Tuesday, April 25, 2017

မူဆလင်အကြမ်းဖက်သမားများထက် အဆငါးဆယ်ရက်စက်ပြမည်ဟု ဒူတာတေးက ကြိုတင်သတိပေးထား

Image may contain: 16 people, crowd
မကြာသေးမီကမှ TIME မဂ္ဂဇင်းရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပူပူနွေးနွေးရွေးချယ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဒူတာတေးက မူဆလင်အစွန်းရောက်များကို အရှင်မိခဲ့ပါက သူကိုယ်တိုင်အစိမ်းလိုက်ဝါးစားပစ်မယ်လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားများရက်စက်သည်ထက် မိမိက အဆ ၅၀ ရက်စက်ကြောင်း ၊ အကြမ်းဖက်သမား အယောက် ၅၀ ထက်ပိုပြီး ရက်စက်ပြနိုင်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့တယ်လို့ ဧပြီ ၂၄ Bloomberg သတင်းမှာဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံတွင်းအားကာစားပွဲစဉ်တစ်ခုရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့စဉ် မီဒီယာများကသူ့ကို မူဆလင်အကြမ်းဖက်များအရေးနှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုကို ပြန်လည်ဖြေကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်အလယ်ပိုင်းအပန်းဖြေ ပြည်နယ် ဘိုဟိုးလ်ပြည်နယ်မှာ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး တွေ့လျှင် သတ်ပစ်ဖို့ တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်းသိရပါတယ်။
အကြမ်းဖက်သမားများက ခေါင်းဖြတ်ပြခြင်း အစရှိတဲ့ ရက်စက်တဲ့လုပ်ရပ်များဖြင့် ခြိမ်းခြောက်ခဲ့ပြီးနောက် ဒူတာတေးက တိရစ္ဆာန်များလို့ မူဆလင်အစွန်းရောက်များကို သုံးနှုန်းခဲ့ပါတယ်။ သူက “ဒီကောင်တွေထက် အဆ ၅၀ ရက်စက်ပြမယ် ၊ ဗင်နီကာနဲ့ ဆားသာပေးပါ၊သူတို့အသည်းကို အစိမ်းလိုက်စားပစ်မယ်” လို့ မီဒီယာများရှိနေချိန်မှာပြောခဲ့တာပါ။
မူးယစ်ဆေးဝါးလုပ်ငန်းတိုက်ဖျက်ရေးလုပ်ငန်းတုန်းကလည်း သူ့ရဲ့လက်စွဲတော်တပ်ဖွဲ့များနဲ့ ခြေလွန်လက်လွန်နှိမ်နှင်းခဲ့မှုကြောင့် ဒုသမ္မတအပါအ၀င် လူ့အခွင့်အရေးသမားများရဲ့ ပစ်တင်ဝေဖန်မှုကိုခံခဲ့ရတဲ့ဒူတာတေးဟာ ယခုတစ်ကြိမ်အကြမ်းဖက်မှုနှိမ်နှင်းရေးမှာ အလွန့်အကျွံလုပ်ဟန်တွေပေါ်ပေါက်လာမှာကို စိုးရိမ်မှုများရှိနေကြောင်းလည်းသိရပါတယ်။ ။

No comments: