Tuesday, April 25, 2017

YBS ယာဉ်လိုင်းစနစ် ရန်ကုန်တိုင်းအမတ်တွေ ဝေဖန်

YBS စတင်သည့် ဇန်န၀ါရီလ ၁၆ ရက်နေ့ကတွေ့ရသည့် ဘတ်စ်ကားတစင်း။ ဇန်န၀ါရီ ၁၆၊ ၂၀၁၇။



သလျော်ချက် လန်ထွက်တယ်



"ဟာ အမေကြီးရေ ငါ့တိုက်ပုံ ဘယ်ရောက်နေလဲကွ ရှာမတွေ့လို့ "
"တော့်သား ကစားဖို့ယူသွားတယ်တော်ရေ "
"ဟေ ငါ့သားက တိုက်ပုံနဲ့ ဘယ်လိုကစားတာလဲ"
"ဝန်ကြီးလုပ်တမ်းကစားမလို့တဲ့ "
"ဗုဒ္ဓေါ ! ဒီကလေးတွေ အစိုးရကို ကစားစရာများ မှတ်နေသလား သွား ! ခေါ်လိုက်စမ်း "
"ကျုပ်တော့ မခေါ်ရဲဘူး တော့်ဖာသာ သွားခေါ်''
"ဟ ဒီမိန်းမတော့ ဘာ့လို့ မခေါ်ရဲရတာလဲဟ ဒီ နှစ်နှစ်သားကလေးကို "
" တော့်သားအကြောင်းတော်သိရက်သားနဲ့ ဒီကလေး တစ်နှစ်သားအရွယ်ကတည်းက ထင်ရာမြင်ရာလုပ်နေတာကို''
'ထင်ရာမြင်ရာ လုပ်တာက လုပ်တာပေါ့ ဒါပေမဲ့ မိဘဆိုတာ သားသမီးကို ထိန်းသိမ်းနိုင်ရမယ်လေ
''ကျုပ်ဖြင့်မခေါ်ရဲပေါင် ဒီကလေး လက်ထဲ ပင်နီတိုက်ပုံသာရောက်သွားရင် အခြားကလေးတွေကို ပါးရိုက်လိုရိုက် လက်သီးနဲ့ထိုးလိုထိုး ခိုးလိုက်တာလည်း မပြောပါနဲ့ စကားကိုလည်း အရွယ်နဲ့မလိုက်အောင် ဖာကျသေးတယ်။ ပြီးတော့ မိန်းကလေးတွေမြင်ရင် ဂျပန်ကတုံးဝင်စားသလားမှတ်ရတယ် "
"ဟ ! ငါ့သားက အာ့လောက်တောင်ဆိုးနေပြီလား မဖြစ်သေးပါဘူး ငါဆုံးမမှရတော့မယ်"
"ကောင်းပါပြီတော်ရေ အစက ကျမ ထဘီတွေခြုံပြီး စူပါမန်းလုပ်တမ်းကစားတာ အခုတော့ ပင်နီတိုက်ပုံဝတ်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ ဘုန်းကြီးကိုတောင် ဆဲတတ်နေပြီ ပေါင်းတဲ့ကလေးတွေကလည်း မာမွတ်တို့ နာဂျစ်တို့ ရာကွတ်တို့ လေ တော်ကြာ အဖေအရင်းကိုပါ အဝှာပြုတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်း ဖြစ်နေဦးမယ် တော်လဲ သတိထားဦး !
" Oိာန် !
Crd>>>Angale Mg Mg

ရင်ကြားစေ့ရေးကို သေနတ်ရှိတဲ့လူတွေနဲ့ပဲလုပ်မယ် သေနတ်မရှိတဲ့လူတွေကိုတော့ ရွေးကောက်ပွဲနဲ့ပဲ အနိုင်ယူမယ်ဆိုတာ စစ်မှန်တဲ့အဖြေမဟုတ်ဘူး

ဇော်မြင့် Hot News
Tuesday, April 4, 2017
ရင်ကြားစေ့ရေးကိုသေနတ်ရှိသူများ နှင့်သာလုပ်ပြီးသေနတ်မရှိသည့်လူများကို မူရွေးကောက်ပွဲနှင့်သာ အနိုင်ယူမည်ဆို ခြင်းမှာစစ်မှန်သည့်အဖြေမဟုတ်ကြောင်း အမေရိန်နိုင်ငံ၊ ဘားကလေတက်္ကသိုလ်မှ နိုင်ငံရေးသုတေသီကိုမင်းဇင်ကပြောကြား သည်။
နှစ်ရက်တိုင်ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူဦးကျော် ၀င်း၊SNLD  မှ ဦးစိုင်းညွန့်လွင်၊ ရခိုင် အမျိုးသားပါတီမှဦးဦးလှစောနှင့် ဦးကိုကို ကြီး (၈၈ မျိုးဆက်) တို့ကလည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။
“စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဆိတ် သုဉ်းမှု ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးပြဿနာကို ပိုမိုရှုပ်ထွေးခက် ခဲစေခဲ့ပါတယ်။ ဘယ်လောက်အထိခက် ခဲသွားလဲဆိုရင်နဂိုတုန်းကမရှိခဲ့တဲ့ ပထ၀ီ နိုင်ငံရေးဟာပြဿနာတစ်ရပ်ဖြစ်လာပါ တယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်း ရေးလုပ်တဲ့နေရာမှာပင်လုံကိုအလေးအမြတ် ပြုပြီး ပင်လုံကတိက၀တ်တွေအတိုင်း အခြေခံလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရင် ကြားစေ့ရေးကိုသေနတ်ရှိတဲ့လူတွေနဲ့ပဲ လုပ်မယ်။သေနတ်မရှိတဲ့ လူတွေကိုတော့ ရွေးကောက်ပွဲနဲ့ပဲအနိုင်ယူမယ်ဆိုတဲ့ ဖြေ ရှင်းခြင်းဟာ စစ်မှန်တဲ့အဖြေမဟုတ်ပါဘူး။ ဥပမာမွန်ပြည်နယ်ချောင်းဆုံမှာဖြစ်တဲ့ ကိစ်္စမျိုးကိုငြိမ်းချမ်းရေးရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လူမျိုးကြီး၊ ပါတီကြီး၊ ခေါင်းဆောင်ကြီးဆိုတဲ့ အတွေးအခေါ် သိပ်လွှမ်းမိုးပါတယ်”ဟု ကိုမင်းဇင်ကဆို သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း တိုင်းရင်းသား ပါတီငယ်များအနေဖြင့် ပြည်မကပါတီ ကြီးတွေသနားမှကိုယ့်ပြည်နယ်တွင် ၀န် ကြီးချုပ်ဖြစ်ခွင့်ရနိုင်ကြောင်းပြောသည်။
“တိုင်းရင်းသားပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘယ် လိုမှအာဏာမရနိုင်ပါဘူး။ ကိုယ့်ပြည်နယ် မှာတောင်ကိုယ်ဝန်ကြီးချုပ်ဖြစ်ခွင့်မရပါ ဘူး။ ပြည်မကပါတီကြီးတွေသနားမှပေးမှ ကိုယ့်ပြည်နယ်မှာကိုယ်ဝန်ကြီးချုပ် ဖြစ်ရပါတယ်။ အာဏာခွဲဝေရေးဖက်ဒရယ်  ပေါ်ပေါက်ရေးတို့ဆိုတာအခြေခံဥပဒေကို ပြုပြင်မှရမှာပါ။ပြုပြင်တဲ့နေရာမှာ တဖြည်း  ဖြည်းပြုပြင်တဲ့နည်းကတော့ နာကျင်မှု သက်သာတဲ့နည်းပါပဲ။ ဒီလိုပြင်နိုင်အောင် တက်ညီလက်ညီအားလုံးရှိဖို့လိုပါတယ်။ အခုဆိုရင်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ် သက်လို့တဖြည်းဖြည်းနဲ့ ရှင်းရင်းရှင်းရင်း ပိုပြီးရှုတ်လာတဲ့အနေအထားမျိုးအားလုံး  မြင်ပါတယ်။ဒါကဘာလဲဆိုရင်စိတ်ကောင်း စေတနာကောင်းနဲ့ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မချစ်ဆိုတဲ့ပြဿနာပဲ ဖြစ်ပါ တယ်”ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော ကလည်း ဖက်ဒရယ်စနစ်ကိုတပ်မတော် ကလက်ခံသည်ဆိုသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံကိုအခိုင်အမာကိုင်စွဲထားကြောင်း ပြောသည်။
“ဖက်ဒရယ်စနစ်ကိုတပ်မတော်ခေါင်း ဆောင်ကလက်ခံတယ်လို့ပြောပေမဲ့ ၂၀၀၈ အထိုင်ကနေကိုင်ထားတယ်။ ဖက် ဒရယ်ကိုသွားဖို့ Conpromise လုပ်ရမယ်။ ညှိနှိုင်းရမယ်။ ဒါပေမဲ့ ၀မ်းနည်းဖို့ကောင်း တာက အနိုင်ရထားတဲ့ NLD ပါတီမှာ ဘယ် Model လဲဆိုတာ သူမပြောနိုင် ဘူး။ သဘာဝရင်းမြစ်ခွဲဝေမှုအာဏာခွဲ ဝေမှုတွေအတွက် ဘယ်လိုပုံစံသွားမလဲ။ ဗမာပြည်မှာ ဒီမိုကရေစီနိုင်ငံကြီးကိုတည် ဆောက်မယ်ဆိုတဲ့ ပါတီကြီးက ခိုင်ခိုင် မာမာချမပြနိုင်တာကတော့ ဒါဗမာပြည် အတွက်ကံဆိုးတာပဲလို့မြင်တယ်”ဟု ၎င်းင်း ကဆိုသည်။
ဦးကိုကိုကြီးကမူ ငြိမ်းချမ်းရးရမှ ၂၀၀၈ ဖွဲ့စည်းပုံပြင်မည်ဆိုသည်မှာ လွယ်  မယောင်နှင့် ခက်ပြီး ငြိမ်းချမ်းရေးဘယ် အချိန်ရမည်ကိုမခန့်မှန်းနိုင်သဖြင့် ၂၀၀၈ ပြင်ဆင်ရေးကိုလက်လျှော့ထားရသလိုဖြစ် နေကြောင်းပြောသည်။    

     ဇော်မြင့်

ကောလင်းတွင် ရွှေကြောတစ်ခုတွေ့ ဒေသခံများ ရာနှင့်ချီသွားရောက်တူးဖော်နေပြီးနောက် လုံခြုံရေးကန့်သတ်

ကောလင်းမြို့နယ်အတွင်းတွေ့ရှိသော ရွှေကြော၌ တူးဖော်နေသူများ(ဓာတ်ပုံ − အောင်မျိုးဖေ့စ်ဘွတ်ခ်)
 
 ကောလင်းမြို့နယ် ကျေးရွာတစ်ခုအနီးတွင်ရွှေကြောတစ် ခုတွေ့ရှိခဲ့ပြီး ဒေသခံလူဦးရေ ရာ နှင့်ချီကာလာရောက်တူးဖော်နေ ပြီးနောက် အဆိုပါနေရာကိုလုံ ခြုံရေးအခြေအနေအရကန့်သတ် လိုက်ကြောင်း ကောလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကောလင်းမြို့နယ် လာကာ ကျေးရွာအနီးရှိ ဖန်ခါးတောင်နေ ရာတွင် ဧပြီ ၂၃ ရက်ကစတင်ကာ ရွှေကြော (ဒေသအခေါ် ကျောက်ရွှေကြော)တွေ့၍ ဒေသခံအများအပြား လာရောက်တူးဖော်နေ ကြောင်း သတင်းရ၍ ကောလင်း မြို့နယ်ထွေအုပ်၊ သစ်တောဌာန နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီ ၂၄ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။ ယင်းရွှေကြောကို တူးဖော် ရာတွင် မြေပြိုကျမှုကြောင့် အန္တ ရာယ်မဖြစ်စေရေးနှင့် လုံခြုံ ရေးအခြေအနေအတွက် ဆက် လက်တူးဖော်ခြင်းမပြုရန်  ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့က  ဧပြီ ၂၄ ရက်တွင် ညွှန်ကြားခဲ့သည်။
‘‘လောလောဆယ် တူးထား တာက အနက်က ၅ ပေလောက် ပဲရှိတယ်။ ရွာဒေသခံတွေက လည်း တရားဝင်လုပ်ပိုင်ခွင့်နဲ့ လုပ်တာမဟုတ်တော့တားထား တဲ့ သဘောပါ။ နောက်ပြီး ကျင်း ပြိုတာတွေဖြစ်မှာစိုးလို့ပါ’’  ဟု ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ဖန်ခါးတောင်သည် ကျောက် နှင့်မြေရောစပ်နေသည့် တောင် တစ်ခုဖြစ်ပြီး ရွှေတွေ့ရှိရာနေရာ တွင် ကျောက်သားကို တူးဖော်ရ ခြင်းဖြစ်၍ စနစ်တကျမဟုတ်ပါ က ကျင်းပြိုကျမည့် အန္တရာယ်အ ပြင် တူးဖော်သူအချင်းချင်း ခိုက် ရန်ဖြစ်ပွားမည့် အန္တရာယ်ရှိနေ ကြောင်း ကောလင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။
‘‘မိုးရွာရင် ပြိုကျနိုင်လို့ အန္တ ရာယ်ကြီးတယ်။ နောက်ပြီး အ ချင်းချင်းလုတာမျိုးတွေ ဖြစ်လာ ရင်မကောင်းဘူး။ အခု ထွေအုပ် ကနေ အဲဒီနေရာကို ပိတ်လိုက်ပြီ’’ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီအတွင်းက ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်တွင် ရွှေတွင်းဟောင်းတစ် ခုမှ ရွှေများထွက်ရှိ၍ ဒေသခံများ က တူးဖော်ကြရာ လုံခြုံရေးအဖွဲ့ နှင့် ရွှေတူးသူများကြား ပြဿနာ ဖြစ်ပွားရာမှ လူတစ်ဦးသေဆုံးခဲ့ သည်။ ထို့နောက်အဆိုပါ ရွှေ တွင်းဟောင်းကို တူးဖော်ခွင့်ပိတ် ပင်ခဲ့သည်။

တရုတ်လုပ် ရေငုတ်သင်္ဘော သုံးစင်း ၀ယ်ယူဖို့ ထိုင်းအစိုးရခွင့်ပြု


ထိုင်းနိုင်ငံဟာ တရုတ်ပြည်ကနေ ရေငုတ်သင်္ဘော သုံးစင်း ၀ယ်ယူဖို့စီစဉ်ထားရာမှာ ပထမဆုံး ရေငုတ် သင်္ဘော အတွက် အမေရိကန်ဒေါ်လာ ၃၉၃ သန်း ပေးချေဖို့ ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့ က မနေ့က အတည်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မေလ စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်ပြည်ထောင်စု နဲ့ ဆက်ဆံရေး အေးစက်လာခဲ့ပြိး ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်လာနေတဲ့ တရုတ်ပြည်နဲ့ နီးစပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထဲက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ကုန်ကျမယ့် တရုတ်လုပ် ရေငုတ်သင်္ဘော သုံးစင်း ၀ယ်ယူဖို့ အစီအစဉ်ကို ထိုင်း စစ်အစိုးရက စတင်ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ တရုတ်ရေငုတ်သင်္ဘောတွေ ၀ယ်ယူမယ့်ကိစ္စဟာ အမျိုးသားလုံခြုံရေးဖြစ်တာကြောင့် သတင်း မီဒီယာ တွေကို သတင်းမထုတ်ပြန်ခဲ့ကြောင်း အစိုးရပြောခွင့်ရသူက ပြောပါတယ်။

ထိုင်းရေတပ် ပြောခွင့်ရသူကတော့ ထိုင်းရေတပ်မှာ နှစ်ပေါင်း ၆၀ သက်တမ်းကြာပြိဖြစ်တဲ့ ဂျပန်လုပ် ရေငုတ် သင်္ဘော လေးစင်းသာရှိလို့ ရေငုတ်သင်္ဘောအသစ်တွေ လိုအပ်နေကြောင်းပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

အိုးဖောက်ရွာတွင် အမျိုးသမီးတစ်ဦး ညဥ့်အချိန် ဓါးဖြင့် တိုက်ခိုက်ခံရ၍ ရသေ့တောင်ဆေးရုံတွင် တင်ထားရ


နိရဉ္စရာ၊ ဧပြီ ၂၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အိုးဖောက် ကျေးရွာတွင် ရခိုင်အမျိုးသမီး တစ်ဦး ဓါးဖြင့် တိုက်ခိုက်ခံရသဖြင့် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

၎င်းအမျိုးသမီးမှာ ဒေါ်ဖြူမကြီး (၂၈) နှစ် ဖြစ်ကြောင်း၊ သူမ၏ လင်ယောင်္ကျား ဖြစ်သူမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ အိမ်မှာရွာလယ်တွင် တည်ရှိပြီး မုန့်တီရောင်းစားနေသူ အမျိုးသမီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

ဖြစ်ပျက်ပုံမှာ ယနေ့ ညဥ့် ၁ နာရီခန့်က မဖြူကြီးနှင့် သူမ သမီးဖြစ်သူနှင့် သားဖြစ်သူတို့ အိပ်ပျော်နေစဉ် မျက်နာဖုံးစွပ်ထားသော လူနှစ်ဦးမှ ၀င်ရောက်လာပြီး အိမ်တွင် ရှိသော ပစ္စည်းများကို ပေးအပ်ရန် ဗမာစကားဖြင့် တောင်းဆိုကြောင်း၊ ကလေးငယ်များတွင် ၀တ်ထားသော နားဋောင်းများကို ချွတ်၍ ယူကြောင်း၊ ကလေးငယ်များ၏ လည်ပင်းတွင် ညိုမဲဒဏ်ရာများ ရရှိသွားကြောင်း၊ ဒေါ်မဖြူကြီးမှ သူ့တွင် မည်သည့် ပစ္စည်းမှ မရှိကြောင်း၊ ဒေါ်ဖြူမကြီမှ အိမ်ပြင်သို့ ထွက်ရန် ကြိုးစားပြီး ကလေးငယ်နှစ်ဦးအားထွက်ပြေးရန် ခိုင်းသဖြင့် ကလေးငယ် နှစ်ဦးထွက်ပြီး လွတ်မြောက်သွားကြောင်း၊ ၎င်းနောက် သူမအား ၎င်းလူနှစ်ဦးမှ အိပ်ရာခင်းဖြင့် ချည်နှောင်ပြီး လည်ပင်းကို လှီးကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

