Wednesday, May 31, 2017

ကုန်းဘောင်ခေတ် နောက်ဆုံး ဘုရင် ရဲ့ မြေးဦး

Image may contain: 1 person, standing and text
ယခင်တုန်းက ရွှေတွင်း ငွေတွင်း စိန်တွင်း ပတ္တမြားတွင်း ပယင်းဒုဋ္ဌာအဖြာဖြာတို့ရဲ့အရှင် နန်းကျဘုရင်ရဲ့
သမီးတော်တွေ အရွယ်ရောက်လာခဲ့တဲ့အခါ အင်္ဂလိပ်အစိုးရအနေနဲ့ အာဝါဟ ဝိဝါဟကိစ္စတွေကိုပါ ဖြေရှင်းပေးရမဲ့ အချိန်ရောက်လာတယ် ၊ အိန္ဒိယဘုရင်ခံအစိုးရဟာ မြန်မာနိုင်ငံက မင်းဆွေမင်းမျိုးတွေ စာရင်းကို ဗမာပြည်ဘုရင်ခံဆီက တောင်းယူပြီး သီပေါမင်းဆီကို တင်ပြပေမယ့် ၊ ဘုရင်ဟောင်းကတော့ မဟာဆီမဟာသွေး အစစ်တွေမဟုတ်ပဲ သွေးနှောနေတဲ့ မင်းမျိုးနဲ့ အရပ်သားကပြားတွေဆိုပြီး
သဘောတူလိုဟန် မပြခဲ့ဘူး ။

မင်းဆွေမင်းမျိုးစစ်စစ် တွေကတော့ သီပေါဘုရင် နန်းတက်ချိန်မှာ ....ခေါင်းကိုကတ္တီပါအိတ်စွပ် လည်မျိုကို တုတ်တိုနဲ့ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံခဲ့ကြရတာ ဖြစ်တဲ့အတွက် ၊ မရှိသလောက် ရှားပါးသွားခဲ့ပါပြီ ၊
တစ်ရက်သော မနက်မှာတော့ စံအိမ်တော်ဟာ ဆူညံပွက်သံတွေနဲ့ပွက်လောရိုက်သွားခဲ့တယ် ၊
တချိန်သောအခါက ရတနာပုံ နန်းတော် --သီပေါဘုရင်မင်းမြတ်ရဲ့ သမီးဦး ၊ -ရတနာပေါင်းများစွာနဲ့ မင်္ဂလာယူခဲ့သူ -မြန်မာ့ထီးနန်း ရဲ့ မိဖုရားခေါင်အဖြစ် လျာထားခံခဲ့ရတဲ့ တပင်တိုင်မြနန်းရှင် မင်းသမီးဖြစ်တဲ့ ပထမသမီးတော်...အဲဒီသမီးတော်ဟာ စံအိမ်တော်မှာ အမှု့ထမ်းနေတဲ့ ဟိန္ဒူ စတန်နီလူမျိုး
အိမ်တော် တံခါးစောင့်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်းကိုယ်ဝန်ရနေပြီ ဖြစ်လို့ပဲ။

အဲ့တာထက် ပိုဆိုးတာက အဲဒီ တံခါးစောင့်မှာ တရားဝင်လက်ထပ်ထားတဲ့ ဟိန္ဒူလူမျိုး ဇနီးမယား ရှိနေတာပါပဲ။ ပထမသမီးတော် ထိပ်စုဘုရားကြီး အသက်အစိတ်အရွယ်(၁၉၀၅)ခုနှစ်မှာ တံခါးမှူး ကုလားနဲ့အကြောင်းပါတော့တယ်။ ကိုယ်ဝန်ရတဲ့အထိဘယ်သူမှမသိဘူး။ သားဦးဗိုက်ဆိုတော့လည်း သိသိသာသာကြီးမဟုတ်ဘူးလေ။ ဝတ်ရတဲ့ မင်းသမီးအင်္ကျီတွေကလည်း ခပ်ပွပွကြီးတွေဆိုတော့ ဘယ်သူမှမရိပ်မိနိုင်ကြဘူးပေါ့။ တံခါးမှူးက ရုပ်အတော်ဖြောင့်ဆိုပဲ။ အရွယ်ကလဲရောက်၊ စိတ်တွေကလည်းပြေးခုန်ပေါက်၊ အပျော်ဆိုလို့ ဘာမှမရှိတဲ့ ခပ်ခြောက်ခြောက်စံအိမ်တော်ကြီးမှာ ကြီးပြင်းလာရတော့ အဖော်ဆိုတာကို တမ်းတမ်းတတကိုမျှော်လင့်နေမှာပဲလေ။ တံခါးမှူးက ဝင်းတံခါးကိုစောင့်ရတာပါ။ သူ့အတွက်အိမ်လေးတဆောင်ပေးထားရတယ်။ အဲ့ဒီအိမ်လေးကို ပထမ သမီးတော်ကြီးက လူမသိ သူမသိ ညကြီးအချိန်မတော်မှာ တယောက်တည်းသွားတာ။
အရှင်နှစ်ပါးက အတူမနေလို့မသိကြတာ။ စုဘုရားလေးက မကျန်းမာလို့မသိရတာ။

ဒါကြောင့် မဖုံးနိုင် မဖိနိုင်တဲ့အခါကျမှ ဘူးပေါ်သလိုပေါ်တော်တာ။ စုဘုရားလတ်ခေါင်းမီးတောက်ပြီပေါ့။ စံတော်အိမ်လဲ လောင်မီးကျတော့တာပဲ။ စုဘုရားလတ်ဒေါသပုန်ထလို့ စံတော်အိမ်တခုလုံး ရုတ်ရုတ်သဲသဲနဲ့ ဝက်ဝက်ကွဲ ဆူညံကုန်တော့တယ်။ ၁၉၀၆ခု နိုဝင်ဘာ(၂၆)ရက်နေ့မှာ ပထမသမီးတော်ကြီးမီးဖွားတယ်။
သမီးလေး ။ တုတု အရှင်နှစ်ပါးအတွက်တော့မြေးဦးလေးပေါ့။ ဘယ်တတ်နိုင်မှာလဲလေ။ သေနတ် ကျည်ဆန်ဆိုရင်ပြန်နှုတ်လို့ရသေး။ ခုဟာက ကျည်ဆန်လိုပြန်နှုတ်လို့ရကောင်းတဲ့အရာမှမဟုတ်တာ။
ပိုပြီးဆိုးတာက တံခါးမှူးကုလားက မလွတ်မလပ်ကြီး၊ သားနဲ့မယားနဲ့။ သမီးတော်ကြီးကိုလက်မထပ်ဘူး။ အိန္ဒိယဇာတ်စနစ်အရ ဇာတ်မတူလို့ဆိုပြီး သမီးတော်ကြီးနဲ့အတူ ထမင်းတောင်တဝိုင်းထဲမစားဘူး။
ရတနာပုံရွှေနန်းတော်ကြီးမှာ ရွှေလင်ပန်းနဲ့အချင်းဆေးခဲ့ရတဲ့ သမီးကြီး။ ရွှေလင်ပန်းမှ ရွှေထည်သက်သက်လုပ်ထားတဲ့ ရွှေလင်ပန်းမဟုတ်ဘူး ။ ပတ္တမြားကျောက်စီထားတဲ့ ရွှေလင်ပန်း။ အဲဒီရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေပေါ်မြတင် ကြီးပြင်းလာခဲ့တဲ့သမီးကြီး။ သမီးတော်တွေထဲမှာအလှဆုံး အရိုးဆုံး အအေးဆုံး သမီးကြီး။ တော်ဝင်မိသားစုထဲမှာ အလှထိပ်ခေါင်တင်ဖြစ်သလို၊ အိမ်နိမ့်စံ ဘဝသာမရောက်ရင် ဘိုးတော်ဘုရားဖြစ်တဲ့ မင်းတုန်းမင်းကြီးရဲ့ မိဘုရားခေါင်ကြီး စကြာဒေဝီလို ရဟန်းရှင်လူ ပြည်သူတရပ်လုံးက ကြည်ညိုလေးစားအားထားထိုက်တဲ့ မိဘုရား ခေါင်ကြီးတောင်ဖြစ်နိုင်တဲ့မင်းသမီးကြီး။ ဒီသမီးကြီးကကုလားနဲ့ညားတာ။ ကုလားမှ သူဌေးကုလား မဟုတ်ဘူး။ ဒရဝမ်ကုလား။ စုဘုရား ဘာများတတ်နိုင်ပါသေးသလဲ။ ကျော်မကောင်း ကြားမကောင်း ဆိုတဲ့စကားနဲ့အပြစ်တင်မယ်ဆိုရင်တောင် အဲဒီစကားက အပြစ်မဆိုစလောက်လေးဖြစ်သွားပြီး သိမ်ငယ်နေဦးမယ်။ ပြစ်မှုကဧရာမပြစ်မှုကြီး။ ဖြစ်ရပ်ကဧရာမဖြစ်ရပ်ကြီး။ ဒီသမီးတော် အရေးအခင်းမှာ တကယ်သနားစရာကောင်းတာက သီပေါမင်းပါ။ ဒီသတင်းကြားရော ရှက်လွန်းလို့ အခန်းထဲက လုံးဝ ထွက်မလာဘူး။ ပွဲတော်လည်းမတည်ဘူး။ အခန်းတံခါးလည်းဖွင့်မပေးဘူး။ တစ်နေကုန် အခန်းပုန်းပြီး ကမ္ဘာကြီးနဲ့ဝေးရာသွားနေတာ။ဘုရင်က အဲဒီလို ဖြစ်သွားတော့ သမီးတော်တွေနဲ့ ညီမတော်တွေကို ဆူပူကြိမ်းမောင်း ဒေါသူပုန်ထနေတဲ့ ယမ်းပုံမီးကျ မိဘုရားကြီးလဲ မတတ်သာတော့ဘူး။ နောက်နေ့ ရောက်တော့ ဘုရင်ကိုချော့မော့တောင်းပန်ရတော့တယ်။ ဒီအခါကျမှ ဘုရင်ကစားနိုင်သောက်နိုင် ပြောနိုင်ဆိုနိုင်တော့တာ။

~~~မစင်တွင်းထဲ ခုန်ဆင်းသောအချစ်ကျွန်မင်းသမီးလေး~~~
ဒီကိစ္စမှာတာဝန်ခံအရာရှိတွေက အေးဆေးပဲ။ လက်ပိုက်ပြီးတောင် ကြည့်နေလိုက်သေးတယ်။ တံခါးမှူးကုလားဂိုပါကို အလုပ်လဲဖြုတ်မပစ်ဘူး။ နေရာလည်းပြောင်းမပစ်ဘူး။ ဘုရင့်မျိုးနွယ်ကိုဖျက်ဆီးဖို့ စနစ်တကျ အကွက်ချလုပ်ကြံစီစဉ်ထားတဲ့ အင်္ဂလိပ်တို့ရဲ့မျိုးဖျက်စီမံကိန်း ရာနူန်းပြည့်အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဒီယုန်မြင်လို့ဒီချုံထွင်ခဲ့သူကိုတော့ ဆုတော်လာဘ်တော်တွေချီးမြှင့်နေဦးမယ်မဟုတ်လား။
ဘုရင်ကလဲ ဒီတံခါးမှူးကိုအလုပ်ဖြုတ်ဖို့မညွှန်ကြားဘူးလေ။ အလုပ်ပြုတ်လို့ ကုလားရွာပြန်ရင် သမီးကြီး ပါတပါးထဲလိုက်သွားတော့မှာကိုး။ ပိုလို့တောင်ဆိုးသွားနိုင်သေးတယ်မဟုတ်လား။ နောက်ဆုံးတော့ သမီးကြီးနဲ့ ရွှေသမက်ငွေသမက်ကြီးတွက် ဝင်းအပြင်ကပ်လျက်မှာ အိမ်ကလေးတစ်လုံး တောင်ဆောက်ပေးထားရသေးတယ်။ သမီးကြီးကအဲဒီမှာနေတယ်။ ဇာတ်မတူလို့ထမင်းအတူမစားနိုင်တဲ့ လင်တော်မောင်ကြောင့် နေ့ဘက်မှာ စံတော်အိမ်မှာပဲ နေတယ်။ ညီမတွေနဲ့အတူ လာစားတယ်။ ကုလားများ ဇာတ်အတော်ကြီးကျယ်မြင့်မြတ်တာပဲနော်။ (ဇာတ်ကိုအတော်တန်ဖိုးထားတာပဲနော်) ဘုရင့်သမီးတော် တစ်ယောက်လုံးကိုတောင် လက်မထပ်နိုင်ဘူး။ ထမင်း အတူမစားနိုင်ဘူး ဆိုပဲ။"ဆရာမောင်သန်းဆွေ (ထားဝယ်)ကတော့ `သိင်္ဂီရွှေခွက်အတွင်းသို့ကျသည့် မစင်တုံးက ရွှေခွက် နံသည်´ဟုပြန်ပြောသကဲ့သို့ပင်ဖြစ်တော့သည်"လို့ မှတ်ချက်ချထားတယ်။

ရတနာဂီရိနိဒါန်း(၂၄၉)
ခုကိစ္စကိုဘယ်လိုပြောမှန်းတောင်မသိတော့ဘူး။ မစင်တုံးကပဲ သိင်္ဂီရွှေခွက် ထဲ ကျူးကျော် ဝင်ရောက် လာတာလား။ သိင်္ဂီရွှေခွက်ကပဲ မစင်တွင်းထဲခုန်ချထားလား။ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ တကယ်တော့ အရှင်နှစ်ပါးအပြစ်ပဲ။ သမီးတော်တွေလည်းအရွယ်ရောက်နေပြီ။ ဝန်ထမ်းကုလားတွေကိုလည်း အင်္ဂလိပ်က ဥပဓိကောင်း အရပ်မောင်းကောင်းသူတွေမှရွေးခန့်ထားတာ။ စံအိမ်တော်မှာလည်း အပျိုတော်တွေ၊ အထိန်းတော်တွေ၊ ဗမာလူကြီးအစောင့် အရှောက်တွေအများကြီးရှိတယ်။ သမီးတော်တွေ ကိုကြပ်ကြပ် မတ်မတ်စောင့်ရှောက်ရမှာပေါ့။ သူတို့ကိုယ်တိုင်ကလည်းအရိပ်တကြည့်ကြည့်နဲ့ ရင်အုပ်မကွာ ကာကွယ် ထားရမှာပေါ့။

ခုတော့မဟုတ်ဘူး။ ဘုရင်ဖြစ်တဲ့သူကလည်း သူ့သောကနဲ့သူ၊ မိဘုရားဖြစ်တဲ့သူကလည်း ညီအမအရင်းချင်းသဝန်ကြောင်ဖို့လောက်ပဲ ချောင်းနေတာ ဆိုတော့ နည်းတောင်နည်းသေးတယ်လို့တောင် ပြောရမလိုပဲ။အုပ်ထိန်းသူညံ့လို့သမီးတော်ကြီးခမျာ ရေတိမ်နစ်ရရှာတယ်။ အဖိုဆို ရင်ဖိုတောင် အသန်းမခံဘူးတဲ့ အပျိုစင်တယောက်အဖို့ အိုးနဲ့ကြိုး ဥပမာလို အနေနီးရင်ထိကြ ငြိကြမှာပဲလေ။ စံတော် အိမ်ကြီးမှာ ပျော်ရွှင်ဆိုတာ ဘာများရှိလို့လဲ။ အဲဒီတော့ တဒင်္ဂသက်သာ သက်သာ သာယာမှု ကိုရှာတော့မှာပေါ့။ သီးချိန်ပွင့်ချိန်ရောက်နေပြီပဲ။ ဒီသဘောတရားလောက်တော့သိဖို့ကောင်းတာပေါ့။
သမီးတော်ကြီးအေ၇းနဲ့ ပတ်သတ်လို့ အခုကိစ္စမှာသာ အသိနောက်ကျတာမဟုတ်ဘူး။ ငွေရေးကြေးရေး ကိစ္စမှာလဲအသိနောက်ကျတာပဲ။ ကုလားက တလ(၁၅)ရူပီပဲလခရတယ်။ သမီးတော်ကြီးက တလ(၇၅) ရူပီထောက်ပံ့ကြေးရတာ။ အဲဒီ(၇၅)ရူပီကို ကုလားကိုထိုးအပ်ရတာ နှစ်တောင်ချီတယ်။ ဒါကိုလဲ သူတို့ မသိကြဘူး။ ကုလားက အဲဒီငွေတွေသိမ်းပြီး မယားကြီးကိုပေးနေတယ်။ မယားစရိတ် သားစရိတ်ပေါ့။
ဒီလိုနဲ့နေလာလိုက်တာသီပေါမင်းကစတုတ္ထသမီးတော်အတွက်ထောက်ပံ့ကြေး(၁၂၅)ရူပီတောင်းခံပေးတော့ မှ ဒီကိစ္စကပေါ်လာတာ။ ဘယ်လောက်ညံ့လိုက်သလဲနော်။ ပါတော်မူတာနည်းတောင်နည်းသေးတယ်လို့ ဆိုရမလိုပဲ။ တံခါးစောင့်မောင်မင်းကြီးသားက (စားရကံကြုံလို့ မုတ်ဆိတ်လာပြီး ပျားစွဲတာကိုး) ဘုရင့် သမီးတော်လဲ အချောင်ရ။ ဘုရင့်သမီးတော်ရဲ့လခ (၇၅)ရူပီကိုလဲ အလကားရ။ (၇၅)ဆိုရင် ရွှေသုံးကျပ်သား ပဲလေ။ တစ်လရွှေသုံးကျပ်သားအလကားရနေတော့တာပေါ့။ မယားလည်းရ ပါးလည်းဝနဲ့ မောင်မင်းကြီးသားကြီးပွားနေတော့တာပေါ့။ဒီလိုရနေလို့ သမီးတော်ကြီးကို ခုံမင်နှစ်သက်မှုနဲ့ အလိုလိုက် အကြိုက်ဆောင်ပီး လင်သားပီပီယုယလိမ့်မယ်များထင်သလား။ ဝေးသေး။ အတော်အနိုင်ကျင့်ဆိုပဲ။

အင်းလေ....သူ့လက်ခုပ်ထဲကရေကိုး။ သွန်လိုသွန် မှောက်လိုမှောက်ပေါ့။ သမီးတော်ကြီး ဘဝ က သနားစရာ ပဲနော်။ ဘုရင့်သမီးတော်ကြီးတယောက်ဖြစ်လျက် မယားငယ်အဖြစ်တောင် တရားဝင် လက်ထပ်ခွင့်မရရှာဘူး။ လင်တော်မောင်ထက် ငါးဆသာတဲ့ လခအားလုံးကို လင်တော်မောင် ထံ အကုန်လုံးထိုးအပ်ပါလျက် လင်တော်မောင်ရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံနေရရှာတယ်။ နှစ်ဦးသဘောတူ အတူနေလင်မယားဖြစ်ပါလျက် ဇာတ်မတူလို့ဆိုပြီး ထမင်းတစ်ဝိုင်းထဲမှာလက်ဆုံတောင်စားခွင့်မရရှာဘူး။
သူ့ဘဝကိုဘယ်လိုနားလည်ပေးရမလဲ။

ကုလားကိုငွေပေးပေါင်းသလိုမျိုးဖြစ်နေတော့ လူသိရှင်ကြား ကြေးစားနဲ့ တရားဝင်ပေါင်းသင်းနေတဲ့ အချစ်ကျွန်မင်းသမီးလေးတပါးလို့ဆိုရမလား။

Credit: Ye Yin tthwe.

~~~ရည်ရွယ်ချက်~~~
ဘယ်နိုင်ငံသား မှ ကိုယ့်နိုင်ငံသားပေါ်မကောင်းနိုငိပါဘူး။ ကိုယ့်နိုင်ငံသားချင်း ချစ်ခင် တတ်ကြပါစေ။

No comments: