နာက်ထပ်ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ အခြားရဲဘော်ရဲဘက်များလာပြီ ၂ ရက်တွင် ALP KIO KNPP KNU CNF SSA မှဗိုလ်လောင်းရဲဘော်များသည်သက်ဆိုင်ရာသင်တန်းကျောင်းသို့ အပို့ ခံကြရသည် နှင်းအလွန်ထူထပ်သဖြင့်ရှေ့ မုဒ်
ဦးဝတွင် ရေးထားသော OFFICER TRAINING SCHOOL ဆိုသည့်ဆိုင်းဘုတ်ကိုပင်ကောင်းကောင်းမမြင်ရချေ
သို့ သော်အခြားရှမ်းစစ်သည်တယောက်မှလိုက်ပို့ သဖြင့် စိတ်လှုပ်ရှားစွာသွားခဲ့ကြသည်သွားရင်းရှေ့ မှာလူတယောက်တွေ့  သည် ဥပဓိရုပ်ကောင်းကောင်းအရပ်ရှည်ရှ ည်နှင့်အလွန်စမတ်ကျသောထိုင်းအဆင့်မြင်စ စ်ယူနီဖောင်းကိုဝတ်လျက် ကျနော်တို့  ကိုဝါးစားမည်လား သို့ မဟုတ် အလွန်စည်းမဲ့ကမ်းမဲ့စမတ်မကျသောရဲဘော်များအဖြစ်မြင်သည့်အကြည့်ဖြင့် တချက်စောင်းကာ လှည့်ထွက်သွားသည် ကျနော်တို့ လည်းအားကျမခံပြန်၍တချက်စောင်းကြည့်သည် အားလုံးအပြင်လောကမှလာသူများဖြစ် ၍ဒေါက်မကျိုးချင် လှပေ
ကျနော်တို့ ကိုလိုက်ပို့ လာသောရှမ်းစစ်သည်ကိုပြန်၍တချက် လှည့်ကြည့်ရာ ကျောက်ရုပ်ကဲ့သို့  မတုန်မလှုပ်ရပ်ပြီး သတိဆွဲကာ အလေး ပြုထားသည်ကိုတွေ့ ရှိရလေသည် ထိုအခါတော့မှ "ဟိုက် သွားပြီ ဒီလူအကြီးကြီးထဲကတယောက်ဖြစ်နိုင်တယ်" ဟုတွေးမိကြပြီးရှေ့ တွင်တွေ့ နိုင်မည့်သူများကိုအဝေးမှအကဲခတ်ပြီး သေချာနေရာယူပြီးသတိဆွဲအလေပြုသင့်ကြောင်း ပြောကာလျှောက်လြာ ကသည် ပြောရင်းဆိုရင်းတယောက်ကိုတွေ့  သဖြင့်သေချာသတိဆွဲကာအလေးပြုလိုက်သည် ထိုအခါမှ" ကျနော်ကဒီကရုံးစာရေးပါခင်ဗျ အရာရှိမဟုတ်ပါဘူးခင်ဗျ" ဟုယဉ်ယဉ်ကျေးကျေးပြန်ပြောလေတော့ သည်
ကျနော်တို့ အဖွဲ့ တွင်ဗိုလ်သင်တန်းစသည့်အချိန်မှ ဆုံးသည်အထိတလွဲကများခဲ့သည်ဗိုလ်သင်တန်းကျောင်းတွင်အသေအချာ ဆောက်လုပ်ထားသော ဘားတိုက်များ ရုံးခန်းများ ထမင်းစားဆောင်များ ဧည့်ခန်းများ မီးဖိုကြီးများ နည်းပြဆောင်များနှင့် အလံတော်တည်ထားရာကုန်းများကိုတွေ့ ရသည် ပြီလျှင်ဘောလုံးကွင်းကဲ့သို့ ကျယ်ပြောလှသည့်မြေနီ ကျောက်စရစ်ရော ၍ရှိနေသောကွင်းကိုလည်းတွေ့ ရသည် ထိုကွင်းတွင်အရိုက်ခံအထောင်းခံပင်ပန်းခံရမည်ဟုလုံးဝမ တွေ့ ခဲ့ပါ
စိတ်ထဲမှာကတော့စိတ်လှုပ်ရှားမှု များပြေပျောက်ပြီ နည်းနည်းပျော်ရွှင်သလိုလိုရှိလာခဲ့ သည် အဆောင်ထဲတွင် နေရာ ချထားမှုလုပ်နေ စဉ် အခြားသော ကချင် ကယား ကရင်ချင်း ရှမ်းတို့ သည် ကျနော်တို့ ရခိုင်များအားမှင်သက်၍ကြည့်နြေ ကသည် မမြင်ဖူးသည့်အလားပင် ကျနော်တို့ လည်းကြောင်လွန်၍မျက်နာချင်းဆို င်၍ခံမကြည့်ရဲပါချေ ခေါင်းငုံပြီး လုပ်စရာရှိ စရာလုပ်နေခဲ့သည် ခဏကြာတော့"ရခိုင်ရဲဘော်များ ရုံးကခေါ်နေပါတယ်" ဟုအော်ခေါ်သဖြင့်သွားရာမကြာခင်ကေ တွ့ ခဲ့ရသည့် ဟိုလူကြီးအခန့် သားထိုင်လျှက်ပြန်တွေ့ ရပြန်ပြီ
ဘယ်သူမှစကားမပြောရဲကြပါချေ "ဒီနေရာမှာအားလုံးကဗိုလ်လောင်းေ တွကွ ငါရခိုင်ငါကချင်အတွေးကိုဖျောက်ကြားတယ်နော်" ဟုပြောရာ ဟုတ် ဟုတ် ဟုသာပြောနိုင်ခဲ့သည် တုတ်တုတ်ပင်မလှုပ်ရဲပါချေ သူ့ အသံကလည်းသြဇာသံပါလှသည် ပြီးလျှင်" ပြန်
နိုင်ပြီ မင်းတို့ ကို ယူနီဖောင်းနဲ့ အခြားပစ္စည်းတွေခဏနေလာပေးလိမ့်မ ယ် မနက်ဖြန် သင်တန်းစမယ်သိပြီလား" ဟုပြောပြီး နှင်ထုတ်သလိုထုတ်လိုက်သည် တော်တော်ဝေး သည့်နေရာရောက် မှပြန်ပြီးအတင်းတုတ်မိကြသည် သူဘယ်သူလဲ စသည်ဖြင့်မေး ကြစမ်းကြသေးသည်
ထိုပုဂ္ဂိုလ်ကားတခြားသူမဟုတ်ခဲ့ ပါချေ လက်ရှိရှမ်းပြည်ပြန်လည်ထူထောင်ေ ရးကောင်စီရှမ်းပြည်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သောဗိုလ်မှူးချုပ်စိုင်းခမ်းလိဒ် (ခ) စိုင်လောင်ဆိုင်း (ခ) စိုင်းလှပင်ဖြစ်သည် သူသည်လည်းသမိုင်းရှိသည် စိုင်းထီးဆိုင်တီးဝိုင်းတွင်စို င်းထီးဆိုင်ဖြင့်တီးခတ်ခဲ့ပြီ "လမ်းနှစ်သွယ်" သီ
ချင်းကိုရေးဖွဲ့ ခဲ့သည် မယုံလျှင်စိုင်းထီးဆိုင်တေးပေါင်းချုပ်ကိုလှန်လျှင်ဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်ကိုမထည့်ဘဲ ရေးသူအမည်လည်းမပါဘဲတွေ့ ရမည်သာ သူသည်ထိုသီချင်းကို သူ၏ဇနီးမှ တော်လှန်ရေးလမ်းကိုရွေးမည်လား သူကိုရွေးမည်လားဟုလမ်းနှစ်သွယ် ဖြစ်လာသောအခါရေးစပ်ခဲ့ခြင်းဖြစ် သည်
စိုင်းထီးဆိုင်ဆုံးသဖြင့် ဧရာဝတီသတင်းဌာနမှကိုထီးပုံများကိုဖော်ပြရာ ဗိုလ်မှုးချုပ်စိုင်းလောင်ဆိုင်း ပုံများကိုလည်းတွေ့  လိုက်ရသည် ယခုတော့ တေးသံရှင်အေသင်ချိုဆွေမှသီဆိုသည်ကိုမကြာခဏနားထောင်ဖူးခဲ့ ပြီ
"သွတ်လက်နူတ်ဖျားဖြေစရာမရှိ လေးနက်အတွေးများမှောင်နေအတိကိုယ့်ရဲ့ သီချင်းလည်းကိုယ်မဖြတ်ဘူး ကိုယ်ရဲ့  ချစ်သူလည်းကိုယ်မဖြတ်ဘူး" ဆိုလျှင် နားဆင်ဖူးကြမည်သာ သူကတော့တော်တော်အေးစက်စက်နိုင်လွန်းသည် သို့ နှင့်ပင်ကျနော်တို့ လည်း မနက်ဖြန်ဆိုလျှင် ဗိုလ်သင်တန်းဖွင့်ပွဲဆိုတော့ဘာေ တွကြုံကြရမည်နည်းဆိုသည့်
အတွေးစိတ်များလွှမ်းမိုးကာအဆောင် ပြန်ခဲ့ကြသည်
နောက်ဆက်ရေးပါမည်
ကျနော်၏တောင်လှန်ရေးအပိုင်းအစများ(၆)
နောက်နေ့ မနက်ကျတော့ သင်တန်းဖွင့်မည်ဖြစ်သဖြင့်အားလုံးနံနက် ၄ ခွဲမှထပြီးအလုပ်မရှိအကိုင်မရှိထိုင်နေခြဲ့ ကသည် တချို့  သင်တန်းသားများကဆေးလိပ်သောက်နေတာလည်းမြင်နေရသည် ထို့ ကြောင့်ကျနော်တို့ လည်းသောက်ကြသည် အမှန်တော့
သင်တန်းတွင်ဆေးလိပ် ကွမ်း အရက်လုံဝမသောက်ရပါချေ ဖမ်းမိလျှင်ပြင်ထန်သောဒဏ်ကိုအပေးခံရသည် မနက် လင်းလက်စ ပြုသောအခါ အကူရဲဘော် များ သင်တန်းကျောင်းမှဟုယူဆရသောရဲဘော်များမှ ကားဖြင့်ဆောင်းဘောက်စ်ကြီးများ မိတ်များနှင့်စက်ကြီးများကိုလာပို့ ကြသဖြင့် ၀ိုင်းကူ၍ချကြရသည်
ဗိုလ်သင်တန်းဖွင့်ပွဲဟုဆိုသော်လ ည်း ကြီးကြီးကျယ်ကျယ်မလုပ်ပါချေ သိပ်မကြာခင်အချိန်အတွင်းမှာပင် ၀ီစီသံတချက် ကြားသဖြင့်အားလုံးတန်းစီကြရသည် သင်တန်းရဲဘော်အားလုံးလိုလိုသည် သက်ဆိုင်ရာတပ်မတော်မှသင်ပြထားသော အခြေခံစစ်ရေးပြကိုကျွမ်းကျင်စွာတတ်မြောက်ကြသဖြင့် သင်တန်းဆရာမှအမိန့် ပေးလျှင်ကောင်းစွာတန်းစီနိုင်ြ က
သည်ကိုတွေ့ ရှိရသည် ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ ဘော်များကတော့သိသည့်အတိုင်းပင် မျောက်သစ်ကိုင်းလွတ်သလို ငါးပြေမပြာချသလိုမနေတတ်မထိုင်တတ်ဖြစ်နေကြသည် အမှန်တော့တော်လှန်ရေးသက်တမ်း ၁ နှစ်သာသာအတွင်းမှာဘာသင်တန်းမှမယ်မယ်ရမတတ်ဖူးခဲ့ကြ ပါချေ သင်တန်းဆရာကတော့ဒါကို နားလည် ပုံရသည်
အားလုံးသတိအနေအထားဖြင့်နေသည့်အချိန်တွင် ကားသုံးစီရှေ့ ကကွက်လပ်လေးတွင်ဝင်ရောက်လာသည်ကိုတွေ့ ရှိရသည် နောက်ထပ်လုံခြုံရေးကားနှစ်စီးထပ်ပါလာသေးသည် ကားပေါ်မှ ဒုတိယဗိုလ်ချုပ်ကြီးစ၀်ရွက်ဆစ် ဗိုလ်မှူးကြီးဖုန်းနိုင် ဗိုလ်မှူးကြီးစစ်ခ၀်ငါး(SSAစစ်ဦးစီးချုပ် ခေါ် ဒေးဗစ်ချန်း) နှင့်အခြားခေါင်းဆောင်များဆင်းလာကြပြီးသတ်မှတ်
ထားသောနေရာတွင်နေရာယူပြီထိုင်ကြ သည် SSA စစ်ဦးစီးချုပ်ကိုဒေးဗစ်ချန်းဟု ခေါ်ရခြင်းမှာ သူတွင်ညာလက်သည် လက်မောင်းရင်းမှစ ၍ဖြတ်ထားရသဖြင့်ကျနော်တို့ သင်တန်းသားများကဒေးဗစ်ချန်းဟုနောက်ကွယ်တွင် ခေါ်ကြသည် သိလျှင်တော့မလွယ်လှပေကြီးစွာပြစ်ဒဏ်ကျခံရမည်သာ
အဖွင့်မိန့် ခွန်းကို ဒုတိယဗိုလ်ချုပ်ကြီးစ၀်ရွက်ဆစ်မှမြွက်ကြားပြီး ဗိုလ်မှူးကြီးဖုန်းနိုင်ုမှလည်းမြွက်ကြားသည် ပြီးလျှင်သူတို့  ချက်ချင်းပြန်ထွက်သွားပြီးနောက်မနေ့ ကတွေ့ ခဲ့သောဗိုလ်မှူးချုပ်စ၀်လိဒ်ပေါ်လာပြီ သင်တန်းဆရာများကိုနေရာယူခိုင်းကာ "အခုကျနော်ကခင်ဗျားတို့ ကို သင်တန်းဆရာတွေနဲ့ မိတ်ဆက်ပေးမယ် ကျနော်တို့ မှာသင်တန်းဆရာနှစ်မျိုးခွဲထားတယ် ဘာသာရပ်သင်တန်းဆရာနဲ့ အမြဲခင်ဗျားတို့ ကိုအနီးကပ်မောင်းနေမဲ့သင်တန်းဆရာတွေ" စိတ်ဝင်တစားကြည့်မိလိုက်ရာအနီး က ပ် သင်တန်းဆရာမှာစုစုပေါင်း ၃၂ ယောက်ဖြစ်သည် ဘာသာရပ်ဆရာမှာ ဒုဗိုလ်ညားရယ်(ဆက်သွယ်ရေး) ဗိုလ်မှူးကြီး
အောင်မောင်း(လက်နက်ကြီးနှင့်မြေ ပုံ) ဗိုလ်မှူးရော့ကတ်(စစ်မြေပြင်ကျွ မ်းကျင်မှု) ဗိုလ်မှူးချုပ်စ၀်ပေါင်ခေး (ကွန်မန်ဒိုနှင့် ခေါင်းဆောင်ုမှု)စသည်ဖြင့်အခြားသူများကိုတော့မမှတ်မိတော့ပါချေ စည်ကမ်းထိန်းသိမ်းရေးမှုကတော့ အခြားမှ အရာရှိတယောက်ဖြစ် သည်နာမည်တော့မပြောလိုတော့ပါရုံး လုပ်ငန်းဘာသာရပ် ဆရာကိုမိတ်ဆက်သည့် ထဲတွင်မပါလာသော်လည်း ဆရာမဒေါ်နန်းခေးဆန်ကိုယ်တိုင် လာသင်ကြားပေးခဲ့သည်
မိတ်ဆက်ပေးပြီးနောက်ဆုံးတွင် ဗိုလ်မှူးကြီးစိုင်းလိတ်မှ စစ်မှုထမ်းဘ၀နှင့်စစ်မိန့် နာခံခြင်းကိုကောင်းစွာရှင်းပြပြီး ပထမဆုံး အနေဖြင့်ဝီစီသံနားထောင်န ည်းကိုစတင်၍မောင်း ပါလေတော့သည် ပထမ၀ီစီသံထွက်လာလျှင် ရင်ဘက်နားတွင် လက်နှစ်ဖက်ထားပြီး မှောက်ရပြီ ဒုတိယ၀ီစီသံကြားလျှင်တပါတ်လှိမ့် ရသည်တတိယ၀ီစီသံကြားလျှင်သတိအနေ အထားဖြင့် ပြန်ထရသည် ထိုနည်းကိုမနက်စောစောမှစ၍ ၁၂ နာအထိမောင်းသည်ကြာလာတော့တချို့ ငိုကြသည် ငိုလျှင် ဆရာများက ၀ိုင်း၍ပုံစံမျိုးဖြင့်စနောက်ကြသည်
ထမင်းစာချိန်ပေးသော်လည်းပြည့်အောင်မပေးပါချေ စားပြီးသည်နှင့်ချက်ချင်းပြန်၍ေ မာင်းသည် သည်တခါတော့ ပြောင်းသွားပြန်ပြီ သရုပ်ပြတပ်စုမှ လူနှစ်ယောက်ပူးကပ်ကာတယောက်ခြေထောက်ကြားတယောက်ခေါင်း ၀င်ပြီးလှိမ့်သည့်နည်းကိုပြသည်တ နေကုန် မောင်းသဖြင့် ကြာလာတော့အော့အန် လာကြသည် ခေါင်းမူလာသည် မှာလည်းသောက်ြ ပီးမူး လျှင်တောင်ခံသာဦးမည် အခုတော့ကျောက်စရစ်နှင့်မြေနီရောေ နသောကွင်းပြင်တွင် အပြောင်း အပြန်လှိမ့်နေရသည်မှာ မခံသာပေ ကြောက်စရာကောင်းလှပါဘိဝီစီသံ နားထောင် နည်းရယ်ဟုစိတ်ထဲတွင်တွေးမိသည်
ဝီစီသံတချက်မှုတ်လျှင်တချက်လှိမ့်ဖြင့်တရက်လုံးနှစ်ပါးသွားခဲ့ရ သည် လှိမ့်နေဆဲမှာပင်ဝီစီသံနားထောင်တတ်ပြီလားဟု လေသံကျယ်ကျယ်ဖြင့်အော်ပြီးမေးသြ ဖင့် ထိုမေးခွန်းကိုခဏခဏလိုက်ဖြေနေရသည် သည်လိုနှင့်တနေ့ တာကုန်ဆုံးသွားခဲ့ပါပြီ
နောက်ဆက်ရေးပါမည်
ရသေ့တောင်သား
http://izna-nadi.blogspot.com/2014/08/blog-post_36.html
http://izna-nadi.blogspot.com/2014/08/blog-post_36.html
ဦးဝတွင် ရေးထားသော OFFICER TRAINING SCHOOL ဆိုသည့်ဆိုင်းဘုတ်ကိုပင်ကောင်းကောင်းမမြင်ရချေ
သို့ သော်အခြားရှမ်းစစ်သည်တယောက်မှလိုက်ပို့ သဖြင့် စိတ်လှုပ်ရှားစွာသွားခဲ့ကြသည်သွားရင်းရှေ့ မှာလူတယောက်တွေ့  သည် ဥပဓိရုပ်ကောင်းကောင်းအရပ်ရှည်ရှ
ကျနော်တို့ ကိုလိုက်ပို့ လာသောရှမ်းစစ်သည်ကိုပြန်၍တချက်
ကျနော်တို့ အဖွဲ့ တွင်ဗိုလ်သင်တန်းစသည့်အချိန်မှ
စိတ်ထဲမှာကတော့စိတ်လှုပ်ရှားမှု
ဘယ်သူမှစကားမပြောရဲကြပါချေ "ဒီနေရာမှာအားလုံးကဗိုလ်လောင်းေ
နိုင်ပြီ မင်းတို့ ကို ယူနီဖောင်းနဲ့ အခြားပစ္စည်းတွေခဏနေလာပေးလိမ့်မ
ထိုပုဂ္ဂိုလ်ကားတခြားသူမဟုတ်ခဲ့
ချင်းကိုရေးဖွဲ့ ခဲ့သည် မယုံလျှင်စိုင်းထီးဆိုင်တေးပေါင
စိုင်းထီးဆိုင်ဆုံးသဖြင့် ဧရာဝတီသတင်းဌာနမှကိုထီးပုံများက
"သွတ်လက်နူတ်ဖျားဖြေစရာမရှိ လေးနက်အတွေးများမှောင်နေအတိကိုယ
အတွေးစိတ်များလွှမ်းမိုးကာအဆောင်
နောက်ဆက်ရေးပါမည်
ကျနော်၏တောင်လှန်ရေးအပိုင်းအစမျ
နောက်နေ့ မနက်ကျတော့ သင်တန်းဖွင့်မည်ဖြစ်သဖြင့်အားလံ
သင်တန်းတွင်ဆေးလိပ် ကွမ်း အရက်လုံဝမသောက်ရပါချေ ဖမ်းမိလျှင်ပြင်ထန်သောဒဏ်ကိုအပေးခံရသည် မနက် လင်းလက်စ ပြုသောအခါ အကူရဲဘော်
ဗိုလ်သင်တန်းဖွင့်ပွဲဟုဆိုသော်လ
သည်ကိုတွေ့ ရှိရသည် ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ
အားလုံးသတိအနေအထားဖြင့်နေသည့်အခ
ထားသောနေရာတွင်နေရာယူပြီထိုင်ကြ
အဖွင့်မိန့် ခွန်းကို ဒုတိယဗိုလ်ချုပ်ကြီးစ၀်ရွက်ဆစ်မ
အောင်မောင်း(လက်နက်ကြီးနှင့်မြေ
မိတ်ဆက်ပေးပြီးနောက်ဆုံးတွင် ဗိုလ်မှူးကြီးစိုင်းလိတ်မှ စစ်မှုထမ်းဘ၀နှင့်စစ်မိန့် နာခံခြင်းကိုကောင်းစွာရှင်းပြပြီး ပထမဆုံး အနေဖြင့်ဝီစီသံနားထောင်န
ထမင်းစာချိန်ပေးသော်လည်းပြည့်အေ
ဝီစီသံတချက်မှုတ်လျှင်တချက်လှိမ
နောက်ဆက်ရေးပါမည်
ရသေ့တောင်သား
http://izna-nadi.blogspot.com/2014/08/blog-post_36.html
http://izna-nadi.blogspot.com/2014/08/blog-post_36.html
No comments:
Post a Comment