Friday, January 23, 2015

တစ်ဘက်နိုင်ငံမှ ၀င်ရောက် ဓါးပြတိုက်သွားသော အဖွဲ့ကို စစ်တပ်မှ မယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေ


ဇန်န၀ါရီ ၂၃

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းသို့ ၀င်ရောက်ပြီး ဓါးပြတိုက်သွားသော အဖွဲ့တစ်ခုအား စစ်တပ်မှ မေယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟု သတင်း ရရှိသည်။

“ အဲဒီ အဖွဲ့က ဆင်ပိုက်ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား မေယူတောင်မှာ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်က လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကတည်းက အဲဒီဝန်းကျင်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး ရှာဖွေနေပါတယ်” ဟု ချိန်ခါလီ ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းဓါးပြအဖွဲ့မှာ အဒူလာကိန်း ဦးဆောင်သော အဖွဲ့ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ တဆင့် လှေဖြင့် တိတ်တဆိတ် ၀င်ရောက်လာပြီး ချိန်ခါလီကျေးရွာမှ မွတ်ဆလင် ကျောင်းဆရာကြီး ဦးရွှေမောင်နေအိမ်အား ၀င်ရောက် ဓါးပြသွားခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂက ရှုတ်ချပေမယ့် ဂုဏ်ယူပါတယ် – ဦးဝီရသူ

ဆရာတော် ဦးဝီရသူက လွန်ခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးနှိမ်စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသားရှုတ်ချကြဖို့ ကုလသမဂ္ဂက မြန်မာ့ဘာသာရေး၊ နိုင်ငံရေးနဲ့ လူမှုအဖွဲ့ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မစ္စစ် ယန်းဟီးလီ (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်) ကို ဘုန်းဘုန်း ဝေဖန်မိန့်ကြားတာနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေက ကန့်ကွက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းတယ်။ အဲဒါနဲ့ ပတ်သက်လို့ သဘောထား ပြောပြပါဘုရား။
“ဘုန်းဘုန်းလည်း နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို လာပြီး အချုပ်အခြာအာဏာကို ထိပါးရင် ၀ိုင်းဝန်းပြီးတော့ တွန်းလှန်ကြပါလို့။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို တစိမ်းတွေလာရောက် ဖန်တီးတာကို လုံးဝလက်မခံကြပါနဲ့လို့ပဲ သူတို့ကို ပြန်တိုက်တွန်းပါတယ်။”
ဗွီဒီယိုဖိုင်ထဲမှာ တပည့်တော်တို့ တွေ့တာက မစ္စယန်ဟီးလီနဲ့ ပတ်သက်တဲ့ မိန့်ကြားချက်က ဒေါပါသွားသလို ဖြစ်တယ်လို့ နားထောင်မိတယ်ဘုရား။ ဒီအပေါ်မှာ နောင်တ ရမိသလား ဒီ မိန့်ကြား ခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့။ (စကားချပ်- “-သည်မ” ဟု သုံးနှုန်းမိန့်ကြားခဲ့ခြင်း)
“နောင်တရတယ်ဆိုတာကတော့ မဟုတ်တာပြောမှ၊ မမှန်တာပြောမှ၊ မဟုတ်တာလုပ်မှ၊ မမှန်တာ လုပ်မှလေ။ ဦးဇင်းတို့ကျတော့ ဘာသာ၊ သာသနာကို ကာကွယ်တာဆိုတော့ ဒီစကားတခွန်းနဲ့ ကာကွယ်လိုက်နိုင်တယ်၊ ဒီစကားတခွန်းအတွက် အကျိုးရှိတယ်ဆိုလို့ရှိရင် ဦးဇင်းတို့တွေက ဂုဏ်တောင် ယူရဦးမှာလေ။ ဒကာကြီး ဦးဇင်းအနေနဲ့ ၀မ်းမြောက်ဝမ်းသာကို ဂုဏ်ယူပါတယ်။”
စောင့်ကြည့်သူတွေ၊ သုံးသပ်သူတွေ ပြောတာက အရှင်ဝီရသူက မွတ်စလင်ဆန့်ကျင်ရေးကို လုပ်တယ်ပေါ့နော်။ ဟောတယ်၊ အမုန်းတရားတွေ ဖြန့်ချိနေတယ်ဆိုပြီးတော့ စွပ်စွဲ ပြောဆို ရေးသားတာတွေ ရှိတယ်။ ဘုန်းဘုန်းအနေနဲ့ ရိုဟင်ဂျာအစ်ရှူးကို ကိုင်တာလား၊ မွတ်စလင်အစ်ရှူးကို ကိုင်တာလား ဘုရား။ ဘယ်လိုမျိုးလဲ။ သဲသဲကွဲကွဲ မိန့်ကြားပေးပါ ဘုရား။
“ဦးဇင်းကတော့ ဂျီဟတ်ဝါဒီတွေ အကုန်လုံးကို ရည်ရွယ်တာပါ။ မွတ်စလင်အကုန်လုံးကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အစ္စလာမ် အစွန်းရောက်တွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ နောက် ဦးဇင်းတို့နိုင်ငံကို ၇၈၆ ဆိုင်းဘုတ် ထောင်ပြီးတော့ ၀ါးမြိုဖို့ စီမံကိန်းတွေ ရေးဆွဲနေတဲ့သူတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အဲဒီအတွက်ပဲ ရည်ရွယ်တာပါ။ ဦးဇင်းတို့က လူကောင်း သူကောင်းတွေ၊ အေးအေးဆေးဆေးနေတဲ့သူတွေကို မရည်ရွယ်ပါဘူး။”
မန္တလေးတိုင်းသာသနာရေးပုဂ္ဂိုလ်တွေ မစိုးရိမ်တိုက်သစ်ကို မနေ့က လာကြပြီး ဆရာတော်ကြီးကို လျှောက်တာ ဘုန်းဘုန်းကို ပုဒ်မ ၂ ခုနဲ့ စွဲဖို့ လာလျှောက်ကြတာဆိုတဲ့ အကြောင်းအရာ အွန်လိုင်းမှာ တက်လာလို့။ ဟုတ်လားဘုရား။
“မန္တလေးတိုင်းက သာသနာရေးအရာရှိတွေ လာသွားတာတော့ ဟုတ်ပါတယ်။ မနေ့က နေ့ဆွမ်းစားပြီးချိန် ၁၁ နာရီခွဲလောက် လာသွားတယ်။ အဲဒီအကြောင်းအရာတော့ ဦးဇင်းလည်း ဆရာတော်နဲ့ မတွေ့သေးဘူး။ ဆရာတော်လည်း ဦးဇင်းကို ခေါ်ပြောတာတွေ မရှိဘူး။”
သာသနာရေးဦးစီးဌာနက လာတဲ့အရာရှိကြီးတွေက ဘာလာလုပ်တာလို့ ခန့်မှန်း တွက်ချက်မိလဲ။ နိုင်ငံတကာက ဖိအားကြောင့် လာရောက်မေးမြန်း လျှောက်ထားတာကော မဖြစ်နိုင် ဘူးလား။
“အခု အဲလို ယူဆနေကြတာပေါ့နော်။ ဦးဇင်းကလည်း ဆရာတော်ကို မလျှောက်ရဲဘူး။ ဆရာတော်နဲ့ လည်း အခန်းထဲမှာ တွေ့တာဆိုတော့လေ ဘာတွေ ပြောတယ်ဆိုတာ ဦးဇင်းမသိဘူး။”
ဘုန်းဘုန်းတို့ရဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကနေပြီးတော့ သီတဂူဆရာတော်ဘုရားကြီးက မပတ်သက်ဘူးဆိုပြီးတော့ အထူးကြေညာချက် ထုတ်ပါတယ် ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘုန်းဘုန်းတို့ရဲ့ မဘသ အဖွဲ့မှာ အားမယုတ်သွားဘူးလား။ ဘယ်လို မိန့်ကြားချင်လဲဘုရား။
“ဆရာတော်ဘုရားကြီးက သူကိုယ်တိုင် မိန့်ပါတယ်။ ခရီးကပြန်လာတဲ့အခါကျတော့ နုတ်ထွက်တာ မှန်သော်လည်းပဲ လုံးဝပတ်သက်မှု မရှိဘူးဆိုတာကတော့ မဟုတ်ပါဘူးတဲ့။ ဆရာတော်ကတော့ ဦးဇင်းတို့နဲ့ တစိတ်တည်း၊ တ၀မ်းတည်း၊ တသွေးတည်း၊ တသားတည်း ရှိပါတယ်။ အဲဒီအတွက်တော့ ဦးဇင်းတို့က လုံးဝ အားမနည်းပါဘူး။”
ကုလသမဂ္ဂက ထုတ်ပြန်ကြေညာတိုက်တွန်းတာနဲ့ ပတ်သက်လို့ အထူးတလည် မိန့်ကြားစရာ ရှိပါသေးသလားဘုရား။
“ပြောလိုက်ပါ။ ရိုဟင်ဂျာအစ်ရှူးဟာ အစိုးရတခုတည်းရဲ့ သဘောထား မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးရဲ့ သဘောထား ဖြစ်ပါတယ်။ အဲဒီတော့ နောက်နောင် ငြိမ်းချမ်း စေချင်တယ်ဆိုရင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာ မြင်ချင်တယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ အလိမ်အညာ လူမျိုးတမျိုးရဲ့ စကားလုံးကို လုံးဝ မသုံးစွဲမိပါစေနဲ့လို့။”
DVB

Thursday, January 22, 2015

နေမျိုးနွယ် ဂျပန် တို့၏ မူဆလင် များအပေါ် ခါးသီးသည့် ပိတ်ပင် တားမြစ်ချက်များ


၁။ မူဆလင်နိုင်ငံ မှအကြီးအကဲ တစ်ဦး ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် သတင်း ကို သင်
ဖတ်ဖူးကြားဖူးပါသလား။ အီရန်သမ္မတ ခါမေနီဆ်ါဒီဘုရင် အီဂျစ်သမတ မူဘာရက် တို့ ဂျပန်
နုင်ငံသို့ လါရောက်လည်ပတ်လိုကြောင်း သဝဏ်လွှာပို့မှု အပေါ် ချွင်းချက်မရှိ ငြင်းပယ် ခဲ့ တာ ဟာ ဂျပန်နိုင်
ငံရဲ့ မူဆလင်များအပေါ် ထားရှိတဲံ တိကျပြတ်သားသောသဘောထားပင်ဖြစ်ပါသည်။

၂။ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံး နိုင်ငံဖြစ်ခဲ့သော ဂျပန်နိုင်ငံသည်စစ်နိုင်တပ်များနှင့်အတူ ရောက်ရှိလာသော မူဆလင်စစ်သားများကိုမလွဲမရှောင်သာ လက်ခံ ခဲ့ရပါသည်။ မူဆလင်များဟာရောက်ရောက်ချင်း ဗလီများဆေါကိပြီး အစ္စလန်ဘာသာပြန့်ပွါးရေးကို လုပ်ဆေါင်ကြပါတော့သည်။ သို့ရာတွင်
ဂျပန်များ၏ မူဆလင်များအပေါ် ခါးသီး ပြင်းထန်သောဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရပါတော့သည်။

၃။ များမကြာမှီတွင် ဂျပန် အစိုးရ က အေါက်ပါအမိန့်များကို ထုတ်ပြန် ကျေညာပါတော့သည်။

(က) မည်သည့်မူဆလင်မှ ဂျပန်နိုင်ငံသားဖြစ်ခွင့်မရှိစေရ။
(ခ) မညသည့်မူဆလင်မှ အမြဲတန်း နေထိုင်ခွင့် မပေးရ။
(ဂ) မူဆလင် လက်ဆွဲ ကိုရမ်ကျမ်းကို မည်သည့် ဘာသာဖြင့်ထုတ်ဝေသည်ဖြစ်စေ ဂျပန်နိုင်ငံ အတွင်းယူဆေါင်မလါရ
(ဃ)ဂျပန်နိုင်ငံအတွင်း အစ္စလန် ဘာသာပြန့်ပွါးရေး အတွက်မီဒီယာများနှင့် ၄င်း လူရှိသည့်နေရာဖြစ်စေ လူမရှိသည့်နေရာ၌ဖြစ်စေ ဟောပြောမှု မပြုလုပ်ရ။
(င)မည်သည့်ဂျပန် တက္ကသိုလ် တွင်မဆို အာရေဗီရစါပေမသင်ကြားရ။
(စ)လူဦးရေ (127)သန်း ရှိတဲ့ဂျပန်နိုင်ငံ အတွင်း ရှိရင်းစွဲမုဆလင်ဦးရေ (2)သိန်း ထက်မပိုစေရ။
(ဆ)ဂျပန် နိုင်ငံ အတွင်းရှိ ဘာသာ အလိုက် လူဦးရေစါရင်းမှာ
(1) ရှင်တိုဘာသာ 51.8%
(2) ဗုဒ္ဓဘာသာ 34.9%
(3) ရိုးရာ 4%
(4) ခရစ်ယာန် 2.3%
(5) ဘာသာမဲ့ 7%
(6) မူဆလင် 0.02%
(ဇ) ဂျပန်မူဆလင်များသည် ဂျပန်စကားပြောပြီးဂျပန် အဝတ်အစါးများသာဝတ်ဆင်ရမည်
(ဈ)ဂျပန် နိုင်ငံသည်မည်သည့် မူဆလင်နိုင်ငံ တွင်မှသံရုံးမထားရှိသလို မူဆလင်နိုင်ငံများ၏ သံရုံးများ
ကိုလည်း ဂျပန်နိုင်ငံ၌ ဖွင့်ခွင့် မပြု။

(ည)ဂျပန်လူမျိုးများသည်မူဆလင် ဘာသာကို လုံးဝစိတ်ဝင်စါးမှုမရှိ ။ ကလေးသူငယ်ကစ၍ ရွံရှာ
ဖွယ်ရာဘာသာအဖြစ်မှတ်ယူထားကြသည်။

(ဍ) ဂျပန်နိုင်ငံအတွင်းရှိ နိုင်ငံခြားကုမ္ပဏီများကခေါ်ယူသော ဆရာဝန် အင်ဂျင်နီယာ စသည်များသည် များ
အားလည်း မူဆလင်ဖြစ်ပါက ဗီဇာမထုတ်ပေးတော့ပါ။

(ဋ္ဌ)ပြည်တွင်းရှိ မူဆလင်ဘာသာဝင်များအား အစိုးရရောကုမ္ပဏီ များကပါ အလုပ်ခန့်ထားခြင်းမပြုကြပါ။

(ဋ)ရပ်ကွက်အတွင်းမူဆလင်တစ်အိမ် ရှိပါက တစ်ရပ်ကွက်လုံးကစေါင့်ကြည့် ရမည်။

(ဍ္ဎ) ဂျပန်နိုင်ငံတစ်ဝှမ်းလုံး၌ မူဆလင်ကလပ်စည်း များစါသင်ကျောင်းများရှရီယာ ဥပဒေ မရှိစေရ။

(ဏ)ဂျပန်အမျိုးသမီးတစ်ဦးသည် မူဆလင် ယောကျာင်္းကိုယူမိပါကဂျပန်လူမျိုးအဖြစ် မှရာသက်ပန် ပယ်ထုတ်
ခြင်းကိုခံရမည်။

(တ) ဂျပန်အားလုံး၏ စိတ်ထဲ၌ အစ္စလန် ဘာသာသည်အယူသီး၍ သဘောထါးသေးသိမ်လွန်းခါ အမြော်အမြင်လုံးဝမရှိ သော စက်ဆုပ်ရွံရှာ ဖွယ်ဘာသာတစ်ခုဟု ကလေးသူငယ် မှစ၍ မှတ်ယူထါးကြပါသည် ။

ကိုလူသန့်
http://www.oppositeyes.info/2015/01/blog-post_930.html

အိုဘယ့်ဘင်္ဂါလီ၊ အိုဘယ့်နိုင်ငံရေးသမား




မြန်မာပြည်နိုင်ငံရေး၏လတ်တလောပြဿနာများတွင် အနောက်ဘက်နယ်စပ်မှ ဘင်္ဂါလီတို့၏ အရေးကလည်း မပြောမဖြစ်ပြောနေရသောအကြောင်းအရာခေါင်းစဉ်တစ်ခုဖြစ်နေသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ထိုဘင်္ဂါလီတို့အား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးကို ခပ်ဇွတ်ဇွတ်ဖိအား
ပေးနေသည်ကလည်း စိတ်ပျက်စရာကောင်းလှသည်။

အနောက်ဘက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဆင်းရဲသားမိသားစု တစ်ခုမှ ကလေးငယ်
ဋ္ဌတစ်ယောက် မွေးဖွားလာတိုင်း အိမ်နီးချင်းတိုင်း ပြည်တစ်ခု၏ ရွေးကောက်ပွဲမှာ အာဏာရပါတီ
တစ်ခုအတွက် မဲ တစ်ပြားဖြစ်လာတတ်သည်က လည်း နိုင်ငံရေးသမားတို့၏ အလွန်ဆိုးရွားသော သစ္စာမရှိမှုဟု ထင်မြင်မိသည်။

လွတ်လပ်ရေးရပြီးစအချိန်၊ ဖဆပလအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ဦးနုအာဏာရစဉ်က ရခိုင်ဒေသမှာ ရခိုင်ပါတီကို မဲအနိုင်ရရေးအတွက် ဝန်ကြီးချုပ်ဦးနုသည် ကျူးကျော်ဘင်္ဂါလီများကို နိုင်ငံသား
ကတ်များထုတ်ပေးကာ ကြိုးပမ်းခဲ့သည်ဟုဆိုကြသည်။

အင်္ဂလိပ်နယ်ချဲ့တို့၏ လက် အောက်သို့ မြန်မာရောက်စနှစ် များတွင် ရခိုင်ဒေသမှ မြေလွတ် မြေရိုင်းများ၌ လယ်လုပ်ခွင့်ရမည်ဆိုကာ ဗြိတိသျှတို့က ဘင်္ဂလားဒေ့ရှ်ဘက်မှ လုပ်အားခသက်သာ
သူများ ခေါ်သွင်းခဲ့ဖူးသည်ဟု လည်းဆိုသည်။ သို့သော် နိုင်ငံလုံး ချီပြဿနာမှာ မြန်မာနိုင်ငံတွင် မှန်ကန်တိကျသော သမိုင်းအထောက်အထားများရှားပါးခြင်း၊ တိကျသောစာရင်းဇယားများချို့တဲ့လွန်း
မှုတို့ကြောင့် မည်သူပြောသည်ကို ယုံကြည်ရမှန်းမသိပေ။ဟုတ်ကောင်းဟုတ်နေမည်ထင်မိသည်။


ထိုစဉ်က ပါလီမန်တွင် ဝန် ကြီးချုပ်ဦးနု၏ လက်ရုံးတစ်ဦး ဖြစ်ခဲ့သော ဦးရာရှစ်သည် ဘင်္ဂါလီ လူမျိုးတစ်ဦးဖြစ်ပြီး စက်မှုလက်မှုဝန်ကြီးဖြစ်လာချိန်မှာမှ မြန်မာ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ရသူဟု သခင်ချန်ထွန်း ကိုယ်တိုင်RFA သတင်းဌာနမှ ပြောသွားခဲ့ သည်ကို မှတ်သားမိခဲ့သည်။ ယခု အချိန်မှာမူ လွှတ်တော်အတွင်း မှာ ထိုင်ခုံတစ်ခုံရနေသော ဘင်္ဂါလီ အမတ်တစ်ဦးက နယ်စပ်ရှိဘင်္ဂါလီဦးရေကို ငါးသန်းဟုလူသိထင် ရှားပြောဆိုနေပြီး သူကပင် ထို ဘင်္ဂါလီလူဦးရေငါးသန်းကို နိုင်ငံ သားအဖြစ် အသိအမှတ်ပြုလျှင် လက်ရှိအာဏာရပါတီကို မဲပေး စေမည်ဟုဆိုနေပြန်သည်။

ထိုထိုသော စကားများကို ဖတ်မိ၊ ကြားမိတိုင်း ကျွန်မတို့ ငယ်စဉ်က ကျက်မှတ်ခဲ့ဖူးသော ဆရာကြီးမင်းသုဝဏ်၏ ‘မေယု မခိုင်ပုဂံယိုင်လိမ့်’ဟူသော ကဗျာ စာသားများကိုသာ အထူး
သတိရ နေမိသည်။ ၂၀၁၀ ရွေးကောက်ပွဲကာလကလည်း ထိုသို့ ဘင်္ဂါလီတို့ကို အဖြူရောင်ကတ်
ထုတ်ပေးကာ မဲပေးစေခဲ့သည်ကိုလည်း သတိပြုမိခဲ့သည်။

ညောင်ဦးမြို့တွင် ရှေးဟောင်းစေတီနှင့် အုတ်ကျောင်းကို ခြံခတ်ပြီး အဆောက်အအုံဆောက်လုပ်နေမှု ကန့်ကွက်သူများ၍ ရပ်ဆိုင်းရန်ညွှန်ကြား


နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ပုဂံဒေသသို့ လာရောက်လေ့လာသူတစ်ဦး (ဓာတ်ပုံ − ဇင်မင်းဆွေ)


ညောင်ဦးမြို့တွင် ရှေးဟောင်းစေတီနှင့် အုတ်ကျောင်းကိုခြံခတ်၍ အဆောက်အအုံ ဆောက်
လုပ်နေသော ပြင်သစ်လူမျိုးဇနီးမောင်နှံ ကိုဒေသခံများက ကန့်ကွက်မှုများပြုလုပ်နေပြီး ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနက အဆိုပါအဆောက်အအုံဆောက်လုပ်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ရွှေစည်းခုံဘုရားအနောက် ဘက်၊ ဧရာဝတီမြစ်ဘေးရှိ ရှေး ဟောင်းစေတီပုထိုးနှင့် ရှေး ဟောင်းအုတ်
ကျောင်းပါဝင်သည့် သုံးဧကခန့်ကျယ်ဝန်းသော ခြံဝင်း ကို ပြင်သစ်ဇနီးမောင်နှံက ၀ယ် ယူထားကာ ခြံဝင်းဝင်ပေါက်တွင် ‘‘The Bagan Step’’စာတန်းပါ ဆိုင်းဘုတ်နှင့် ''Private Please Ask Before Entering'' ဟု ရေးသားထားသည်။

‘‘အဲဒီခြံထဲမှာ အုတ်ကျောင်း နဲ့ ဘုရားရှိပါတယ်။ သူတို့ဘယ် လိုလုပ်ထားတယ်ဆိုတာ စစ်ဆေး တုန်းပဲရှိပါသေးတယ်။ အခု လောလောဆယ် ဒါနဲ့ ပတ်သက်ပြီး အဆောက်အအုံတွေ ဆက်မ ဆောက်ဖို့ ရပ်ဆိုင်းထားပါတယ်’’ ဟု ပုဂံရှေးဟောင်းသုတေသနဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကပြောသည်။

ဇန်န၀ါရီ ၁ ရက်က ညောင် ဦးမြို့သို့ အဖွဲ့လိုက်ဓာတ်ပုံရိုက် ကြသော ခရီးသွားဆောင်းပါး ဓာတ်ပုံဆရာ ကိုဇင်မင်းဆွေနှင့် အဖွဲ့သည် ရှေးဟောင်းအုတ် ကျောင်းကို ဓာတ်ပုံရိုက်လို၍ ပြင်သစ်ဇနီးမောင်နှံ၏ ခြံအတွင်းသို့ ၀င်ရောက်ရာ ၀င်ခွင့်မပေးခဲ့ ကြောင်း ကိုဇင်မင်းဆွေကပြော သည်။

‘‘၂၀၀၉ က အဲဒီနေရာက အုတ်ကျောင်းတွေကို တစ်ခါ ဓာတ်ပုံရိုက်ဖူးတယ်။ အဲဒီအချိန် တုန်းက ဘာခြံဝင်းမှ ခတ်မထား ဘူး။ ကြိုက်သလို ရိုက်လို့ရတယ်။ ၂၀၁၃ တုန်းက တစ်ခေါက်ရောက်ပြန်တယ်။ ခြံဝင်းတော့ ခတ်ထား ပြီ။ အစောင့်တစ်ယောက်က ဓာတ်ပုံရိုက်တာကို ရိုက်ခွင့်ပေးသေး တယ်။ အခုဒီနှစ်အစမှာ သွားရိုက် တော့ လုံးဝကို ၀င်ခွင့်မပေးတော့ ဘူး။ သူတို့ခြံဝင်းမို့လို့ ဓာတ်ပုံ မရိုက်ရဘူးလို့ ပြောတယ်။ ရှေး ဟောင်းအဆောက်အအုံမြေပေါ် မှာ ဒီလိုမလုပ်သင့်ဘူး’’ဟု ကိုဇင် မင်းဆွေကပြောသည်။

‘‘သူတို့လင်မယားရောက် လာတာ ဆယ်နှစ်လောက်တော့ ရှိပြီ။ အဲဒီခြံအတွင်းထဲမှာ ရှေး ဟောင်း ဘုရားကြီးတစ်ဆူရှိ တယ်။ ဘုရားအပျက် နှစ်ဆူရှိ တယ်။ ရှေးဟောင်းအုတ်ကျောင်းတစ်ခုရှိတယ်။ အရင်က ဦးပဉ္စင်း လည်း အဲဒီဘုရားအတွင်းထဲကို ရောက်ဖူးတယ်။ ဒီသတင်း က ပျံ့သွားတော့ အခုအထက်က လူကြီးတွေလာစစ်ဆေးနေတယ် လို့ကြားတယ်။ ဒီလိုရှေးဟောင်း အဆောက်အအုံတွေထဲမှာ လူနေ အိမ်တွေဘာတွေလုပ်တာ ကန့် ကွက်ရမယ်’’ဟု ညောင်ဦးမြို့၊ မြ စည်းခုံကျောင်းတိုက်ဆရာတော် ဦးသုနန္ဒက မိန့်သည်။

‘‘ပုဂံမှာ နိုင်ငံခြားသားတွေ ကလာပြီး မြေကွက်တွေဝယ်နေ တာအများကြီး။ ဒါပေမဲ့ နာမည်တော့ သူတို့ နာမည်နဲ့ မပေါက် ဘူး။ သူတို့ယုံကြည်ရတဲ့ သူနာမည်နဲ့ ၀ယ်ထားကြတာ။ အဲဒီလိုဟာတွေပုဂံမှာ အများကြီး’’ဟု ပုဂံဒေသခံ တစ်ဦးကပြောသည်။

By
ငြိမ်းချမ်း

ဘင်္ဂလီ အရေး သွေးမအေးနဲ့.


ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေက ရိုဟင်ဂျာနာမည်နဲ့ တိုင်းရင်းသားဖြစ်အောင်ကြိုးစား၊ ပြီးရင် ပြည်နယ်တောင်း၊ ပြီးရင် ဆန္ဒဖေါ်ထုတ်ပြီး တိုင်းပြည်ခွဲထွက်ဖို့ လုပ်မယ်ဆိုတာ မျက်ရမ်းမှန်းဆ ပြောနေတာ မဟုတ်ပါ။ ဒီလိုဖြစ်အောင် ဘင်္ဂလားဒေ့ရှ်က တစ်ဖက် တစ် လမ်းကနေ နှစ်ပေါင်းများစွာ ပံ့ပိုးနေတာပါ။

ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ အစ္စလာမ်နိုင်ငံသစ်တစ်ခု ထပ်မံတိုးပွားရေးပေါ့။ ဒါ့ ကြောင့် အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ နိုင်ငံတွေကလည်း အလုံးအရင်း ပံ့ပိုးနေ ကြတယ်။ အခု ၁၀ နှစ်ဝန်းကျင်လောက်မှာ ကမ္ဘာ့မီဒီယာတွေကိုကြည့်လိုက်၊ မွတ်ဆလင် သတင်းတွေကို ဦးစားပေးဖေါ်ပြလာတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ စစ်ဖြစ် ရင်တောင် အစ္စရေးအလွန်ပုံစံမျိုးဖြစ်အောင် ပုံဖေါ်ပြီး သတင်းထုတ်လွှင့်ကြတယ်။


ဒီအတွက် ပေးရတဲ့အရင်းအနှီးက ဒေါ်လာပါပဲ။ ရွှေမည်းလို့ ခေါ်တဲ့ ရေနံတွေက ဒေါ်လာ ကြိုက်သလောက်ရနေတယ်လေ။ အခုဆိုရင် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ မှာတောင် ကုလားကိုယ်စားလှယ်တွေ၊ ကုလားရှေ့နေတွေက နေရာယူထားပြီးကြပြီ။

အူရီဒူးကြော်ငြာများကို တယ်လီနောက ဆွဲဖြုတ်သဖြင့် အချင်းများ



ရန်ကင်းမြို့နယ်တွင် အူရီဒူး၏ ကြော်ငြာဗီနိုင်းများကို ဖြုတ်သိမ်းကာ တယ်လီနော ကြော်ငြာများ ကပ်သဖြင့် အူရီဒူး ၀န်ထမ်းများနှင့် တယ်လီနော ၀န်ထမ်းများ အချင်းများကာ လမ်းပေါ်တွင် ခိုက်ရန်ဖြစ်ပွားလု အခြေအနေအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ဇန်န၀ါရီလ ၈ ရက်က ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အူရီဒူး၏ ကြော်ငြာဗီနိုင်းများအား တယ်လီနော ကုမ္ပဏီက အလုပ်အပ်ထားသည့် MMI ကြော်ငြာ ကုမ္ပဏီ၏ တစ်ဆင့်ခံ လက်ခွဲ ကန်ထရိုက်ဖြစ်သော SAM ကြော်ငြာ အေဂျင်စီက လိုက်လံ ဖြုတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ရပ်မှာ တယ်လီနော ရုံးချုပ်အနီးတွင် ဖြစ်သဖြင့် တယ်လီနော ရုံးပေါ်မှ ၀န်ထမ်းများစွာက အဆိုပါ နေရာသို့ လာရောက်ပူးပေါင်းပြီး ပြဿနာ ကြီးထွားလုနီးပါး အသွင်အထိ ရောက်ရှိခဲ့ကြောင်း နှင့် ယင်းနေ့၌ SAM ကုမ္ပဏီ၏ ယာဉ်အမှတ် 8G/8620ဖြင့် အူရီဒူးကြော်ငြာ ဗီနိုင်းများကို ဆွဲဖြုတ်ပြီး ကားပေါ် တင်ယူသွားခဲ့ကြောင်းလည်း သိရသည်။

တယ်လီနောသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စေခိုင်းသည်ဟု ဆိုကာ လှိုင်မြို့နယ်တွင်လည်း အူရီဒူး၏ ကြော်ငြာဗီနိုင်းများကို လိုက်လံ ဆွဲဖြုတ်ခြင်း၊ အူရီဒူး ကြော်ငြာပေါ်တွင် တယ်လီနော ကြော်ငြာများဖြင့် ဖုံးခြင်း စသည့် စီးပွားရေး ကျင့်ဝတ်နှင့် မညီသော အပြုအမူများ လုပ်ဆောင်နေကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ Tomorrowက ဆက်သွယ်မေးမြန်းရာ ထိုကဲ့သို့ ခိုင်းစေထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

လေ့လာသူ တစ်ဦးကလည်း “တယ်လီနောဆိုတာ နော်ဝေလို ဥရောပ နိုင်ငံကြီးက ကုမ္ပဏီ ဖြစ်တယ်။ သူ့နိုင်ငံမှာရော ဒီလိုစည်းမဲ့ကမ်းမဲ့ လုပ်လို့ရသလား မေးချင်ပါတယ်။ တယ်လီနောက စတင် ကြော်ငြာ ကတည်းက ပြည်ထဲရေး လက်အောက်ခံ ယာဉ်ထိန်းရုံးတွေမှာ ကြော်ငြာတွေ ကပ်လိုကပ်နဲ့ စလုပ်လာတယ်။ ဒီနိုင်ငံကရော မင်းမဲ့နိုင်ငံလား၊ ဒီလိုကုမ္ပဏီချင်း အများပြည်သူရှေ့မှာ ပြဿနာ ဖြစ်ပွားတဲ့ လုပ်ရပ်တွေကို တားဆီးမဲ့သူ မရှိတော့ဘူးလား၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ပေါင်းပြီး ကြော်ငြာတွေ လုပ်ထားလို့ ရဲတပ်ဖွဲ့က မသိချင်ယောင် ဆောင်ပေး နေရတာလား”ဟု ပြောပြသည်။

Tomorrow ဂျာနယ်မှလည်း ၂၀၁၄ခု ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်ကတွင် တယ်လီနော ၀န်ထမ်းများက အူရီဒူး ကြော်ငြာများကို ဆွဲဖြုတ်ပြီး ထိုနေရာတွင် တယ်လီနော ကြော်ငြာများ တပ်ဆင်နေသည့် မှတ်တမ်း ဓာတ်ပုံများ ရရှိထားသည်။

Tomorrow

အစ္စလမ္မစ်မဆန်သော လျှပ်စစ်ကီးဘုတ်တစ်ခုကို အသုံးပြုတီးခတ်ခဲ့သည့်အတွက် အိုင်ဆစ် (ISIS) ရဲမှ ဂီတသမားများကို အချက် ၉၀ တုတ်နှင့်ရိုက်


ဇန်နဝါရီ ၂၀၊ ၂၀၁၅။ ။ဂီတသမားများမှ အစ္စလမ္မစ်မဆန်သော ကီးဘုတ်ကိုအသုံးပြုတီးခတ်ခဲ့သည့်အတွက် အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ရဲများက ၎င်းတို့၏ တူရိယာများကို ဖျက်ဆီးကာ ၎င်းတို့ကို ရိုက်နှက်ခဲ့ပြီး ထိုဖြစ်ရပ်ကိုလည်း ရုပ်ရှပ်ရိုက်ကူးထားခဲ့သည်။
အိုင်ဆစ်၏ ကျပ်မပြည့်သော အစ္စလမ္မစ်ဥပဒေချမှတ်သူများက လျှပ်စစ်ကီးဘုတ်သည် "မူဆလင်များကို စော်ကားသည်"' ဟု ဆုံးဖြတ်ခဲ့ကြပြီး ထိုဂီတသမားများကို ၎င်းတို့၏ နောက်ကျော နှင့် ခြေထောက်များအား သစ်သားတုတ်ချောင်းတစ်ချောင်းဖြင့် ရိုက်နှက်ခဲ့ကာ ၎င်းကို ဓာတ်ပုံရိုက်ယူထားခဲ့သည်။
အခြားပုံတစ်ခု၌ ကီးဘုတ်နှစ်ခု နှင့် အခြားဂီတတူရိယာတစ်ခုတို့ အပိုင်းပိုင်းအစစ ကွဲကြေမွနေသည်ကို တွေ့ရသည်။ ဆီးရီးယားနိုင်ငံ၊ အလက်ပိုစီးတီးအရှေ့ဘက် မိုင်အနည်းငယ်အကွာ ဘူဂျက်မြို့၌ အိုင်ဆစ်များက စီးနင်းမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဖိုင်ရှယ်ယာရင်းဝဘ်ဆိုက်တစ်ခုပေါ်တွင် တင်ထားသော စာနှင့်ပုံတွဲတင်ထားသော ရုပ်ပုံများအရ ဂီတသမားများကို "ဟစ်ဘာဟ်" ဟုခေါ်သော လူတစ်ယောက်က အချက် ၉၀ ရိုက်နှက်အပြစ်ပေးသည်ဟု ဖော်ပြထားသည်။

Myo Min Thant
https://www.facebook.com/myomin.thant.37017/posts/425899980911717

Tuesday, January 20, 2015

"ကိုယ့်သမိုင်းကိုယ်မသိသည့် ဗြိတိန်"

ဗြိတိသျှကိုလိုနီခေတ် မှတ်တမ်းမှတ်ရာများတွင် ရိုဟင်ဂျာဟူ၍ ဖော်ပြထားခြင်းမရှိ
ဇန်န၀ါရီ၈ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဗြိတိန်အစိုးရ၏ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ရှင်းတမ်းဟုဆိုသည့် စာတမ်းတစောင်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့်နေပြီး အချို့နေရာများတွင် ပြောင်းပြန်ဖြစ်နေသည်ဟု ဝေဖန်ထားသည်။ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများနှင့် ပတ်သက်၍လည်း ဗြိတိန်နိုင်ငံက စောင့်ကြည့်နေသည်ဟုဆိုထားသည်။
ထို့အပြင်ရိုဟင်ဂျာဟု အော်နေသူများနဲ့ပတ်သက်၍ လည်း ရိုဟင်ဂျာလူ့အခွင့်အရေးကိုပို၍လေးစားရန် တိုက်တွန်းလိုသည်ဟုလည်း ပါရှိသည်။ ပြည်တွင်းထုတ် နာမည်ကြီးသတင်းစာတစောင်က ““ဥပမာ-ကြေညာချက်ထဲမှာ ရိုဟင်ဂျာလို့သုံးတယ်။ ဒါကိုကျွန်တော်တို့ အနေနဲ့ လုံးဝလက်မခံနိုင်ဘူး။ နိုင်ငံတော်သမ်္မတကြီးကိုယ်တိုင်က ကမ်္ဘာသိအောင် ပြောကြားထားသလို မြန်မာပြည်သူတွေရဲ့ ထုတ်ဖော်နေတဲ့သဘောထား တွေကို ဗြိတိန်နိုင်ငံအနေနဲ့ လေးစားဖို့လိုတယ်။
ကိုလိုနီခေတ်ကထားခဲ့တဲ့ ဘင်္ဂါလီပြဿနာက ဒီကနေ့အထိ ကျွန်တော်တို့နိုင်ငံကို ဒုက်္ခပေးနေတုန်း ဆိုတာ တွေ့နိုင်တယ်။ နိုင်ငံသားစိစစ်မှုငြင်းဆန်နေတဲ့ ဘင်္ဂါလီတွေ၊ ဒီဘင်္ဂါလီတွေကို နောက်ကွယ်က သွေးထိုးပေးနေတဲ့သူတွေကိုလည်း အစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပေးဖို့ လိုပါတယ်””ဟု သမ်္မတရုံးအကြီးတန်းအရာရှိတဦးကပြောသည်ဟု ရေးသား ခဲ့သည်ကို တွေ့ရသည်။
မှန်ပေသည်။ ဗြိတိသျှနေမ၀င်အင်ပါယာထူထောင်ရေး ရည်ရွယ် ချက်ထဲ၌သာ မြန်မာနိုင်ငံမပါဝင်ခဲ့လျှင် ဘင်္ဂါလီပြဿနာဟူ၍ရှိခဲ့မည် မဟုတ်သလို ရိုဟင်ဂျာဟူ၍ ထအော်နေသူများလည်းရှိခဲ့မည် မဟုတ်ပေ။မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၆၇ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ဗြိတိသျှတို့ချန်ထားခဲ့သည့် ဘင်္ဂါလီပြဿနာမှာ ယနေ့တိုင်ဖြေရှင်းမရနိုင် သေးဘဲရှိနေသည်။ လွတ်လပ်ရေးရပြီးမှ ထအော်လာသည့် ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေးတောင်းဆိုမှုမှာ တနေ့တခြားပိုမိုဆိုးဝါးလာနေသည်။
ယနေ့မြန်မာနိုင်ငံအစိုးရဖြေရှင်းဖို့ကြိုးစားရာတွင်လည်း ဗြိတိန်အစိုးရ အနေဖြင့် အပြုသဘောပြောဆိုမှုများဖြင့် ပါဝင်ကူညီအားဖြည့်သင့်ပါသော် လည်း ထိုသို့လုပ်ဆောင်သည်ကို မတွေ့ရပေ။ မြန်မာနိုင်ငံတွင် မည်သည့် အချိန် မည်သည့်ခေတ် မည်သည့်အခါကမျှ မရှိခဲ့သည့် ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ရေးတောင်းဆိုမှုကို အသိအမှတ်ပြုပေးရန် ဖိအားပေးပြော ဆိုခြင်းက မြန်မာအစိုးရ၏ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ရာရောက်နေသည်။
ဗြိတိသျှတို့စတင်အုပ်စိုးစဉ်ကာလ ၁၈၂၅ ခုနှစ်တွင် ရခိုင်တပြည်လုံး မွတ်ဆလင်ဦးရေမှာ သုံးသောင်း(၃၀၀၀၀)သာရှိခဲ့သည်ဟု ဗြိတိသျှအစိုးရ ပြုစုခဲ့သည့်မှတ်တမ်းများအရ သိရသည်။ ၁၉၃၀ ပြည့်နှစ်တွင် မွတ်ဆလင် ဦးရေ နှစ်သိန်းတသောင်းခုနစ်ထောင်ရှစ်ရာ(၂၁၇၈၀၀)အထိ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ တိုးလာခဲ့သည်။ အထူးသဖြင့် စစ်တကောင်းခရိုင်မှ ဘင်္ဂါလီများကို အထိန်းမရှိအကွပ်မရှိ ၀င်ထွက်ခွင့်ပြုထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှအစိုးရက ထိုသို့မွတ်ဆလင်ဦးရေတဟုန်ထိုး တိုးလာ မှုကို စိုးရိမ်လာရာ အခြေအနေကို စုံစမ်းရန် ၁၉၃၉ ခုနှစ်တွင် စုံစမ်းရေး ကော်မရှင်တခု ဖွဲ့ပေးခဲ့သည်။ ကော်မရှင်ကမွတ်ဆလင်ဦးရေအတားအဆီး မရှိတိုးလာမှုကိုမဟန့်တားနိုင်ပါက နောင်တချိန်တွင် လူမျိုးရေးပဋိပက်္ခ ဖြစ်လာနိုင်သည်ဟု အစီရင်ခံခဲ့သည်။ သို့သော်ဒုတိယကမ်္ဘာစစ်ကြီး ဖြစ်လာခြင်းကြောင့် မည်သို့မျှမလုပ်ဆောင်နိုင်ခဲ့ပေ။ အစီရင်ခံခဲ့သည့် အတိုင်းပင် ၁၉၄၂ ခုနှစ်တွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ခဲ့သည်။ထို့နောက် မူဂျာဟစ် သူပုန်ထခဲ့သည်။ မွတ်ဆလင် သီးခြားပြည်နယ် တောင်းခဲ့သည်။ ထို့နောက်တွင် ရိုဟင်ဂျာတိုင်းရင်းသားဟူ၍ တောင်းဆို လာခဲ့သည်။ ယနေ့တိုင်လည်း တောင်းဆိုနေဆဲဖြစ်သည်။
၁၈၇၂ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်တို့တွင်ကောက်ယူခဲ့ သည့် သန်းခေါင်စာရင်းများ၌လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပေ။စစ်တကောင်းသား၊ ဘင်္ဂါလီစသည်ဖြင့်သာ ရေးသားမှတ်တမ်းတင်ခဲ့ သည်ကို တွေ့ရသည်။ အိန်္ဒိယစစ်ရေးချုပ်ရုံး၏ အမိန့်ဖြင့် ၁၉၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ၁၉၃၃ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံလူမျိုးစုများ (Races of Burma) စာအုပ်တွင်လည်း ရိုဟင်ဂျာဆိုသည်ကိုမတွေ့ရပေ။ ထိုစာအုပ်၌ ရခိုင်ပြည်အကြောင်း ရေးသားရာတွင် ““ရခိုင်ပြည်နယ်သို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းမှ လယ်စိုက်ပျိုးသူများ အုပ်စုလိုက်ဝင်ရောက်လွှမ်းမိုးလေ့ရှိသည်။ တိုင်းရင်း သားလူမျိုးစုရှစ်မျိုးမှ ဆယ်မျိုးအထိနေထိုင်ကြရာ ယင်းတို့မှာ ခမီး၊ ဒိုင်းနက်၊ Chaw, Mro, Kon Kaungtsos နှင့် ချင်းလူမျိုးစုများဖြစ် သည့် Ku, Kyu, Welaung, Le'du နှင့် Yindu တို့ဖြစ်သည်””ဟု တွေ့ရသည်။
၂၄-၂-၁၉၄၇ ရက်စွဲဖြင့် ဂျမေတူအူလမားမွတ်ဆလင်အဖွဲ့က ရခိုင်မြောက်ပိုင်းဒေသများဖြစ်သည့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များကို သီးခြားမွတ်ဆလင်ပြည်နယ်ထူထောင်ခွင့်ပြု ရန်နှင့် ပင်လုံညီလာခံတွင်ရပိုင်ခွင့်များ တင်ပြဆွေးဆွေးခွင့်ပြုရန် ဗြိတိ သျှအစိုးရသို့ စာရေးသားတောင်းဆိုခဲ့မှုအပေါ် ဗြိတိသျှအစိုးရက ၁၈-၆-၁၉၄၇ ရက်စွဲဖြင့်အကြောင်းပြန်ကြားခဲ့သည်။ အကြောင်းပြန်စာတွင် မြန်မာနိုင်ငံတွင် သီးခြားမွတ်ဆလင်ပြည်နယ်တခု တည်ထောင်ပေးရန် မှာ လက်တွေ့မကျကြောင်း၊ ဘာသာရေးတခုတည်းဖြင့် တိုင်းရင်းသား ဖြစ်မလာနိုင်သကဲ့သို့ မြန်မာမှာရော ကမ်္ဘာမှာပါ အစဉ်အလာမရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြားပြည်နယ်များမှာ သမိုင်းကြောင်းအရ မြန်မာဘုရင် များခေတ်တွင် သီးခြားပြည်နယ်များဖြစ်ခဲ့ကြကြောင်း၊ ရခိုင်ရှိ မွတ်ဆလင် များသည် ရခိုင်သို့မဟုတ် မြန်မာလက်အောက်တွင် အမြဲနေထိုင်ခဲ့ကြပြီး သီးခြားပြည်နယ်ခွဲ၍နေထိုင်ခဲ့ဖူးသည့် သမိုင်းအစဉ်အလာမရှိခဲ့ကြောင်း စသည်ဖြင့်ပါရှိခဲ့သည်။ ဤအချိန်ထိ ရိုဟင်ဂျာဟူသော အမည်နာမကို မတွေ့ရသေးပေ။
ဤသမိုင်းဤမှတ်တမ်းများကိုကြည့်လျှင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုသော လူမျိုးတမျိုးမရှိခဲ့သည်ကို ထင်ရှားစွာမြင်တွေ့နိုင်သည်။ ဤမရှိခဲ့ သည့်လူမျိုးကို အရှိတရားအဖြစ် မြန်မာနိုင်ငံအစိုးရက လက်ခံအသိ အမှတ်ပြုပေးရမည်ဆိုသည်မှာ သဘာဝကျနိုင်မည်လား။ မြန်မာနိုင်ငံ အစိုးရနေရာတွင်ဝင်၍ စဉ်းစားကြည့်လျှင် သဘာဝကျ မကျသိနိုင်လိမ့် မည်။ ဗြိတိန်အစိုးရအနေဖြင့် မိမိတို့ဘိုးဘွားများ ကိုလိုနီနယ်ချဲ့စဉ်က ရေးသားခဲ့၊ ထုတ်ပြန်ခဲ့သည့် မှတ်တမ်းမှတ်ရာများကို မျက်ကွယ်ပြု၍ သူတပါးအစိုးရကို ဖိအားပေးဝေဖန်နေဖို့မသင့်ပေ။ ပြန်လည်လေ့လာ ဖတ်ရှုခြင်းဖြင့် သမိုင်းမှန်ကိုလက်ခံသွားရန် လိုအပ်ပေလိမ့်မည်။ လွတ်လပ် ရေးရပြီး ၁၉၅၁ ခုနှစ်တွင်မှ ဘူးသီးတောင် ပါလီမန်အမတ် ဂါဖားရ်က ရိုဟင်ဂျာသမိုင်းကို လုပ်ကြံရေးသားခဲ့ခြင်းဖြစ်သည်။
ကိုငြိမ်း

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ စမ်းသပ်ရာမှ ဓါတ်ရောင်ခြည် သင့်နေကြောင်း ပြောကြား


ထူးကုမ္ပဏီများ အုပ်စုပိုင်ရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ ထားကြောင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံတော် အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်း နေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

အဆိုပါ သတ္တုသိုက်သည် မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းတွင်ရှိနေပြီး ဒေသခံ အမျိုးသား နှစ်ဦးကလွန်ခဲ့သော ၁၀ ရက်ကျော်ကတွေ့ရှိရာမှ ဦးတေဇထံ ဆက်သွယ်အပ်နှံကြောင်း၊ဦးတေဇက ယင်းသတ္တုများကို ထူးဆန်းသော သတ္တုအဖြစ်လက်ခံပြီး စမ်းသပ်ဓါတ်ခွဲရာမှ ယူနေနီယံဟု သိရကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌါနသို့ အပ်နှံပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ရှာဖွေတူးဖေါ်ကာ အစိုးရကို အပ်နှံရန်ရှိကြောင်း သိရသည်။

ယခုအခါ ဦးတေဇသည် ယူရေနီယံသတ္တုကြောင့် ဓါတ်ရောင်ခြည်သင့်နေကြောင်း၊ထို့ကြောင့် ကျန်းမာရေးအခြေအနေမကောင်းကြောင်း၊အဆိုပါသတ္တုကြောင့် ဦးတေဇ၏ ၀န်ထမ်းအချို့နှင့် သတ္တုတွေ့ရှိသူတို့လည်း ဓါတ်ရောင်ခြည်သင့်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလပိုင်း ကကျင်းပခဲ့သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသရှိ ပင်းပက်တောင် ဝန်းကျင်ဒေသတွင် စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်ကြောင်း၊ ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ အရေပြားရောဂါ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် တင်ပြခဲ့ဖူးသေးသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal