြီးတိုးတက်လာတယ်၊ ကျောက်ဖြူ နဲစစ်တွေရေနက်ဆိပ်ကမ်းကြီးတွေ အကောင်အထည်ဖေါ်နေပြီ၊ အထပ်မြင့်တိုက်တာအဆောက်အအုံတွေနေရာလပ်မရှိေ အာင်ပေါ်လာပြီ၊ ရန်ကုန်ဆေးရုံကြီးကိုလည်းအဆင့်မြှင့်တင်ဖို့လုပ်နေပြီ၊ ရန်ကုန်တိုင်းတစ်တိုင်း လုံးလည်း ၂၄-နာရီလျပ်စစ်မီးရနေပြီ၊ နယ်တွေမှာလည်းလျပ်စစ်မီးရရှိရေး အတွက်နည်းအမျိုးမျိုးနဲ့ လုပ်နေကြပြီ၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလည်းဆောက်ဖို့အသင့်ဖြစ်နေပြီ၊ ဒါတွေဟာတိုးတက်မှုတွေမဟုတ်လို့ ဆုတ်ယုတ်မှုတွေလို့ဆိုချင်လား?

လယ်သမားတွေလည်းတစ်နှစ် နှစ်သီးသုံးသီးစိုက်ပြီးတီဗွီတွေမော်တောဆိုင်ကယ်တွေထော်လာဂျီးတွေလယ်
ထွန်စက်တွေတွေနဲ့ကျေးရွာတွေမှာပျဉ်တောင်သွပ်မိုးအိမ်တွေ တိုက်တွေဖြစ်နေပြီ။ လက်ဖက်ရည်ဆိုင်တို့
ဘီယဆိုင်တို့အသားကင်ဆိုင် တို့ နိုက်ကလပ်တို့ဆို လည်းလူတွေကိုပြည့်လျံနေတာပဲ။


အခြေခံလူတန်းစားတွေကဆင်းရဲတွင်းနကနေဆဲလို့အဆိုးမြင်ဝါဒီတွေကပြောချင်ပြောကြဦးမယ်။ ဆောက်
လုပ်ရေးလုပ်ငန်းတွေ ဟိုတယ်ခရီးလုပ်ငန်းတွေ စက်မှုဇုန်တွေဖွံ့ဖြိုးလာတနှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက် လာမှာပဲ။ မီတာကတိုးကောက်လို့ ဖရောင်းတိုင်ထွန်း ဆန်ဒပြတဲ့သူတွေရဲ့ ဝတ်စားထားတာကိုကြည့်လိုက်ရင်သူတို့ရဲ့စီးပွားရေး အခြေအနေကို မှန်းကြည် လို့ရတယ်။ ဆန်ဒပြတဲ့လူတွေကြည့်လိုက် စပို့ရှပ်အနီဆင်တူနဲ့ နဖူစီးအနီတွေ နဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ စားစရာမရှိအောင်ဆင်းရဲတဲံလူတွေ အဒီလို လုပ်နိုင်ပါ့မလား?

ခင်ဗျားတို့လိုနိုင်ငံရေးယောင်ယောင်မီဒီယာယောင်ယောင် ကျောင်းသားယောင်ယောင်ယောင်ခြောက်ဆယ်
သမားတွေကလိပ်ကိုကြမ်းပိုးဖြစ်အောင်အစိုးရမကောင်းကြောင်းပြောပြီး၊မသိနားမလည်တဲ့ပြည်သူတွေကို
အဆိပ်ခတ်ပြီး ဆူပူအောင်မြှောက်ပေးလုပ်နေကြတယ်။

တိုင်းပြည်ကတိုးတော့တက်နေတယ်။ ဒါပေမဲ့အတိုက်အခံတို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ ကျောင်းသားသမဂတို့ ဘာကွန်ယက် ညာကွန်ယက်ဆိုသူ အဆိုးပြင်ဝါဒီတွေက အစိုးရလုပ်တာမှန် သမျှအကုန်းနှောင့်ယှက်နေကြလို့ တိုးတက်သင့် သလောက်မတိုးတက်တာတော့အမှန်ပဲ။

ဒေါ်အောင်ဆနုးစုကြည်ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်မှာ တိုင်းကျိုြး ပည်ပြု ဥပဒေ ဘယ်နှစ်ခုတင်ပြီးပြီလဲ?

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ရဲပြုပြင်ပြောင်းလဲမှုတွေကိုအကောင်းမမြင်လွန်းကြဖို့၊ ပြည်ပရင်းနှီးမြှုပ်နှံ
မှုတွေကိုစီးပွားရေရှုထောင့်တစ်ခုတည်းကကြည့်ပြီးရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့၊၂၀၁၅-ုနှစ်ရွေးကောက်ပွဲအပြီး
နိုင်ငံရေးအခြေအနေကိုပါကြည့်ပြီးမှလုပ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်းခဲ့တာ-

ပြည်သူတွေအတွက်လား? သူသမ္မတဖြစ်ရေးအတွက်လား?


Thant Zin

No comments: