Sunday, January 18, 2015

ရခိုင်ရောက် ကိုရီးယားသူ ကုလမင်းသမီး ဘာလဲ ဘယ်လဲ




- မင်းညီ ရေးသည်။

''ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် နဲ့ သူတို့က လက်ခံနေသမျှ ကာလပတ်လုံး ဒီကိစ္စက ဖြေရှင်းလို့မရ နိုင်ဘူး။ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံက အသိအမှတ်မပြုတဲ့ လူမျိုး တစ်မျိုးဆိုတာကို UN က လက်ခံဖို့လိုလိမ့်မယ်''

လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ချီးမြှင့်ခံထားရသူ၊ ဖဆပလ၊ မဆလနဲ့ စစ်အစိုးရခေတ်များအထိ တိုင်းပြည်ကို ကလောင် စွမ်းနဲ့ အလုပ်အကျွေးပြုခဲ့သူ၊ လက်ရှိတွင် စာနယ်ဇင်းကောင်စီ(ယာ ယီ)တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ အဘဖိုးသောကြာ (ခေတ်+မိုး )က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုစကားရပ်သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို စုံ စမ်းစစ်ဆေးရန် ရောက်ရှိနေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကိုရီးယားနိုင်ငံသူ မစ္စရန်ဟီးလီကို ဦးတည်ပြောဆိုလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။

မစ္စရန်ဟီးလီသည် ၂ဝ၁၄ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ပထမအကြိမ် လာရောက်ခဲ့သည်။ ထိုစဉ်က ဘင်္ဂါလီကို ရိုဟင်ဂျာအဖြစ်သာခေါ်ဆို မည်ဟု သူမ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ဝေဖန်သံများ ဆူညံပွက် ခဲ့ရသေးသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုံးကိုယ်တိုင် ''ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိဘူးဆိုတာ နိုင်ငံ တော်သမ္မတကြီးကိုယ်တိုင် ပြောထားပြီးသားပါ။ ဒါကြောင့် ဘင်္ဂါလီ တွေကို ရိုဟင်ဂျာလို့မသုံးဖို့ မစ္စရန်ဟီးလီကိုရော နိုင်ငံတကာကိုပါ တိုက်တွန်းပါတယ်''ဟု ပြောဆိုကန့်ကွက်ခဲ့သည်။

သို့သော် UN နှင့် EU အဖွဲ့တို့သည် ၂ဝ၁၄ အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution) တစ်ခု ရေးဆွဲခဲ့သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာ ၂၉ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြပြီး အဖွဲ့ဝင်နိုင်ငံအချို့အဖြစ် ထောက်ခံအတည်ပြုခဲ့သည်။ အဆိုပါအထွေ ထွေညီလာခံ ထောက်ခံချက်အရ ဘင်္ဂါလီကို အပြည့်အဝ နိုင်ငံသား ပေးရေးနှင့် ရိုဟင်ဂျာဟု တရားဝင် အသုံးပြုရေးအဆိုကို ကုလသမဂ္ဂ က ဆုံးဖြတ်အတည်ပြုခဲ့သည်။

ယင်းဖြစ်စဉ်တစ်ခုလုံးကိုကြည့်လျှင် မစ္စရန်ဟီးလီ တာဝန်ယူထားသည့် ကာလအပိုင်းအခြားတစ်ခုတွင် ဆက်တိုက်ပေါ်ပေါက်ခဲ့သော အကြောင်းတရားများဖြစ်သည်။

၂ဝ၁၅ ဇန်နဝါရီ ၇ရက်တွင် မစ္စရန်ဟီးလီသည် သူမ၏ ကုလ လူအခွင့်အရေး အထူးကိုယ်စားလှယ်တာဝန်ဖြင့်မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ရောက်ရှိလာပြန်သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာပြည်သူတစ်ရပ်လုံးကလည်း သူမ၏ခြေလှမ်းများကို သတိဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

သို့သော် သူမ၏လုပ်ငန်းတာဝန်သည် မြန်မာနိုင်ငံတွင် ကြုံတွေ့ ရသမျှအခြေအနေကို ကုလသမဂ္ဂသို့တင်ပြရန်နှင့် အစိုးရအား အကြံ ပေးရန်သာရှိပြီး အမှန်တကယ် အရေးယူဆောင်ရွက်နိုင်သူတစ်ဦး မဟုတ်ကြောင်း Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဆိုသည်။

''အထူးစုံစမ်းစစ်ဆေးရေးအရာရှိရဲ့တာဝန်က လူ့အခွင့်အရေး ကိစ္စဖြစ်လာရင် ဘာလုပ်သင့်လဲဆိုတာ တင်ပြပြီးတော့ အစိုးရကို အကြံ ပေးလို့ပဲရတယ်။ သူ့တွေ့ရှိချက်တွေကို မနှစ်က အစီရင်ခံစာမှာ တင် ပြခဲ့တယ်။ ဒါပေမဲ့ သူ့အကြံဥာဏ် ဘယ်လောက်ကောင်းကောင်း အစိုးရက မလုပ်ဆောင်ရင် ဘာမှမဖြစ်ဘူး။ Decision maker ဖြစ်တဲ့ အစိုးရကို ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပဲပေးလို့ရတယ်။ လုပ် တာ မလုပ်တာက အစိုးရသဘောပဲ''ဟု မစ္စရန်ဟီးလီ၏အနေအထား ကို ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စား လှယ်အဖြစ် အသီးသီးလာရောက်ခဲ့သည့် မစ္စတာကင်တာနားရော၊ မစ္စရန်ဟီးလီကိုပါ ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂါလီများ ဝင်ရောက် လာပုံ ၊ လူဦးရေတိုးပွားလာပုံနဲ့ ပဋိပက္ခဖြစ်ပွားပုံ အခြေအနေအရပ် ရပ်ကို အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း သူတို့က လက်မခံ၍ ယခု တစ်ကြိမ်တွင် အသံတိတ်နည်းဖြင့် ဆန္ဒပြတော့မည်ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယင်း၏သဘောထားကို မစ္စရန် ဟီးလီ ခရီးစဉ်မတိုင်ခင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သူက ''အကြိမ်ကြိမ်ရှင်းပြလို့လဲ သူတို့က လက်မခံဘူး။ ရေးပြီး သား စာတမ်းပါအတိုင်း လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့က တုံဏှိဘာဝေနဲ့ ရှင်းရမယ်။ အသံတိတ်နည်းနဲ့ တွေ့ဆုံခြင်းကို ရှောင် ရမယ်''

ဘင်္ဂါလီတွေ မြန်မာပြည်ကို ဘယ်လိုရောက်လာကြလဲ
**********************************************************

၁၈၂၄ ခုနှစ် မတ် ၅ရက်တွင် ဖြစ်ပွားခဲ့သည့် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့များက တစ်စတစ်စ သိမ်းယူခဲ့သည်။ ၁၈၈၅ ခုနှစ် တစ်နိုင်ငံလုံးအား သိမ်းပိုက် ပြီးချိန်တွင် မြန်မာနိုင်ငံကို အိန္ဒိယတိုက်ငယ်အတွင်း သွတ်သွင်းပြီး ဘုရင်ခံတစ်ဦးတည်းဖြင့် အိန္ဒိယမှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ထိုအခါ မြန်မာနှင့် အိန္ဒိယသည် တစ်နိုင်ငံတည်းဖြစ်နေပြီး နှစ်နိုင်ငံ လွယ်ကူ စွာ ကူးလူးသွားလာနိုင်ကြသလို အိန္ဒိယနိုင်ငံသားများစွာကိုလည်း မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဗြိတိသျှအစိုးရက ခေါ်သွင်း လာခဲ့ကြသည်။

''အဲဒီအချိန်မှာ ရန်ကုန်ကို မြို့ပြအဖြစ် တည်ခဲ့ကြတယ်။ နည်း ပညာ မတိုးတက်သေးတဲ့ခေတ်ဆိုတော့ ရန်ကုန်မှာ မိလ္လာစနစ် မရှိ သေးဘူး။ အဲဒီမိလ္လာတွေကို ကားတွေ၊ လူတွေနဲ့ပဲ လိုက်သိမ်းကြ တယ်။ အဲဒီအလုပ်ကို ဘယ်သူလုပ်လဲဆိုတော့ အိန္ဒိယကခေါ်သွင်း လာတဲ့ ဘင်္ဂါလီတွေလုပ်တာပဲ။ အဲဒီအချိန်ကတည်းက ဘင်္ဂါလီတွေ မြန်မာပြည်ထဲ စရောက်လာကြတာပဲ''ဟု အဘဖိုးသောကြာ(ခေတ်+ မိုး)က ဆိုသည်။

ယခင်က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် များကို မေယုခရိုင်ဟု ခေါ်တွင်ခဲ့ကြသည်။ ထိုစဉ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပါကစ္စတန်နိုင်ငံအဖြစ် တည်ရှိနေပြီး အရှေ့ပါကစ္စတန်ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်မှခွဲထွက် လိုက်သည်။ ယင်းသို့ ခွဲထွက်ချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ အင်မတန်ထူထပ်သလို စီးပွားရေးလည်း ဖွံ့ဖြိုးခြင်းမရှိပါ။ ဘင်္ဂလား ဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်သည် လူဦးရေလည်း နည်းပါးသည်။ ထို့ကြောင့် ဘင်္ဂလာဒေ့ရှ်မှ ဘင်္ဂါလီများကိုခေါ်သွင်း ပြီး လယ်သူရင်းငှား လုပ်ကိုင်ခိုင်းရာကတစ်ဆင့် ဘင်္ဂါလီများ ရခိုင် ဒေသတွင် အလုံးအရင်းနှင့် ရောက်ရှိခဲ့ရကြောင်း အဘဖိုးသောကြာ က ဆက်လက်ရှင်းပြသည်။

ဖဆပလအစိုးရ လက်ထက်တွင် ပညာတတ်ဘင်္ဂါလီများသည် မူဂျာဟစ် (ဘာသာရေးအတွက်စွန့်စားသူ) အဖွဲ့ကို ဖွဲ့စည်းပြီး လက် နက်ကိုင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ထိုအဖွဲ့ကို ဖဆပလအစိုးရက အမြစ်ပြတ်ချေမှုန်းလိုက်သော အခါ နောက်ပိုင်းတွင် ရိုဟင်ဂျာဟူသည့် အမည်ဖြင့် တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားမှုတစ်ရပ်ကို ထပ်မံ အသက်သွင်းခဲ့ပြန်သည်။ အမှန်စင်စစ် နိုင်ငံတစ်နိုင်ငံတွင် တိုင်းရင်း သားလူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ခွင့်ရနိုင်ရန်မှာ တိုင်းရင်းသားတစ်ခု ၏ စရိုက်လက္ခဏာဖြစ်သော ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အနုပညာ စသည့်အကြောင်းတရား အလုံးစုံပြည့်စုံရန် လိုအပ်ပေ သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ''၁၉၇၃နဲ့ ၁၉၈၃ခုနှစ် တွေက သန်းခေါင်းစာရင်း မှတ်တမ်းတွေကိုကြည့်ရင် တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားလူမျိုးတွေကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ နဲ့ နီပေါလို့ အတိအလင်းပြဋ္ဌာန်းထားတယ်။ ဒါ့အပြင် မြန်မာတိုင်းရင်း သား ၁၃၅မျိုးထဲမှာလဲ ရိုဟင်ဂျာဆိုတဲ့လူမျိုး လုံးဝထည့်ထားတာမရှိ ဘူး။ အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောနေတဲ့လူတွေဟာ ဘင်္ဂ လားဒေ့ရှ်ကနေတစ်ဆင့် မြန်မာနိုင်ငံကိုဝင်လာတဲ့ ဘင်္ဂါလီတွေပဲ''ဟု အခိုင်အမာပြောဆိုသည်။

ထိုသို့ သမိုင်းမှတ်တမ်း အခိုင်အမာရှိနေပါလျက်နှင့် ဘင်္ဂါလီကို ရိုဟင်ဂျာဟုခေါ်ဆိုရန် ကုလသမဂ္ဂက အဘယ်ကြောင့် ကြိုးပမ်းနေပါ သနည်း။ ထို့ပြင် မစ္စရန်ဟီးလီကိုယ်တိုင် အဘယ်ကြောင့် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသာ သုံးနှုန်းသွားမည်ဟု အကြိမ်ကြိမ် ပြောဆိုနေပါ သနည်း။ ယင်းအနေအထားသည် ကုလသမဂ္ဂတွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဖိအားတစ်ခုရှိနိုင်ကြောင်းနှင့် ယင်းဖိအားမှာ မူဆလင် နိုင်ငံများမှ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် တိုက်ရိုက် သက်ဆိုင်နိုင်ကြောင်း အဘဖိုးသောကြာက သုံးသပ်သည်။

''ကုလသမဂ္ဂထဲမှာ မူဆလင်နိုင်ငံ ဘယ်နှနိုင်ငံပါလဲ။ ပါတဲ့နိုင်ငံ တွေကိုလဲ ပြန်ကြည့်လိုက်။ အားလုံး ပိုက်ဆံချမ်းသာတဲ့နိုင်ငံတွေချည်း ပဲ။ နပိုလီယံခေတ်ကဆိုရင် အရှေ့အလယ်ပိုင်းကိုပိုင်တဲ့လူဟာ ကမ္ဘာ ကို ပိုင်နိုင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီနိုင်ငံတွေက အချင်းချင်းသာ မတည့်တာ။ ဘာသာရေးနဲ့ပတ်သက်လာရင် ကျောချင်းကပ်နေတာပဲ။ အခု ဘင်္ဂါလီတွေကိုထောက်ပံ့နေတာလဲ ဒီနိုင်ငံတွေပဲ''။

သို့သော် လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးအောင်မျိုးမင်းက ''ငွေ ပေးတိုင်းတာ လိုက်လုပ်နေမယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီးက ပျက် သွားတာကြာပြီ''ဟု အဘဖိုးသောကြာ၏အမြင်နှင့်ပတ်သက်ပြီး မဖြစ် နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ သည် ဇန်နဝါရီ ၉ရက်က ရခိုင်ပြည်နယ် မြေပုံမြို့သို့ ရောက်ရှိခဲ့ပြီး ရခိုင်ဒေသခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထိုသို့ တွေ့ဆုံရာတွင် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အတင်းဖိအားပေးသည့်ကိစ္စ၊ ရိုဟင်ဂျာဟု အသုံးပြုပြီး နိုင်ငံသားအဖြစ် တရားဝင်လက်ခံရန် အတင်းဖိအားပေးသည့် ကိစ္စများသည် ရခိုင် ပြည်နယ်၏ အခြေအနေကို ပိုမိုဆိုးရွားစေပြီး တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေကြောင်း မစ္စရန်ဟီးလီနှင့်တွေ့ဆုံစဉ် ကန့်ကွက်ပြောဆို ခဲ့သည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ''ရိုဟင်ဂျာလို့သုံးတော့ နိုင်ငံသားဖြစ်ခွင့် စိစစ်နေတဲ့ တာဝန်ရှိသူတွေ အနေနဲ့ အရမ်းအခက်အခဲဖြစ်တယ်။ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ လက်မခံရင် လျှောက်လွှာမတင်ဘူးဆိုပြီး လုပ်လာကြရော။ ကျွန်တော် တို့ကလဲ ဘင်္ဂါလီလို့ လျှောက်လွှာမတင်ရင် လက်မခံဘူး။ အခု ကုလ သမဂ္ဂကပါ ရိုဟင်ဂျာလို့ သုံးနေတော့ အားပေးအားမြှောက်လုပ်နေတဲ့ သဘော ဖြစ်နေတယ်။ သူတို့ ဒီလိုသုံးခြင်းအားဖြင့် မတည်မငြိမ်မှုတွေ ပြန်ပြီးဖြစ်လာနိုင်သလို နိုင်ငံသားဖြစ်ခွင့် စိစစ်တဲ့လုပ်ငန်းမှာလဲ အတား အဆီး အနှောင့် အယှက်ဖြစ်စေတယ်''လို့ ဒီမိုကရေစီတူဒေးသတင်း စာနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

လက်ရှိ ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်လာရောက်ပြီး အောက်ခြေအထိ ကွင်းဆင်းလေ့လာရန် လိုအပ်ကြောင်း တိုင်းရင်း သားများက လိုလားကြသည်။ ထိုသို့လေ့လာရာတွင်လည်း ဘင်္ဂါလီ တို့၏ အသံတစ်ခုတည်းကိုသာမဟုတ်ဘဲ ရခိုင်လူထု၏အသံ၊ ရခိုင် လူထု၏ ရပ်တည်ချက်ကိုပါ သိရှိအောင် လုပ်ဆောင်ကြရန်လိုပေသည်။ ယခုရက်ပိုင်းတွင် မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ ကူညီထောက်ပံ့နေသူ ကမ္ဘာကျော် အမေရိကန် သူဌေးကြီး ဂျော့ဆိုရော့စ် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ သည်။ သို့သော် သူ၏ခရီးစဉ်တွင် ဘင်္ဂါလီများနေထိုင်ရာအခြမ်းဘက် သို့ အဓိကလည်ပတ်ခဲ့သဖြင့် ယင်းအနေအထားမှာ နိုင်ငံရေးအရ အမြတ်ထုတ်မှုများ ပါဝင်နိုင်ကြောင်း ပြောဆိုဝေဖန်မှုများရှိနေသည်။

သတင်းစာဆရာကြီး အဘဖိုးသောကြာ(ခေတ်+မိုး)က ''ဒီပြဿ နာတွေ ပြေလည်သွားဖို့ဆိုရင် နိုင်ငံရေးအရ ဝင်မစွက်ဖက်ဖို့လိုတယ်။ လူ့အခွင့်အရေးအနေနဲ့ လက်ခံပေးလို့ရပေမယ့် နိုင်ငံရေး၊ ဘာသာ ရေးပုံစံနဲ့ ဝင်စွက်ဖက်တာမျိုးတော့ လုံးဝ လက်ခံပေးလို့မရဘူး။ ၁၉၈၂ ခုနှစ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဥပဒေရှိတယ်။ အဲဒီဥပဒေ နဲ့ ဆန်ခါတိုက်ပြီး လိုသလို ပြင်ဆင်မှုတွေလုပ်ပြီး လက်ခံသွားရမယ်။ ဒါကို တစ်ဖက်က လက်မခံဘူး ဆိုရင်တော့ ဒီကောင်တွေကို အပြီး အပိုင် တိုက်ထုတ်လိုက်တော့''ဟု ဆိုသည်။

ကုလမသဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ လာရောက်ရာတွင် အကြီးမားဆုံးအခက်အခဲတစ်ခုမှာ သွား လာရေးကိစ္စဟု ထောက်ပြပြောဆိုနေကြသည်။ အထူးသဖြင့် မစ္စတာ ကင်တားနား လက်ထက်တွင် သူ၏သွားလာရေးကို မြန်မာအစိုးရမှ စီစဉ်ပေးသောကြောင့် အစိုးရစီစဉ်ပေးသော ဒုက္ခသည်စခန်းမျိုးသာ သွားလာနိုင်ပြီး သူတွေ့လိုသူများနှင့် တွေ့ဆုံခွင့်ရရန် အခက်အခဲများ ရှိခဲ့သည်။ ထို့ပြင် ဗီဇာခွင့်ပြုရက်လည်း အလွန်တိုတောင်းသည်ဟုဆို ကြသည်။

သို့သော် မစ္စရန်ဟီးလီ တာဝန်ထမ်းဆောင်သည့် ယခင်နှစ် ကစပြီး သူမ၏ခရီးစဉ်ကို စိတ်တိုင်းကျ သွားလာခွင့်ပေးခဲ့သဖြင့် အဆင် ပြေတိုးတက်မှုများစွာ ရှိလာသည်။

မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ နှင့်ပတ်သက်ပြီး သူမ၏တွေ့ရှိချက်ကို လာမည့်မတ်လတွင် ကျင်းပ မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာတစ်စောင် တင်ပြသွားရန်ရှိသည်။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အစီရင်ခံစာ အတင်ခံရသည့်ကိစ္စရပ်မှာ ယခုချိန်မှ ပေါ်ပေါက်လာ သည့် ကိစ္စတစ်ခုမဟုတ်ဘဲ ၁၉၉၂ခုနှစ်ကတည်းက အဆိုပါအလေ့ အကျင့်မှာ တည်ရှိခဲ့ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးအောင် မျိုးမင်းက ဆိုသည်။

''ကျွန်တော်တို့နိုင်ငံကို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ်ခန့်ပြီး ကုလသမဂ္ဂမှာ အစီရင် ခံစာတင်တာ ၁၉၉၂ ခုနှစ်ကတည်းကပါ။ သမိုင်းမှာ အရှည်ကြာဆုံးပဲ။ အစိုးရက လိုက်မလုပ်ရင် အဲဒီအစီရင်ခံစာ ဘာမှလုပ်လို့မရဘူး။ ဘာတိုးတက်လဲလို့မေးရင် ၁၉၉၂ခုနှစ်မှာ အစီရင်ခံစာ နှစ်မျက်နှာပဲရှိတယ်။ အခုနောက်ပိုင်း မှာ ၁၅မျက်နှာအထိ တိုးလာတယ်။ ဒါပေမဲ့ ပြောင်းလဲမှုဖြစ်လားဆိုရင် မဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရပေါ် မှာ မူတည်နေလို့ပဲ''ဟုဆိုသည်။

ထိုသို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအနေဖြင့် အစီရင်ခံစာများ နှစ်စဉ်ထုတ် ပြန်ခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုတစ်စုံတစ်ရာကို လုပ်ဆောင်နိုင်ခြင်းမရှိပါ။အထွေထွေညီလာခံအစည်း အဝေးတွင် Naming and Shaming (နိုင်ငံအမည် ထုတ်ဖော်ခြင်းနှင့် အရှက်တကွဲဖြစ်အောင် ရှုတ်ချခြင်း) တို့ သာ လုပ်ဆောင်နိုင်သည်။ ယခု ၂ဝ၁၅ ခုနှစ်တွင် တင်သွင်းမည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော လူ့အခွင့်အရေး အစီရင်ခံစာအရလည်း ယခင်နှစ်များနည်းတူ အမည်ထုတ်ဖော်ခြင်းနှင့် အရှက်ခွဲခြင်းများသာ ပြုလုပ်နိုင်ပါသည်။

''မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေရှိနေတယ်ဆိုပြီး UN က လျှောက်ပြောနေတာ။ ၁၉၉ဝပြည့်နှစ်မှာ ဗလီ ၃ဝဝကျော်သွားပြီ။ ဗလီတစ်ခုကို မြန်မာငွေ သိန်း ၃ဝဝလောက်ရှိတယ်။ ဒါ့အပြင် အာရေဗီတက္ကသိုလ် ၂ဝဝ၊ အထက်တန်းကျောင်း ၁၇၅ဝ၊ အလယ်တန်းကျောင်း ၁၈၈ဝနဲ့ မူလတန်းကျောင်း ၂၃၁၉ဝ ရှိနေပြီ။ ဘယ် မှာလဲ ဘာသာရေးဖိနှိပ်မှု''ဟု အဘဖိုးသောကြာ(ခေတ်+မိုး)က ထောက်ပြသည်။

အထက်ပါ ပကတိအခြေအနေကို အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လက်မခံသမျှကာလပတ်လုံး ကုလသမဂ္ဂအစီရင်ခံစာကို မြန်မာပြည်သူများ ဘယ်သောအခါမှ လက်ခံကြမည်မဟုတ်သလို ကုလအဖွဲ့ကြီးပေါ် လည်း ယုံကြည်မှုကင်းမဲ့သွားနိုင်ကြောင်း သူက ဆက်ပြောသည်။

''ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဆိုပြီး ကင်တားနားပဲလာလာ၊ ရန်ဟီးလီပဲ အစီရင်ခံစာတင်တင်၊ လုပ်ချင် တာလုပ် ပြောချင်တာပြော၊ အဲဒီလူတွေကို မြန်မာပြည်သူတွေက ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ နောက်ဆုံး ကုလသမဂ္ဂကို မြန်မာပြည်သူတွေ စိတ်ပျက်ပြီး ယုံကြည်မှုကင်းမဲ့သွားဖို့ပဲ ရှိတယ်''။

#TheYangonTimes

ဦးတင်ဦး ဖြေရှင်းပေးရမဲ့ စစ်တွေ ဆန်ပြသနာမှ ပစ်ခတ်မှု

( ဗိုလ်ချူ့ ပ်စောဖြူ ( လေ-ငြိမ်း )-နဲ့  ( ဗိုလ်ချူ ပ် တင်ဦး -ငြိမ်း ) -တို့ ကို သက်ရှိထင်ရှား တွေ့ ရစဉ် )
၁၃-သြဂတ် စစ်တွေဆန်ပြသနာက လူသတ်သမားနှစ်ဦး ဘယ်သူဖြစ်မလဲ
မဆလ ခေတ်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကို ခေါ်တာ ။ ဗိုလ်ချူ ပ် ကြီးနေ၀င်းက -၁၉၆၂-ခုနှစ် မတ်လ--၂-ရက်မှာ အာဏာသိမ်းတယ် ။ ဇူလိုင်-ရ-ရက်နေ့ မှာ တက္ကသိုလ်ကျောင်းသားကို သတ်ဖြတ်ပြီး သမဂ္ဂအဆေက်အဦကို ဒိုင်းနမိုက်နဲ့  ဖြိုခွဲ လိုက်တယ် ။ ကျောင်းသားတွေ သေကြရတယ် ။ အဲဒီလို လူသတ်ပြီး အာဏာသိမ်းလာတာ ။ 

နောက်-၅-နှစ်ကြာမှာ စစ်တွေမှာ ဆန်ရှားပါးမှုဖြစ်တယ် ။ မြို့ သူမြို့ သားတွေက ဆန်ရောင်းပေးပါလို့  လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြတယ် ။ တမြို့ လုံးလိုလို လမ်းပေါ်ထွက်တာဖြစ်တယ် ။ ကုန်တန်း ( စက်ရုံစု )- ရွာလမ်းထိပ် မြဆန်စက်ရှေ့ ရောက်တော့ ဆန္ဒပြလူအုပ်ကို ဗိုလ်ချူ ပ်စောဖြူ က လာရောက်တားမြစ်တယ် ။ သူက လမ်းမတော်တောင်ရပ်ကွက် ဦးစံထွန်း ခေါ် ဦးလူဖြူ အိမ်ရှေ့ မှာ ပထမတကြိမ် ဆန္ဒပြသူတွေကို တားခဲ့ ပြီးပြီ ။ ( အသေးစိတ် သိချင်ရင် ကျွန်တော် ရေးတဲ့  ( ကျွန်တော့်ဘ၀နဲ့  နိုင်ငံရေးဝင်္ကဘာ ) -စာအုပ်ဖတ်ကြည့်ပါ ။ ) ဗိုလ်ချူ ပ် စောဖြူ က တိုင်းခွဲ ( ၁၃ )- ဥက္ကဋ္ဌ အဖြစ် မဆလပါတီကို တာဝန်ယူနေချိန်ဖြစ်တယ် ။ 

တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း စစ်ဋ္ဌါနချုူ ပ် -ပဲခူးက ကိုင်တယ် - အလယ်ပိုင်းတိုင်း စစ်ဦးစီးမှူးဟာ ဗိုလ်ချူ ပ် တင်ဦး ( ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချု ပ် နာယက ) ဖြစ်တယ် ။ ဗိုလ်ချူ ပ်စောဖြူ က ပုဒ်မ္မ ( ၁၄၄ ) -ကို ထုတ်ပြန်ထားပြီ ဆိုပြီး တားမြစ်ရင်းဘဲ အမိန့် စာကို ပေးဖတ်စေခဲ့ တယ် ။ ဒါပေမဲ့  ဘယ်လိုမှ ဆန္ဒပြလူအုပ်ကလဲ လမ်းပိတ်ထား ခံနေရတဲ့ အတွက် ရှေ့ လဲ မသွားရတော့သလို နောက်လဲ ပြန်ဆုပ်လို့ မရတော့တဲ့  အခြေအနေတွေ ဖြစ်သွားတယ်။ မကြာခင်  ဗိုလ်ချုပ်စောဖြူ  ပြန်သွားတယ်။ မရှေးမနောင်းခင်မှာ မြဆန်စက်ထဲက စစ်သားတွေက သေနတ်နဲ့  ပစ်တယ် ။ လူတွေ ရာနဲ့ ချီလို့  သေဆုံးကြရတယ်။

ဒါကို ခုအချိန်ထိ ပစ်မိန့် ပေးသူ ဆိုတာ ဘယ်သူလဲဆိုပြီး မေးခွန်းတွေ မေးနေကြတုံးဘဲ ဖြစ်တယ်။ ဗိုလ်ချူ ပ်စောဖြူ ကဘဲ လက်နက်မဲ့ လူအုပ်စုကို ပစ်သတ်ဖို့  ပစ်မိန့် ပေးခဲ့ တာလားဆိုပြီး မေးခွန်းတွေ မေးကြတယ် ။ ရခိုင်လူမျိုးဖြစ်တဲ့  ဗိုလ်ချူပ် စောဖြူ ( လေ ) ဟာ ပစ်မိန့် ပေးသူမဖြစ်နိုင်ဘူးလို့  ကျွန်တော်တို့  ထင်မှတ်ထားကြတယ်။ ဘာဖြစ်လို့ ဆိုတော့ သူ့ ညီ ဗိုလ်ကြီးထွန်းဝေဟာ အဲဒီအချိန်တုံးက စစ်တွေမြို့ သူမြို့ သားတွေဖက်က ရပ်တည်နေသူဖြစ်တယ်။ ပြီးတော့ ဗိုလ်ချူ ပ်စောဖြူ မှာ ဘာအာဏာမှ မရှိဘူးဆိုတာ သိကြတယ်။
ဒါဖြင့်ရင် အလယ်ပိုင်းတိုင်းမှူး ဖြစ်တဲ့  ဗိုလ်ချူ ပ်ကြီး တင်ဦးဘဲ လို့  မေးခွန်းထုတ်စရာဘဲ ရှိတော့တယ် ။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း-ပဲခူးကနေပြီး စစ်တိုင်းအဖြစ် ကိုင်တွယ် အုပ်ချူ ပ်နေချိန်ဖြစ်တယ် ။ စစ်အစိုးရအဖို့  စစ်ာအာဏာဟာ အလယ်ပိုင်းတိုင်းမှူး.ဆီကဘဲ စီးဆင်းလာနိုင်တာဘဲ ဖြစ်ဖို့ များတယ် ။
မည်သို့ ပင်ဖြစ်စေ သူတို့ နှစ်ဦးစလုံး ခုထိ အသက်ထင်ရှားရှိနေဆဲဖြစ်တယ် သမိုင်းကွင်းဆက်တခုပြတ်တောက်နေတာကို ပြန်လည်ဆက်စပ်ပေးဖို့  လိုအပ်လာချိန်ဖြစ်တယ် ။
လူကိုသတ်လို့  သေဆုံးကြပေမဲ့  သမိုင်းဆိုတာ သတ်လို့  မရဘူးဆိုတာပါဘဲ ။
ဒီတော့ -၁၃-သြဂတ် ဆန်ပြသနာမှာ လူတွေ ရာနဲ့ ချီလို့  သေစေအာင် ပစ်သတ်ဖို့  ဒီနှစ်ယောက်ထဲက ဘယ်သူ လူသတ်သမား ဖြစ်နိုင်သလဲ ။ တယောက်ယောက်တော့ ပစ်မိန့် ပေးခဲ့ တာဖြစ်တယ် ။ မဆလခေတ်က ဒီပုဂ္ဂို လ်
တွေဟာ လူတွေကို တကယ်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာ ။။။။။
ကျွန်တော်တို့  မေးတာ တရားလွန်ပါ့မလား ။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

Saturday, January 17, 2015

အခါတော်ပေး ဒေါ်စုကြည်

ကုလသမဂ္ဂရဲ့ မြန်မာပြည် ကိုယ်စားလှယ်ဖြစ်လာသူတိုင်းဟာ -မြန်မာပြည် ရခိုင် ပြည်နယ်က ဘင်္ဂလီ လူမျိုးရေးအတွက်၊
လူ့အခွင့်အရေး အတွက်ကို ကမ္ဘာကျော်လူ့အခွင့်အရေးမယ်တော်ကြီးထံမှာ မည်သို့ သဘောထား မှတ်ချက်ထား
ပေးမလဲလို့ ဝင်ရောက်တွေ့ဆုံ အကြံတောင်းခံကြတာကိုမြင်တွေ့ရတယ် ။ကုလအနေနဲ့က ဘင်္ဂင်္လီတွေကို နိုင်ငံသား ဖြစ်နိုင်အောင်ကူညီပေးရလိမ့်မယ်လို့ အာရပ်ကမ္ဘာနဲ့ အကြိုသဘောတူညီမှုထားပြီး လက်ခံထားတဲ့ အလှူငွေတွေကြောင့် -
ဘင်္ဂလီတွေကို နိုင်ငံသား သော်လည်းကောင်း တိုင်းရင်းသား စာရင်း သော် လည်းကောင်း ဝင်နိုင်အောင် မြန်မာနိုင်ငံကို နည်းမျိုးစုံသုံးဖိအားပေးရမယ့် အနေအထားကိုဆောင်ရွက်တော့မှာကြောင့် မဖြစ်မနေမြန်မာပြည်ရဲ့လူ့
အခွင့်အရေး အိုင်ကွန် မယ်တော်ကြီးကို ဝင်ရောက်တွေ့ဆုံပြီး သဘောထားမှတ်ချက်တောင်းခံတာပဲ ဖြစ်တယ် ။
-
ဘင်္ဂလီတွေ ဟာ တိုင်းရင်းသားမဟုတ် ၊ ခိုးဝင်ဒုက္ခသည်တွေ ဖြစ်ကြောင်းကို သမိုင်းတွေက သက်သေတွေ မည်
မျှပင် ရှိရှိ လက်ရှိ မဖြစ်မနေ ဖိအားပေး ရတော့မယ့် အနေအထားမှာ ကမ္ဘာက လေးစားပြနေကြရတဲ့ မယ်မယ်
ကြီးထံကို ဝင်ရောက် ခွင့်ပြု ချက်တောင်းခံ သလိုလိုနှင့်ဝတ္တရားကျေ အကြံ ဥာဏ်တောင်း မယ့် သဘောပဲ ဖြစ်
ပါတယ် ။အကြံဥာဏ်တောင်းတယ်ဆိုတာကလည်း အပြကောင်းခေါင်းစဉ်သာ ဖြစ်ပေမယ့်လို့ ၊ ကုလ အနေ နဲ့ မည်ကဲ့သို့
မြန်မာပြည်ကိုဖိအားပေးတော့မည် ဖြစ်ကြောင်းဆုံးဖြတ်ပြီးပြီဖြစ်၍ လေးစားသမှု အသိပေးခြင်းမျိုးပဲ ဖြစ်တယ် ။

ဆိုတော့ -
လူ့အခွင့်အရေး မယ်မယ်ကြီးဟာလည်း အစကတည်းကယဉ်သကိုဆိုသလို မြန်မာပြည်ကို မည်သည့် အကြောင်း
နဲ့ မည်သို့ ပိတ်ဆို့ ပိတ်ဆို့ ဒါဟာ ဒီမိုကရေစီ ဖော်ဆောင်မှု ၊ လူ့အခွင့်အရေး ကြိုးပမ်းမှု ဖြစ်ပါတယ်လို့ ခံယူထား
တာနဲ့ အညီ အိုကေ !!! အောရိုက် !!! ဆိုတာလောက်နဲ့ပဲကုလ နဲ့ ကုလား ပူးပေါင်း လက်ဝါးရိုက် လုပ်ကြံနေမှုကို
အသိအမှတ်ပြုလိုက်မှာပဲ ဖြစ်တယ်လို့ ယူဆရတယ် ။ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ကလည်း လူ့အခွင့်
အရေး မယ်တော်ကြီး ခွင့်ပြု ထောက်ခံနေပါတယ် ဆိုပြီး -ကမ္ဘာ့နိုင်ငံအချို့အပေါ် ချပြလို့လည်း ကောင်းမွန် စေမှာ
ဖြစ်ပါတာက တကြောင်း ၊ မယ်မယ်ကြီး နှာစေး တာကိုဝိုင်းဝန်းဖာထေး နှာစေး နေကြဦးမယ့် မယ်မယ့် ရဲ့သား
သမီးတွေရဲ့ကုလအပေါ် ကန့်ကွက်လာမယ့်အင်အားကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်တယ် မဟုတ်လားဗျာ ။
-
ဒါကြောင့်လည်း အတိုက်အခံအင်အားစုတွေဟာ ဘင်္ဂလီအရေးမှာ ရခိုင်ပြည်သူတွေဘက် ရှိမနေပါဘူး ဆိုတာ -
ကန်တားနွား ကိုယ်စားလှယ် ဖြစ်ခဲ့စဉ်ကတည်းက မြင်ခဲ့ကြရတာပဲ ဖြစ်တယ် ။
-
ဦးယဉ်ကျေး

သာလယံဇရပ်မဟုတ်တဲ့ ကျုပ်တို့အိမ်



၂၀၁၀ ရွေးကောက်ပွဲနဲ့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒ အတန်အသင့် ပြန်လည်ခေါင်း ထောင်ထလာတယ်လို့ ဆိုနိုင် မယ်ထင်ပါတယ်။ အတန်အသင့်လို့ ဆိုရတာက အမျိုးသားရေးအခြေခံတဲ့ အဖွဲ့အ စည်းတွေထဲမှာ တချို့တလေ အစွန်းရောက်ပြင်းထန်တာ ရှိကောင်း ရှိနိုင်ပေမဲ့ အများစုဟာ ဒီကနေ့ လူတချို့ စွပ်စွဲနေသလို အစွန်းရောက် အမျိုး သားရေးဝါဒီ (Radical Nationalist) တွေ မဟုတ်လို့ပါပဲ။

အမျိုးသားရေးဝါဒီတွေဆိုတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မလေးစားတဲ့သူတွေ၊ အမြင်ကျဉ်းမြောင်းတဲ့သူတွေ၊ အာဏာရှင် အစိုးရအကြိုက် လုပ်နေသူတွေလို့ အမျိုးသားရေးဝါဒကို တိုက်ခိုက်သူတွေက စွပ်စွဲပြောဆိုကြပါတယ်။ လူမျိုး၊ ဘာသာပေါ် အ ခြေခံတည်ဆောက်တဲ့နိုင်ငံတွေက ပြည်သူတွေဟာ သာယာဝပြောမှုဆိုတာကို မခံစားကြရဘူးလို့ အကိုး အကားတွေနဲ့ ပြောပါ တယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာက လူမှုရေးတည်ဆောက်ချက်တစ်ရပ်မျှသာ ဖြစ်တဲ့အတွက် ဒါကို အမှန်တရား တစ်ခုလို ဖက် တွယ်ထားမယ်ဆိုရင် နာဇီလက်သစ်ပုံစံဖြစ်သွားနိုင်တယ်လို့တောင် ဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအများစုနေတဲ့ အနောက်နိုင်ငံတွေဟာ ခရစ်ယာန်ဘာသာ ကို ရှေ့တန်းတင်ထားတာ မဟုတ်ဘဲ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်မှု ကို ပြည်သူ
တွေကို ပေးအပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကနေ့ အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့သူ တစ်ယောက်မှ နိုင်ငံတော်သမ္မတဖြစ် မလာသေး ပါဘူး။ ဒေါ်လာငွေမှာ In God We Trust ဆိုတဲ့စာသား ရိုက်နှိပ်ထားသလို တက်လာတဲ့ သမ္မတိုင်းကလည်း ခရစ်ယာန်ဘာသာဝင်တွေချည်းဖြစ်ပါတယ်။ ဒီကနေ့ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီအကြောင်းပြောရင် အနောက်နိုင်ငံတွေ ဘယ်လောက်အထိ တရားမျှတတယ်၊ လွတ်လပ်ပါတယ်ဆိုတဲ့ အ ကြောင်း စီကာပတ်ကုံးပြောနေတဲ့ သူတွေဟာ ခရူးဆိတ်စစ်ပွဲကိုမေ့နေလို့ဖြစ်ပါလိမ့်မယ်။

မြန်မာတွေရဲ့ အမျိုးသားရေးဝါဒကို နာဇီဝါနဲ့ နှိုင်းယှဉ်ပြောလို့ မရပါဘူး။ နာဇီတွေက ဂျူးခြောက်သန်းလောက်ကို သတ်ဖြတ်ခဲ့တဲ့ “ဟိုလိုကပ် ”ံ The Holocaust ဖြစ်စဉ် မျိုး မြန်မာ့ သမိုင်းမှာ မရှိသလို မြန်မာအမျိုးသားရေးဝါဒီတွေဟာလည်း နာဇီလက် သစ် တွေ မဟုတ်ပါဘူး။ မြန်မာတွေဟာ မိမိ အမျိုး၊ ဘာသာ၊ သာသနာကိုသာ ရှင် သန်ကြီးထွားခွင့်ပေးပြီး တခြားဘာသာ၊ သာသနာ ကို မုန်းတီးစိတ်နဲ့ ရှင်သန်ခွင့်မပေးတဲ့ လူမျိုးမဟုတ်ပါဘူး။

မြန်မာတွေ ဘယ်လောက်သဘောထားကြီးတယ်ဆိုတာ ပေါ်တူဂီတွေလို ရန်သူ ကိုတောင် ချမ်းသာပေးပြီး နေရာချပေးခဲ့တာ သမိုင်းသက်သေရှိပြီးသားပါ။ အမျိုး သားရေးဆိုတဲ့စကားလုံးကို အတော်နားကြားပြင်းကပ်နေပုံရတဲ့သူတွေက ဗုဒ္ဓဘာသာ ဗဟိုပြုအမျိုးသားရေးစိတ်ဓာတ်တွေ ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံတရားတော်တွေနဲ့ သက်ဆိုင်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘယ်သူ ဘယ်ဝါဆိုပြီး လူတွေကိုခေါင်းစဉ်တပ်ခွဲခြားခြင်းဆိုတဲ့ ပညတ်အပေါ်မှာ အခြေစိုက် တာဖြစ်ပြီး ဗုဒ္ဓရဲ့ တရားတော်တွေကတော့ ပညတ်ကို ဖယ်ခွာပြီး ပရမတ်သဘော ကို မြင်အောင်ရှုကြည့်ခိုင်းတဲ့ တရားတော်တွေ ဖြစ်နေလို့ပါပဲလို့ ဆိုပါတယ်။ ရုတ်တရက် ဖတ်လိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး အစုအဝေးကြီးလို့ ချက်ချင်းပြေးမြင်ယောင်မိမတတ်ပါပဲ။

သုတမယ၊ စိန္တာမယ၊ ဘာဝနာမယဆိုပြီး သုံးမျိုးရှိတဲ့အနက် ဘုရားဟော ပညတ်/ ပရ မတ်သဘောကို ဘာဝနာမယဆိုတဲ့ ဝိပဿ နာပွားများအားထုတ်မှုမရှိဘဲ စာအုပ်၊ စာပေ
တွေက တဆင့်လေ့လာသိရှိတဲ့ သုတမယ၊ ဆင်ခြင်တွေးကြံပြီးသိတဲ့ စိန္တာမယတွေနဲ့ ကိုယ်လိုရာအဓိပ္ပာယ်ဆွဲဖွင့်လို့မရပါဘူး။ ပညတ်ကိုလည်း ညတ်တတ်ပါစေ၊ ပရမတ် ကိုလည်း မတ်တတ်ပါစေ ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အဲဒီလိုပဲ ပရမတ် ကိုမသိရင် နိဗ္ဗာန်မရဘူး၊ ပညတ်ကိုမသိရင် ငရဲကျတတ်တယ်ဆိုတဲ့စကားလည်း ရှိပါတယ်။

ပရမတ်သဘောနဲ့ကြည့်ရင် လောကမှာ ငါ၊ သူ၊ တစ်ပါး၊ ယောက်ျား၊ မိန်းမဆိုတာမရှိဘူး၊ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးသာရှိတယ်ဆို တာ မှန်ပါတယ်။ တရားအားထုတ်မယ့်ယောဂီ တစ်ယောက်အနေနဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးတို့၊ စိတ်၊ စေတ သိက်၊ ရုပ်၊ နိဗ္ဗာန် တို့ စတဲ့ပရမတ်တရားတွေကို သိဖို့လိုပါတယ်။ ဒါမှသာ နိဗ္ဗာန်ရောက်ကြောင်းတရားကို မှန်မှန်ကန်ကန် ကျင့်ကြံအားထုတ်နိုင်မှာပါ။

တစ်ပြိုင်တည်းမှာပဲ ပညတ်တရားတွေ ကိုလည်း သိဖို့လိုပါတယ်။ လောမှာ ပရမတ်သ
ဘောအရ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးသာ ရှိတယ်ဆိုပေမဲ့ ပညတ်သဘောနဲ့ကြည့်ရင် ကျွန်တော်တို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိခင်၊ ဖခင်ဆိုတာရှိပါတယ်။ အဖေ အမေဆိုတာ မရှိပါဘူးကွာ၊ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးတွေပါပဲ သွားလုပ်လို့မရပါဘူး။ ဒီလောက်ဆိုရင် ကျွန်တော် ဘာကိုဆိုလို သလဲဆိုတာ ရိပ်စားမိလောက်ပါပြီ။

ထပ်ပြောပါ့မယ် ပရမတ်မသိရင် နိဗ္ဗာမရပါဘူး၊ ဒီလိုပဲ ပညတ်မသိရင်လည်း ငရဲကျ တတ်ပါ တယ်။ ဒီ့ထက်ရှင်းအောင်ပြောရရင် ပညတ်ကိုမသိရင် ပဲဖူးရိုးမထဲမှာ ဖခင် အရင်းဖြစ်တဲ့ ရဲဘော်ဌေးရဲ့ လည်မြိုကို တုတ်နဲ့ရိုက် သတ်ခဲ့တဲ့ ခေတ်သစ်အဇာတသတ် ဖိုးထူးလိုလူမျိုးဖြစ်သွားပါလိမ့်မယ်။

အမျိုးသားရေးဝါဒီတွေကို တိုက်ခိုက်ချင်တာနဲ့ မြင်မြင်သမျှ ပရမတ်ဆိုပြီးရောချလို့ မရပါ ဘူး။ မြင်မြင်သမျှ ပရမတ်ဆိုရင်လည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ လုပ်မနေပါ နဲ့တော့။ ပိဋကတ်သုံးပုံထဲမှာလည်း အမျိုးသားရေးနဲ့ ပတ်သက်ပြီး ညွှန်းဆိုမှု တွေမပါဘဲ ပုဂ္ဂလပညတ်တွေကို ပရမတ္ထသဘောကိုသာ မြင်အောင်ပြထားတယ်လို့ဆိုပါတယ်။ အင်မတန်ချိုမွှေးပြီး အနံ့အရသာ နဲ့ပြည့်စုံလှတဲ့ ဗန္ဓရသရက်ပင်ဘေး မှာ ခွေးတောက်ပင်
တွေ လာစိုက်လို့ ခါးသွားတဲ့အကြောင်း သုတ္တန်တွေမှာပါပါတယ်။ ရှာဖတ် ကြည့်ပါလို့ သာ ပြောချင်ပါတယ်။

အမျိုးသားရေးဝါဒီတွေဟာ အမျိုးသားရေးအကြောင်းပြချက်နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို ဘေးချိတ်ရမယ်လို့ ဘယ်သူမှ မ ပြောကြပါဘူး။ အမျိုးသားရေးကို မျက် ကွယ်ပြုနေတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တချို့ကသာ ကိုယ့်ဘာသာ အိုးမလုံအုံပွင့်နေကြ တာ ဖြစ်ကောင်းဖြစ်မှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီလိုချင်ပါတယ်။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်မှလည်း နိုင်ငံတိုးတက်မယ်ဆိုတာသိပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုချင် တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အဲဒီခေါင်းစဉ်တွေကိုရှေ့တန်းတင်ပြီး အမျိုးသားရေး ကို ပစ်ပယ်တဲ့ ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။

ကျွန်တော်တို့လိုချင်တဲ့အမျိုးသားရေးဆိုတာ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ ကို စောင့်
ရှောက်ပြီး တခြား အမျိုး ဘာသာ၊ သာသ နာကို သင်းကွပ်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသား
ရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုး၊ ဘာသာ၊ သာ သနာကို တခြားသူတွေလာပြီး စော်ကား၊ နှောက်ယှက် ဖျက်ဆီးခြင်း မပြုနိုင် အောင်လို့ အမြဲသတိရှိရှိကာကွယ်ဖို့ လှုံ့ဆော်တိုက် တွန်းတဲ့ အမျိုးသားရေးပါ။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဟာ ခံစစ် Defensive ပါ၊ တိုက်စစ် Offensive မဟုတ်ပါ။

အမျိုးသားရေးဝါဒပြင်းထန်လွန်းအားကြီးလာရင် အစွန်းရောက်အမျိုးသားရေး ဝါဒီတွေ ဖြစ်သွားနိုင်သလို လစ်ဘရယ်ဝါဒ အစွန်း ရောက်လွန်းရင်လည်း အုတ်ရောရော ကျောက်ရောရောနဲ့ သာလယံဇရပ်တိုင်းပြည်ဖြစ်သွားမှာပါ။

ဇရပ်က ဇရပ်ဖြစ်ပြီး အိမ်က အိမ်ပါ။ ဇရပ်နဲ့အိမ် ထပ်တူပြုလို့မရပါ။ ဘယ်လိုလူမျိုးကမှ ကိုယ့်မိဘဘိုးဘွားအမွေပေးခဲ့တဲ့ ဘိုးဘွားပိုင်အိမ်ကို ငါကတော့ လစ် ဘရယ်သမားကွ၊ ပွင့်လင်းမြင်သာမှုရှိတယ်ဆိုပြီး လေးဘက် လေးတန် နံရံတွေဖွင့်ပြီး ဇရပ်လုပ်မပစ်ပါဘူး။
ဒီလိုပဲ နေစရာမရှိဘဲ ဒုက္ခရောက်နေလို့ ကိုယ့်ခြံဝင်းလေးထဲမှာတဲထိုးနေ ခွင့်ပြုထား တဲ့သူက ကိုယ့်အိမ်ထဲမှာနေရင်းကြာတော့ ကိုယ့်အိမ်ထင်လာပြီး အမွေလုဖို့ကြိုးပမ်း လာတာကို လူ့အခွင့်အရေးပဲလို့ ဘယ်ခြံရှင်၊ အိမ်ရှင်ကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။

စကား လေးတစ်ခု ကြားဖူးမယ်ထင်ပါတယ်။ အချစ်မပါတဲ့ လိင်ကိစ္စဟာ ရုန့်ရင်းကြမ်း တမ်းပြီး လိင်ကိစ္စမပါတဲ့အချစ်ဆိုတာ စိတ်ကူးယဉ် ဆန်လွန်းပါသတဲ့။

ဒီလိုပဲ ဒီမိုကရေစီမရှိတဲ့အမျိုးသားရေးဟာ အာဏာရှင်ဆန်လွန်းသွားနိုင်ပြီး အမျိုး သားရေးမပါတဲ့ ဒီမိုကရေစီဟာကတော့ သာလ ယံဇရပ်နဲ့တူသွားနိုင်တာပါပဲ။

ကျွန်တော်တို့အိမ်လို့ ခေါ်ဆိုနိုင်တဲ့ အမိမြန်မာနိုင်ငံဟာ သာလယံဇရပ် တစ်ဆောင် မဟုတ်ပါဘူး။ ဒီ မြေ ဒီရေဟာ ကျွန်တော်တို့ မိဘ၊ ဘိုးဘွားတွေ ပေးခဲ့တဲ့ အမွေပါ။

အရင်းအနှီးက ခေတ်အဆက်ဆက် ပေးခဲ့ရတဲ့ အသက်၊ ဝိ ညဉ်တွေပါ။ သာလယံ ဇရပ်တစ်ဆောင်ဖြစ်မသွားအောင် ထိန်းသိမ်းထားပေးတဲ့ အရာကတော့ အမျိုးသားရေး ပါပဲ။

ဟုတ်ကဲ့ မှတစ်ပါး အခြားမရှိပါခင်ဗျား…။

ရဲကျော်သူရ
စာညွှန်း - လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ် အထူးထုတ် အမှတ်စဉ် (၂)

အလ္လာဟ်ကို စော်ကားသဖြင့် ဆီးရီးယားဗလီဆရာတစ်ဦးကို အိုင်ဆစ်မှ ခေါင်းဖြတ်သတ်

သောကြာ၊ ဇန်နဝါရီ ၉၊ ၂၀၁၄

အိုင်ဆစ်မှ ဆီးရီးယားဗလီဆရာတစ်ဦးကို "အလ္လာဟ်အား စော်ကားမှု" ဖြင့် ကြာသပတေး(ဇန်နဝါရီ ၈)နေ့က ခေါင်းဖြတ်သတ်လိုက်သည်။ 

ကြာသပတေးနေ့ နံနက်အာရုဏ်တက်အချိန်က ဆီးရီးယားမြောက်ပိုင်း ဟာ့ဆခါစီးတီးအနီး၊ အဘူခူယွတ်ကျေးရွာရှိ ဗလီမှ ဗလီဆရာကို အိုင်ဆစ်မှ သုတ်သင်လိုက်ခြင်း ဖြစ်သည်။ 

ထိုဗလီဆရာ၏ သားသုံးယောက်မှာ အိုင်ဆစ်တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး ယခုဖြစ်ရပ်သည် ဂျီဟာ့ဒစ်များမှ ဘာသာရေးအကြီးအကဲတစ်ယောက်ကို "အလ္လာအား စော်ကားမှု" ဖြင့် သုတ်သင်လိုက်သော ပထမဆုံး စီရင်မှုဖြစ်သည်။ 

အိုင်ဆစ်တို့မှ လူအများအား သုတ်သင်မှုများကို ရိုက်ကူးထားသော ဗွီဒီယိုအား ကြည့်နေရင်း ထိုဗလီဆရာမှ "အလ္လာဟ်ခွင့်ပြုလို့ ဖြစ်ရတာကွာ" ဟု ကြိမ်ဆဲမိသဖြင့် ယင်းသို့ သုတ်သင်ခံရခြင်း ဖြစ်သည်။ 

အိုင်ဆစ်သည် နေ့စဉ်လောက်နီးနီး ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းထိန်းချုပ်ခံနယ်မြေအတွင်း၌ သုတ်သင်မှုများကို ပြုလုပ်လေ့ရှိသည်။ 

အီရတ်၌ အခြေတည်ပြီး ၂၀၁၃ နွေဦးတွင် ဆီးရီးယားပြည်တွင်းစစ်၌ ပါဝင်လာသော အိုင်ဆစ်အဖွဲ့သည် ကမ္ဘာ့အဆိုးဝါးဆုံး အလွဲသုံးစားမှုများကို ကျူးလွန်ထားသည်။ 

- See more at: http://www.dailystar.com.lb/…/283428-isis-beheads-syria-ima…

မျိုးမင်းသန့်

အနှိမ်ခံမြန်မ့ာခွေးများ



ယနေ့အချိန်တွင် မြန်မာနိုင်ငံမှခွေးများသည် ခွေးခြင်းတူသော်လည်း ပြည်ပမှခွေးများလောက် မျက်နှာသာပေးခြင်း မခံရဖြစ်နေပါသည်။အဆို ပါပြည်ပမှာလာသောခွေးများမှာ အစာရေစာပေါများရုံ
သာမက ရေချိုးပေးခြင်း၊ အမွှေးနံသာများလိမ်းခြယ်ပေးခြင်း၊ စိန်ရတနာများ ၀တ်ဆင် ပေးခြင်းစသည့်အပြင် အချို့ဆိုလျှင် ကားများပင်ဝယ်ပေးထားကြရာ ၄င်းတို့၏ အဆင့်အတန်းမှာ လွန်စွာပြည့်စုံနေပါသည်။ သို့သော် သေချာစာလေ့လာကြည့်ပါက ၄င်းတို့အနေဖြင့် မြန်မာခွေးများကို မမီသည့် အချက်များစွာ ရှိနေပါသည်။ကျွေးသည်ဖြစ်စေ၊ မကျွေး သည်ဖြစ်စေ သခင့်အပေါ်အချစ်မပြယ်ပဲ တာဝန်ကို ကျေပွန်စွာဖြင့် အနားမှမခွာ စောင့်ရှောက်လျက်ရှိသည်မှာ မြန်မာခွေးများပင်ဖြစ်ပါသည်။ ခြံကိုလုံအောင်စောင့်တယ်၊ သခင့်စည်းစိမ်တွေကို တစ်ခုမှ အပွန်းအပဲ့မခံပေမဲ့ သူတို့အပေါ်တန်ဖိုးထားမှုကတော့
နိုင်ငံခြားခွေးများနှင့်ယှဉ်လျှင် မိုးနှင့်မြေလိုကွာခြားနေပါသည်။ထို့ကြောင့် ခွေးအခွင့်ရေး ဆုံးရှုံးနေရမှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ခံစားချက်များ ရှိနေ မည်ကို သိရှိလိုသောကြောင့် အောင်နက်ဟု
အမည်ရသော ခွေးတစ်ကောင်နှင့် ကေတီဗီသတင်းထောက်ကိုစောထက်ဆွေဦးတို့ အင်တာနက်အပေါ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါသည်--

မေး--မင်္ဂလာပါ အောင်နက်ရေ

ဖြေ- ဟုတ်ကဲ့ ကျွန်တော်လည်း မင်္ဂလာပါဗျာ- မိဘပြည်သူများအားလုံးကိုလည်း နှုတ်ခွန်းဆက်သပါတယ်။

မေး--ဒီနေ့အချိန်မှာ ခင်ဗျားတို့အခြေအနေနဲ့ ပြည်ပခွေးတွေရဲ့အခြေအနေတွေက အများကြီးကွာခြားနေ
တယ်နော်အဒီအပေါ်ဘယ်လိုများခံ စားမိသလဲဦးစွာသိလိုပါတယ်။

ဖြေ-- ဟုတ်ကဲ့ပါ ပြည်ပကခွေးတွေနဲ့ ကျွန်တော်တို့ခွေးတွေက ရုပ်ပိုင်းဆိုင်ရာအရ လွန်စွာပဲခြားနားနေပါတယ်။ဒါပေမဲ့စွမ်းဆောင်ရည်ပိုင်း မှာတာ့ သူတို့အထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကို မမက်မောပေမဲ့ လူတွေရဲ့ အလေးထားမှုကို မရ တာတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။

မေး--ခင်ဗျားတို့ရဲ့ ပြည်ပခွေးတွေထက်သာလွန်တဲ့အချက်တွေကိုလည်း အနည်းငယ်ပြောပြပေးပါဦး။

ဖြေ- ဒါတွေကို အလွယ်တကူသိနိုင်တာပဲဗျာ ဥပမာ၊ ခြံကိုလုံခြုံအောင်စောင့်ရှောက်ပေး
တယ်။ရန်သူလာရင်ရဲရဲရင့်ရင့်ရင်ဆိုင်ပေးတယ်၊ ခိုင်းသမျှမငြီးမငြူလုပ်ပေးတယ်၊ သခင့်အလိုကျဘာမှာ
ငြင်းပါတယ်မရှိဘူး။ အဓိကအားသာချက်က ကြမ်းကြမ်း တမ်းတမ်း နေနိုင်စားနိုင်တယ်။ဒါတွေ
က ပြည်ပခွေးမှာတွေ့ဖို့မဖြစ်နိုင်ဘူးနော်။

မေး-- ဟုတ်ပါတယ်ဗျာ။ဒါပေမဲ့ လူတွေက ခင်ဗျားတို့ထက် ပြည်ပခွေးတွေကိုပဲ ပိုပြီးတန်ဖိုးထားနေကြတယ်။ဒါက ရောဘယ်လိုကြောင့် လို့ထင်ပါသလဲ။

ဖြေ- ဒါတွေကခေတ်ရဲ့ တောင်းဆိုမှုကြောင့် လို့ပဲ မြင်မိပါတယ်။ ဒီနေ့အချိန်မှာ လူတွေကခွေး(သို့) animals တွေကို မွေးတာဟာ အသုံး ၀င်မှုထက် ဖက်ရှင်လိုသဘောထားလာကြတာပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတွေကို ပိုပြီးအလေးထားလာကြတယ်။သူတို့တွေက လူနဲ့အတူ မွေ့ရာတို့ ကုတင်တို့နဲ့ အိပ်နိုင်ကြတယ်။ကျွန်တော်တို့က လာဘ်တိပ်တယ်ဘာတယ်နဲ့ အိမ်ပေါ်များ ယောင်ပြီးမတက်
လိုက်နဲ့ သေ သွားမယ်မှတ်ထား၊ ဒါပေမဲ့ ခွေးကခွေးပါပဲဗျာ။

မေး-- ဒါပေမဲ့ ခင်ဗျားတို့က တွေ့ရာမှာနေတယ်၊ တွေ့ကရာစားတယ်၊ ရောဂါထူပြောတယ်၊ သားတွေကလည်း အရမ်းပေါက်တယ်လို့ လူတွေက ဝေဖန်နေကြတယ်လေ။ ဒီလိုဝေဖန်မှုတွေကိုရော ခင်ဗျားကဘယ်လိုတုံ့ပြန်ပြောကြားလိုပါသလဲ။

ဖြေ- ဒါကတော့ လူတွေက မတရားပြောကျတာပဲဗျာ။ ခွေးတွေစည်းကမ်းရှိအောင်လုပ်ရမှာ လူတွေမှာ အဓီကတာဝန်ရှိတာပါ။လူတွေကိုယ် တိုင်ကရော ကျွန်တော်တို့ကို နေရာသတ်သတ်မှတ်မှတ်ထား၊ အစာသတ်သတ်မှတ်ကျွေးပြီးကာကွယ်ဆေးပုံမှန်ထိုးပေးလို့လား၊ ပြည်ပကဈေးကြီးပေးဝယ်ထားတဲ့ ခွေးကျ
တော့ဒီလိုမဟုတ်ဘူးလေ၊ သားတွေအရမ်းပေါတ်တယ် ဆိုတာလည်း တားဆေးတွေဘာတွေထိုးပေး
လို့ရပါတယ်။ အဓိကတန်ဖိုးထားမွေးမဲ့ သခင်ပဲလိုတာပါ။ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ စွမ်းဆောင်ရည်တွေက မနိမ့်ကျပါဘူးဗျာ။

မေး--ဒါဆို ဒီနေအချိန်မှာ လူတွေကခင်ဗျားတို့အပေါ် လုံးဝတန်ဖိုးမထားတော့ဘူးလို့ဆိုချင်တာလား။

ဖြေ- ဒီလိုတော့မဟုတ်ဘူး ရုပ်ရှင်စကားနဲ့ပြောရရင် ကျွန်တော်တို့တွေကနယ်ကြိုက်မင်းသားတွေပါ။ မြို့ပြတွေမှ လုံးဝနေရာမရပဲ ခွေးဝဲစားဘ၀နဲ့ အသက်ဆုံးရှုံးရတာများပေမဲ့ နယ်တွေမှာတော့ ကျွန်တော်တွေက တန်ဖိုးထားခံနေရဆဲ့ဖြစ်ပါတယ်။မြို့ ပြမှာရှင်သန်ရပ်တည်ရတဲ့ခွေးတွေရဲ့ဘ၀တွေက အရမ်းကိုခက်ခဲလွန်းပါတယ်ဗျာ၊ အားထားစရာဆိုလို့ မြို့အစွန်က ဘုန်းကြီးကျောင်းတွေပဲရှိတယ်။
ကျန်တဲ့နေရာမှာ ဖြစ်သလိုနေဖြစ်လိုစား ဘ၀နဲ့ပဲရုံးကန်နေကြရတာပါ။ဘယ်သူမှလည်း မစာနာကြဘူး ခွေး
တစ်ကောင်ရဲ့တန်ဖိုးကလည်း အရမ်းကို နိမ့်ကျရပါတယ်။မြို့ပြဒေသတွေတိုးလာတာနဲ့အမျှ ကျွန်တော်တို့အတွက် ရပ်တည်ဖို့ခက်ခဲလာမယ်လို့ ခန့်မှန်းမိပါတယ်။

မေး-- နောက်ဆုံးတစ်ခု အနေနဲ့ စာဖတ်ပရိတ်သတ်ကြီးကို ဘာများပြောကြားချင်ပါသလဲ။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကိုလည်း အသိအမှတ်ပြုပေးကြပါ။ ရုပ်ပိုင်းဆိုင်ရာတွေမမက်မောပါဘူး ။ခွေးလို့ အသိအမှတ်ပြုပေးရင်တော်ပါပြီ။စနစ်တကျနဲ့
စည်းကမ်းရှိရှိမွေးရင် ကျွန်တော်တို့တွေဟာ လည်း ပြည်ပခွေးတွေထက်မနိမ့်ကျပါဘူး။ မည်သို့ပင်ဖြစ်စေ
ကာမူ တန်ဖိုးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ မြန်မာခွေးတစ်ကောင်ရဲ့ ရှိရင်းစွဲစွမ်းဆောင်ရည်များဖြစ်တဲ့ သခင်အပေါ်ချစ်ခင်မြတ်နိုင်းခြင်း၊စောင့်ရှောက်ကာကွယ်ခြင်း ကြုံရာစားပြီး အကြမ်းတမ်းခံနိုင်မှုတွေက ပျောက်ပျက်မသွားပါဘူး။အသိ 

အမှတ်ပြုတန်ဖိုးထားပေးကြပါလို့။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

Credit- Yan Naing Soe

စာပေ ကင်ပေတိုင်နှင့် အလိုတော်ရိ လက်သစ်များ

ကာတွန်းဆရာ အော်ပီကျယ်၏ ကျော်ကြားခဲ့သော ကာတွန်းတစ်ကွက်ကို သတိရသည်။ အဆိုပါ ကာတွန်းတွင် လယ်သမားတစ်ဦးသည် ထော့နင်းထော့နင်းဖြင့် လျှောက်လာသော နွားတစ်ကောင်ကို ဆွဲလာသည်။ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် တွေ့သည့်အခါ သူ၏နွားကို ဆေးကုပေးရန် ပြောသည်။ ဆရာဝန်က “ဘာဖြစ်တာလဲ” ဟု မေးသည်။ လယ်သမားက သူ၏နွားသည် ကျပ်ခိုးစင်ပေါ်တက်ကာ ကြွက်ခုတ်သောကြောင့် ခြေထောက်ကျိုးသွားကြောင်း ပြောပြသည်။ ထိုအခါ ဆရာဝန်က “နွားက နွားအလုပ်မလုပ်ဘဲ ကြောင်အလုပ် သွားလုပ်တာကိုး၊ ကျိုးတာတောင် နည်းသေးတယ်” ဟုဆိုကာ အခု သူမအားသေးကြောင်း ပြောသည်။ လယ်သမားက “ဆရာ ဘာဖြစ်လို့ မအားတာလဲ” ဟု မေးသည့်အခါ ဆရာဝန်က “ငါ တံတားဖွင့်ပွဲ သွားရဦးမယ်” ဟု ပြန်ဖြေသည်။

အဆိုပါ ကာတွန်းကို အမှတ်ရမိခြင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) က အခကြေးငွေပေးကာ စာနယ်ဇင်းများတွင် လိုက်လံထည့်သွင်း ဖော်ပြနေသော ကြော်ငြာကို တွေ့မိသောကြောင့် ဖြစ်သည်။ အဆိုပါ ကြော်ငြာတွင် “သင်ဖတ်နေသော သတင်းများသည် မှားယွင်းသော ဖော်ပြချက်တွေလား၊ သင်ဖတ်နေသော သတင်းများသည် မခိုင်မာသော ကိုးကားချက်တွေ ထည့်သွင်းထားသလား၊ မီဒီယာမှာ ဖော်ပြမှုကြောင့် သင်၏ဂုဏ်သိက္ခာ ထိခိုက်နေပါသလား၊ စာဖတ်သူများက နစ်နာမှုနှင့် မကျေနပ်မှု တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာ သတင်းဌာန (သို့မဟုတ်) မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါသည်” အစရှိသော ရေးသားချက်များ ပါဝင်ပြီး ကြော်ငြာ၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ လိပ်စာကိုလည်း တွဲလျက် ဖော်ပြထားသည်။

မဆလခေတ်နှင့် စစ်အစိုးရခေတ် တစ်လျှောက်လုံး စာနယ်ဇင်းများသည် စာပေစိစစ်ရေးကို ဖြတ်သန်းပြီးမှသာ ထုတ်ဝေခွင့်ရခဲ့ပြီး စာနယ်ဇင်းများသည် စာပေစိစစ်ရေး၏ အမျိုးမျိုး ဖိနှိပ်ကန့်သတ်မှုများ အောက်၌သာ အလုပ်လုပ်ခဲ့ရသည်။ စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of Press) ကို ထိန်းချုပ်ရန် ထားရှိသည့် စာပေစိစစ်ရေး အဖွဲ့သည် စာပေကင်ပေတိုင်ဟု နာမည်ကြီးခဲ့သည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပါသည်ဟု ဆိုသော ယခုအခါတွင် အဆိုပါ စာပေကင်ပေတိုင် အဖွဲ့သည် နိုင်ငံတကာ အမြင်၌ မတင့်တယ်တော့သောကြောင့် ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် အာဏာရှင်စိတ် မကုန်သေးသော သက်ဆိုင်ရာ အာဏာပိုင် အချို့သည် စာနယ်ဇင်းများကို တခြားနည်းလမ်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလာကြပြန်သည်။ အချို့ကလည်း ‘မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ’ ဟူသည့်အတိုင်း စာနယ်ဇင်းများကို လွတ်လပ်ခွင့် အပြည့်အဝ ပေးလိုက်ပါက မိမိတို့၏ မကောင်းမှုများအတွက် ဆိတ်ကွယ်ရာမရှိ ဖြစ်သွားမည်ကို စိုးရိမ်ကြသည်ကလည်း တစ်ကြောင်းကြောင့် ဖြစ်သည်။

စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း စာနယ်ဇင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းလာပြန်သည်။ စာနယ်ဇင်းကောင်စီဟူသည် စာနယ်ဇင်းများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်လျက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် စာနယ်ဇင်းကောင်စီသည် Freedom of Press ကို ကာကွယ်ရမည်ဖြစ်သည်။ မိမိအလုပ်ကို မလုပ်ဘဲ အဘယ့်ကြောင့် စာနယ်ဇင်းများအား တစ်ဖက်လှည့်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းခြင်း၌ တက်ကြွစွာ ပါဝင်နေရသနည်း။ စာနယ်ဇင်းများကို ကာကွယ်ရန် ထည့်ဝင်ထားကြသော ရန်ပုံငွေများကို အဘယ့်ကြောင့် စာနယ်ဇင်းများကို နှိပ်ကွပ်ရန် သုံးစွဲနေရပါသနည်း။

စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် မိမိ၏ အလုပ်အမှန်ကို အမြန်ဆုံး ပြန်လည်သိရှိလျက် အချိန်မီ ထိန်းသိမ်းခြင်းဖြင့် စာပေကင်ပေတိုင်၏ အလိုတော်ရိအဖြစ် သမိုင်းဆိုး မကျန်ရစ်ပါစေနှင့်ဟုသာ The Daily Eleven သတင်းစာက ဆုတောင်းလိုက်ရပါသည်။ 

အယ်ဒီတာ့ အာဘော်(ELEVEN)

သမ္မတအိမ်တော် တွေ့ဆုံပွဲတွင် ဒေါ်စုနှင့်တိုင်းရင်းသားများ ထိပ်တိုက်တိုး ဟု ဆို Jan 15, 2015



ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော် ဆွေးနွေးပွဲတွင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ထိပ်တိုက်တိုး ခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းရင်းသားကိုယ်စားလှယ်များက တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွား တိုးတက်ရေးက အရေးကြီးကြောင်း ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းသည့်အချက်အလက်များနှင့် ပတ် သက်၍ တိုင်းရင်းသားများ၏ လိုလားချက်များပါဝင်ရေးကို တင်ပြခဲ့ရာ ဒေါ် အောင်ဆန်းစုကြည်က ၄င်းလိုချင်သည့်အချက်ကိုသာ ထည့်သွင်းပေးရန် ပြော ကြားခဲ့သဖြင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။

"ဒေါ်စုက သူလိုချင်တာကိုပဲ ဇွတ်ပြောနေတာ။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် ကို အလေးမထားဘူး။ စိတ်မကောင်းစရာပါပဲ။ သမ္မတဖြစ်ရေးထက်ပိုပြီး အရေး ကြီးတာ ၂၀၁၅ ကိုအေးအေးဆေးဆေးကျော်ဖြတ်နိုင်ဖို့ပဲ။ ပြီးတော့ ပြည်သူ တွေ စီးပွားရေးအဆင်ပြေဖို့အရေးကြီးတယ်။ ဒီမှာပဲ သဘောထားတွေ ကွဲလွဲ တာ။ စိတ်ဆိုးပြီးတော့ နေ့လည်ပိုင်း ဆက်ဆွေနွေးတော့ သူက မပြောတော့ဘူး လုပ်တယ်။ ဒီလိုပွဲမျိုးမှာ ဒါမျိုး မလုပ်သင့်ဘူး လို့ ပြောရမှာပဲ" ဟု တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

တိုင်းရင်းသားကိုယ်စားလှယ် ဦးရေအများဆုံး တက်ရောက်ခဲ့သော ပထမဆုံးတွေ့ဆုံမှုတွင် ယခုကဲ့သို့ ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ>> Irrawaddy
ဗမာ့အသံ


မြန်မာပြည်ကို ဖျက်ဆီးလိုသော အနောက်နိုင်ငံများနှင့် နောက်မြီးဆွဲများ၏ အကြံအစည်



အဘယ်ကြောင့် အမေရိကန် ၊အနောက်ဥရောပ နှင့် ကုလသမဂ္ဂ မှ  ခိုးဝင်ကုလားများ ကို အသည်းအသန် နိုင်ငံသား ဖြစ်အောင် ငွေပေးခြင်း မက်လုံးပေးခြင်း ဖိအားပေးခြင်းများဖြင့်  ရုပ်ပျက် ဆင်းပျက် လှုံ့ဆော် တိုက်တွန်း နေပါဘိသနည်း။ အမှန်တကယ် စေတနရှိပါမူ လူဦးရေနည်းပါးပြီး ဖွံ့ဖြိုးတိုးတက်သော အဆိုပါ တိုင်းပြည် များတွင် ခေါ်ထားပါမူ အလုပ်သမား ရှားပါးမှု လူဦးရေ တိုးတက်မှုနှုန်ျးကဆင်းမှုတို့ကို ကုစားနိုင်မည် ဖြစ်ပါလျက် အဘယ့်ကြောင့်နည်း..... အဘယ့် ကြောင့်နည်း....... အဘယ့်ကြောင့်နည်း.......... အဘယ့် ကြောင့်နည်း

ဒေါ်လာနှင့်မျှားသော သွေးတိုးစမ်းမှု
••••••••••••••••••••••••••••••••••
အမေရိကန် လထ နိုင်ငံခြားရေးဝန်ကြီး အန်းရစ်ချတ် နှင့်ECC အဖွဲ့ဝင် ရခိုင်တို့ စစ်တွေဟိုတယ် စကားဝိုင်းမှ အဓိက အချက်အလက်အချို့

အမေရိကန် -
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရခိုင်လူထုအတွက်စာသင်ကျောင်းများ ၊Training center ( ကျွမ်းကျင်မှု သင်တန်း)များ ၊ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဆောက်အဦများ ၊ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးရေး ၊
ရိတ်သိမ်းခြွေလှည့် နည်းပညာနှင့်စက်ကရိယာများ ၊နယ်စပ်လုံခြုံရေးဆိုင်ရာယာဉှ်နှင့် အစီအမံများ ၊စသည်ဖြင့်
ဒေါ်လာဘီလီယံများစွာအကုန်ကျခံ ကူညီပေးမည်။သို့သော် ......(ဘင်္ဂလီများအားလုံး) ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်။ကုလားမများမွေးဖွားနှုံး ထိန်းချုပ်ပေးမည် ။ဘင်္ဂလီများအား ကျန်းမာရေးစောင့်ရှောင့်မှု ပေးရမည် ။
 ရခိုင် -
အမေရိကန် က အကူအညီပေးမည်ဆို၍ ကျေးဇူးတင်ပါသည် ။နိုင်ငံသားဖြစ်ထိုက်သော ဘင်္ဂလီအချို့ရှိသည်ကို မငြင်းလို ။
သို့သော် (ဘင်္ဂလီအားလုံး)ကို နိုင်ငံသားပေးရမည်ဆိုခြင်းကိုလုံးဝလက်ခံနိုင်ခြင်းမရှိ။ အင်အားပြ စွက်ဖက်ခြင်း သာဖြစ်သည်။အမေရိကန်ဧ၊်အကူအညီသည် နှောင်ကြိုးမလွတ် အကျပ်ကိုင်တောင်းဆိုမှုဟု ယူဆသဖြင့်
ရခိုင်တို့ဘက်က မည်ကဲ့သို့မျှ လက်ခံနိုင်မည်မဟုတ်ပါ ။

Thursday, January 15, 2015

ကမ္ဘာ့ အလားအလာ အကောင်းဆုံး ဈေးကွက် ၄ဝ စာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်

ဓာတ်ပုံ - လှိုင်မျိုးထွန်း
တရုတ်(တိုင်ပေ) ဇန်နဝါရီ ၁၄

တရုတ်(တိုင်ပေ)အခြေစိုက် နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကောင်စီ (TAITRA) က ရွေးချယ်ထားသည့် အလားအလာ အကောင်းဆုံးဈေး ကွက် ၄ဝ စာရင်းတွင် မြန်မာနိုင်ငံ သည် ထိပ်ဆုံးမှရပ်တည်လျက်ရှိ ကြောင်း အဆိုပါ ကောင်စီက သတင်းထုတ်ပြန်ထားသည်။

တနင်္လာ နေ့ကဖော်ပြခဲ့သည့် အလားအလာ ရှိသော ပို့ကုန်ဈေးကွက်စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှရပ်တည် လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မိုဇမ် ဘစ်နိုင်ငံတို့က ဒုတိယနှင့်တတိယ နေရာတို့တွင်ရှိကြောင်းသိရသည်။အဆိုပါစာရင်းတွင် ကမ္ဘာတစ်ဝန်း လုံးရှိ အဓိကဈေးကွက်နိုင်ငံပေါင်း ၈ဝပါဝင်ကာ အွန်လိုင်းတွင်ဖော်ပြ မည်ဟုဆိုသည်။

၂ဝ၁၅ခုနှစ်အတွင်း တိုးတက် ရန် အလားအလာအရှိဆုံး ပို့ကုန် ဈေးကွက် ၄ဝ၌ အာရှမှ ၁၇နိုင်ငံ နှင့် ဥရောပ၊ အမေရိက၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှ ၂၃နိုင်ငံပါဝင်ကြောင်း ဈေးကွက် သုတေသနဌာန တွဲဖက်သုတေသန အရာရှိ ကိတ်ချန်း(Kate Chen)က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့်တိုးတက်ရန်အလားအလာ အရှိဆုံးဈေးကွက်နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ရပ်တည်နေသော်လည်း တရုတ်၊ အမေရိကန်နှင့်အိန္ဒိယနိုင်ငံ တို့က ၂ဝ၁၅ခုနှစ်တွင် တိုးတက်မှု အလားအလာ၊ ဈေးကွက်အတိုင်း အတာနှင့် ခြုံငုံတိုးတက်မှု အဆင့် အမြင့်မားဆုံးနိုင်ငံများဖြစ်ကြသည် ကို တွေ့ရသည်။

 ယင်းနိုင်ငံများ နောက်တွင်ရှိသော နိုင်ငံများမှာ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျာမနီ၊ ဘင်္ဂလားဒေ့ရှ် နှင့်အာရပ်စော်ဘွားများနိုင်ငံတို့ဖြစ် ကြသည်။ အဆိုပါ အလားအလာ ရှိသောနိုင်ငံဈေးကွက်များ၏ စာရင်း သစ်အချက်အလက်ကို တရုတ် (တိုင်ပေ)၏ ပို့ကုန်ဈေးကွက်များ၊ သွင်းကုန်ခွန်များနှင့်ပတ်သက်သည့် အတင်းအချက်အလက်များကို စစ် ဆေးရန် အသုံးပြုနိုင်ရုံသာမက တရုတ်(တိုင်ပေ) ထုတ်ကုန်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု၊ ဈေးကွက် စုံစမ်းရေးနှင့်ဈေးကွက်၏တိုးတက်မှု အလားအလာကို နှုန်းထားသတ် မှတ်ရန်ကိစ္စတို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း (TAITRA) ဈေးကွက် သုတေသနဌာန၏ဌာနမှူး Stephen I.C.Wu က ပြောကြားခဲ့သည်။ သတင်းအချက်အလက်အားလုံး ကို ပုံမှန်အသစ်တင်သွားမည်ဟု ၄င်းကပြောကြားခဲ့သည်။

ကောင်းထွဋ်အောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…