Saturday, May 6, 2017

ဦးဝင်းထိန်က တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ပြီး လိုအပ်သလို တုံ့ပြန်မည်ဟု တပ်မတော်ထုတ်ပြန် ဦးဝင်းထိန်က တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ပြီး လိုအပ်သလို တုံ့ပြန်မည်ဟု တပ်မတော်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က တပ်မတော်နှင့်ပတ်သက်၍ ပုတ် ခတ်ပြောဆိုမှုကို ပြင်းထန်စွာကန့်ကွက် ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဦးဝင်းထိန်က မေလ ၄ ရက် တွင် နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ အတွင်း၌ သတင်းမီဒီယာ များနှင့်တွေ့ဆုံ၍ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ပါတီနှင့်ပတ်သက်၍ အွန်လိုင်းများပေါ်တွင် ပျံ့နှံ့နေ သော သတင်းများမှာ မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းမှု တွင် မီဒီယာများက ဦးဝင်းထိန်နှင့် အမေး၊ အဖြေအချို့ ပြုလုပ်ခဲ့ပြီး ဧရာဝတီသတင်းဌာနက ‘‘ယခုကဲ့ သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယရှိ ပါသလဲ’’ဟု မေးမြန်းမှုကို ‘‘ဘယ် သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ် သလား။ တချို့တပ်မတော်အဖွဲ့ အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်’’ ဟု ဦးဝင်းထိန်က ပြန်လည်ဖြေ ကြားခဲ့သည်။
ဦးဝင်းထိန်၏ အထက်ပါ ဖြေကြားချက်နှင့် ပတ်သက်၍ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ ထုတ်ပြန်ချက် တွင် ‘ဦးဝင်းထိန်အနေဖြင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးဖြစ်ပြီး ပါတီကိုယ်စားပြု၍ မီဒီယာများအား တွေ့ဆုံရှင်းလင်း ရာတွင် အခြေအမြစ်ခိုင်လုံခြင်း မရှိသော သံသယစိတ်အပေါ် အ ခြေခံ၍ တပ်မတော်အား ထည့် သွင်းပုတ်ခတ်စွပ်စွဲပြောဆိုခြင်း သည် တပ်မတော်ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်’ဟု ဖော်ပြ ထားသည်။
ထို့အပြင် ‘ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း  မဟုတ် လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသား နှင့် လူ့အခွင့်အရေးကို ထိခိုက်စေ သော အရေးအသားမျိုးဖော်ပြ ခြင်းမှ ရှောင်ကြဉ်ခြင်း’ ဟူသည့် သာမန်မီဒီယာသမားများ လိုက် နာရသည့် ပြဋ္ဌာန်းချက်ကိုပင် ချိုးဖောက်စေရန် အားပေး  အား မြှောက်ပြုစေကြောင်း တွေ့ရှိရ သည်ဟု သတင်းမီဒီယာ နည်း ဥပဒေကို ကိုးကား၍လည်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ‘ယနေ့အချိန် ကာလတွင် နိုင်ငံတော်အစိုးရအ နေဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် အမျိုးသားရင်ကြား စေ့ရေးကို အစဉ်တစိုက်ဦးတည် ဆောင်ရွက်နေသော ကာလဖြစ် ပါတယ်။ ၎င်းကာလ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုထိခိုက် စေသော နိုင်ငံတကာ ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်း ဆောင်နေသည့် တပ်မတော်အ ပေါ် အခြေအမြစ်မရှိ ပုတ်ခတ် ပြောဆိုမှုကို ပြင်းထန်စွာ ကန့် ကွက်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဖြစ် ကြောင်း’ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန် ချက်နှင့်ပတ်သက်၍ စည်ပင်ဧည့် ရိပ်သာအတွင်းရှိ ဦးဝင်းထိန်နေ ထိုင်ရာသို့ မတ်လ ၅ ရက်ညနေ က မီဒီယာများ သွားရောက်မေး မြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
မတ်လ ၅ ရက် ည ၉ နာရီ ခန့်က 7Day က ဦးဝင်းထိန်ထံ ဆက်သွယ်၍ တပ်မတော်သတင်း ထုတ်ပြန်ချက်အပေါ် သဘော ထားမှတ်ချက်တောင်းခံရာ မှတ် ချက်မပေးလိုကြောင်း ပြောကြားသည်။

No comments: