Saturday, January 17, 2015

သာလယံဇရပ်မဟုတ်တဲ့ ကျုပ်တို့အိမ်



၂၀၁၀ ရွေးကောက်ပွဲနဲ့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒ အတန်အသင့် ပြန်လည်ခေါင်း ထောင်ထလာတယ်လို့ ဆိုနိုင် မယ်ထင်ပါတယ်။ အတန်အသင့်လို့ ဆိုရတာက အမျိုးသားရေးအခြေခံတဲ့ အဖွဲ့အ စည်းတွေထဲမှာ တချို့တလေ အစွန်းရောက်ပြင်းထန်တာ ရှိကောင်း ရှိနိုင်ပေမဲ့ အများစုဟာ ဒီကနေ့ လူတချို့ စွပ်စွဲနေသလို အစွန်းရောက် အမျိုး သားရေးဝါဒီ (Radical Nationalist) တွေ မဟုတ်လို့ပါပဲ။

အမျိုးသားရေးဝါဒီတွေဆိုတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မလေးစားတဲ့သူတွေ၊ အမြင်ကျဉ်းမြောင်းတဲ့သူတွေ၊ အာဏာရှင် အစိုးရအကြိုက် လုပ်နေသူတွေလို့ အမျိုးသားရေးဝါဒကို တိုက်ခိုက်သူတွေက စွပ်စွဲပြောဆိုကြပါတယ်။ လူမျိုး၊ ဘာသာပေါ် အ ခြေခံတည်ဆောက်တဲ့နိုင်ငံတွေက ပြည်သူတွေဟာ သာယာဝပြောမှုဆိုတာကို မခံစားကြရဘူးလို့ အကိုး အကားတွေနဲ့ ပြောပါ တယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာက လူမှုရေးတည်ဆောက်ချက်တစ်ရပ်မျှသာ ဖြစ်တဲ့အတွက် ဒါကို အမှန်တရား တစ်ခုလို ဖက် တွယ်ထားမယ်ဆိုရင် နာဇီလက်သစ်ပုံစံဖြစ်သွားနိုင်တယ်လို့တောင် ဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအများစုနေတဲ့ အနောက်နိုင်ငံတွေဟာ ခရစ်ယာန်ဘာသာ ကို ရှေ့တန်းတင်ထားတာ မဟုတ်ဘဲ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်မှု ကို ပြည်သူ
တွေကို ပေးအပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကနေ့ အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူ တစ်ယောက်မှ နိုင်ငံတော်သမ္မတဖြစ် မလာသေး ပါဘူး။ ဒေါ်လာငွေမှာ In God We Trust ဆိုတဲ့စာသား ရိုက်နှိပ်ထားသလို တက်လာတဲ့ သမ္မတိုင်းကလည်း ခရစ်ယာန်ဘာသာဝင်တွေချည်းဖြစ်ပါတယ်။ ဒီကနေ့ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီအကြောင်းပြောရင် အနောက်နိုင်ငံတွေ ဘယ်လောက်အထိ တရားမျှတတယ်၊ လွတ်လပ်ပါတယ်ဆိုတဲ့ အ ကြောင်း စီကာပတ်ကုံးပြောနေတဲ့ သူတွေဟာ ခရူးဆိတ်စစ်ပွဲကိုမေ့နေလို့ဖြစ်ပါလိမ့်မယ်။

မြန်မာတွေရဲ့ အမျိုးသားရေးဝါဒကို နာဇီဝါနဲ့ နှိုင်းယှဉ်ပြောလို့ မရပါဘူး။ နာဇီတွေက ဂျူးခြောက်သန်းလောက်ကို သတ်ဖြတ်ခဲ့တဲ့ “ဟိုလိုကပ် ”ံ The Holocaust ဖြစ်စဉ် မျိုး မြန်မာ့ သမိုင်းမှာ မရှိသလို မြန်မာအမျိုးသားရေးဝါဒီတွေဟာလည်း နာဇီလက် သစ် တွေ မဟုတ်ပါဘူး။ မြန်မာတွေဟာ မိမိ အမျိုး၊ ဘာသာ၊ သာသနာကိုသာ ရှင် သန်ကြီးထွားခွင့်ပေးပြီး တခြားဘာသာ၊ သာသနာ ကို မုန်းတီးစိတ်နဲ့ ရှင်သန်ခွင့်မပေးတဲ့ လူမျိုးမဟုတ်ပါဘူး။

