ကျနော်သည် ဗိုလ်သင်တန်းအပို့ ခံရသော်လည်း သိပ်ပြီးသွားချင်လှသည်ဟုစိတ်ထဲ တွင်မခံစားရပေ ရှမ်းပြည်တပ်မတော် ဆိုသည်မှာကျောင်းသားဘ၀တုန်းကရွက်ဆစ်အကြမ်းဖက်အဖွဲ့ ဟုသာသိထားသည် ထိုထက်ပိုမသိပေပြီးလျှင်ဘယ်လောက်
ကြာကြာနေရမည်ကိုလည်းမသိပေ ပါတီရုံးရောက်သည်နှင့်နောက်တနေ့ မနက်ကေအဲန်ယူအဖွဲ့ နှင့်လိုက်သွားရခြင်းသာ နောက်တချက်မှာကရင်လှပျိုဖြူလေးတယောက်ကို စိတ်ထဲတွင်စွဲလမ်းမိနေသလိုလိုခံစားရသည် အတွေ့  အကြုံ နူသေး၍လည်းဖြစ်နိုင်ပေသည်

သူသည်ကားအလွန်ချောမောလှပသည့်ကရင်အမျိုးသမီးလေးတဦးပင် ကျနော်တို့ အဖွဲ့  စရောက်တော့ စားရေးသောက်ရေး ဒုက္ခကိုလှလှကြီးခံနေရသဖြင့် သူ့ မိခင်ကရင်အမျိုးသမီးကြီးမှကျနော်တို့ ရခိုင်အဖွဲ့ အားသူ့ တို့ ဆိုင်တွင်အကြွေးပေးသည် အကြွေးကလည်းထူပြောလာသည်မှာနေ့ စဉ်နှင့်အမျှ ကြာလာတော့ရှက်လာသည်အကြွေးမယူရဲကြတော့ပေ အရက် ခိုးသောက်မည့်ပိုက်ဆံမရှိလျှင်လည်းအကြွေးသွားယူသည် ဆိုင်ရှင်ကရင်အမျိုးသမီးကြီးသည်ကျနော်အားသားကဲ့သို့  သဘောထားသည်မှာတော့အမှန်ပင်
လိမ်ထားသည် ကျေးဇူးတော့တင်မိသည်သို့ သော်ကြာရင်အရင်းပြုတ်နိုင်သည်လူငယ် သဘောဝတယောက် အထာ တော့တယောက် သဘောပေါက်သည် သို့ သော်အတားအဆီးများသဖြင့်ရည်းစားစကားမပြောရဲပေ ရှမ်းပြည်သို့ ရွက်မလွင့်ခင်
ကျနော်သည် ယခင်တထောက်နားစခန်း(ငှက်ဖျားဖြစ်သူများကိုထားသည့်နေရာ )တွင်တညနေခဲ့သဖြင့် ငှက်ဖျား ဖြစ်နေသူများကအချိုအချဉ်စားချင်သည်ဟုဆိုသဖြင့်ည ၉ ခွဲလောက်တွင် သွားဝယ်ရာကရင်မလေး ကဆိုင်တွင် "မေတယောက်တည်းရယ်"ဆိုသလိုဖြစ်နေခဲ့သည် ဘယ်သူမှမရှိပေလိုအပ်သည်များကိုဝယ်ပြီးသည်နှင့်ပြန်သွား
မည်အပြုမှာမထင်မှတ်သောအထိအတွေ့ တခုကိုခံစားလိုက်ရသည် ဒါကတော့ကရင်မလေးကျနော့်လက်ကိုဆုပ်ကိုင်ထားပြီး "နင်ရှမ်းပြည်ကိုသွားရမယ်ဆို ပြန်လာအုံးမှာလား" လို့ မေးရာ လက်ကိုကမန်းကတန်းဖြုတ်ချ၍ လှစ်ခနဲ့ ပြန်ထွက်လာခဲ့သည်
ရင်တွေကလည်းအရမ်းတုန်ပါဘိ သူလည်းတော်တော်စိမ်းကားတဲ့ရခိုင်သားဟုထင်မည်မှာအသေအချာ ဘယ်တတ်နိုင်မည် နည်းကျနော်ကားရှေ့ ဆက်ရွက်လွင့်ရမည့်တာဝန်တွေနဲ့ ပြည့်နှက်နေသည်ကိုသူသိနိုင်လျှင်တော့ ခွင်လွှတ်နိုင်မည်သာ
ရင်တွေကလည်းအရမ်းတုန်ပါဘိ သူလည်းတော်တော်စိမ်းကားတဲ့ရခိုင်သားဟုထင်မည်မှာအသေအချာ ဘယ်တတ်နိုင်မည် နည်းကျနော်ကားရှေ့ ဆက်ရွက်လွင့်ရမည့်တာဝန်တွေနဲ့ ပြည့်နှက်နေသည်ကိုသူသိနိုင်လျှင်တော့ ခွင်လွှတ်နိုင်မည်သာ
ရှမ်းပြည်သို့ ကားဖြင့်ခရီးနှင်နေစဉ် ကားပေါ်တွင်ထိုကိစ္စများကိုပြန်တွေးနေမိသည်ထိုစဉ်"လူလေးတို့ ရောက်ဖူးလား ဒါမဲသဝေါစခန်းလေ အယင်တုန်းကအဘတို့ ဒီမှာတော်တော်လည်းတိုက်ပွဲဖြစ်ခဲ့တယ်" ဆိုပြီး ကေအဲန်ယူမှဗိုလ်မှူးရောကတ်မှ ညွှန်ပြသည် မဲသဝေါတိုက်ပွဲသည်အလွန်ကြီးကျယ်သော တိုက်ပွဲဖြစ်ကြောင့် ကြားဖူးထားခဲ့သည် ခပ်ဝေးဝေးမှလှမ်းမြင်ရခြင်းပင် နောက်ထပ်လည်းထိုဗိုလ်မှူးမှလမ်းတလျှောက်တွေ့ ရသော နော်တစခန်း မာနယ်ပလောစခန်းတို့ ကိုညွှန်ပြသည်
မနယ်ပလောဆိုသည်မှာကား တချိန်တုန်းကထိပ်ထိပ်ကြဲနာမည်ကြီးကေအဲန်ယူသို့ မဟုတ် လွတ်မြောက်ရေး စစ်ပွဲဆင်နွဲနေသောတိုင်းရင်းသားများ လွတ်လပ်စွာနေထိုင်ခဲ့သည့် ဗဟိုဌာနချုပ်ကြီးပင် နိုင်ငံတကာ စိတ်ဝင်စားမှု ခံရသောနယ်မြေလည်းဖြစ်ခဲ့သည်သွားရင်းကျနော်တို့ သည် နောက်တနေ့ တွင်ရှမ်း-ကယားနယ်စပ်သို့ ရောက်ရှိခဲ့ရာ
ကရင်နီ(ကယား)တိုးတက်ရေးပါတီမှတာဝန်ရှိသူများမှလာကြိုပြီးဗဟိုကော်မတီဝင် ခွန်လေးမောင်အိမ်တွင် နေရာချထားပေးခဲ့သည်
ကရင်နီ(ကယား)တိုးတက်ရေးပါတီမှတာဝန်ရှိသူများမှလာကြိုပြီးဗဟိုကော်မတီဝင် ခွန်လေးမောင်အိမ်တွင် နေရာချထားပေးခဲ့သည်

နောက်တနေ့ ဆိုလျှင် ရှမ်းပြည်တပ်မတော်ဗဟိုဌာနချုပ်သို့ ရောက်ခဲ့လေပြီ ကျနော်ကားအလွန်အံသြမိသည် သူပုန်ဌာနချုပ်သာဆို ကားများ တိုက်အိမ်များ ဆိုင်ကယ်များဖြင့်တ၀ီဝီသွားလာလျှက် နှင်းကျသည်မှာလည်းနေ့  လားညလားခွဲခြားရခက်သည် ရှမ်းစစ်သည်များဟိုတစုဒီတစုယူနီဖောင်းအပြည့်ဖြင့်သွားလာနေကြသည်အင်အား တော်တော်ကြီးသည့်အဖွဲ့ ဟုစိတ်ထဲတွင်ခန့် မှန်းထားလိုက်သည် မကြာမှီဆိုင်ကယ်တစီး ရာက်လာပြီ ဌာနချုပ် အုပ်ချုပ်ရေးမှု အိမ်ကိုခေါ်သွားတော့သည်
"လာကြပါခင်ဗျ လာကြပါခင်ဗျ ကျနော်မျှော်နေတာပြီးခဲ့တဲ့နေ့ ကတည်းကပါ" ဟုဆိုလာပြန်သည် အသားကခပ်မဲမဲ ပင် စစ်သားနှင့်လည်းမတူပါချေ ထို့ သို ဧည့်ခံချိန်တွင် အသက်ငယ်ငယ် မိန်းကလေး တယောက်ရောက်လာပြီး စားသောက်စရာများ ကိုဝိုင်းကူသည် စိတ်ထဲမှာတော့ ရှမ်းတွေဒီလောက်ဖြူတာ သူကျမနက်နေရတယ်လို့  ဆိုပြီးပြောမိသေးသည် မိန်းကလေး ကားမဲပုတ်ပုတ်ပင်
ထမင်းစားကြတော့ သူတို့ အသုံးပြုသောထမင်းခွက်များမှာသေးလွန်းသည် ထမင်းလည်းမဟုတ်ပါချေ ကောက်ညှင်းမျှသာ ပြီးလျှင်ပဲပုတ်အချဉ်ရည်ဖြင့်ဝက်ခေါက်ကင် တစ်ပန်ကန်ကုန်တော့နောက်တပန်းကန်မထည့်ရဲပါချေ ကရင်အဖွဲ့ မှ နေ့ တိုင်း
ဒီလိုပုံစံဘဲစားတာလားခင်ဗျားတို့ က ဟုမေးရာမရယ်မိအောင်မနည်းထိန်းထားခဲ့ရသည် အမှန်တော့ စားသာစား တပန်းကန် ဖြင့်မ၀သောကြောင့်ဖြစ်သည် သည်လိုနှင့်ပင်ဆိုင်တဆိုင်ရှာ၍စားချင်သော်လည်း နယ်မြေအခြေအနေဘာမှမသိသောကြောင့်
ကျနော်တို့ သည်အောင့်အီးကာနေလိုက်သည် အလွန်ပင်ပန်းလာသဖြင့်ကောင်းစွာအိပ်လိုက်သည် အလွန်ချမ်း သည့် ရှမ်းပြည်တွင် ကျနော်သည်ကားရောက်ခဲ့လေပြီ

ဗိုလ်သင်တန်းကျောင်းတော့မမြင်ရသေး ဘယ်နားရှိမှန်းလည်းမသိသေးပေနောက်တနေ့ နက်နံတွင် RCSS/SSA ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်အတွင်းရေးမှူးလည်းဖြစ်ဆရာမဒေါ်နန်းခေးဆန်သည်သူ့ ယောက်ကျားနှင့်ရခိုင်နှင့်ကရင်အဖွဲ့ ကို
နူတ်ဆက်ရန်ကားတစီးဖြင့်ရာက်ရှိလာတော့သည်
နူတ်ဆက်ရန်ကားတစီးဖြင့်ရာက်ရှိလာတော့သည်
နောက်ဆက်ရေးပါမည်
ရသေ့တောင်သား
ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၁) နှင့် (၂) ကို အောက်ပါလင့်တွင် ဖတ်ရှုပါရန်
http://izna-nadi.blogspot.com/2014/08/blog-post_12.html

No comments:
Post a Comment