Friday, August 15, 2014

TAXI တွေပေါ်မှာ လုပ်စားနေတဲ့ အမျိုးသမီး



၁၂ရက်နေ့ နေ့လည်၂နာရီခန့်က ရပ်ထားသောကားပေါ်မှ လဲကျ ချင်ယောင်ဆောင် ပီး ငွေညှစ်တဲ့မိန်းမပါ လုပ်စားနေတာကြာပီ ထင်ပါတယ် ကျွန်တော့်ကို လက်အကောင်းကြီးကို ကျိုးပီဆိုပီး ဆေးခန်းပို့ပေး မပေးရင် ရဲတိုင်မယ် ဘာ ညာ နဲ့ ပြောတော့ ကျွန်တော်က ပို့ပေးမယ်ဆိုပီး ရဲစခန်းထဲမောင်း ၀င်လိုက်တော့ ရဲရှေ့ရောက်တော့ လက်ကမကျိုးဘူး နာပဲနာတာ လို့ပြောတယ် ရဲကလိပ်စာတောင်းတော့ အိမ်နံပတ်မရှိဘူး လမ်းနံမည်မသိဘူး ကျူးကျော်တဲလေးထိုးပီးနေတယ်ဘာညာနဲ့ ရဲ က မော်တော်ပီကယ်ရုံးကို သွားပါဆိုတော့ ထပ်သွား တယ် ရုံးရောက်တော့ ဆေးရုံ ကြီးကိုထပ်သွားတဲ့ဆေးစစ်ချက်ယူ ဓာတ်မှန်ရိုက်တဲ့ အဖြေပေါ်မှ အမှားအမှန်ဆက်လုပ်ရမယ်တဲ့ အဲ့မှာတင် မှောင်တော့မယ် ကျွန်တော်လဲ အလုပ်ကိစ္စချိန်းထားတာတွေမဖျက်ချင်တာကတကြောင်း ပီးတော့ဒီမိန်းမက စစ်လိုက်ရင်လက်ဘာမှမဖြစ်ဘူးဆိုတာ ပေါ်မှာစိုးလို့ ခေါင်းကလဲမူးတယ်လုပ်လာတယ်

စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ်တွင် တရားစွဲ



အများပိုင် စားကျက်မြေအပေါ် ကျူးကျော် ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့က တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အနီးရှိ အများပိုင်မြေ စားကျက် (၁၆၃) ဧကတွင် ကျူးကျော် လယ်ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောဆိုသည်။

တရားစွဲဆိုခံရသော လယ်သမားများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ (၉) ဦး၊ တန်းခိုးရွာမှ (၈) ဦးနှင့် အောင်ဒူလာကျေးရွာမှ (၅)ဦး ဖြစ်သည်ဟု ကျွဲထိုးရွာတွင် နေထိုင်သူ ကိုမောင်ခင်မြင့်က ပြောသည်။

လယ်သမားများကို မြို့နယ်တာဝန်ရှိသူများက တရားစွဲဆိုထားသော်လည်း မိမိတို့ အနေဖြင့် တရားစွဲဆိုခံသည်ကို မသိရသေးကြောင်း ကျွဲထိုးရွာမှ တရားစွဲဆိုခံရသူ လယ်သမားဦးစံလှဖော်၏ ဇနီးဖြစ် ဒေါ်ခင်ဦးရွှေက သြဂုတ်လ (၁၄) ရက်နေ့ ညနေက နိရဉ္စရာသို့ ပြောဆိုသည်။

Thursday, August 14, 2014

ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၅)၊(၆)

နာက်ထပ်ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှအခြားရဲဘော်ရဲဘက်များလာပြီ ၂ ရက်တွင် ALP KIO KNPP KNU CNF SSA မှဗိုလ်လောင်းရဲဘော်များသည်သက်ဆိုင်ရာသင်တန်းကျောင်းသို့ အပို့ ခံကြရသည် နှင်းအလွန်ထူထပ်သဖြင့်ရှေ့ မုဒ်
ဦးဝတွင် ရေးထားသော OFFICER TRAINING SCHOOL ဆိုသည့်ဆိုင်းဘုတ်ကိုပင်ကောင်းကောင်းမမြင်ရချေ

သို့ သော်အခြားရှမ်းစစ်သည်တယောက်မှလိုက်ပို့ သဖြင့် စိတ်လှုပ်ရှားစွာသွားခဲ့ကြသည်သွားရင်းရှေ့ မှာလူတယောက်တွေ့  သည် ဥပဓိရုပ်ကောင်းကောင်းအရပ်ရှည်ရှည်နှင့်အလွန်စမတ်ကျသောထိုင်းအဆင့်မြင်စစ်ယူနီဖောင်းကိုဝတ်လျက် ကျနော်တို့  ကိုဝါးစားမည်လား သို့ မဟုတ် အလွန်စည်းမဲ့ကမ်းမဲ့စမတ်မကျသောရဲဘော်များအဖြစ်မြင်သည့်အကြည့်ဖြင့် တချက်စောင်းကာ လှည့်ထွက်သွားသည် ကျနော်တို့ လည်းအားကျမခံပြန်၍တချက်စောင်းကြည့်သည် အားလုံးအပြင်လောကမှလာသူများဖြစ်၍ဒေါက်မကျိုးချင် လှပေ

ကျနော်တို့ ကိုလိုက်ပို့ လာသောရှမ်းစစ်သည်ကိုပြန်၍တချက်လှည့်ကြည့်ရာ ကျောက်ရုပ်ကဲ့သို့  မတုန်မလှုပ်ရပ်ပြီး သတိဆွဲကာ အလေးပြုထားသည်ကိုတွေ့ ရှိရလေသည် ထိုအခါတော့မှ "ဟိုက် သွားပြီ ဒီလူအကြီးကြီးထဲကတယောက်ဖြစ်နိုင်တယ်" ဟုတွေးမိကြပြီးရှေ့ တွင်တွေ့ နိုင်မည့်သူများကိုအဝေးမှအကဲခတ်ပြီး သေချာနေရာယူပြီးသတိဆွဲအလေပြုသင့်ကြောင်း ပြောကာလျှောက်လာကြသည် ပြောရင်းဆိုရင်းတယောက်ကိုတွေ့  သဖြင့်သေချာသတိဆွဲကာအလေးပြုလိုက်သည် ထိုအခါမှ" ကျနော်ကဒီကရုံးစာရေးပါခင်ဗျ အရာရှိမဟုတ်ပါဘူးခင်ဗျ" ဟုယဉ်ယဉ်ကျေးကျေးပြန်ပြောလေတော့သည်

ကျနော်တို့ အဖွဲ့ တွင်ဗိုလ်သင်တန်းစသည့်အချိန်မှဆုံးသည်အထိတလွဲကများခဲ့သည်ဗိုလ်သင်တန်းကျောင်းတွင်အသေအချာဆောက်လုပ်ထားသော ဘားတိုက်များ ရုံးခန်းများ ထမင်းစားဆောင်များ ဧည့်ခန်းများ မီးဖိုကြီးများ နည်းပြဆောင်များနှင့် အလံတော်တည်ထားရာကုန်းများကိုတွေ့ ရသည် ပြီလျှင်ဘောလုံးကွင်းကဲ့သို့ ကျယ်ပြောလှသည့်မြေနီ ကျောက်စရစ်ရော ၍ရှိနေသောကွင်းကိုလည်းတွေ့ ရသည် ထိုကွင်းတွင်အရိုက်ခံအထောင်းခံပင်ပန်းခံရမည်ဟုလုံးဝမတွေ့ ခဲ့ပါ

စိတ်ထဲမှာကတော့စိတ်လှုပ်ရှားမှုများပြေပျောက်ပြီ နည်းနည်းပျော်ရွှင်သလိုလိုရှိလာခဲ့ သည် အဆောင်ထဲတွင် နေရာ ချထားမှုလုပ်နေစဉ် အခြားသော ကချင် ကယား ကရင်ချင်း ရှမ်းတို့ သည် ကျနော်တို့ ရခိုင်များအားမှင်သက်၍ကြည့်နေကြသည် မမြင်ဖူးသည့်အလားပင် ကျနော်တို့ လည်းကြောင်လွန်၍မျက်နာချင်းဆိုင်၍ခံမကြည့်ရဲပါချေ ခေါင်းငုံပြီး လုပ်စရာရှိ စရာလုပ်နေခဲ့သည် ခဏကြာတော့"ရခိုင်ရဲဘော်များ ရုံးကခေါ်နေပါတယ်" ဟုအော်ခေါ်သဖြင့်သွားရာမကြာခင်ကတွေ့ ခဲ့ရသည့် ဟိုလူကြီးအခန့် သားထိုင်လျှက်ပြန်တွေ့ ရပြန်ပြီ

ဘယ်သူမှစကားမပြောရဲကြပါချေ "ဒီနေရာမှာအားလုံးကဗိုလ်လောင်းတွေကွ ငါရခိုင်ငါကချင်အတွေးကိုဖျောက်ကြားတယ်နော်" ဟုပြောရာ ဟုတ် ဟုတ် ဟုသာပြောနိုင်ခဲ့သည် တုတ်တုတ်ပင်မလှုပ်ရဲပါချေ သူ့ အသံကလည်းသြဇာသံပါလှသည် ပြီးလျှင်" ပြန်
နိုင်ပြီ မင်းတို့ ကို ယူနီဖောင်းနဲ့ အခြားပစ္စည်းတွေခဏနေလာပေးလိမ့်မယ် မနက်ဖြန် သင်တန်းစမယ်သိပြီလား" ဟုပြောပြီး နှင်ထုတ်သလိုထုတ်လိုက်သည် တော်တော်ဝေး သည့်နေရာရောက် မှပြန်ပြီးအတင်းတုတ်မိကြသည် သူဘယ်သူလဲ စသည်ဖြင့်မေး ကြစမ်းကြသေးသည်

ထိုပုဂ္ဂိုလ်ကားတခြားသူမဟုတ်ခဲ့ပါချေ လက်ရှိရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သောဗိုလ်မှူးချုပ်စိုင်းခမ်းလိဒ် (ခ) စိုင်လောင်ဆိုင်း (ခ) စိုင်းလှပင်ဖြစ်သည် သူသည်လည်းသမိုင်းရှိသည် စိုင်းထီးဆိုင်တီးဝိုင်းတွင်စိုင်းထီးဆိုင်ဖြင့်တီးခတ်ခဲ့ပြီ "လမ်းနှစ်သွယ်" သီ
ချင်းကိုရေးဖွဲ့ ခဲ့သည် မယုံလျှင်စိုင်းထီးဆိုင်တေးပေါင်းချုပ်ကိုလှန်လျှင်ဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်ကိုမထည့်ဘဲ ရေးသူအမည်လည်းမပါဘဲတွေ့ ရမည်သာ သူသည်ထိုသီချင်းကို သူ၏ဇနီးမှ တော်လှန်ရေးလမ်းကိုရွေးမည်လား သူကိုရွေးမည်လားဟုလမ်းနှစ်သွယ် ဖြစ်လာသောအခါရေးစပ်ခဲ့ခြင်းဖြစ်သည်

စိုင်းထီးဆိုင်ဆုံးသဖြင့် ဧရာဝတီသတင်းဌာနမှကိုထီးပုံများကိုဖော်ပြရာ ဗိုလ်မှုးချုပ်စိုင်းလောင်ဆိုင်း ပုံများကိုလည်းတွေ့  လိုက်ရသည် ယခုတော့ တေးသံရှင်အေသင်ချိုဆွေမှသီဆိုသည်ကိုမကြာခဏနားထောင်ဖူးခဲ့ပြီ

"သွတ်လက်နူတ်ဖျားဖြေစရာမရှိ လေးနက်အတွေးများမှောင်နေအတိကိုယ့်ရဲ့ သီချင်းလည်းကိုယ်မဖြတ်ဘူး ကိုယ်ရဲ့  ချစ်သူလည်းကိုယ်မဖြတ်ဘူး" ဆိုလျှင် နားဆင်ဖူးကြမည်သာ သူကတော့တော်တော်အေးစက်စက်နိုင်လွန်းသည် သို့ နှင့်ပင်ကျနော်တို့ လည်း မနက်ဖြန်ဆိုလျှင် ဗိုလ်သင်တန်းဖွင့်ပွဲဆိုတော့ဘာတွေကြုံကြရမည်နည်းဆိုသည့်
အတွေးစိတ်များလွှမ်းမိုးကာအဆောင်ပြန်ခဲ့ကြသည်

နောက်ဆက်ရေးပါမည်
 

ကျနော်၏တောင်လှန်ရေးအပိုင်းအစများ(၆)

နောက်နေ့ မနက်ကျတော့ သင်တန်းဖွင့်မည်ဖြစ်သဖြင့်အားလုံးနံနက် ၄ ခွဲမှထပြီးအလုပ်မရှိအကိုင်မရှိထိုင်နေခဲ့ကြသည် တချို့  သင်တန်းသားများကဆေးလိပ်သောက်နေတာလည်းမြင်နေရသည် ထို့ ကြောင့်ကျနော်တို့ လည်းသောက်ကြသည် အမှန်တော့
သင်တန်းတွင်ဆေးလိပ် ကွမ်း အရက်လုံဝမသောက်ရပါချေ ဖမ်းမိလျှင်ပြင်ထန်သောဒဏ်ကိုအပေးခံရသည် မနက် လင်းလက်စ ပြုသောအခါ အကူရဲဘော်များ သင်တန်းကျောင်းမှဟုယူဆရသောရဲဘော်များမှ ကားဖြင့်ဆောင်းဘောက်စ်ကြီးများ မိတ်များနှင့်စက်ကြီးများကိုလာပို့ ကြသဖြင့် ၀ိုင်းကူ၍ချကြရသည်

ဗိုလ်သင်တန်းဖွင့်ပွဲဟုဆိုသော်လည်း ကြီးကြီးကျယ်ကျယ်မလုပ်ပါချေ သိပ်မကြာခင်အချိန်အတွင်းမှာပင် ၀ီစီသံတချက် ကြားသဖြင့်အားလုံးတန်းစီကြရသည် သင်တန်းရဲဘော်အားလုံးလိုလိုသည် သက်ဆိုင်ရာတပ်မတော်မှသင်ပြထားသော အခြေခံစစ်ရေးပြကိုကျွမ်းကျင်စွာတတ်မြောက်ကြသဖြင့် သင်တန်းဆရာမှအမိန့် ပေးလျှင်ကောင်းစွာတန်းစီနိုင်ကြ
သည်ကိုတွေ့ ရှိရသည် ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲဘော်များကတော့သိသည့်အတိုင်းပင် မျောက်သစ်ကိုင်းလွတ်သလို ငါးပြေမပြာချသလိုမနေတတ်မထိုင်တတ်ဖြစ်နေကြသည် အမှန်တော့တော်လှန်ရေးသက်တမ်း ၁ နှစ်သာသာအတွင်းမှာဘာသင်တန်းမှမယ်မယ်ရမတတ်ဖူးခဲ့ကြပါချေ သင်တန်းဆရာကတော့ဒါကို နားလည် ပုံရသည်

အားလုံးသတိအနေအထားဖြင့်နေသည့်အချိန်တွင် ကားသုံးစီရှေ့ ကကွက်လပ်လေးတွင်ဝင်ရောက်လာသည်ကိုတွေ့ ရှိရသည် နောက်ထပ်လုံခြုံရေးကားနှစ်စီးထပ်ပါလာသေးသည် ကားပေါ်မှ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ရွက်ဆစ် ဗိုလ်မှူးကြီးဖုန်းနိုင် ဗိုလ်မှူးကြီးစစ်ခ၀်ငါး(SSAစစ်ဦးစီးချုပ် ခေါ် ဒေးဗစ်ချန်း) နှင့်အခြားခေါင်းဆောင်များဆင်းလာကြပြီးသတ်မှတ်
ထားသောနေရာတွင်နေရာယူပြီထိုင်ကြသည် SSA စစ်ဦးစီးချုပ်ကိုဒေးဗစ်ချန်းဟုခေါ်ရခြင်းမှာ သူတွင်ညာလက်သည် လက်မောင်းရင်းမှစ၍ဖြတ်ထားရသဖြင့်ကျနော်တို့ သင်တန်းသားများကဒေးဗစ်ချန်းဟုနောက်ကွယ်တွင် ခေါ်ကြသည် သိလျှင်တော့မလွယ်လှပေကြီးစွာပြစ်ဒဏ်ကျခံရမည်သာ

အဖွင့်မိန့် ခွန်းကို ဒုတိယဗိုလ်ချုပ်ကြီးစ၀်ရွက်ဆစ်မှမြွက်ကြားပြီး ဗိုလ်မှူးကြီးဖုန်းနိုင်ုမှလည်းမြွက်ကြားသည် ပြီးလျှင်သူတို့   ချက်ချင်းပြန်ထွက်သွားပြီးနောက်မနေ့ ကတွေ့ ခဲ့သောဗိုလ်မှူးချုပ်စ၀်လိဒ်ပေါ်လာပြီ သင်တန်းဆရာများကိုနေရာယူခိုင်းကာ "အခုကျနော်ကခင်ဗျားတို့ ကို သင်တန်းဆရာတွေနဲ့ မိတ်ဆက်ပေးမယ် ကျနော်တို့ မှာသင်တန်းဆရာနှစ်မျိုးခွဲထားတယ် ဘာသာရပ်သင်တန်းဆရာနဲ့ အမြဲခင်ဗျားတို့ ကိုအနီးကပ်မောင်းနေမဲ့သင်တန်းဆရာတွေ" စိတ်ဝင်တစားကြည့်မိလိုက်ရာအနီး ကပ် သင်တန်းဆရာမှာစုစုပေါင်း ၃၂ ယောက်ဖြစ်သည် ဘာသာရပ်ဆရာမှာ ဒုဗိုလ်ညားရယ်(ဆက်သွယ်ရေး) ဗိုလ်မှူးကြီး
အောင်မောင်း(လက်နက်ကြီးနှင့်မြေပုံ) ဗိုလ်မှူးရော့ကတ်(စစ်မြေပြင်ကျွမ်းကျင်မှု) ဗိုလ်မှူးချုပ်စ၀်ပေါင်ခေး (ကွန်မန်ဒိုနှင့် ခေါင်းဆောင်ုမှု)စသည်ဖြင့်အခြားသူများကိုတော့မမှတ်မိတော့ပါချေ စည်ကမ်းထိန်းသိမ်းရေးမှုကတော့ အခြားမှ အရာရှိတယောက်ဖြစ် သည်နာမည်တော့မပြောလိုတော့ပါရုံးလုပ်ငန်းဘာသာရပ် ဆရာကိုမိတ်ဆက်သည့် ထဲတွင်မပါလာသော်လည်း ဆရာမဒေါ်နန်းခေးဆန်ကိုယ်တိုင် လာသင်ကြားပေးခဲ့သည်

မိတ်ဆက်ပေးပြီးနောက်ဆုံးတွင် ဗိုလ်မှူးကြီးစိုင်းလိတ်မှ စစ်မှုထမ်းဘ၀နှင့်စစ်မိန့် နာခံခြင်းကိုကောင်းစွာရှင်းပြပြီး ပထမဆုံး အနေဖြင့်ဝီစီသံနားထောင်နည်းကိုစတင်၍မောင်း ပါလေတော့သည် ပထမ၀ီစီသံထွက်လာလျှင် ရင်ဘက်နားတွင် လက်နှစ်ဖက်ထားပြီးမှောက်ရပြီ ဒုတိယ၀ီစီသံကြားလျှင်တပါတ်လှိမ့်ရသည်တတိယ၀ီစီသံကြားလျှင်သတိအနေအထားဖြင့် ပြန်ထရသည် ထိုနည်းကိုမနက်စောစောမှစ၍ ၁၂ နာအထိမောင်းသည်ကြာလာတော့တချို့ ငိုကြသည် ငိုလျှင် ဆရာများက ၀ိုင်း၍ပုံစံမျိုးဖြင့်စနောက်ကြသည်

ထမင်းစာချိန်ပေးသော်လည်းပြည့်အောင်မပေးပါချေ စားပြီးသည်နှင့်ချက်ချင်းပြန်၍မောင်းသည် သည်တခါတော့ ပြောင်းသွားပြန်ပြီ သရုပ်ပြတပ်စုမှ လူနှစ်ယောက်ပူးကပ်ကာတယောက်ခြေထောက်ကြားတယောက်ခေါင်းဝင်ပြီးလှိမ့်သည့်နည်းကိုပြသည်တနေကုန် မောင်းသဖြင့် ကြာလာတော့အော့အန် လာကြသည် ခေါင်းမူလာသည် မှာလည်းသောက်ြ ပီးမူး လျှင်တောင်ခံသာဦးမည် အခုတော့ကျောက်စရစ်နှင့်မြေနီရောေ နသောကွင်းပြင်တွင် အပြောင်း အပြန်လှိမ့်နေရသည်မှာ မခံသာပေ ကြောက်စရာကောင်းလှပါဘိဝီစီသံ နားထောင် နည်းရယ်ဟုစိတ်ထဲတွင်တွေးမိသည်

ဝီစီသံတချက်မှုတ်လျှင်တချက်လှိမ့်ဖြင့်တရက်လုံးနှစ်ပါးသွားခဲ့ရသည် လှိမ့်နေဆဲမှာပင်ဝီစီသံနားထောင်တတ်ပြီလားဟု လေသံကျယ်ကျယ်ဖြင့်အော်ပြီးမေးသဖြင့် ထိုမေးခွန်းကိုခဏခဏလိုက်ဖြေနေရသည် သည်လိုနှင့်တနေ့ တာကုန်ဆုံးသွားခဲ့ပါပြီ

နောက်ဆက်ရေးပါမည်


ရသေ့တောင်သား

http://izna-nadi.blogspot.com/2014/08/blog-post_36.html
http://izna-nadi.blogspot.com/2014/08/blog-post_36.html

တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ

အင်္ဂလန် အရှေ့ဘက်မှာတည်ရှိတဲ့ Suffolk နိုင်ငံက တိမွေးကု ဆရာဝန်တစ်ဦးဟာ ၄င်းဟာတိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှု ၊တိရိစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ၊်အခွေများ   မြောက်များစွာ လက်ဝယ်ပိုင်ဆိုင်ထားရှိမှု စတာတွေနဲ့ ဆက်စပ်ပြီး အမှု ၅ ခုနဲ့ မိမိအသက်မွေးဝမ်းကျောင်း ကို အလွဲသုံးစား လုပ်ဆောင်မှုကြောင့် အပြစ်ရှိကြောင်း တွေ့ ရှိသွားတဲ့နောက်မှာ တိမွေးကု ခွဲစိပ် ဆရာဝန်များ တော်ဝင် ကောလိပ်အဖွဲ့ ဝင်အဖြစ်မှ ပယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

Oliver Fraser Lown ဟာ ၄င်းရဲ့ ဖခင်ဟာ ကျန်းမာရေးချို့ တဲ့နေပြီး လူသိရှင်ကြားဖြစ်သွားပါက ၄င်းဖခင်ရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားသွညးစေနိုင်တဲ့အတွက် တိမွေးကုဆရာဝန်များ စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီအား ယင်းအမှုကို တိုးတိုးတိတ်တိတ် ကြားနာဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ကော်မတီက ၄င်းရဲ့ အမှုဟာ ၂၀၁၂ခုနှစ်မှာ တရားရုံးတက် အမှုကြားနာစဉ်ကတည်းက အသေးစိတ် လူသိရှင်ကြားဖြစ်နေပြီးသားဖြစ်တဲ့အတွက် ၄င်းရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

၎င်းအပြစ်ရှိကြောင်းထင်ရှားတဲ့ ပြစ်မှုတွေ ၅ ခုကတော့ -

Wednesday, August 13, 2014

ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၄)


နောက်တနေ့ မနက်အိပ်ရာကနိုးပြီး ရေနွေးကြမ်းသောက်နေစဉ်RCSS/SSA အတွင်း
ရေးမှူးနှင့်တွဲဘက်အတွင်းရေးမှူးတို့ လာနူတ်ဆက်ကြသည် ထိုစဉ်ကအတွင်းရေးမှူးမှာ
ဒေါက်တာ စိုင်(နာမည်မေ့) နှင့် တွဲဘက်အတွင်းရေးမှူးမှာရှမ်းပြည်စက်သေနတ်ဟုလူသိ
များသောဆရာမဒေါ်နန်းခေးဆန်ပင် "မိုင်ဆုန်ခပါရှင်" ဟုလက်အုပ်ချီပြီးဖော်ရွယ်သော
အပြုံးနှင့်အတူကားပေါ်ကဆင်းလာခဲ့သည်
သူ့ ယောက်ျားဒေါက်တာကတော့ နောက်မှဆင်းလာပြီ "မိုင်ဆုန်ခပါခင်ဗျ" ဟုပြောပြီး
ရေနွေးကြမ်းဝိုင်းသို့ ဝင်လာကြသည် သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးစစ်ယူနီဖောင်းဝတ်
ဆင်ထားကြသည်ကိုတွေ့ ရသည် "ဒီမှာကရင်နီ ကချင် ချင်း တို့ လည်းအားလုံးစုံပြီ
ဆိုတော့ ဆရာတို့ ရခိုင်နဲ့ ဒီကအဘတို့ ကရင်တွေရောက်လာတော့ပိုစုံသွားတာပေါ့
ကျမတို့ နယ်မြေမှာဘာအကန့် အသတ်မှမရှိဘဲဆရာတို့ လေ့လာနိုင်ပါတယ်" ဟုဆိုပြီး
ဖိတ်ခေါ်သည် "ဘိန်းပင်တွေ ဘိန်းခင်းတွေဘယ်နားမှာများရှိကြပါလိမ့်" ဟုစိတ်ထဲတွေး
နေမိခဲ့သည်

ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၃)



ကျနော်သည် ဗိုလ်သင်တန်းအပို့ ခံရသော်လည်း သိပ်ပြီးသွားချင်လှသည်ဟုစိတ်ထဲ တွင်မခံစားရပေ ရှမ်းပြည်တပ်မတော် ဆိုသည်မှာကျောင်းသားဘ၀တုန်းကရွက်ဆစ်အကြမ်းဖက်အဖွဲ့ ဟုသာသိထားသည် ထိုထက်ပိုမသိပေပြီးလျှင်ဘယ်လောက်
ကြာကြာနေရမည်ကိုလည်းမသိပေ ပါတီရုံးရောက်သည်နှင့်နောက်တနေ့ မနက်ကေအဲန်ယူအဖွဲ့ နှင့်လိုက်သွားရခြင်းသာ နောက်တချက်မှာကရင်လှပျိုဖြူလေးတယောက်ကို စိတ်ထဲတွင်စွဲလမ်းမိနေသလိုလိုခံစားရသည် အတွေ့  အကြုံ နူသေး၍လည်းဖြစ်နိုင်ပေသည်
သူသည်ကားအလွန်ချောမောလှပသည့်ကရင်အမျိုးသမီးလေးတဦးပင် ကျနော်တို့ အဖွဲ့  စရောက်တော့ စားရေးသောက်ရေး ဒုက္ခကိုလှလှကြီးခံနေရသဖြင့် သူ့ မိခင်ကရင်အမျိုးသမီးကြီးမှကျနော်တို့ ရခိုင်အဖွဲ့ အားသူ့ တို့ ဆိုင်တွင်အကြွေးပေးသည် အကြွေးကလည်းထူပြောလာသည်မှာနေ့ စဉ်နှင့်အမျှ ကြာလာတော့ရှက်လာသည်အကြွေးမယူရဲကြတော့ပေ အရက် ခိုးသောက်မည့်ပိုက်ဆံမရှိလျှင်လည်းအကြွေးသွားယူသည် ဆိုင်ရှင်ကရင်အမျိုးသမီးကြီးသည်ကျနော်အားသားကဲ့သို့  သဘောထားသည်မှာတော့အမှန်ပင်

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်နေပြီ၊ SKYNET ကလည်း တောက်လျှောက်မှတ်တမ်းတင်၊ လာကြည့်သူတွေ ထောင်ချီရှိ



ရန်ကုန် ။ ။ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်မှုဒုတိယ နေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့က ထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေး တာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီး ဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။
အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။

ပိတ်ဆို့စာရင်းဝင်သူပိုင်ဟိုတယ် ၀န်ကြီး Kerry တည်းခိုမှု နိုင်ငံခြားရေး ဌာနဖြေရှင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံမှာ တညတာ ရှိခဲ့စဉ်အတွင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ခံရသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုခဲ့တဲ့ ကိစ္စဟာ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲ အတွင်း အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kerry အဲဒီဟိုတယ်မှာ တည်းခိုခဲ့တာဟာ အမေရိကန်ဥပဒေ တစုံတရာ ချိုးဖောက်မှု မရှိဘူးလို့ နိုင်ငံခြားရေးဌာနက ခုခံ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးခွန်း တော်တော်များများကိုတော့ အသေအချာ မဖြေနိုင်ခဲ့ဘဲ အတည်ပြုချက်ယူပြီးမှ ပြန်ဖြေနိုင်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အာဆီယံဒေသတွင်း အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အမေရိကန်က ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ခံထားရတဲ့ Max Myanmar ဦးဇော်ဇော်ပိုင်တဲ့ Lake Garden ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ဒီအပေါ်မှာ သတင်းသမားတွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ ဒီဟိုတယ်တည်းခိုဖို့ စီစဉ်တာဟာ အာဆီယံအစည်းအဝေးတွေကို ကြီးကြပ်ဆောင်ရွက်နေတဲ့ မြန်မာအာဏာပိုင်တွေက စီစဉ်တာဖြစ်တယ်လို့ ဆိုသလို၊ ဒီကိစ္စဟာ အမေရိကန်ဥပဒေကို ချိုးဖောက်တာမျိုး မရှိခဲ့ပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf က တုံ့ပြန်ခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကြာ အစိုးရကျောင်းဆရာ မရခဲ့တဲ့အတွက် မိုးညိုဒေသခံများ သက်ဆိုင်ရာကို တောင်းဆို


  ပဲခူတိုင်း၊ မိုးညိုမြို့နယ်၊ အောင်မိုးဟိန်း ရွာမှာ ကျောင်းမြေ ရှိပြီး ဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့ အတွက် ကျောင်းသား မိဘတွေက မနေ့ကပဲ နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံ ပညာရေး ဦးစီး ဌာနနဲ့ သက်ဆိုင်ရာ တွေကို စာပေးပို့ တောင်းဆို လိုက်ကြပါတယ်။

ဟာသသရုပ်ဆောင် Robin Williams ဆွဲကြိုးချသေဆုံး



  အမေရိကန် ဟာသမင်းသား 
Robin Williams
 ဟာ California ပြည်နယ်က သူရဲ့နေအိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Robin Williams ဘာကြောင့် သေဆုံး ခဲ့ရသလဲဆိုတဲ့ အကြောင်း အသေးစိတ်ကို ဒေသခံရဲဌာန တာဝန်ရှိသူတွေက အင်္ဂါနေ့က ထုတ်ပြန် ပြောကြား ခဲ့တာမှာ သူ့ရဲ့ ကိုယ်ရေး လက်ထောက်က သူသေဆုံး နေတာကို တနင်္လာနေ့မှာ တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

အသက် ၆၃ နှစ်မှာ ကွယ်လွန်သွားတဲ့ 
Hollywood
 မင်းသားကြီးကို သူ့ရဲ့အိမ်မှာ တနင်္ဂနွေနေ့ညအထိ နောက်ဆုံး မြင်တွေ့ခဲ့ကြပါသေးတယ်။ Robin Williams ဟာ စိတ်ကျရောဂါကို ခံစားနေခဲ့ရတယ်လို့  သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ပေးသူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။