Jul 30, 2014
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တင်အောင်ချစ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ဇူလိုင် ၂၉ ရက်တွင် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တင်အောင်ချစ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၁၆/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ဗိုလ်ချုပ်မောင်မောင်အုန်းအား ခန့်အပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန် ၁၈ ရက်တွင် သမ္မတ၏အမိန့်အရ စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန်ဟုဆိုကာ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မောင်မောင်အုန်းမှာ ရခိုင်ပြည်နယ် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်ကာ သမ္မတမှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးအား အမည်စာရင်း တင်သွင်းခြင်းခံရပြီး လက်ရှိတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးကို တာဝန်ယူထမ်းဆောင်နေသည်။

No comments:
Post a Comment