“ ဒဏ်ရာကတော့ လည်ပင်းမှာ ရှေ့က တစ်ချက် ရပါတယ်။ လေးလက်မ အရှည်ရှိပါတယ်။ လည်ပင်းနောက်ဘက်က နှစ်ချက်ရပါတယ်။ ၃ လက်မ ရှိပါတယ်။ အခု ရသေ့တောင် ဆေးရုံကို ရောက်နေပါပြီ။ ဒဏ်ရာတွေကို ခြုပ်ထားပြီးပါပြီ။ စိုးရိမ်စရာတော့ မရှိတော့ပါ” ဟု ဦးကျော်ခိုင် ဆက်ပြောသည်။


ဒေါ်ဖြူမကြီးအား သေပြီဟု ဆိုကာ ထားခဲ့ပုံရကြောင်း၊ သို့သော်လည်း သူမမှာ ဒဏ်ရာဖြင့် အိမ်အနီးရှိ မိဘအိမ်သို့ ရောက်အောင် ပြေးလာခဲ့ကြောင်း၊ အိမ်တွင် မိဘများ မရှိဘဲ မောင်ငယ် တစ်ဦးသာ အိပ်၍ ရှိကြောင်း၊ ဘေးနားအိမ်များသို လှမ်းအကူအညီ တောင်းရာမှ သိရှိခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ဒေါ်ဖြူမကြီးအား တိုက်ခိုက်သွားသူ နှစ်ဦးကို လက်ရှိအချိန်တွင် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း၊ လည်ပင်း ညာဘက်ခြမ်းတွင် ဒဏ်ရာ တစ်ချက်၊ နှစ်ကျောဘက် လည်ပင်းတွင် သုံးလက်မခန့် ဒဏ်ရာရရှိကြောင်း၊ ယခုအမှုမှာ အမှတ်(၃) နယ်ခြားစောင့် နယ်မြေ ဖြစ်သဖြင့် ယင်း နယ်ခြားစောင့် စခန်းမှ အမှုဖွင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူများမှာ ဗမာစကားကို မပီကလာ၊ ပီကလာ ပြောဆိုသည်ဟု သိရကြောင်း တာဝန်ကျ ဒုစခန်းမှူးက ပြောကြားသည်။

(သတင်း မခိုင်ခိုင်ဇံ ပေးပို့သည်။)
Narinjara
https://www.facebook.com/Narinjara

မြန်မာဌာန | သတင်းများ ဒေသခံကို ရိုက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်တောင်းပန်

တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပဝရွာသား ဦးထွန်းလှ ကို ပြန်လည်တောင်းပန်ပြီး ကျေအေးကြစဉ်
တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပဝရွာသား ဦးထွန်းလှ ကို ပြန်လည်တောင်းပန်ပြီး ကျေအေးကြစဉ်
Photo: Myat Ko Ko Facebook 
 
တနင်္သာရီမြို့တိုင်းဒေသကြီး တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပဝရွာသားကို ကိုယ်ထိ လက်ရောက်ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပဝရွာသူရွာသားတွေရှေ့မှာ ဒီကနေ့ ပြန်လည်တောင်းပန်ခဲ့လို့ နှစ်ဖက်ကျေအေးခဲ့တယ်လို့ ပြောပါတယ်။
အခင်းဖြစ်စဉ်က ဒေသခံတွေ ကျောင်းဆောက်တဲ့သူတွေနဲ့ ပြဿနာမဖြစ်အောင် ဝင်ထိန်းရင်းနဲ့ ခုလို ဖြစ်ရတာဖြစ် ပြီး နောက်နောင်အခုလိုမျိုးမဖြစ်ရအောင် ပဝရွာဒေသခံတွေရှေ့မှာ ကတိပေးခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
"သူ့ကိုကျနော်က ရိုက်ဖို့ရည်ရွယ်တာ မဟုတ်ဘူးခင်ဗျ၊ ကျနော်က သူ့ကို ဒီအခန်းထဲက မောင်းထုတ်တာ၊ သူက လက်ကာလိုက်တယ်ဆိုတော့ ဗွီဒီယိုကလစ်မှာ ပုံစံတစ်မျိုးတော့ဖြစ်သွားတယ်၊ ကျနော် ဒီနေ့သူနဲ့တော့ တွေ့ပြီး သွားပြီခင်ဗျ၊ ဒီဖက်မှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေလည်း ကျနော့်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့လည်း တောင်း ပန်ပြီးသွားပြီ၊ နောက်နောင်အဲလိုမဖြစ်အောင် ဒီထက်ပိုပြီးတော့ ပြည်သူတွေအတွက် အလုပ်ပိုလုပ်သွားမယ် ဆိုတာကို ကတိပေးပါတယ်ခင်ဗျ၊ ကျေနပ်လက်ခံပါတယ်ခင်ဗျ၊ အဓိက သူနဲ့ ဒီဒေသခံကျောင်းဆောက်တဲ့ ရွာ သားတွေနဲ့  ပွတ်တိုက်မှုဖြစ်မှာစိုးလို့ ကျနော်က ကြားထဲက ဝင်ထိန်းတဲ့သဘောပါ။"
ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့က ပဝချောင်းထဲရွာ စာသင်ကျောင်းအသစ်ဆောက်လုပ်နေတာကို ကွင်းဆင်းစစ်ဆေးရင်းနဲ့ ပဝရွာသား ဦးထွန်းလှ ဆိုသူနဲ့ အချင်းများကာ ဦးရဲမြင့်ဆွေက ရိုက်နှက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှု ကွန်ရက်ပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာပါ။
အရိုက်ခံလိုက်ရတဲ့ ပဝရွာသား ကိုထွန်းလှ ကလည်း အခုလိုတောင်းပန်တာကို ကျေနပ်လက်ခံခဲ့ပြီး အခင်းဖြစ်စဉ်က လည်း ကျောင်းဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုယ့်အမြင်ချင်း ဆွေးနွေးကြရင်းက ခုလိုပြဿနာဖြစ်သွား ခဲ့ရတာလို့ ပြောပါတယ်။
အဲဒီစာသင်ကျောင်းဆောင်သစ်ကို ကန်ထရိုက်အဖြစ် တာဝန်ယူဆောက်လုပ်ပေးနေသူက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထင်ပေါ် ဆိုသူက တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

နောင်ချိုက တောင်သူတွေ အလုပ်နဲ့ထောင်ဒဏ် ၁၆ လ ချမှတ်ခံရ

ဖမ်းဆီးထားတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့ ဧပြီလ ၂၄ ရက်နေ့က နောင်ချိုမြို့နယ် တရားရုံးနားမှာ တောင်သူတွေ ဆန္ဒပြကြစဉ်
ဖမ်းဆီးထားတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့ ဧပြီလ ၂၄ ရက်နေ့က နောင်ချိုမြို့နယ် တရားရုံးနားမှာ တောင်သူတွေ ဆန္ဒပြကြစဉ်
photo: Myo Win Upper Myanmar FB 
 
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က နိုင်ငံတော်ပိုင်ကော်ဖီစီမံကိန်း မြေနေရာမှာ မြေယာသိမ်းဆည်း ခံတောင်သူတွေက ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် တောင်သူခေါင်းဆောင် ၁၀ ဦးကို နောင်ချိုမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၁၆ လစီ ချမှတ်ခဲ့ပါတယ်။
သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးမှုတွေ မဆောင်ရွက်ဘဲ တောင်သူတွေကို အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ နမ့်လင်းခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးယုံဇနီးဖြစ်သူ တောင်သူ ဒေါ်သန်းသန်းဦး က ပြောပါတယ်။
"ကျမတို့ မြေကိုလည်းပြန်ရချင်တယ် ကျမတို့လူကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်၊ အမှန်တရားကိုလုပ်ပေးဖို့ ကျမပြောတာ ဒီမြေက ကျမတို့မြေ"
နမ့်လင်းခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးယုံအပါအဝင် တောင်သူ ၁၀ ဦးကို ပိုင်နက်ကျုးလွန်မှု ၄၄၇၊ အကျိုးဖျက်ဆီး မှု ၄၂၇၊ ပုဒ်မ ၂၉၄ နဲ့ ၅၀၆ အရ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံတော်စီမံကိန်းဖြစ်တဲ့ အဲဒီဘန့်ဘွေးကော်ဖီစီမံကိန်းကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာ ၂၀၀၄ ခုနှစ်မှာ ကော်ဖီပင်တွေမအောင်မြင်ခဲ့လို့ စီမံကိန်းကိုရပ်နားခဲ့ပြီး သိမ်းဆည်းထားတဲ့ မြေဧက ၃၆၀ ကျော်ကို ပုဂ္ဂလိကကို ငှါးရမ်းလုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အဲဒီလယ်ယာမြေတွေကို သိမ်းဆည်းစဉ်ကလည်း နမ့်လင်းခန်းတောင်သူတွေကို လျော်ကြေးနစ်နာကြေးငွေ တစုံတရာ ပေးလျော်မှုမရှိခဲ့ဘူးလို့ သိမ်းဆည်းခံတောင်သူတွေက ပြောပါတယ်။
အဲဒီအတွက် မူလပိုင်ရှင်တွေဖြစ်ကြတဲ့ နမ့်လင်းခန်းကျေးရွာက တောင်သူ ၈၀ ခန့်က ထွန်တုံးတိုက်ပွဲတွေ ပြုလုပ် ခဲ့ကြတာပါ။
အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာတော့ စီမံကိန်းတာဝန်ခံ ဦးစိုးသိန်းက တရားလိုပြုလုပ်ပြီး တောင်သူတွေကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ အမိန့်ချခဲ့တာနဲ့ပတ်သက်ပြီး တောင်သူတွေအနေနဲ့ အယူခံဆက်တက်သွားမယ်လို့လည်း သိရပါတယ်။

မူဆလင်အကြမ်းဖက်သမားများထက် အဆငါးဆယ်ရက်စက်ပြမည်ဟု ဒူတာတေးက ကြိုတင်သတိပေးထား

Image may contain: 16 people, crowd
မကြာသေးမီကမှ TIME မဂ္ဂဇင်းရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပူပူနွေးနွေးရွေးချယ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဒူတာတေးက မူဆလင်အစွန်းရောက်များကို အရှင်မိခဲ့ပါက သူကိုယ်တိုင်အစိမ်းလိုက်ဝါးစားပစ်မယ်လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားများရက်စက်သည်ထက် မိမိက အဆ ၅၀ ရက်စက်ကြောင်း ၊ အကြမ်းဖက်သမား အယောက် ၅၀ ထက်ပိုပြီး ရက်စက်ပြနိုင်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့တယ်လို့ ဧပြီ ၂၄ Bloomberg သတင်းမှာဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံတွင်းအားကာစားပွဲစဉ်တစ်ခုရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့စဉ် မီဒီယာများကသူ့ကို မူဆလင်အကြမ်းဖက်များအရေးနှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုကို ပြန်လည်ဖြေကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်အလယ်ပိုင်းအပန်းဖြေ ပြည်နယ် ဘိုဟိုးလ်ပြည်နယ်မှာ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး တွေ့လျှင် သတ်ပစ်ဖို့ တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်းသိရပါတယ်။
အကြမ်းဖက်သမားများက ခေါင်းဖြတ်ပြခြင်း အစရှိတဲ့ ရက်စက်တဲ့လုပ်ရပ်များဖြင့် ခြိမ်းခြောက်ခဲ့ပြီးနောက် ဒူတာတေးက တိရစ္ဆာန်များလို့ မူဆလင်အစွန်းရောက်များကို သုံးနှုန်းခဲ့ပါတယ်။ သူက “ဒီကောင်တွေထက် အဆ ၅၀ ရက်စက်ပြမယ် ၊ ဗင်နီကာနဲ့ ဆားသာပေးပါ၊သူတို့အသည်းကို အစိမ်းလိုက်စားပစ်မယ်” လို့ မီဒီယာများရှိနေချိန်မှာပြောခဲ့တာပါ။
မူးယစ်ဆေးဝါးလုပ်ငန်းတိုက်ဖျက်ရေးလုပ်ငန်းတုန်းကလည်း သူ့ရဲ့လက်စွဲတော်တပ်ဖွဲ့များနဲ့ ခြေလွန်လက်လွန်နှိမ်နှင်းခဲ့မှုကြောင့် ဒုသမ္မတအပါအ၀င် လူ့အခွင့်အရေးသမားများရဲ့ ပစ်တင်ဝေဖန်မှုကိုခံခဲ့ရတဲ့ဒူတာတေးဟာ ယခုတစ်ကြိမ်အကြမ်းဖက်မှုနှိမ်နှင်းရေးမှာ အလွန့်အကျွံလုပ်ဟန်တွေပေါ်ပေါက်လာမှာကို စိုးရိမ်မှုများရှိနေကြောင်းလည်းသိရပါတယ်။ ။

Monday, April 24, 2017

မြောက်ဦးမှာ အုပ်စုလိုက်ရိုက်နှက်ဖျက်စီးခြင်း အမှူအား အာမခံပုဒ်မဖြင့် အရေးယူသည်ကို တရားလိုကမကျေနပ်

Image may contain: tree and outdoor
(ဦးဦးကျော်မြင့်နေအိမ်သို့ ရိုက်နှက်ဖျက်စီးရန် လာကြသော လူအုပ်။ (ဓါတ်ပုံ - မအိအိဖြိုး)
မြောက်ဦး၊ ဧပြီလ ၂၄
ဇော်ဇော် (မြောက်ဦး)၊ DMG 

မြောက်ဦးမြို့နယ် စံပြတိန်ညိုကျေးရွာမှာ အုပ်စုလိုက်ရိုက်နှက်ခြင်းအမှူအား မြောက်ဦးမြို့ ရဲစခန်းက အာမခံပုဒ်မဖြင့် အရေးယူထားသည်ကို တရားလိုဘက်က မကျေနပ်ဖြစ်နေကြောင်း သိရသည်။

အဆိုပါ တိန်ညိုကျေးရွာမှာ ဦးဦးကျော်မြင့် နေအိမ်သို့ ဦးသိန်းထွန်းဆိုသူက ကျေးရွာအတွင်းမှ လူရင်းကားများနှင့် မိသားစုတို့ကို ခေါ်ယူကာ လူပေါင်း ၄၀ ခန့်ဖြင့် အိမ်၊ ကားနှင့် ဆိုင်ကယ်တို့ကို အုပ်စုလိုက် ရိုက်နှက်ဖျက်စီးမှူတစ်ခု ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ဦးဦးကျော်မြင့်က ပြောကြားသည်။
Image may contain: people sitting and outdoor
“ မြောက်ဦးရဲစခန်းမှာ ဧပြီလ ၂၁ ရက်နေ့ ညနေလောက်က သွားတိုင်တယ်။ ဒီလောက်ကြီးတဲ့ အမှူကို အာမခံပုဒ်မနဲ့ အရေးယူတယ်။ ကျနော် ဒီလောက်နဲ့ မကျေနပ်ဘူး။ ထပ်ပြီး ဒီထက်ကြီးတဲ့ ပုဒ်မနဲ့ အရေးယူစေချင်တယ်။ အာမခံ မရစေချင်ဘူးပေါ့။ ပြီးတော့ အခုထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း မရှိသေးဘူး။ အခု ကျနော်တို့ မလုံခြုံတော့ဘူး။ ရွာမှာလည်း မနေရဲဘူး။ မြောက်ဦးမှာ တိန်းရှောင်နေရတယ်။ သူတို့ကို လွှတ်ပေးထားတော့ ရွာကို မသွားရဲဘူးပေါ့။ ” ဟု ပြောသည်။
Image may contain: car and outdoor
ဦးဦးကျော်မြင့်နှင့် ဦးသိန်းထွန်းတို့သည် လယ်ယာမြေပိုင်ဆိုင်မှူ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကြောင့် ပြဿနာဖြစ်ပွားကြရာတွင် ဦးသိန်းထွန်းသည် ကျေးရွာအတွင်းက မိသားစုများ၊ လူငယ်များနှင့် လူရင်းကားများကို ခေါ်ယူပြီး တုတ်၊ ဓါတ်များ ကိုင်ဆောင်ကာ ဦးဦးကျော်မြင့်နေအိမ်ကို လာရောက် ခဲနှင့်ပစ်မှူများ၊ အိမ်မှန်တံခါးများကို ဖျက်ဆီးမှူများ၊ ကားနှင့်ဆိုင်ကယ်တို့ကို ရိုက်နှက် ဖျက်စီးမှူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ သူတို့က လူအများနဲ့လာတော့ ကျနော်တို့က အိမ်ထဲအခန်းမှာ ပုန်းနေရတယ်။ အပြင်ထွက်ရင် အခံရမှာကို ကြောက်လို့။ သူတို့က အိမ်ကို ခဲနဲ့ ပစ်တယ်။ အိမ်တံခါးမှန်တွေအားလုံး ကွဲသွားတယ်။ ကားနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်စီးသွားတယ်။ ကျနော်တို့မှာ ဆုံးရှူံးမှူ သိန်း ၃၀၀ လောက်ရှိတယ်။ ” ဟု လူနေအိမ် ဖျက်စီးခံရသည့် ပိုင်ရှင် ဦးဦးကျော်မြင့်က ဆိုသည်။
Image may contain: outdoor
အခင်းမဖြစ်ပွားမီ တစ်နာရီအလိုက တိန်ညို ရဲစခန်းကို ဖုန်းဆက်တိုင်ကြားသော်လည်း အချိန်မီလာရောက်ဟန့်တားခြင်း မရှိကြောင်း၊ အခင်းဖြစ်ပွားပြီးအချိန်တွင်လည်း လာရောက် စစ်ဆေးမှူများ မရှိကြောင်း၊ အရေးယူရန် တိုင်းကြားသော်လည်း မြောက်ဦးရဲစခန်းကိုသာ လွှဲပြောင်းပေးကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းကို DMG က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။ ဆက်လက်ပြီး တိန်ညိုရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

တရားလို ဦးဦးကျော်မြင့်မှာ ဦးဆောင်သူ ဦးသိန်းထွန်းအပါအ၀င် ဦးအောင်ထွန်းသိန်းနှင့် အခြား ၆ ဦးတို့ကို တရားစွဲဆိုရန် တိုင်ကြားသော်လည်း မြောက်ဦးမြို့မရဲစခန်းက လူများနေသောကြောင့် ၅ ဦးသာ လက်ခံခဲ့ကြောင်း ဦးဦးကျော်မြင့်က ပြောသည်။