Tuesday, April 4, 2017
ရင်ကြားစေ့ရေးကိုသေနတ်ရှိသူများ
နှင့်သာလုပ်ပြီးသေနတ်မရှိသည့်လူများကို မူရွေးကောက်ပွဲနှင့်သာ
အနိုင်ယူမည်ဆို ခြင်းမှာစစ်မှန်သည့်အဖြေမဟုတ်ကြောင်း အမေရိန်နိုင်ငံ၊
ဘားကလေတက်္ကသိုလ်မှ နိုင်ငံရေးသုတေသီကိုမင်းဇင်ကပြောကြား သည်။
နှစ်ရက်တိုင်ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူဦးကျော် ၀င်း၊SNLD မှ ဦးစိုင်းညွန့်လွင်၊ ရခိုင် အမျိုးသားပါတီမှဦးဦးလှစောနှင့် ဦးကိုကို ကြီး (၈၈ မျိုးဆက်) တို့ကလည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။
“စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဆိတ် သုဉ်းမှု ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးပြဿနာကို ပိုမိုရှုပ်ထွေးခက် ခဲစေခဲ့ပါတယ်။ ဘယ်လောက်အထိခက် ခဲသွားလဲဆိုရင်နဂိုတုန်းကမရှိခဲ့တဲ့ ပထ၀ီ နိုင်ငံရေးဟာပြဿနာတစ်ရပ်ဖြစ်လာပါ တယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်း ရေးလုပ်တဲ့နေရာမှာပင်လုံကိုအလေးအမြတ် ပြုပြီး ပင်လုံကတိက၀တ်တွေအတိုင်း အခြေခံလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရင် ကြားစေ့ရေးကိုသေနတ်ရှိတဲ့လူတွေနဲ့ပဲ လုပ်မယ်။သေနတ်မရှိတဲ့ လူတွေကိုတော့ ရွေးကောက်ပွဲနဲ့ပဲအနိုင်ယူမယ်ဆိုတဲ့ ဖြေ ရှင်းခြင်းဟာ စစ်မှန်တဲ့အဖြေမဟုတ်ပါဘူး။ ဥပမာမွန်ပြည်နယ်ချောင်းဆုံမှာဖြစ်တဲ့ ကိစ်္စမျိုးကိုငြိမ်းချမ်းရေးရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လူမျိုးကြီး၊ ပါတီကြီး၊ ခေါင်းဆောင်ကြီးဆိုတဲ့ အတွေးအခေါ် သိပ်လွှမ်းမိုးပါတယ်”ဟု ကိုမင်းဇင်ကဆို သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း တိုင်းရင်းသား ပါတီငယ်များအနေဖြင့် ပြည်မကပါတီ ကြီးတွေသနားမှကိုယ့်ပြည်နယ်တွင် ၀န် ကြီးချုပ်ဖြစ်ခွင့်ရနိုင်ကြောင်းပြောသည်။
“တိုင်းရင်းသားပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘယ် လိုမှအာဏာမရနိုင်ပါဘူး။ ကိုယ့်ပြည်နယ် မှာတောင်ကိုယ်ဝန်ကြီးချုပ်ဖြစ်ခွင့်မရပါ ဘူး။ ပြည်မကပါတီကြီးတွေသနားမှပေးမှ ကိုယ့်ပြည်နယ်မှာကိုယ်ဝန်ကြီးချုပ် ဖြစ်ရပါတယ်။ အာဏာခွဲဝေရေးဖက်ဒရယ် ပေါ်ပေါက်ရေးတို့ဆိုတာအခြေခံဥပဒေကို ပြုပြင်မှရမှာပါ။ပြုပြင်တဲ့နေရာမှာ တဖြည်း ဖြည်းပြုပြင်တဲ့နည်းကတော့ နာကျင်မှု သက်သာတဲ့နည်းပါပဲ။ ဒီလိုပြင်နိုင်အောင် တက်ညီလက်ညီအားလုံးရှိဖို့လိုပါတယ်။ အခုဆိုရင်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ် သက်လို့တဖြည်းဖြည်းနဲ့ ရှင်းရင်းရှင်းရင်း ပိုပြီးရှုတ်လာတဲ့အနေအထားမျိုးအားလုံး မြင်ပါတယ်။ဒါကဘာလဲဆိုရင်စိတ်ကောင်း စေတနာကောင်းနဲ့ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မချစ်ဆိုတဲ့ပြဿနာပဲ ဖြစ်ပါ တယ်”ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော ကလည်း ဖက်ဒရယ်စနစ်ကိုတပ်မတော် ကလက်ခံသည်ဆိုသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံကိုအခိုင်အမာကိုင်စွဲထားကြောင်း ပြောသည်။
“ဖက်ဒရယ်စနစ်ကိုတပ်မတော်ခေါင်း ဆောင်ကလက်ခံတယ်လို့ပြောပေမဲ့ ၂၀၀၈ အထိုင်ကနေကိုင်ထားတယ်။ ဖက် ဒရယ်ကိုသွားဖို့ Conpromise လုပ်ရမယ်။ ညှိနှိုင်းရမယ်။ ဒါပေမဲ့ ၀မ်းနည်းဖို့ကောင်း တာက အနိုင်ရထားတဲ့ NLD ပါတီမှာ ဘယ် Model လဲဆိုတာ သူမပြောနိုင် ဘူး။ သဘာဝရင်းမြစ်ခွဲဝေမှုအာဏာခွဲ ဝေမှုတွေအတွက် ဘယ်လိုပုံစံသွားမလဲ။ ဗမာပြည်မှာ ဒီမိုကရေစီနိုင်ငံကြီးကိုတည် ဆောက်မယ်ဆိုတဲ့ ပါတီကြီးက ခိုင်ခိုင် မာမာချမပြနိုင်တာကတော့ ဒါဗမာပြည် အတွက်ကံဆိုးတာပဲလို့မြင်တယ်”ဟု ၎င်းင်း ကဆိုသည်။
ဦးကိုကိုကြီးကမူ ငြိမ်းချမ်းရးရမှ ၂၀၀၈ ဖွဲ့စည်းပုံပြင်မည်ဆိုသည်မှာ လွယ် မယောင်နှင့် ခက်ပြီး ငြိမ်းချမ်းရေးဘယ် အချိန်ရမည်ကိုမခန့်မှန်းနိုင်သဖြင့် ၂၀၀၈ ပြင်ဆင်ရေးကိုလက်လျှော့ထားရသလိုဖြစ် နေကြောင်းပြောသည်။
ဇော်မြင့်

No comments:
Post a Comment