Thursday, June 1, 2017

အမျိုးသားရေး နိုင်/ကျဉ်းများ ထပ်မံပေါ်လာတော့မည်လော

 No automatic alt text available.

NLD အစိုးရလက်ထက်
အောင်တိုဘာ ၄ ရက် ၂၀၁၆ နေ့က အသစ်ပြဌာန်းလိုက်သည့်
ငြိမ်းစုစီးဥပဒေသည်လည်း အမျိုးသားရေးသမားများ၊လယ်သမား၊အလုပ်သမား၊ အခြားကိုယ်ယုံကြည်ရာကို ဆန္ဒပြသည့်သူများ
သတိထားမိစေရန်
ဝင်းကိုကိုလတ် (အင်စိန်းထောင်)
တင်ပြခဲ့ဘူးသည့် ငြိမ်းစုစည်း အကြောင်း သိကောင်းစရာများအား ထပ်မံတင်ပြပေးလိုက်သည်။
အရှင်တေဇဝန္တ မျိုးချစ်-သမဂ္ဂ
ဆန္ဒပြဖို့ ခွင့်ပြုချက်မလို၊ ၄၈ နာရီကြိုတင် အသိပေးရုံသာ
▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇
ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တောင်းစရာ မလိုတော့ပါဘူး။
အသိပေးတင်ပြချက်ကို စာနဲ့ ပေးပို့ရုံသာလိုပါတော့တယ်။
၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းစုစီဥပဒေကို ၂၀၁၄ ခုနှစ်မှာ တစ်ခါပြင်ဆင်ခဲ့ပါတယ်။
အခု ၂၀၁၆ ခုနှစ်မှာတော့ မူလငြိမ်းစုစီဥပဒေကို ရုပ်သိမ်းလိုက်ပြီး ငြိမ်းစုစီဥပဒေအသစ်ကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ(၄)ရက်နေ့က အသစ်ပြန်လည် ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေအဟောင်းတုန်းက ဆန္ဒပြ မယ့်နေ့မတိုင်မီ (၅)ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရပြီး အခု အသစ်မှာတော့ ၄၈ နာရီ ကြိုတင်အသိပေးတင်ပြရုံပါပဲ။
အရင်ဥပဒေအရဆိုရင် ဆန္ဒပြဖို့ ခွင့်ပြုချက်မတင်ရင် ပုဒ်မ ၁၈ နဲ့ အရေးယူပြီး ထောင်ဒဏ်(၆)လ အထိ အပြစ်ပေးနိုင်ပါတယ်။
အခု ဥပဒေအသစ်မှာတော့ အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြရင် ပုဒ်မ ၁၉ နဲ့ အရေးယူမှာဖြစ်ပြီး ထောင်ဒဏ်က (၃)လ အထိ အပြစ်ပေးနိုင်ပါတယ်။
ထူးခြားချက်ကတော့ အရင်ဥပဒေမှာမပါတဲ့အချက်တစ်ခု ပါလာပါတယ်။
အဲဒါကတော့ ပုဒ်မ ၁၉ နဲ့ တစ်ကြိမ်အရေးယူခံထားရပြီးတဲ့သူဟာ နောက်ထပ် အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြခဲ့ရင် ထောင်ဒဏ်(၁)နှစ်အထိ အပြစ်ပေးနိုင်တာပါပဲ။
အကြိမ်ကြိမ်မကျူးလွန်နိုင်အောင် လုပ်ထားတာကို တွေ့ရပါတယ်။
အရင်ဥပဒေက ခွင့်ပြုချက်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်ရင် ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်(၃)လ အထိ အရေးယူနိုင်ပြီး အခု ဥပဒေအသစ်မှာတော့
အသိပေးတင်ပြထားတဲ့အတိုင်း မပြုလုပ်ဘဲ ချိုးဖောက်ခဲ့ရင်တော့
ပုဒ်မ ၂၀ ထောင်ဒဏ်(၁) လ အထိအရေးယူနိုင်ပါတယ်။
နောက်ထပ်ထပ်မံချိုးဖောက်ခဲ့ရင်တော့ ထောင်ဒဏ်(၃)လ အထိ အရေးယူခံရနိုင်အောင်လည်း ထည့်သွင်းထားပါသေးတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုက အသိပေးတင်ပြခြင်းမရှိတာရယ်၊ အသိပေးတင်ပြချက်ကို ဖောက်ဖျက်လို့ အရေးယူတဲ့အခါမှာ စတင်တဲ့ မြို့နယ်တစ်ခုမှာပဲ တရားစွဲရမှာဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ မြို့တွေမှာ နောက်ထပ်စွဲဆိုတာတွေ လုပ်လို့မရတော့ပါဘူး။
အရင်တုန်းက ဥပဒေအဟောင်းအရဆိုရင်တော့ စတင်တဲ့ မြို့နယ်မှာလည်းစွဲ၊ ဖြတ်သန်းသွားတဲ့မြို့တွေမှာပါ စွဲလို့ရပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုက တရားစွဲဆိုတဲ့အခါ ဆန္ဒပြပြီး ၁၅ ရက်အတွင်း တရားရုံးကို တင်ပို့ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အမေရိကန်သံရုံးကို ဆန္ဒပြခဲ့ကြတာ ၄ လပိုင်းဖြစ်ပေမယ့် တရားရုံးကို တင်တဲ့အခါ ၈ လပိုင်းမှ ဖြစ်ပါတယ်။
အခုဥပဒေအသစ်သာ အဲဒီအချိန်က ရှိခဲ့ရင် ကျွန်တော်တို့ ကင်းလွတ်မှာဖြစ်ပါတယ်။
အသိပေးတင်ပြပြီး ဆန္ဒပြတဲ့သူတွေကို နှောင်ယှက်တဲ့သူကို ထောင်ဒဏ်(၁)နှစ်အထိ အရေးယူနိုင်တယ်လို့လည်း ပုဒ်မ ၁၈ ပြဋ္ဌာန်းပေးထားပြီး အရင်ဥပဒေတုန်းက ပုဒ်မ ၁၇ ဖြစ်ပါတယ်။
အရင်ဥပဒေမှာ မပါဝင်တဲ့အချက်တွေကိုလည်း ထပ်ထည့်ထားပါသေးတယ်။
အဲဒါတွေက
#လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သော အပြုအမူ တို့ကို မလုပ်ရဘူးလို့ ဆိုထားပါတယ်။
#ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ ပြုလုပ် စေရန် မရိုးမဖြောင့်သောသဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်းမပြုရ။
#ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ ပြုရာတွင် သူတစ်ဦးဦးအားပါဝင်စေရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်းတို့ မပြုလုပ်ရ။
ဆိုတဲ့အချက်တွေပါ။
ဆန္ဒပြဖို့ အခကြေးငွေနဲ့ မငှါးရဘူး၊အနိုင်အထက်ပြုပြီး လူတွေမခေါ်လာရဘူးလို့ ပြဋ္ဌာန်းလိုက်တာပါ။
လူသားအချင်းချင်းလည်း ခွဲခြားနှိမ့်ချမပြောရဘူးလို့ ကုလားလဲလူ ငါးခူလည်း ငါးတွေအတွက် ကာကွယ်ပေးထားပါသေးတယ်။
အဲဒါတွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်(၁)လ၊ ထပ်မံကျူးလွန်ရင် ထောင်ဒဏ်(၃)လအထိ အရေးယူမယ်လို့ ပုဒ်မ ၂၀ မှာ ပြဋ္ဌာန်းလိုက်တာတွေ့ရပါတယ်။
လူစုကွဲတဲ့အထိအရေးယူဆောင်ရွက်နိုင်အောင်လည်း ထည့်သွင်းပြဋ္ဌာန်းပေးထားပေမယ့် အင်အားအလွန်အကျွံမသုံးရဘူးလို့လည်း ပုဒ်မ ၁၆ မှာဆိုထားပါတယ်။
ကျွန်တော် အဓိက ပြောချင်တာက ဥပဒေပြောင်းသွားတာကို မသိသေးတဲ့ မိတ်ဆွေတစ်ချို့ရှိနေလို့ရယ်၊
ဟိုတစ်လောက ရဲစခန်းတစ်ခုက ခွင့်ပြုချက်ဆိုပြီး ထုတ်ပေးတာကို အွန်လိုင်းပေါ်က တွေ့လို့ရယ်၊ အများသိအောင်လို့ ထပ်ရေးတာပဲဖြစ်ပါတယ်။
ဝင်းကိုကိုလတ်(ဥပဒေ)
31-5-2017

No comments: