" မရှိ မဖြစ် ဆေး .. " ဆီးရီးယားစစ်ပွဲရှိ ဂျီဟဒ်ဝါဒီများထံပေးပို့မည့် စိတ်ကြွဆေးများ ပြင်သစ်တွင်ဖမ်းမိ။ ဆော်ဒီအာရေးဗီးယားမှတစ်ဆင့် ကုန်ကူးပေးပို့နေကြပြီး စိတ်ကြွဆေးဈေးကွက်ဖြစ်ပေါ်နေ။ လက်ဘနွန်တွင် ဆော်ဒီမင်းသား အဗ္ဗဒယ် အယ်ဝါလစ်၏ကိုယ်ပိုင်ဂျက်လေယာဉ်တွင်းမှ မူးယစ်ဆေးဝါး ၂-တန်ခန့်တွေ့ရှိသဖြင့် လက်လနွန်အာဏာပိုင်များက ထိန်းသိမ်းခဲ့ရသည်။
( မေ-၃၁၊ ၂၀၁၇ ) ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လျှက်ရှိသည့် ဂျီဟဒ်ဝါဒီများထံပေးပို့မည့် " ဂျီဟဒ်ဒစ်ဆေး " ခေါ် ကက်တာဂျင်စိတ်ကြွဆေးဝါး အနည်းဆုံး ၁၃၇ ကီလိုခန့် ကို ချားလ်ဒီဂေါလေဆိပ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြင်သစ်အကောက်ခွန်အရာရှိများက ပြောဆိုကြောင်း ရုရှားတူဒေးသတင်းဌာနက ယနေ့ရေးသားသည်။

ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ်ဖမ်းဆီးရမိသည့်
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ တရားမဝင်တင်ပို့သော အခြားကုန်စည်ထက်ဝက်မှာ
ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ လိပ်မူထားခြင်းဖြစ်သည်ဆို၏။ ယခုနှစ်
ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြင်သစ်နိုင်ငံမှ ဖမ်းဆီးရမိသည့်
စိတ်ကြွေဆေးများမှာ တရားမဝင်ဈေးကွက်တွင် အမေရိကန် ၁.၇
သန်းခန့်တန်ဘိုးရှိမည်ဖြစ်သည်။
၁၉၅၀-ခုနှစ်ခန့်တွင် စတင်တီထွင်ထုတ်လုပ်ခဲ့ကြောင်းခန့်မှန်းကြသည့် ကက်တာဂျင်ဆေးဝါးများသည် အမ်ဖီတာမင်း စိတ်ကြွဆေးအုပ်စုတွင်ပါဝင်ပြီး ယခုအခါ အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားရာဒေသများတွင် အသုံးများတွင်ကျယ်လျှက်ရှိခြင်းကြောင့် ဈေးကွက်ဖြစ်ပေါ်နေသည်။

ဇန်နဝါရီလတွင် လက်ဘနွန်မှ ချက်နိုင်ငံသို့ပေးပို့သည့် စိတ်ကြွဆေးပြား ၃၅၀'၀၀၀ ( အလေးချိန် ၇၀ ကီလို) ကိုလည်း ပြင်သစ်အကောက်ခွန်ဌာနက ဖမ်းဆီးရမိခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် ချက်နိုင်ငံအာဏာပိုင်များဖော်ထုတ်ချက်အရ စိတ်ကြွဆေးများသည် တူရကီနိုင်ငံမှတစ်ဆင့် ဆော်ဒီအာရေးဗီးယားသို့ ပေးပို့ကြောင်းပေါ်ပေါက်ခဲ့သည်ဆို၏။ ကုလသမဂ္ဂသတင်းထုတ်ပြန်ခဲ့ရာတွင် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားရာဒေသများ၌ အမ်ဖီတာမင်းစိတ်ကြွဆေးများအလွဲသုံးခြင်းနှင့် ရာဇဝတ်မှု့ခင်းများဖြစ်ပေါ်လျှက်ရှိကြောင်း ဖော်ပြထားသည်။

သုံးစွဲလျှင် သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့် စိတ်တက်ကြွစေသော အမ်ဖီတာမင်းဓာတုပစ္စည်းများသည် စိတ်ကြွဆေးအမျိုးအစားတွင်ပါဝင်သည်ဖြစ်သော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားရာဒေသများမူ စစ်မြေပြင်စွမ်းရည်မြင့်တက်စေသော " စူပါစစ်သား ဆေး " အဖြစ် အသုံးပြုနေကြခြင်းဖြစ်သည်ဆို၏။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ လက်ဘနွန်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆော်ဒီမင်းသား အဗ္ဗဒယ် အယ်ဝါလစ်အား ၄င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်တွင်းမှ မူးယစ်ဆေးဝါး ၂-တန်ခန့်တွေ့ရှိသဖြင့် လက်လနွန်အာဏာပိုင်များက ထိန်းသိမ်းခဲ့ရကြောင်း သတင်းများတွင် ဖော်ပြပါရှိခဲ့သည်။
ကိုဌေးအောင် ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်
..
‘Jihadist drug’: 137kg of psychostimulant seized at French airport, partly bound for Saudi Arabia https://www.rt.com/news/390203-france-seize-jihadist-drug/
https://www.rt.com/news/319727-saudi-prince-drug-arrest/

No comments:
Post a Comment