မြန်မာတွေ ဘယ်လောက်သဘောထားကြီးတယ်ဆိုတာ ပေါ်တူဂီတွေလို ရန်သူ ကိုတောင် ချမ်းသာပေးပြီး နေရာချပေးခဲ့တာ သမိုင်းသက်သေရှိပြီးသားပါ။ အမျိုး သားရေးဆိုတဲ့စကားလုံးကို အတော်နားကြားပြင်းကပ်နေပုံရတဲ့သူတွေက ဗုဒ္ဓဘာသာ ဗဟိုပြုအမျိုးသားရေးစိတ်ဓာတ်တွေ ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံတရားတော်တွေနဲ့ သက်ဆိုင်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘယ်သူ ဘယ်ဝါဆိုပြီး လူတွေကိုခေါင်းစဉ်တပ်ခွဲခြားခြင်းဆိုတဲ့ ပညတ်အပေါ်မှာ အခြေစိုက် တာဖြစ်ပြီး ဗုဒ္ဓရဲ့ တရားတော်တွေကတော့ ပညတ်ကို ဖယ်ခွာပြီး ပရမတ်သဘော ကို မြင်အောင်ရှုကြည့်ခိုင်းတဲ့ တရားတော်တွေ ဖြစ်နေလို့ပါပဲလို့ ဆိုပါတယ်။ ရုတ်တရက် ဖတ်လိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး အစုအဝေးကြီးလို့ ချက်ချင်းပြေးမြင်ယောင်မိမတတ်ပါပဲ။

သုတမယ၊ စိန္တာမယ၊ ဘာဝနာမယဆိုပြီး သုံးမျိုးရှိတဲ့အနက် ဘုရားဟော ပညတ်/ ပရ မတ်သဘောကို ဘာဝနာမယဆိုတဲ့ ဝိပဿ နာပွားများအားထုတ်မှုမရှိဘဲ စာအုပ်၊ စာပေ
တွေက တဆင့်လေ့လာသိရှိတဲ့ သုတမယ၊ ဆင်ခြင်တွေးကြံပြီးသိတဲ့ စိန္တာမယတွေနဲ့ ကိုယ်လိုရာအဓိပ္ပာယ်ဆွဲဖွင့်လို့မရပါဘူး။ ပညတ်ကိုလည်း ညတ်တတ်ပါစေ၊ ပရမတ် ကိုလည်း မတ်တတ်ပါစေ ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အဲဒီလိုပဲ ပရမတ် ကိုမသိရင် နိဗ္ဗာန်မရဘူး၊ ပညတ်ကိုမသိရင် ငရဲကျတတ်တယ်ဆိုတဲ့စကားလည်း ရှိပါတယ်။

ပရမတ်သဘောနဲ့ကြည့်ရင် လောကမှာ ငါ၊ သူ၊ တစ်ပါး၊ ယောက်ျား၊ မိန်းမဆိုတာမရှိဘူး၊ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးသာရှိတယ်ဆို တာ မှန်ပါတယ်။ တရားအားထုတ်မယ့်ယောဂီ တစ်ယောက်အနေနဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးတို့၊ စိတ်၊ စေတ သိက်၊ ရုပ်၊ နိဗ္ဗာန် တို့ စတဲ့ပရမတ်တရားတွေကို သိဖို့လိုပါတယ်။ ဒါမှသာ နိဗ္ဗာန်ရောက်ကြောင်းတရားကို မှန်မှန်ကန်ကန် ကျင့်ကြံအားထုတ်နိုင်မှာပါ။

တစ်ပြိုင်တည်းမှာပဲ ပညတ်တရားတွေ ကိုလည်း သိဖို့လိုပါတယ်။ လောမှာ ပရမတ်သ
ဘောအရ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးသာ ရှိတယ်ဆိုပေမဲ့ ပညတ်သဘောနဲ့ကြည့်ရင် ကျွန်တော်တို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိခင်၊ ဖခင်ဆိုတာရှိပါတယ်။ အဖေ အမေဆိုတာ မရှိပါဘူးကွာ၊ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးတွေပါပဲ သွားလုပ်လို့မရပါဘူး။ ဒီလောက်ဆိုရင် ကျွန်တော် ဘာကိုဆိုလို သလဲဆိုတာ ရိပ်စားမိလောက်ပါပြီ။

ထပ်ပြောပါ့မယ် ပရမတ်မသိရင် နိဗ္ဗာမရပါဘူး၊ ဒီလိုပဲ ပညတ်မသိရင်လည်း ငရဲကျ တတ်ပါ တယ်။ ဒီ့ထက်ရှင်းအောင်ပြောရရင် ပညတ်ကိုမသိရင် ပဲဖူးရိုးမထဲမှာ ဖခင် အရင်းဖြစ်တဲ့ ရဲဘော်ဌေးရဲ့ လည်မြိုကို တုတ်နဲ့ရိုက် သတ်ခဲ့တဲ့ ခေတ်သစ်အဇာတသတ် ဖိုးထူးလိုလူမျိုးဖြစ်သွားပါလိမ့်မယ်။

အမျိုးသားရေးဝါဒီတွေကို တိုက်ခိုက်ချင်တာနဲ့ မြင်မြင်သမျှ ပရမတ်ဆိုပြီးရောချလို့ မရပါ ဘူး။ မြင်မြင်သမျှ ပရမတ်ဆိုရင်လည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ လုပ်မနေပါ နဲ့တော့။ ပိဋကတ်သုံးပုံထဲမှာလည်း အမျိုးသားရေးနဲ့ ပတ်သက်ပြီး ညွှန်းဆိုမှု တွေမပါဘဲ ပုဂ္ဂလပညတ်တွေကို ပရမတ္ထသဘောကိုသာ မြင်အောင်ပြထားတယ်လို့ဆိုပါတယ်။ အင်မတန်ချိုမွှေးပြီး အနံ့အရသာ နဲ့ပြည့်စုံလှတဲ့ ဗန္ဓရသရက်ပင်ဘေး မှာ ခွေးတောက်ပင်
တွေ လာစိုက်လို့ ခါးသွားတဲ့အကြောင်း သုတ္တန်တွေမှာပါပါတယ်။ ရှာဖတ် ကြည့်ပါလို့ သာ ပြောချင်ပါတယ်။

အမျိုးသားရေးဝါဒီတွေဟာ အမျိုးသားရေးအကြောင်းပြချက်နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို ဘေးချိတ်ရမယ်လို့ ဘယ်သူမှ မ ပြောကြပါဘူး။ အမျိုးသားရေးကို မျက် ကွယ်ပြုနေတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တချို့ကသာ ကိုယ့်ဘာသာ အိုးမလုံအုံပွင့်နေကြ တာ ဖြစ်ကောင်းဖြစ်မှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီလိုချင်ပါတယ်။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်မှလည်း နိုင်ငံတိုးတက်မယ်ဆိုတာသိပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုချင် တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အဲဒီခေါင်းစဉ်တွေကိုရှေ့တန်းတင်ပြီး အမျိုးသားရေး ကို ပစ်ပယ်တဲ့ ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။

ကျွန်တော်တို့လိုချင်တဲ့အမျိုးသားရေးဆိုတာ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်
ရှောက်ပြီး တခြား အမျိုး ဘာသာ၊ သာသ နာကို သင်းကွပ်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသား
ရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုး၊ ဘာသာ၊ သာ သနာကို တခြားသူတွေလာပြီး စော်ကား၊ နှောက်ယှက် ဖျက်ဆီးခြင်း မပြုနိုင် အောင်လို့ အမြဲသတိရှိရှိကာကွယ်ဖို့ လှုံ့ဆော်တိုက် တွန်းတဲ့ အမျိုးသားရေးပါ။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဟာ ခံစစ် Defensive ပါ၊ တိုက်စစ် Offensive မဟုတ်ပါ။

အမျိုးသားရေးဝါဒပြင်းထန်လွန်းအားကြီးလာရင် အစွန်းရောက်အမျိုးသားရေး ဝါဒီတွေ ဖြစ်သွားနိုင်သလို လစ်ဘရယ်ဝါဒ အစွန်း ရောက်လွန်းရင်လည်း အုတ်ရောရော ကျောက်ရောရောနဲ့ သာလယံဇရပ်တိုင်းပြည်ဖြစ်သွားမှာပါ။

ဇရပ်က ဇရပ်ဖြစ်ပြီး အိမ်က အိမ်ပါ။ ဇရပ်နဲ့အိမ် ထပ်တူပြုလို့မရပါ။ ဘယ်လိုလူမျိုးကမှ ကိုယ့်မိဘဘိုးဘွားအမွေပေးခဲ့တဲ့ ဘိုးဘွားပိုင်အိမ်ကို ငါကတော့ လစ် ဘရယ်သမားကွ၊ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုပြီး လေးဘက် လေးတန် နံရံတွေဖွင့်ပြီး ဇရပ်လုပ်မပစ်ပါဘူး။
ဒီလိုပဲ နေစရာမရှိဘဲ ဒုက္ခရောက်နေလို့ ကိုယ့်ခြံဝင်းလေးထဲမှာတဲထိုးနေ ခွင့်ပြုထား တဲ့သူက ကိုယ့်အိမ်ထဲမှာနေရင်းကြာတော့ ကိုယ့်အိမ်ထင်လာပြီး အမွေလုဖို့ကြိုးပမ်း လာတာကို လူ့အခွင့်အရေးပဲလို့ ဘယ်ခြံရှင်၊ အိမ်ရှင်ကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။

စကား လေးတစ်ခု ကြားဖူးမယ်ထင်ပါတယ်။ အချစ်မပါတဲ့ လိင်ကိစ္စဟာ ရုန့်ရင်းကြမ်း တမ်းပြီး လိင်ကိစ္စမပါတဲ့အချစ်ဆိုတာ စိတ်ကူးယဉ် ဆန်လွန်းပါသတဲ့။

ဒီလိုပဲ ဒီမိုကရေစီမရှိတဲ့အမျိုးသားရေးဟာ အာဏာရှင်ဆန်လွန်းသွားနိုင်ပြီး အမျိုး သားရေးမပါတဲ့ ဒီမိုကရေစီဟာကတော့ သာလ ယံဇရပ်နဲ့တူသွားနိုင်တာပါပဲ။

ကျွန်တော်တို့အိမ်လို့ ခေါ်ဆိုနိုင်တဲ့ အမိမြန်မာနိုင်ငံဟာ သာလယံဇရပ် တစ်ဆောင် မဟုတ်ပါဘူး။ ဒီ မြေ ဒီရေဟာ ကျွန်တော်တို့ မိဘ၊ ဘိုးဘွားတွေ ပေးခဲ့တဲ့ အမွေပါ။

အရင်းအနှီးက ခေတ်အဆက်ဆက် ပေးခဲ့ရတဲ့ အသက်၊ ဝိ ညဉ်တွေပါ။ သာလယံ ဇရပ်တစ်ဆောင်ဖြစ်မသွားအောင် ထိန်းသိမ်းထားပေးတဲ့ အရာကတော့ အမျိုးသားရေး ပါပဲ။

ဟုတ်ကဲ့ မှတစ်ပါး အခြားမရှိပါခင်ဗျား…။

ရဲကျော်သူရ
စာညွှန်း - လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ် အထူးထုတ် အမှတ်စဉ် (၂)

No comments: