နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ပုဂံဒေသသို့ လာရောက်လေ့လာသူတစ်ဦး (ဓာတ်ပုံ − ဇင်မင်းဆွေ)
ညောင်ဦးမြို့တွင် ရှေးဟောင်းစေတီနှင့် အုတ်ကျောင်းကိုခြံခတ်၍ အဆောက်အအုံ ဆောက်
လုပ်နေသော ပြင်သစ်လူမျိုးဇနီးမောင်နှံ ကိုဒေသခံများက ကန့်ကွက်မှုများပြုလုပ်နေပြီး ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနက အဆိုပါအဆောက်အအုံဆောက်လုပ်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ရွှေစည်းခုံဘုရားအနောက် ဘက်၊ ဧရာဝတီမြစ်ဘေးရှိ ရှေး ဟောင်းစေတီပုထိုးနှင့် ရှေး ဟောင်းအုတ်
ကျောင်းပါဝင်သည့် သုံးဧကခန့်ကျယ်ဝန်းသော ခြံဝင်း ကို ပြင်သစ်ဇနီးမောင်နှံက ၀ယ် ယူထားကာ ခြံဝင်းဝင်ပေါက်တွင် ‘‘The Bagan Step’’စာတန်းပါ ဆိုင်းဘုတ်နှင့် ''Private Please Ask Before Entering'' ဟု ရေးသားထားသည်။
‘‘အဲဒီခြံထဲမှာ အုတ်ကျောင်း နဲ့ ဘုရားရှိပါတယ်။ သူတို့ဘယ် လိုလုပ်ထားတယ်ဆိုတာ စစ်ဆေး တုန်းပဲရှိပါသေးတယ်။ အခု လောလောဆယ် ဒါနဲ့ ပတ်သက်ပြီး အဆောက်အအုံတွေ ဆက်မ ဆောက်ဖို့ ရပ်ဆိုင်းထားပါတယ်’’ ဟု ပုဂံရှေးဟောင်းသုတေသနဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကပြောသည်။
ဇန်န၀ါရီ ၁ ရက်က ညောင် ဦးမြို့သို့ အဖွဲ့လိုက်ဓာတ်ပုံရိုက် ကြသော ခရီးသွားဆောင်းပါး ဓာတ်ပုံဆရာ ကိုဇင်မင်းဆွေနှင့် အဖွဲ့သည် ရှေးဟောင်းအုတ် ကျောင်းကို ဓာတ်ပုံရိုက်လို၍ ပြင်သစ်ဇနီးမောင်နှံ၏ ခြံအတွင်းသို့ ၀င်ရောက်ရာ ၀င်ခွင့်မပေးခဲ့ ကြောင်း ကိုဇင်မင်းဆွေကပြော သည်။
‘‘၂၀၀၉ က အဲဒီနေရာက အုတ်ကျောင်းတွေကို တစ်ခါ ဓာတ်ပုံရိုက်ဖူးတယ်။ အဲဒီအချိန် တုန်းက ဘာခြံဝင်းမှ ခတ်မထား ဘူး။ ကြိုက်သလို ရိုက်လို့ရတယ်။ ၂၀၁၃ တုန်းက တစ်ခေါက်ရောက်ပြန်တယ်။ ခြံဝင်းတော့ ခတ်ထား ပြီ။ အစောင့်တစ်ယောက်က ဓာတ်ပုံရိုက်တာကို ရိုက်ခွင့်ပေးသေး တယ်။ အခုဒီနှစ်အစမှာ သွားရိုက် တော့ လုံးဝကို ၀င်ခွင့်မပေးတော့ ဘူး။ သူတို့ခြံဝင်းမို့လို့ ဓာတ်ပုံ မရိုက်ရဘူးလို့ ပြောတယ်။ ရှေး ဟောင်းအဆောက်အအုံမြေပေါ် မှာ ဒီလိုမလုပ်သင့်ဘူး’’ဟု ကိုဇင် မင်းဆွေကပြောသည်။
‘‘သူတို့လင်မယားရောက် လာတာ ဆယ်နှစ်လောက်တော့ ရှိပြီ။ အဲဒီခြံအတွင်းထဲမှာ ရှေး ဟောင်း ဘုရားကြီးတစ်ဆူရှိ တယ်။ ဘုရားအပျက် နှစ်ဆူရှိ တယ်။ ရှေးဟောင်းအုတ်ကျောင်းတစ်ခုရှိတယ်။ အရင်က ဦးပဉ္စင်း လည်း အဲဒီဘုရားအတွင်းထဲကို ရောက်ဖူးတယ်။ ဒီသတင်း က ပျံ့သွားတော့ အခုအထက်က လူကြီးတွေလာစစ်ဆေးနေတယ် လို့ကြားတယ်။ ဒီလိုရှေးဟောင်း အဆောက်အအုံတွေထဲမှာ လူနေ အိမ်တွေဘာတွေလုပ်တာ ကန့် ကွက်ရမယ်’’ဟု ညောင်ဦးမြို့၊ မြ စည်းခုံကျောင်းတိုက်ဆရာတော် ဦးသုနန္ဒက မိန့်သည်။
‘‘ပုဂံမှာ နိုင်ငံခြားသားတွေ ကလာပြီး မြေကွက်တွေဝယ်နေ တာအများကြီး။ ဒါပေမဲ့ နာမည်တော့ သူတို့ နာမည်နဲ့ မပေါက် ဘူး။ သူတို့ယုံကြည်ရတဲ့ သူနာမည်နဲ့ ၀ယ်ထားကြတာ။ အဲဒီလိုဟာတွေပုဂံမှာ အများကြီး’’ဟု ပုဂံဒေသခံ တစ်ဦးကပြောသည်။
By
ငြိမ်းချမ်း
No comments:
Post a Comment