Thursday, May 22, 2014

လင်မယားစကားများပြီး ဇနီးအိမ်ပေါ်ကဆင်းသွားလို့ ကြိုးဆွဲချ သေတဲ့လူ

မလ(၂၀)ရက်နေ့
လှည်းကူးမြို့နယ်၊ အင်ကြင်းကွင်းကျေးရွာတွင်    ဇနီးအိမ်ပေါ်ကဆင်းသွားလို အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
မိမိကိုယ်ကို ကြိုးဆွဲချပြီး သေကြောင်းကြံခဲ့သူမှာ အသက်(၃၇)နှစ်အရွယ် ကိုသန်းလေးဝင်းဆိုသူဖြစ်၍၎င်းသည် နေအိမ်၏ အမြင့် ၂၂ ပေခန့်ရှိ ထုတ်တန်းတွင် အရှည်၁၃ပေခန့်ရှိ နိုင်လွန်ကြိုးဖြင့်ချည်လျက် ကြိုးဆွဲချ  သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဇနီးဖြစ်သူနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူမှာ နေအိမ်မှဆင်းသွားသဖြင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပုံရိပ်(burmesehearts.com)

No comments: