Thursday, January 22, 2015

အိုဘယ့်ဘင်္ဂါလီ၊ အိုဘယ့်နိုင်ငံရေးသမား




မြန်မာပြည်နိုင်ငံရေး၏လတ်တလောပြဿနာများတွင် အနောက်ဘက်နယ်စပ်မှ ဘင်္ဂါလီတို့၏ အရေးကလည်း မပြောမဖြစ်ပြောနေရသောအကြောင်းအရာခေါင်းစဉ်တစ်ခုဖြစ်နေသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ထိုဘင်္ဂါလီတို့အား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးကို ခပ်ဇွတ်ဇွတ်ဖိအား
ပေးနေသည်ကလည်း စိတ်ပျက်စရာကောင်းလှသည်။

အနောက်ဘက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဆင်းရဲသားမိသားစု တစ်ခုမှ ကလေးငယ်
ဋ္ဌတစ်ယောက် မွေးဖွားလာတိုင်း အိမ်နီးချင်းတိုင်း ပြည်တစ်ခု၏ ရွေးကောက်ပွဲမှာ အာဏာရပါတီ
တစ်ခုအတွက် မဲ တစ်ပြားဖြစ်လာတတ်သည်က လည်း နိုင်ငံရေးသမားတို့၏ အလွန်ဆိုးရွားသော သစ္စာမရှိမှုဟု ထင်မြင်မိသည်။

လွတ်လပ်ရေးရပြီးစအချိန်၊ ဖဆပလအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ဦးနုအာဏာရစဉ်က ရခိုင်ဒေသမှာ ရခိုင်ပါတီကို မဲအနိုင်ရရေးအတွက် ဝန်ကြီးချုပ်ဦးနုသည် ကျူးကျော်ဘင်္ဂါလီများကို နိုင်ငံသား
ကတ်များထုတ်ပေးကာ ကြိုးပမ်းခဲ့သည်ဟုဆိုကြသည်။

အင်္ဂလိပ်နယ်ချဲ့တို့၏ လက် အောက်သို့ မြန်မာရောက်စနှစ် များတွင် ရခိုင်ဒေသမှ မြေလွတ် မြေရိုင်းများ၌ လယ်လုပ်ခွင့်ရမည်ဆိုကာ ဗြိတိသျှတို့က ဘင်္ဂလားဒေ့ရှ်ဘက်မှ လုပ်အားခသက်သာ
သူများ ခေါ်သွင်းခဲ့ဖူးသည်ဟု လည်းဆိုသည်။ သို့သော် နိုင်ငံလုံး ချီပြဿနာမှာ မြန်မာနိုင်ငံတွင် မှန်ကန်တိကျသော သမိုင်းအထောက်အထားများရှားပါးခြင်း၊ တိကျသောစာရင်းဇယားများချို့တဲ့လွန်း
မှုတို့ကြောင့် မည်သူပြောသည်ကို ယုံကြည်ရမှန်းမသိပေ။ဟုတ်ကောင်းဟုတ်နေမည်ထင်မိသည်။


ထိုစဉ်က ပါလီမန်တွင် ဝန် ကြီးချုပ်ဦးနု၏ လက်ရုံးတစ်ဦး ဖြစ်ခဲ့သော ဦးရာရှစ်သည် ဘင်္ဂါလီ လူမျိုးတစ်ဦးဖြစ်ပြီး စက်မှုလက်မှုဝန်ကြီးဖြစ်လာချိန်မှာမှ မြန်မာ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ရသူဟု သခင်ချန်ထွန်း ကိုယ်တိုင်RFA သတင်းဌာနမှ ပြောသွားခဲ့ သည်ကို မှတ်သားမိခဲ့သည်။ ယခု အချိန်မှာမူ လွှတ်တော်အတွင်း မှာ ထိုင်ခုံတစ်ခုံရနေသော ဘင်္ဂါလီ အမတ်တစ်ဦးက နယ်စပ်ရှိဘင်္ဂါလီဦးရေကို ငါးသန်းဟုလူသိထင် ရှားပြောဆိုနေပြီး သူကပင် ထို ဘင်္ဂါလီလူဦးရေငါးသန်းကို နိုင်ငံ သားအဖြစ် အသိအမှတ်ပြုလျှင် လက်ရှိအာဏာရပါတီကို မဲပေး စေမည်ဟုဆိုနေပြန်သည်။

ထိုထိုသော စကားများကို ဖတ်မိ၊ ကြားမိတိုင်း ကျွန်မတို့ ငယ်စဉ်က ကျက်မှတ်ခဲ့ဖူးသော ဆရာကြီးမင်းသုဝဏ်၏ ‘မေယု မခိုင်ပုဂံယိုင်လိမ့်’ဟူသော ကဗျာ စာသားများကိုသာ အထူး
သတိရ နေမိသည်။ ၂၀၁၀ ရွေးကောက်ပွဲကာလကလည်း ထိုသို့ ဘင်္ဂါလီတို့ကို အဖြူရောင်ကတ်
ထုတ်ပေးကာ မဲပေးစေခဲ့သည်ကိုလည်း သတိပြုမိခဲ့သည်။



ယခုတော့ မေယုဒေသရှိ ဘင်္ဂါလီတို့ကို နိုင်ငံသားပေးပါ၊ ပေးပါဟု ကမ္ဘာ့အဖွဲ့အစည်းများ က ဖိအားတွေဆက်တိုက်ပေးခြင်း ခံနေရလေပြီ။ တကယ်တော့ ဘင်္ဂါလီလူမျိုးတို့၏ ခိုးဝင်ကျူး 
ကျော်ပြဿနာသည် မြန်မာပြည် ဘက်မှာသာမကပါ အိန္ဒိယ၏ အာသံ၊ မဏိပူရပြည်နယ်တွေမှာ လည်း အချိန်အတန်ကြာကပင် ပြဿနာရှိနေသည်။ ဖြစ်ပုံပျက်ပုံ မှာ မြန်မာပြည်နှင့် တစ်ပုံစံတည်း။ နိုင်ငံရေး
သမားတွေကိုယ်တိုင်က ခိုးဝင်ဘင်္ဂါလီများကို နိုင်ငံရေးအတွက် အသုံးချနေသည်မှာလည်း ပုံစံတူ
ပင်ဖြစ်သည်။

အာသံ၊ မဏိပူရဘက်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ခိုးဝင်နေကြသည်မှာ ကြာခဲ့ပြီ။ စာရေးဆရာ၊ သတင်းစာဆရာ ဘာတေးလ်လင့်တနာတစ်ယောက် ၁၉၈၅ ခုနှစ်က အာသံနှင့် မဏိပူရနယ်တွေမှာရောက်ရှိနေစဉ်က သူတွေ့မြင်ခဲ့ရသည့် အချက်ကို သူ၏ (Land of jade) ‘ကျောက်စိမ်းမြေ’စာအုပ်မှာ ဖော်ပြထားသည်။ အာသံပြည်နယ်က ဒေသခံအိမ်တွေမှာ အိမ်အကူလုပ်သားများ၊အောက်ခြေ အလုပ်သမားများသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်နေ
ထိုင်သူတွေဖြစ်နေသည်။

အာသံရှိ နိုင်ငံရေးသမားတို့ က ခိုးဝင်ဘင်္ဂါလီတို့ကို အိုးအိမ် နေရာများချထားပေးခြင်းကြောင့် 
ဒေသခံဟိန္ဒူဘာသာဝင်များနှင့် ရန်တိုက်ပေးနေသလိုဖြစ်နေခဲ့ပြီး ပဋိပက္ခများတွင် လူအသေအပျောက်
တွေရှိနေခဲ့သည်။ နိုင်ငံ ရေးသမားတို့ကမူ လာမည့်ရွေး ကောက်ပွဲအတွက် ဘင်္ဂါလီများ ထံမှ မဲကိုရယူရန်အားခဲနေကြသည်ဟု ဘာတေးလ်လင့်တနာကဆိုသည်။

ဘင်္ဂါလီများ၏ မူလဇာတိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သူတို့ ၏ နှစ်စဉ်တိုးတက်နေသော လူဦး ရေတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကိုထိန်းချုပ်ရန် ကြိုးစားမည်မထင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ လှေစီးပြေး၊ ကုန်းတွင်း ပြေးနှင့် ပြေးနေကြရသော မိမိတို့၏ နိုင်ငံသားများလွင့်စဉ်နေမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရ
များကိုယ်တိုင်ကပင် သဘောတူစီမံဆောင်ရွက်နေကြသည်လား မဆိုတတ်။ နိုင်ငံတစ်ခုအတွင်းဖြစ်
စဉ်တစ်ခုဆိုလျှင် မတော်တဆဖြစ်ပြီး ဖြစ်စဉ်တူတွေမကြာခဏ (သို့တည်းမဟုတ်)နေရာအတော်များများ
မှာ ဖြစ်လျှင် အစိုးရအာဏာပိုင်များပါဝင်ပတ်သက်နေတတ်သည်ဟု မှတ်သားဖူးခဲ့သည်။ ဟိုပြေး၊ ဒီပြေး ဘင်္ဂါလီနိုင်ငံသားအရေးကို မိမိတို့နှင့် လုံးဝမသက်ဆိုင်သလိုခပ်မဆိတ်အသံတိတ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး သမားများသည် ကိုယ့်နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ထွက်ခွာနေသည်ကို သဘောတူလက်ပိုက်ကြည့်နေကြဟန်တူသည်။

အကယ်၍သာ ဘင်္ဂါလီတို့၏ ကျူးကျော်ခိုးဝင်နေမှုကို မြန်မာ ပြည်ဘက်ခြမ်းမှ နယ်စပ်ကို တင်း တင်းကျပ်ကျပ်ပိတ်ဆို့လိုက်နိုင် လျှင် ဘင်္ဂါလီအရေးသည် ကမ္ဘာ့ ပြဿနာတစ်ခု ဖြစ်လာမည်ကို လည်း မြင်ယောင်နေမိသည်။ ထို့ကြောင့်လည်း မြန်မာပြည်က တာဝန်ယူရန် ဇွတ်ထိုးထည့်ရန်
ပြောဆိုနေကြဟန်တူသည်။ ယခု အချိန်တွင် အိန္ဒိယအစိုးရသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ချီတက်နေသော နိုင်ငံတစ်ခုဖြစ် နေခြင်းကြောင့် အိန္ဒိယဘက်သို့ ခိုးဝင်နေသော ဘင်္ဂါလီပြဿနာ ကို ကောင်းစွာကိုင်တွယ်နိုင်သည်ဟုဆိုသော်လည်း ကျွန်မတို့ မြန်မာနိုင်ငံဘက်မှာကား ပြည်သူ နှင့်လည်း ညီညွတ်အောင်ညှိနှိုင်း တိုင်ပင်နိုင်စွမ်းအားနည်းလှသော အာဏာရအစိုးရသည် နိုင်ငံတကာ
ဖိအားကိုပါးစပ်ငြင်းသာ ငြင်းဆန်ရင်း လက်တွေ့တွင် ဘာမှမစွမ်းဆောင်နိုင်ဘဲ တိတိကျကျ အရေးတယူဆောင်ရွက်နိုင်ခြင်းမရှိသည်ကို မြင်တွေ့နေရသည်က တကယ်ပင်စိတ်ပျက်ဖွယ်ဖြစ်နေ သည်။

ဘင်္ဂါလီတို့ကား တစ်ချိန် တစ်ခါက ကုလားဖန်ထိုးခဲ့သော ရိုဟင်ဂျာအသုံးအနှုန်းကို တစ်ကမ္ဘာလုံးကိုပတ်လျက် အော်နေဆဲ။ အမှားကြာလာသော ထိုစကားလုံးသည်ယခုအခါ အမှန်တရားကြီးကဲ့သို့ ငြင်းဆန်ခဲ့လျှင် ငြင်းဆန်သူကပင် မတရားသယောင်ဖြစ်နေချေပြီ။ ဘင်္ဂါလီ လူမျိုးတို့ကား မြန်မာပြည်တွင်း တွင်သာမက ရောက်လေရာနိုင်ငံတိုင်းဆီကပင် သူတို့ကိုယ်သူတို့ မြန်မာ
ရိုဟင်ဂျာဟုဆိုကာ အသံဟစ်နေဆဲ။ ထိုသူများကို မေးခွန်း တစ်ခုထုတ်ချင်သည်။ ထိုသို့ဆိုလျှင် အာသံ၊ မဏိပူရနယ်သို့ ပြေးဝင်ရောက်ရှိနေသော ဘင်္ဂါ လီတို့ကကော ဘာလူမျိုးများပါနည်း။

မြန်မာနိုင်ငံတွင် ကိုယ့်တိုင်း ပြည်အတွင်းမှာ နိုင်ငံရေးအရ အချင်းချင်းတိုင်ပင်ဆွေးနွေးမှုများအတွက် စစ်မှန်သောဆွေးနွေးပွဲများမလုပ်နိုင်ဘဲ ယောင်ခြောက်ဆယ်နှင့် တောင်မြောက်လည်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ရှိပညာတတ်နိုင်ငံရေးသမားတို့ကမူ မြန်မာပြည်တွင် ရောက်ရှိနေသောဘင်္ဂါလီလူမျိုးများအရေး
အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားမှာ သံရေးတမန်ရေးတွင်အသာစီးကရနေပြီး သူတို့နှင့်မသက်ဆိုင်သလို ခပ်အေးအေးပင်နေနိုင်ကြဟန်တူ၏။

ဤနေရာမှာ အစ္စလာမ် အစွန်းရောက်အကြမ်းဖက်ဝါဒ မြန်မာပြည်သို့ရောက်ရှိလာနိုင်၊ မနိုင်ကို ထည့်သွင်းဆွေးနွေးလို သည်။ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်ဝါဒသည် ပြည်တွင်း အစ္စ လာမ်ဘာသာဝင်များကြောင့် တော့ နိုင်ငံအတွင်းမှာဖြစ်ပျက် လာစရာအကြောင်းမရှိဟု ယူဆ နိုင်သည်။

ပြည်တွင်းအစ္စလာမ်ဘာ သာဝင်များမှာ ကုန်းဘောင်ခေတ် ကပင် မြန်မာတို့နှင့်အတူ နယ်ချဲ့ ကိုလည်း အတူတိုက်၊ အတူကျ ဆုံး၊ အတူဝမ်းနည်း၊ အတူငိုကြွေး ခဲ့ကြသူတွေရှိသကဲ့သို့ လွတ်လပ် ရေးတိုက်ပွဲမှာလည်း အတူတူပင် ပါဝင်ခဲ့ကြသူတွေဖြစ်သည်။ ထို သူတို့၏ နိုင်ငံချစ်စိတ်ကို သံသယ တစ်စုံတစ်ရာမရှိ။ လူ့အခွင့်အရေးရှုထောင့်ကပဲကြည့်ကြည့်၊ နိုင်ငံ သားတန်းတူညီမျှမှု ရှုထောင့်ကပဲ ကြည့်ကြည့် ပြည်တွင်းမှာ မူလ နေထိုင်သူတို့ကိုကား လွတ်လပ် စွာယုံကြည်ကိုးကွယ်ခွင့်နှင့်အတူ ရန်လိုမုန်းတီးနေ၍ မဖြစ်နိုင်။ သို့ သော်လည်း ကျူးကျော်ခိုးဝင်လာ သူများရှိပါက ၎င်းတို့၏ နိုင်ငံအပေါ် သစ္စာစောင့်သိမှုကိုကား ခန့်မှန်းရခက်သည်။ ထိုအချက်ကို ကား နိုင်ငံသားတိုင်းက အထူးသတိထားဆင်ခြင်စောင့်ထိန်းရမည့်ခေါင်းစဉ်ဟုသာ သတိပေးလိုသည်။

နယ်စပ်ဘင်္ဂါလီခိုးဝင်ကိစ္စ ကိုကား တက်လာသည့်အစိုးရ တိုင်းက နိုင်ငံကိုသာသစ္စာစောင့် သိပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ကို တိကျစွာကိုင်တွယ်ကြစေလို သည်။ နောင်လည်းဝင်နေဦးမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီ မိသားစုတစ်ခုက ကလေးတစ် ယောက်မွေးလာခြင်း
သည် မြန်မာပြည်မှရွေးကောက်ပွဲတွင် အာ ဏာရပါတီ၏ လုပ်ပိုင်ခွင့်တွေ အကြားက မဲပြားများဖြစ်မလာစေ ရန်မူ အထူးသတိရှိသင့်သည်။

နိုင်ငံရေးသမားဟူသည် ကား ကိုယ့်နိုင်ငံမှ နိုင်ငံရေးသမား များသာမဟုတ်။ အခြားနိုင်ငံမှ နိုင်ငံရေး
သမားတို့သည်လည်း အာဏာရမည်ဆိုလျှင် မည်သည့် နေရာက မဲရရ၊ မဲရလျှင်ပြီးရော ဟု သဘောထားကာ အကြံအဖန် လုပ်တတ်လေသည်။ မေယုမခိုင် လျှင်တော့ ပုဂံယိုင်နိုင်သည်။ ယိုင်ခြင်းဆိုသည်မှာ တိုင်းပြည် တွင်း မှမလိုအပ်ဘဲ ရှင်းနေရသည့် ပြဿနာတွေတိုးလာနိုင်သည်ကို ဆိုလိုသည်။

ရင်လေးမိပါသည်။ အိုဘယ့် ဘင်္ဂါလီ။ အိုဘယ့်နိုင်ငံရေးသမား။ ပြည်သူအများက မည်သည့်အစိုး ရပင်တက်လာလာ ညီညီညွတ် ညွတ်နှင့် မေယုကို ခိုင်အောင် ကာကွယ်၍ ပုဂံတည်းဟူ
သော မြန်မာပြည်ကို စောင့်ရှောက်ကာ ကွယ်ရန်တက်လာသည့်အစိုးရ များကို ဖိအားပေးတော်မူကြပါ ကုန်။

By
မယ်ငွေဥ

OppositEye

No comments: