Wednesday, July 30, 2014

မဲဆန္ဒရှင်စာရင်းပြုစုခြင်း ရှေ့ပြေးစီမံချက်ပါ မဲစာရင်းကို ခွင့်ပြုချက် မရဘဲ ဖြုတ်ယူသည့် NLD ပါတီမှ ဦးမျိုးရန်နောင်သိန်းအား အရေးယူ




Jul 30, 2014

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်များ စာရင်းပြုစုခြင်း ရှေ့ပြေးမံချက်ကို
တီးတိန်မြို့နယ်၌ စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စမ်းသပ်ဆောင်ရွက်ရာတွင် တီးတိန်မြို့နယ် လွယ်ဘွားလ်ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲရုံးတွင် အများပြည်သူများ လေ့လာကြည့်ရှုရန်အတွက် ကပ်ထားသော မဲဆန္ဒရှင်စာရင်းကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ဦးရန်မျိုးသိန်း(အတွင်းရေးမှူး၊ NLD ပါတီဗဟိုသုတေသနလမ်းညွှန်အဖွဲ့)က မိမိဆန္ဒအလျောက်ဖြုတ်ယူသွားခဲ့သည်။ 

အများပြည်သူလေ့လာရန်ထားသော စာရင်းကို ကိုယ့်သဘောနဲ့ ကိုယ်ဖြုတ်ယူသွားသော
NLD မှ ဦးရန်မျိုးသိန်းကို တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင့်ခင်းထန်က
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၅၉(က)အရ အရေးယူပေးပါရန် တီးတိန်မြို့နယ်၌ အမှုဖွင့်ခဲ့ကြောင်း
သိရှိရသည်။

ရန်ကုန်မြို့လယ်တွင် ယာဉ်လေးစီးနှင့် လူခုနစ်ဦးကိုတိုက်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဖမ်းဆီးရမိပြီး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးနေ

ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့ မီးပွိုင့်အနီးရှိ အခင်းဖြစ်ပွားရာနေရာအား ဇူလိုင် ၂၈ ညပိုင်းက တွေ့ရစဉ်

 Jul 30, 2014

ရန်ကုန်မြို့လယ်ကောင်တွင် ယာဉ်လေးစီးနှင့် လူခုနစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားသော ယာဉ်မောင်းအား ဇူလိုင် ၂၉ ရက် နံနက် ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးနေကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး မျိုးအောင်မြင့်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ညပိုင်းက ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယာဉ်တိုက်မှုကျူးလွန်ခဲ့သော ယာဉ်မောင်း မောင်မောင် ၂၄ နှစ်ကို စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျူးလွန်သူကို စမ်းချောင်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိနဲ့ အရက်သေစာသောက်စားထားခြင်း ရှိမရှိ ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ်နေပါတယ်” ဟု ဒုရဲမှူးမျိုးအောင်မြင့်က ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ည ၁ဝ နာရီခန့်က ပန်းဘဲတန်းမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ ယာဉ်မောင်း မောင်မောင် မောင်းနှင်လာသော ပရိုဘောက်စ်အမျိုးအစား 9D-6213 ကိုယ်ပိုင်ယာဉ်သည် ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် (၃၁) လမ်းထိပ်၊ မြန်မာ့ဆက်သွယ်ရေးရုံရှေ့အရောက်တွင် မောင်းနှင်လာရာမှ ရပ်တန့်၍ နောက်ဆုတ်မောင်းနှင်ရာ ၎င်းယာဉ်နောက်ရှိ ဟွန်ဒါဖစ် ကိုယ်ပိုင်ယာဉ်နှင့် နစ်ဆန်းအေဒီဗင် အငှားယာဉ်အား တိုက်မိပြီး ဝဲဘက်သို့ ချိုးကွေ့၍ လမ်းပြောင်းပြန်မောင်းနှင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်

ဓာတ်ပုံ - တောင်ကုတ်ပြတိုက်ဖေ့စ်ဘွတ်ခ်

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်း အတွက် မြေယာ စွန့်လွတ်ခဲ့ရတဲ့ လယ်သမား တွေကို ရခိုင်ပြည်နယ် အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်း သဘောတူ လိုက်ကြပါတယ်။

၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်း ကော်မ တီ နဲ့ စီမံနေတာပါ။

တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ပါက တပ်မတော်သားများ PR အရေး မဲပြန်ပေးနိုင်


လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။

ယခုနှစ် တရုတ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ တင်ပို့


gas
အခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဇောတိက ကမ်းလွန်လုပ်ကွက်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံနီးပါး တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ ကျောက်ဖြူ- ခွင်းမင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တာဝန်ယူထားတဲ့ တရုတ် စီအန်ပီစီက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းရပ်ဆိုင်းမှု တရုတ်ကုန်သွယ်ရေးအနာဂတ်ကို ဆိုးရွားစေမည်


Written by  ဂက်ဖ်တိုင်းမ်
ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်း ရပ်ဆိုင်းမှုသည် တရုတ်ကုန်သွယ်ရေး အနာဂတ်ကို သိသိသာသာ ဆိုးရွားစေမည်ဟု ဂတ်ဖ်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းမှ တရုတ်အထိပေါက်ရောက်ရာ အာဆီယံသယ်ယူပို့ဆောင်ရေးစင်္ကြံလမ်းသစ်ရှိနေ သင့်သလားဟူ၍ ဂတ်ဖ်တိုင်းမ်သတင်းဌာနက မြန်မာ-ယူနန် ရထားလမ်းပိုင်းဆိုင်ရာ သတင်းကိုဖော်ပြ ခဲ့ခြင်းဖြစ်သည်။
အဆိုပါရထားလမ်းကွန်ရက်ကိုတရုတ် အစိုးရကကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လျာထားခဲ့ပြီး မြန်မာဒေသခံတို့၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် မြန်မာအစိုးရက ဇူလိုင်လ ၁၈ ရက်တွင် တရားဝင် ရပ် တန့်ခဲ့ခြင်းဖြစ်သည်။
ယင်းရထားလမ်းကွန်ရက်မှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် အနောက်တိုင်းနိုင်ငံများမှ ကုန်စည်များကို တရုတ်သို့ သယ်ယူပို့ဆောင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အကောင်အထည်မဖော်ဖြစ်သော ကြောင့် အရှေ့တောင်အာရှနှင့်အရှေ့အလယ်ပိုင်းအကြား တရုတ်ကုန်သွယ်ရေး အတွက် သိသိသာသာ ဆိုးရွားစေမည်ဟု အကဲခတ်သူများက ပြောသည်။

ဂါဇာစစ်ပွဲ အချိန်ရှည်ကြာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး


Jul 30, 2014

ဂါဇာတွင် ဆင်နွှဲနေသော စစ်ပွဲ၏ အချိန်ကာလ ရှည်ကြာသွားနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက သတိပေး ပြောကြားလိုက်သည်။

ဂါဇာတွင် ဟားမားစ် စစ်သွေးကြွတို့ သွယ်ယှက် ဖောက်လုပ်ထားသည့် မြေအောက်တူးမြောင်းများကို ဖျက်ဆီးပစ်ရန် အစ္စရေး၏ ရည်မှန်းချက် အထမြောက်သည်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနေရန် အသင့်ရှိကြောင်း နာတန်ယာဟူက ဆိုသည်။ ကုလသမဂ္ဂက နှစ်ဖက် အပစ်အခတ် ရပ်စဲရန် တောင်းဆိုနေသော်လည်း အစ္စရေး တောင်ပိုင်းနှင့် ဂါဇာတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တင်အောင်ချစ်အား ခန့်အပ်

Jul 30, 2014

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တင်အောင်ချစ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ဇူလိုင် ၂၉ ရက်တွင် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တင်အောင်ချစ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၁၆/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားများအား ဖိနှိပ် စေခိုင်းသည်ဟု စွပ်စွဲချက်ကြောင့် ထိုင်းကို အနောက် ကုမ္ပဏီများ ဖိအားပေး


ထိုင်းငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားများ (ဓာတ်ပုံ – The Guardian)

Jul 30, 2014
ထိုင်းကုမ္ပဏီကြီးများက မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် လူကုန်ကူးခြင်းနှင့် ငွေဝယ်ကျွန်ခဲ့သို့ ခိုင်းစေခြင်း လုပ်ငန်း များ နှင့် ဆက်သွယ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည့် အတွက် အမေရိကန် လူ့အခွင့်အရေး အဖွဲ့တခုက အနောက်တိုင်းမှ အစားအစာ လက်လီ ရောင်းချသည့် ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

ထောင်ပေါင်းများစွာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်လျှက်ရှိသည့် ထိုင်း ငါးဖမ်းလုပ်ငန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၀ါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဖိုရမ် (ILRF) က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နယူးကလီးယားစာချုပ် ရုရှားဖောက်ဖျက်ဟု အမေရိကန်စွပ်စွဲ



 ရုရှားနိုင်ငံက မြေပြင်ပစ် Cruise ဒုံးကျည်တခုကို စမ်းသပ်လိုက်တဲ့ အတွက် သမိုင်းဝင် နျူကလီးယား စမ်းသပ်မှု ပိတ်ပင်ရေး စာချုပ်ကို ချိုးဖောက်တယ်လို့ အမေရိကန်တို့က စွပ်စွဲ လိုက်ပါတယ်။

၁၉၈၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့စာချုပ်ကို ရုရှားတို့ ချိုးဖောက်တယ်လို့ အမေရိကန်က ဆုံးဖြတ်တဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ Vladimir Putin ဆီ တနင်္လာနေ့က စာရေးအကြောင်းကြားခဲ့တာပါ။

ဒီဒုံးကျည် စမ်းသပ်မှုသတင်းကို New York Times သတင်းစာကြီးက အစောဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။