Saturday, January 17, 2015

အလ္လာဟ်ကို စော်ကားသဖြင့် ဆီးရီးယားဗလီဆရာတစ်ဦးကို အိုင်ဆစ်မှ ခေါင်းဖြတ်သတ်

သောကြာ၊ ဇန်နဝါရီ ၉၊ ၂၀၁၄

အိုင်ဆစ်မှ ဆီးရီးယားဗလီဆရာတစ်ဦးကို "အလ္လာဟ်အား စော်ကားမှု" ဖြင့် ကြာသပတေး(ဇန်နဝါရီ ၈)နေ့က ခေါင်းဖြတ်သတ်လိုက်သည်။ 

ကြာသပတေးနေ့ နံနက်အာရုဏ်တက်အချိန်က ဆီးရီးယားမြောက်ပိုင်း ဟာ့ဆခါစီးတီးအနီး၊ အဘူခူယွတ်ကျေးရွာရှိ ဗလီမှ ဗလီဆရာကို အိုင်ဆစ်မှ သုတ်သင်လိုက်ခြင်း ဖြစ်သည်။ 

ထိုဗလီဆရာ၏ သားသုံးယောက်မှာ အိုင်ဆစ်တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး ယခုဖြစ်ရပ်သည် ဂျီဟာ့ဒစ်များမှ ဘာသာရေးအကြီးအကဲတစ်ယောက်ကို "အလ္လာအား စော်ကားမှု" ဖြင့် သုတ်သင်လိုက်သော ပထမဆုံး စီရင်မှုဖြစ်သည်။ 

အိုင်ဆစ်တို့မှ လူအများအား သုတ်သင်မှုများကို ရိုက်ကူးထားသော ဗွီဒီယိုအား ကြည့်နေရင်း ထိုဗလီဆရာမှ "အလ္လာဟ်ခွင့်ပြုလို့ ဖြစ်ရတာကွာ" ဟု ကြိမ်ဆဲမိသဖြင့် ယင်းသို့ သုတ်သင်ခံရခြင်း ဖြစ်သည်။ 

အိုင်ဆစ်သည် နေ့စဉ်လောက်နီးနီး ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းထိန်းချုပ်ခံနယ်မြေအတွင်း၌ သုတ်သင်မှုများကို ပြုလုပ်လေ့ရှိသည်။ 

အီရတ်၌ အခြေတည်ပြီး ၂၀၁၃ နွေဦးတွင် ဆီးရီးယားပြည်တွင်းစစ်၌ ပါဝင်လာသော အိုင်ဆစ်အဖွဲ့သည် ကမ္ဘာ့အဆိုးဝါးဆုံး အလွဲသုံးစားမှုများကို ကျူးလွန်ထားသည်။ 

- See more at: http://www.dailystar.com.lb/…/283428-isis-beheads-syria-ima…

မျိုးမင်းသန့်

No comments: