Wednesday, August 13, 2014

ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၄)


နောက်တနေ့ မနက်အိပ်ရာကနိုးပြီး ရေနွေးကြမ်းသောက်နေစဉ်RCSS/SSA အတွင်း
ရေးမှူးနှင့်တွဲဘက်အတွင်းရေးမှူးတို့ လာနူတ်ဆက်ကြသည် ထိုစဉ်ကအတွင်းရေးမှူးမှာ
ဒေါက်တာ စိုင်(နာမည်မေ့) နှင့် တွဲဘက်အတွင်းရေးမှူးမှာရှမ်းပြည်စက်သေနတ်ဟုလူသိ
များသောဆရာမဒေါ်နန်းခေးဆန်ပင် "မိုင်ဆုန်ခပါရှင်" ဟုလက်အုပ်ချီပြီးဖော်ရွယ်သော
အပြုံးနှင့်အတူကားပေါ်ကဆင်းလာခဲ့သည်
သူ့ ယောက်ျားဒေါက်တာကတော့ နောက်မှဆင်းလာပြီ "မိုင်ဆုန်ခပါခင်ဗျ" ဟုပြောပြီး
ရေနွေးကြမ်းဝိုင်းသို့ ဝင်လာကြသည် သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးစစ်ယူနီဖောင်းဝတ်
ဆင်ထားကြသည်ကိုတွေ့ ရသည် "ဒီမှာကရင်နီ ကချင် ချင်း တို့ လည်းအားလုံးစုံပြီ
ဆိုတော့ ဆရာတို့ ရခိုင်နဲ့ ဒီကအဘတို့ ကရင်တွေရောက်လာတော့ပိုစုံသွားတာပေါ့
ကျမတို့ နယ်မြေမှာဘာအကန့် အသတ်မှမရှိဘဲဆရာတို့ လေ့လာနိုင်ပါတယ်" ဟုဆိုပြီး
ဖိတ်ခေါ်သည် "ဘိန်းပင်တွေ ဘိန်းခင်းတွေဘယ်နားမှာများရှိကြပါလိမ့်" ဟုစိတ်ထဲတွေး
နေမိခဲ့သည်
သူတို့ မပြန်ခင်ဆရာမဒေါ်နန်းခေးဆန်မှ" သူကတော့တိရိစ္ဆာန်" ဟုစကားဆုံးအောင်
မပြောဘဲချန်ထားရာသူ့ ယောက်ျားမှ"ဘာပြောတယ်" ဟုခပ်တည်တည်ဖြင့်ပြန်ပြောရာ
"ကျမက တိရိစ္ဆာန်ဆရာဝန်လို့ ပြောမလိုအားယူနေတာရှင်ကဖောက်တာကိုး" ဟုအရွှန်း
ဖောက်သဖြင့်ရေနွေးကြမ်းဝိုင်းလေးကပို၍စိုပြေခဲ့သည် ပြီးလျှင် KNPP မှဗိုလ်မှူးကြီး ဖုန်းနိုင် (စစ်ရေးချုပ်) သည် ကျနော်တို့ လာရောက်နူတ်ဆက်ပြီး ပုဇွန် နှင့်ရခိုင်မှပင် လယ်စာစားချ င်ကြောင်း လာပြောပြီးစကားလက်ဆုံကျလေ့ရှိသည်
နောက်ထပ်လာသူများထဲတွင် ယင်ခင်ကျောင်းသားတပ်မတော်မှမန်းတလေးကျောင်း သားခေါင်းဆောင်ဟောင်းများဖြစ်ကြသောဒုတိယဗိုလ်မှူးကြီးစ၀်ခွန်ကျော်နှင့်ဗိုလ်မှူးအောင်မောင်းတို့ ရှမ်းပြည်တပ်မတော် တပ်မဟာ(၂၄၇) မှအဖွဲ့ များဖြစ်ကြသည်သူတို့ သည်
ယခင်က ကချင်ပြည်နယ်တွင်အခြေစိုက်ခဲ့သောကျောင်းသားတပ်မတော် ABSDF မှ
မြောက်ပိုင်းတပ်ဖွဲ့ ဖြစ်သည် ကျနော်တို့ သွားသောအချိန်တွင်ရှမ်းပြည်တပ်မတော်တွင်
ဗိုလ်မှူးကြီးနှင့်ဒုတိယဗိုလ်မှူးကြီးအဆင့်ပင်ဖြစ်နေကြပြီဖြစ်သည်
မကြာခင် ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှနောက်ထပ် ၉ ဦးသည်ဗိုလ်သင်
တန်းတတ်ရောက်ရန်အတွက်လာနေကြပြီဟု စစ်ရုံးမှသတင်းပို့ သဖြင့်ကျနော်နှင့်အခြား
တယောက်သွားကြိုခဲ့ရာကျနော့်ချစ်သူငယ်ချင်းခိုင်ဝင်းဇံ(ဗိုလ်လောင်းနံပါတ် ၀၇၆) လည်း
ပါလာသည်ကိုတွေ့ ရသဖြင့်အလွန်ဝမ်းသာခဲ့မိသည် ထိုအချိန်ကာလသည်အိမ်လွမ်းစိတ်
သိပ်မဖြစ်ပေါ်လာသေးဘဲ ကျနော်တို့ ALP ရဲဘော်များသည် SSA ဗဟိုတခွင်ပြဲပြဲစင်
လျှောက်သွားတတ်ကြသည် အလွန်ချမ်းအေးလှသဖြင့်မနေတတ်သည်မှာတော့အမှန်ပင်
ပြီးလျှင် အခြားပြသနာတခုရှိသည် ဒါကတော့ရေချိုးခြင်းပင်လူတော်တော်များများသည်
ရေချိုးလျှင်တောင်ကျရေတံခွန်ကဲ့သို့ နေရာများတွင်ရေချိုးလေ့ရှိသည် ဖြူဝင်းလှပသော
ရှမ်းမလေးများ အပျိုများ အအိုများကအစအိမ်တွင်ရေမချိုးကြဘဲထိုနေရာများတွင်သာရေ
ချိုးလေ့ရှိကြသည် ယောက်ျားလေးများသည်လည်းတနေရာတည်းတွင်စုံပြုံချိုးကြသည်
ကျနော်တို့ ရခိုင်ဒေသဖက်နှင့်တော့ဓလေ့စရိုက်မတူသဖြင့်ကျနော်တို့ မှာမကြာခဏဒုက္ခ
ရောက်ကြရသည် ဘယ်လိုဒုက္ခမျိုးလဲဟုမေးလျှင်ယောက်ျားတိုင်းအားလုံးသည်မိန်းက
လေးများရှေ့ တွင်မရှောင်ဘဲအတွင်းခံဖြင့်ရေချိုးသောကြောင့်ပင် လွန်စွာမှဒုက္ခရောက်
ခဲ့သည်
ကျနော်တို့ အဖွဲ့ မှာတော်လှန်တွင် ၈ လလောက်ကြာပြီဖြစ်သဖြင့် အိမ်မှယူလာသော
ငွေစ အ၀တ်အစားများလည်းကောင်းကောင်းမရှိတော့ပါ ဆေးလိပ်ပင်လျှင်ဗန်းဗူးပင်
အရွက်များကိုပြုတ်ပြီအခြောက်လှမ်းကာ သူများစိုက်ပျိုးထားသောဆေးရွက်ပင်များမှ
တောင်းရမ်းကာဓါးဖြင့်ပါးပါးလှီ၍သောက်နေကြရသောအခြေအနေမှရှမ်းပြည်သို့ 
ရောက်လာခဲ့ခြင်းပင် ကရင်ပြည်တွင်ရှိစဉ်စခန်းနားမှချောင်းထဲသို့ ခုန်ဆင်း ပြီးလျှင်
ဆပ်ပြာတိုက်ပြီပုဆိုးအစုတ်အပြဲကိုအောက်ပိုင်တွင်ကာပြီခပ်တည်တည် ပြန်တက်ပြီ
တဲထဲရောက်မှပြန်လှဲသည့်စနစ်ကိုကျင့်သုံးသည်
သည်မှာတဲလည်းမရှိ အားလုံးကတိုက်တာအိုးအိမ် ကားများ ဆိုင်ကယ်များနှင့်တ၀ီဝီ
မိမိတည်ခိုရာကိုပြန်ရန်စဉ်စားလျှင်လည်းမဖြစ်နိင်ပေအလွန်ဝေးသည် အနည်းဆုံးမိနစ်
၃၀ တောင်တက်ရမည်သာရေချိုးသည့်နေရာတိုင်းသည်တောင်ပေါ်နှင့်ဝေးသည် ထို့ 
ကြောင့်မကြာခဏ အားလုံးပြီးသည်အထိစောင့်ပြီမှချိုးကြရသည် ထမင်းစားရသည့်
ဒုက္ခလည်းမသေးလှပါ အိမ်တိုင်းလိုလိုတွင်ပန်းကန်သည်သေးသေးလေးဖြစ်ပြီး ကောက်
ညှင်းကိုသာအဓိကစားသည့်ကိုတွေ့ ရသည် ဟင်းကတော့ပဲပုတ်နှင့်အခေါက်ကင်တမျိဲုး
မျိုးပါတတ်သည် တပန်းကန်ကုန်လျှင်နောက်တပန်မထည့်ရဲပေအားနာမိသည်ကတော့
အမှန်ပင်
တနေ့ ရှမ်းမိသားစုများနှင့်စစ်ဘက်အရာရှိများကျနော်တို့ တည်ခိုသောနေရာတွင်စောစော
စကားလက်ဆုံကျနေကြသည် ကျနော်တို့ သည်ကရင်ပြည်တွင်မနက်မိုးလင်းလျှင်ထမင်း
စားပြီးပြီဖြစ်သည် ထိုအလေ့အထသည်ရှမ်းပြည်တွင်မကြာခဏဒုက္ခပေးရာဆာလောင်သ
ဖြင့် ခိုင်ဝင်းဇံကိုခေါ်ကာဆိုင်တဆိုင်သို့ ထွက်ခွာလာခဲ့သည် ဗမာစကားပြောလျှင်ပြန်မ
ပြောသောကြောင့် ငွေပေးပြီးထန်းလျက်ကိုတထုတ်ကောက်ယူခဲ့သည် အိမ်ရောက်လျှင်
ရေနွေးကြမ်းဖြင့်အဆာပြေသောက်မည်ဟူသောအတွေးဖြင့်သာ
ကျနော်တို့ အုပ်စုထန်းလျက်ခဲကိုထုတ်ပြီ ရေနွေးကြမ်းဖြင့်အရသာခံရန်ပြင်နေစဉ်လူတိုင်း
ကကျနော်တို့ ကိုငေးပြီးအလွန်အံသြသည့်ပုံစံဖြင့်ကြည့်နေကြသည် ကျနော်တို့ လည်းပြန်
ပြုံးပြပြီ" လာပါ ခင်ဗျာ ကျနော်တို့ နဲ့ ဝိုင်းကြတာေုပါ့" ဟုပြောရာအားလုံးကြောင်တောင်
တောင်ဖြစ်နေကြသည် ဗမာစကားတတ်သည့်အုပ်ချုပ်ရေးမှူးလည်းမရှိသဖြင့်တခုခုမှားနေ
ကြောင်းမေးချင်သော်လည်းတယောက်မှတတ်ပုံမပေါ်
ခပ်တည်တည်းဖြင့် ထန်းလျှက်စားပြီးရေနွေးကြမ်းဖြင့်သောက်ရာအဖြေကအခုမှပေါ်
တော့သည် အမှန်တော့ကျနော်တို့ မြည်းနေသည့်ထန်းလျက်အပြားဖြစ်ပြီး ပဲပုတ်ကို
ထန်းလျက်အထင်ဖြင့်ဝယ်လာခဲ့ခြင်းဖြစ်သည် ရှမ်းတဦးကကျနော်တို့ ဝယ်လာသောထန်း
လျက်ပြားကိုမီးကင်ပြသည် ထိုအခါအလွန်အနံကောင့်သည်ရနံတခုပေါ်လာသည် ဒါကို
မှသူတို့ က ငရုပ်သီးမှုန့်ဖြင့်သော်လည်းကောင်း အရည်ဖျော်၍ခရမ်းချဉ်သီးဖြင့်သော်
လည်းကောင်းစားခြင်းသာ ထိုအခါမှရှမ်းပဲပုတ်ဆိုတာဒီလိုကိုးဟုပေါက်မိလိုက်တော့သည်
နောက်ဆက်ရေးပါမည်

ရသေ့တောင်သား
ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၃) http://izna-nadi.blogspot.com/2014/08/blog-post_44.html
ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၁) နှင့်(၂) http://izna-nadi.blogspot.com/2014/08/blog-post_12.html

No comments: