Friday, April 10, 2015

အင်းလေးကန်ကြီး ထာဝရ တည်တံ့နေပါစေ

ဓာတ်ပုံ ။ ။ မန္တလေးမှ ဓာတ်ပုံဆရာ ကိုရွှေသွေး (ဘောဂဗလ) ရိုက်ကူးပါသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးကန်ပုံတွေ တက်လာတာ တွေ့ရပါတယ်.. ၂၀၁၀ တုံးက ပုံဟောင်းတွေဖြစ်ပြီး အလဲဗင်းဂျာနယ်က သတင်းပုံများပါ.. ပုံတွေက ကင်မရာဆရာ ဖန်တီးရိုက်ကူးထားပြီး အဖြစ်မှန်နဲ့ကွဲ
ပါတယ်.. ဖောင်တော်ဦးစေတီအနား ကျွန်းမျောပေါ်ကနေ ကင်မရာကို တင်ရိုက်ထားပြီး
ရေများလုံးဝခန်းခြောက်သယောင် ထင်စေရပါတယ်..


ကျွန်တော် ၂၀၁၃ တုန်းက ရောက်သွားတော့ အချို့နေရာတွေမှာ တကယ်ပဲ နုံးမြေများတင်ကျန်ပြီး
ရေမဝပ်နိုင်တော့တာကို တွေ့ခဲ့ရပါတယ်.. အမှန်တကယ်တော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ အင်းလေးကန်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကန်ကြီးရဲ့ လေးပုံတစ်ပုံပဲ ကျန်တော့တဲ့ သဘာဝတောင်ပေါ်ရေအိုင်ကြီးပါ.. တချိန်မှာ တဖြေးဖြေးကောပြီး ကွယ်သွားနိုင်ပါတယ်..

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု့ .. ရေဝေရေလဲ သစ်တောဧရိယာ ကျဉ်းမြှောင်းလာမှု့ .. အပူချိန်မြင့်မားလာမှု့ တို့ကြောင့် အချိန်မတိုင်ခင် ပျောက်ကွယ်မသွားဖို့သာ အရေးကြီးပါတယ်.. သိပ်တန်ဘိုးကြီးမားတဲ့ သမိုင်းသုတေသီအချက်အလက်များလဲ ရှိနေပါတယ်.. အစောဆုံး မြန်မာလူမျိုးစုကြီး အစပြုရာ နေရာဖြစ်နေလို့ပါ.. ဆရာကြီး ဒေါက်တာသန်းထွန်း သုတေသနပြု ဖော်ထုတ်သွားတာတွေ ရှိပေမဲ့ အစပဲ ရှိပါသေးတယ်..

သမိုင်းအမွေကြီးမားနေတဲ့ အင်းလေးကန်ကြီးအကြောင်း ပို့စ်အဟောင်းကို မဖတ်ရသူများ
အတွက် ပြန်တင်ပါတယ်..

ဟိုအရင် တစ်ချိန်တုံးဆီက...
အင်းလေးကန် ရေပြင်ကျယ်ကြီးထက်...

ဦးမြင့် နဲ့ နေထွန်းနိုင်


၁ ပူးက ဆောင်းပါးရှင် နေထွန်းနိုင် ရေးထားတဲ့ မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းတတ်ပြီး ရေးထားတာ တွေ့ရတယ်……… အဲ့ဒါက “သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့မှာ ဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦးတို့ ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ဦးမြင့်ကိုယ်တိုင် တွေဝေသလို ဖြစ်နေပါတယ်။”

ဒီအတွက်ကြောင့် ဦးမြင့်က ပညာရှင်ဆန်ဆန် တစ်ချက်ခြင်းစီ တုံ့ပြန်သွားတာ တွေ့ရတယ်…….. ဒီအပေါ် ၁ ပူးက နေထွန်းနိုင် ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရင်း သူတုံ့ပြန်တာ ဖတ်လိုက်တာ အွန်လိုင်းမှာ စကားနိုင်လုသလို မနိုင်နိုင်မယ့်၊ လူမုန်းများစေမယ့် ခေါင်းစဉ်တစ်ခုကို အစ ပျိုးသွားတာ တွေ့ရတယ်………



အင်္ဂလိပ်ဘာသာစကား အသုံးအနှုံးကို ဖယ်ထားဦး၊ ဦးမြင့်မေးတဲ့ အချက်တွေကို ပြန်လည်တောင် တုံ့ပြန် ဖြေရှင်းခြင်း မပြုနိုင်ပဲ ဒီကိစ္စကို အစပြုစေတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ ပညာရေးကို ဆွဲယူသွားပြီး လိုသလို ပုံဖော် ရေးထားတာကို တွေ့ရတယ်……..

သူ့ရဲ့ စာ အစ မှာတင် ဦးမြင့်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးတယ်လို့ ခပ်တည်တည်နဲ့ စွတ်စွဲထားခဲ့တယ်…….. ဒါပေမယ့် သူ့မူရင်း ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းနဲ့ တွယ်ထားတာကို မေ့နေပုံရတယ်…….. ဦးမြင့်ဘက်က ပညာရှင်ဆန်ဆန် တုံ့ပြန်တာကို နေထွန်းနိုင် ပြန်ရေးတဲ့ပုံစံက လမ်းဘေး စကားနိုင်လုသလို မဆိုင်တဲ့ ကိစ္စတွေပဲ ခေါင်းစဉ်တပ်ပြီး ရန်ပြန်တွေ့ထားသလို ဖြစ်နေတယ်……..

ဆရာကြီး ဦးမြင့်ကတော့ ဝိတ်တန်းအောက်ဆင်းပြီး လက်ဝှေ့ထိုးသလိုပဲ………. ၁ ပူးဘက်က နေထွန်းနိုင် တုံ့ပြန်တာတော့ မနိုင်နိုင်ရာ ဖက်ကိုက်တဲ့ပုံစံ ဖြစ်သွားတယ်……..

မပိုင်ပဲ ခေါင်တက် ဝေဖန်လို့ အဆော်ခံရချိန်မှ မနိုင်နိုင်ရာ လုပ်ချင်တဲ့ သဘောမျိုး ညစ်တွန်းတွန်းတာ တွေ့ရတယ်……… ဦးမြင့်နဲ့ အပြိုင်အဆိုင် တစ်ချက်ခြင်းစီ အပြန်အလှန် ဝေဖန်ကြရင်း လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးအတွက် အဖြေတစ်ခုရမလား မျှော်လင့်တကြီး ဖတ်မိတာ မှားတာပဲ……..


Voice of James Mint

လောက်ကိုင်၊ ချင်းရွှေဟော် ကားလမ်းအား စိုးမိုးထားသည့် ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ဧပြီ-၉

လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ ကာကွယ် စောင့်ရှောက်နိုင် ရန်အတွက် တပ်မတော်အနေဖြင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုနှင့် အင်အားဖြည့်တင်းခြင်းကို လေယာဉ်၊ ရဟတ် ယာဉ်၊ မော်တော် ယာဉ်များ အသုံးပြု၍ ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အား အတွက် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို အပြည့်အဝ အသုံးပြု ၍ ကိုးကန့်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းခဲ့သည်။ ထိုသို့ တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းကြောင့် ဧပြီ ၈ ရက်တွင် ပွိုင့်-၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိပြီး ယနေ့ထိ သောင်းကျန်းသူ အခိုင်အမာအခြေပြုစခန်း ၂၀ ကျော်အား သိမ်းပိုက်ရရှိခဲ့ ကာ လောက်ကိုင်ဒေ သ၏ စစ်ဗျူဟာအရေးကြီးနေရာ အများစုနှင့် ဆက်သွယ်ရေး လမ်းကြောင်း များအား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများက ပါစင်ကျော်ကျေးရွာ၏ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူ များ အခိုင်အမာခံစစ်တည်ဆောက် ၍ ခြေကုပ်ယူ ထား သော စစ်ဗျူဟာအရ အရေးကြီးသည့် ပွိုင့်-၁၈၄၅ တောင်ကုန်းအား ဧပြီ ၈ ရက် နံနက်ပိုင်းမှစတင်၍ လက်နက်ကြီး ပစ်ကူ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူ များဖြင့် ဟန်ချက်ညီညီ အဆင့်ဆင့်တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီတွင် အောင်မြင်စွာဖြင့် သိမ်းပိုက် ရရှိခဲ့သည်။

တစ်ချိန်တည်းတွင် ပါစင်ကျော်ကျေးရွာ နှင့် ဘီပီ ၁၃၇ သွား ကားလမ်း ၏ မြောက်ဘက်ရှိ ပွိုင့်-၁၅၈၄ တောင်ကုန်း၊ တာကထန်ကျေးရွာ မြောက် ဘက်ရှိတောင်ကုန်း၊ မာလီရှူးဝါးကျေး ရွာ အရှေ့ဘက်ရှိ ပွိုင့်-၁၇၅၃နှင့် တာရွှေကျင်ကျေးရွာ အရှေ့ဘက်ရှိ တောင်ကုန်းတို့တွင် အခိုင်အမာ အခြေပြုထားသည့် ကိုးကန့်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်း များက လက်နက်ကြီးပစ်ကူများ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူများရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ကိုးကန့်သောင်းကျန်းသူများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လျက်ရှိပြီး တပ်မတော် စစ်ကြောင်းများက အဆင့်ဆင့်ခြေကုပ်ယူ ၍ သောင်းကျန်းသူ များအား ရင်ဆိုင်ထိန်းချုပ် ထားလျက်ရှိသည်။

အီရန် သဘောတူညီချက် ခါမေနီ အာမ မခံသေး

အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ။
 အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန် အနေနဲ့ နိုင်ငံတကာ က အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးရေး အနောက်နိုင်ငံတွေ နဲ့ မကြာသေးခင်က ရရှိထားတဲ့ အခြေခံ လုပ်ငန်းစဉ် ဟာ နောက်ဆုံး သဘောတူညီချက် ရနိုင်အောင် အာမ မခံနိုင်သေးဘူးလို့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။

အီရန်နိုင်ငံနဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်အပေါ် သူ့အနေနဲ့ ထောက်ခံတာပဲဖြစ်ဖြစ် ဆန့်ကျင်တာပဲဖြစ်ဖြစ် သဘောထား မပေးလိုပေမဲ့ ဒါဟာ နောက်ဆုံး သဘောတူညီချက်မဟုတ်သလို၊ မဖြစ်မနေ လိုက်နာရမယ့် သတ်မှတ်ချက် မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

Wednesday, April 8, 2015

ပျောက်ဆုံးနေသော ယေရှုအုတ်ဂူပင်လော?

 သိပ္ပံပညာရှင်က ခရစ်တော်၏ ရုပ်အလောင်းတော် မည်သည့်နေရာတွင် ရှိနေသည်ကို ရှင်လင်းပြနိုင်သော "လုံးဝနီးပါးထင်ရှားလှသောသက်သေ" ၎င်း၌ရှိနေပြီဟု ဆိုနေချေပြီ။
ဧပြီ ၈၊ ၂၀၁၅
ဂျေရုဆလမ်ရှိ ဘူမိပညာရှင်တစ်ဦးက ၎င်း၌ ယေရှုခရစ်တော် နောက်ဆုံးလဲလျောင်းရာနေရာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်တစ်ခုကို ဖော်ထုတ်လိုက်ပြန်ပြီဖြစ်သည်။
၁၉၈၀ ခုနှစ်က အရှေ့ဂျေရုဆလမ်တွင် ရှေးဟောင်းတူးဖော်ရေးနယ်မြေမှ တွေ့ရှိခဲ့ရသော တယ်လ်ပီးယော့ အုပ်ဂူ (Talpiot Tomb) အား ထပ်မံသော စစ်ဆေးမှုအသစ်များ ပြုလုပ်ခဲ့ရာ ထိုအုပ်ဂူသည် ယေရှု (Jesus of Nazareth) ၊ ၎င်း၏ဇနီး မာရီ မဂ်ဒလင်း (Mary Magdalene) နှင့် ၎င်း၏သား ယုဒ (Judah) တို့၏ အုပ်ဂူဖြစ်ကြောင်း ဖြစ်နိုင်ဖွယ်ရာအချင်များ ပိုမိုညွှန်းဆိုနေသည်ဟု ဒေါက်တာ အာယေ ရှင်မရွန် (Dr Aryeh Shimron) က ဆိုသည်။
တယ်လ်ပီးယော့အုတ်ဂူတွင်း ထွင်းထုစာသားများနှင့် မြှုပ်နှံခဲ့သော နေ့ရက်များအရ မှန်းဆ၍ ရသည်မှာ ယေရှုသည် "အိမ်ထောင်ကျခဲ့သည်၊ ကလေးတစ်ယောက်အဖေ ဖြစ်ခဲ့သည်၊ ၎င်း၏ကျွင်းကျန် ရုပ်ကလပ်ကို ထောက်ချင့်လျှင် ‪#‎ရှင်သန်ထမြောက်ခြင်းသည်မည်သည့်အခါကမျှမဖြစ်ခဲ့‬ ဟု အဓိပ္ပါယ် ရနေသည်။
(အငြင်းပွားနေကြသော ယေရှုနာမည်ပါသည့်) ၁၀ ခု မြောက်ဖြစ်သော သေတ္တာကို ဘူမိဓာတုနည်းဖြင့် စစ်ဆေးကြည့်ရာတွင် ၎င်းသေတ္တာမှာ တယ်လ်ပီးယော့အုတ်ဂူရှိ ပစ္စည်းပစ္စယများထဲမှ မကြာသေးမီကမှ ခွဲထုတ်ဖယ်ထားလိုက်သော တစ်ခုဖြစ်သည်ဟု တွေ့ရှိရကြောင်း ဒေါက်တာ ရှင်မရွန်က New York Times ကို ပြောကြားခဲ့သည်။
ဤသည်မှာ အရေးပါလှသည့် တွေ့ရှိချက်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၁၀ ခုမြောက် သေတ္တာ၌ ရေးထိုးထားသည့် အာရာမဲ့အစ် (Aramaic -- BC ၆ ရာစုကတည်းက ပြောဆိုခဲ့သော ဘာသာစကား) ဖြင့် “James son of Joseph brother of Jesus” (ဂျိုးဆက်ဖ်၏ သားဖြစ်၍ ယေရှု၏ ညီဖြစ်သော ဂျိမ်းစ်) ရေးထွင်းထားသော ၎င်းကျောက်သေတ္တာ၌အရ ထိုအမည်များမှာ ယေရှုခရစ်တော် နှင့် ၎င်း၏မိသားစုတို့ ဖြစ်နိုင်သောကြောင့်ဖြစ်သည်ဟု ဒေါက်တာရှင်မရွန်က ဆိုသည်။
Myo Min Thant

Tuesday, April 7, 2015

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၏ အိမ်ဈေးနှုန်းများ ကျဆင်း


ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ) 
တရုတ်နိုင်ငံ၏ အိမ်အရောင်းအဝယ် ဈေးကွက်အားနည်းနေပြီး အိမ်အသစ် ဈေးနှုန်းများလည်း ဇန်နဝါရီလနှင့် ယှဉ်လျှင် ဖေဖော်ဝါရီလတွင် မြို့တော်တော်များများ၌ ကျဆင်းနေကြောင်း သုတေသန ပြုလုပ်မှု များအရ သိရသည်။
မြို့ပေါင်း (၇၀) ကို သုတေသန ပြုလုပ်ရာတွင် (၆၆)မြို့ရှိ အိမ်အသစ် ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း၌ ယခင်လထက် နိမ့်ဆင်းသွားကြောင်း သုတေသနပြုလုပ်နေသည့် National Bureau of Statistics (NBS) က မတ်လ ၁၈ ရက်နေ့က ပြောကြားသည်။ 
ဇန်နဝါရီလတွင် ဝူဟန် (Wuhan) နှင့် လုကျိုး (Luzhou) ၌ အိမ်ဈေးနှုန်းများ တန့်နေပြီး စန်းကျန့် (Shenzhen) နှင့် ကန့်ကျိုး (Ganzhou) တို့ရှိ အိမ်ဈေးနှုန်းများမှာ ၀.၂ ရာခိုင်နှုန်း နှင့် ၀.၁ ရာခိုင်နှုန်း ခန့်အနည်းငယ် မြင့်တက်လာကြောင်း NBS က ဖော်ပြသည့် အချက်အလက်များအရ သိရသည်။ 
အိမ်ဟောင်း ဈေးနှုန်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း (၆၁) မြို့ ၌ ဈေးနှုန်းများ ကျဆင်းလာပြီး မြို့ (၅) မြို့တွင် ဈေးနှုန်း အနည်းငယ် မြင့်တက်လာကာ (၄) မြို့တွင် ဈေးတန့် နေကြောင်း သိရသည်။ 
(Xinhua) 

သတ်မှတ်နှုန်းထက် ပိုယူတဲ့ အဝေးပြေးကားများ အရေးယူခံရ

အဝေးပြေးကားတစ်စင်းကို တွေ့ရစဉ် Photo: commons.wikimedia.org

လာမယ့် သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခတွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတဲ့ယာဉ်လိုင်းတွေကို ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော် မတီက ခေါ်ယူစစ်ဆေးပြီး အရေးယူနေပါတယ်။

ငွေပိုပေးပြီးဝယ်ခဲ့ရတဲ့ ခရီးသည်တွေကို ရောင်းချ သူတွေထံက ပြန်တောင်းပြီး ငွေပြန်အမ်းမှာဖြစ် သလို ဈေးပိုရောင်းထားတဲ့ယာဉ်လိုင်းဟာ ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရမှာဖြစ်တယ်လို့ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးနဲ့ ဒဂုံဧရာ အဝေးပြေးဂိတ်တွေ မှာ အဝေးပြေးကြီးကြပ်မှုကော်မတီကို ဖွင့်လှစ်ပေး ထားပြီး ခရီးသည်တွေအနေနဲ့ အဲဒီကော်မတီမှာ သွားရောက်တိုင်ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်စီးခပိုမိုကောက်ခံတဲ့ မြို့တွင်းယာဉ်လိုင်းတွေကိုလည်း ငွေဒဏ် သုံးသောင်းနဲ့ ပြေးဆွဲခွင့် တစ်လရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီလိုလက်မှတ်ဈေးနှုန်း ပိုရောင်းတာကို တိုင်ကြားမှု ၁၄ မှုရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလဟာ ခရီးသွားလာမှု အများဆုံးအချိန်ဖြစ်တာကြောင့် မှောင်ခိုလက်မှတ်သဘောမျိုး ရောင်းချနေကြပြီး ခရီးသည်တွေဟာ ဈေးကြီးပေးသွားလာနေရတာဖြစ်ပါတယ်။

RFA Burmese

ယီမင်သူပုန် တိုက်ထုတ်ရေး ပါကစ္စတန်ကို မဟာမိတ်တွေ အကူညီတောင်း

ဆာနာမြို့နားက ရွာတရွာမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တလုံးမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေတဲ့ မြင်ကွင်း။ (ဧပြီ ၄၊ ၂၀၁၅) 
 ယီမင်က ဟူသီသူပုန်တွေကို တိုက်နေတဲ့ ဆော်ဒီအာရေးဗီးယား ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကို ကူညီပေးဖို့ ပါကစ္စတန်စစ်တပ်အနေနဲ့ မြေပြင်တပ်ဖွဲ့တွေ၊ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Muhammas Asif က ဒီကနေ့ ပြောပါတယ်။

ပါကစ္စတန်လွှတ်တော်ပြန်စတဲ့ ဒီနေ့မှာပဲ ကာကွယ်ရေးဝန်ကြီး Asif က ယီမင်နိုင်ငံထဲကနေ ပြီးခဲ့တဲ့လကထွက်ပြေးခဲ့ရတဲ့ သမ္မတ Abd-Rabbu Mansour Hadi ကို ကူညီပေးဖို့ ဆော်ဒီဦးဆောင်တဲ့တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ သီတင်းပတ် ၂ ပတ်နီးပါး လုပ်လာတာကို ဝိုင်းကူပေးသင့်မသင့် ချင့်ချိန်နေရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပါက္စတန်အနေနဲ့ ဒီစစ်ပွဲကို ဝိုင်းကူပေးမယ်လို့ ကတိပြုခဲ့ပေမယ့် အတိအကျ ဘယ်လိုကူညီပေးမယ် ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။ ဆော်ဒီအာရေးဗီးယားကို ပြင်ပက တိုက်ခိုက်လာရင် ကာကွယ်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ကတိပြု ပြောခဲ့ပါတယ်။

အာရပ်ကမ္ဘာရဲ့ အဆင်းရဲဆုံးဖြစ်တဲ့ ယီမင်နိုင်ငံရဲ့ မြို့တော် Sanaa ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက သိမ်းပိုက်ခဲ့တဲ့ ဟူသီသူပုန်တွေဟာ နိုင်ငံတောင်ပိုင်းက Aden မြို့ကိုပါ သိမ်းပိုက်ဖို့ ဆက်ချီတက်လာခဲ့တာမှာ ဆော်ဒီနယ်စပ် ဖြတ်ကူးတဲ့လမ်းကြောင်းတွေကိုလည်း တိုက်ခိုက်လာနေတာပါ။ လေကြောင်း တိုက်ခိုက်မှုတွေ ၁၂ ရက်ကြာလာအပြီး မြေပြင်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ ခန်မှန်းချက်တွေ ရှိလာနေချိန်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ ယီမင်ကို ပို့ဖို့ အသင့်ဖြစ်နေတဲ့ ဆေးဝါးတွေ လေကြောင်းကမပို့နိုင်သေးဘဲ အခက်တွေ့နေတယ်လို့ ဒီနေ့ပဲ ထုတ်ဖော် ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

Monday, April 6, 2015

ပုပ္ပါးတောင် မီးလောင်ကျွမ်းမှု ၈ ရက်ကြာသည်အထိ မငြိမ်းသေး၊ ယခုမီးလောင်မှုက အကြီးကျယ်ဆုံး မီးလောင်မှုဖြစ်


ပုပ္ပါးတောင်မှ မြင်တွေ့ရသောရှုခင်း(ဓာတ်ပုံ-ပုပ္ပါးချစ်သူများဖေ့ဘွတ်)ENVIRONMENT, DISASTERS & ACCIDENTSရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) 
ပုပ္ပားတောင်မကြီးတွင် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်းခဲ့ရာ ယနေ့ ၈ ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ပြီး ယခုမီးလောင်မှုသည် ပုပ္ပါးတောင် အတွက် အကြီးကျယ်ဆုံး မီးလောင်မှုတစ်ခုဖြစ်သည်ဟု ပုပ္ပါးတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ဆင်ဟွာသို့ ပြောသည်။
ဦးကျော်ဝင်းဆွေက “ နယ်မြေခံတွေကလည်း တောမီးရှို့နေကြ၊ တောဆိုတာက ဆောင်းအဝင်၊ မိုးအကုန်မှာ မီးတားလမ်းလုပ်လေ့ ရှိတယ်။ (၇) ပေလောက်ကျယ်တဲ့ လမ်းလုပ်တော့ တောမီးလောင်ရင် မီးတားလမ်းက မီးက မကျော်တော့ဘူးပေါ့။ အခုမီးကတော့ အကြီးဆုံးလို့ယူဆတယ်။ အရင်က မီးလောင်ရင် ၂ ရက်လောက်နဲ့ ငြိမ်းတယ်” ဟုပြောသည်။ 
ပုပ္ပားတောင် အရှေ့ဘက်ခြမ်းရှိ ရှော်တောရွာအနီးမှစတင် လောင်ကျွမ်းခဲ့ရာ တောမီးမှာ မြောက်ဘက်ခြမ်း နွားလဘို့တောင်၊ ဆေးဝင်တောင်သို့ပါ ကူးစက်၍ ဆက်လက်လောင်ကျွမ်း ရာယခု မြင်းကတောင်မှ ဆက်လက်လောက်ကျွမ်းနေကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ တာဝန်ရှိသူက ပြောသည်။ 
ယခုမီးလောင်ကျွမ်းမှုတွင် ခန့်မှန်းချေ ဧက ၁,၅၀၀ လောက်တော့ ရှိနိုင်ကြောင်း၊ လွန်ခဲ့သည့် (၅) ရက်က ဧက ၁,၀၀၀ လောက်ရှိကြောင်း၊ ထင်းရှူးပင်ရှိတဲ့ဘက်တွေ ကို မကူးနိုင်တော့ ရက်က (၁၀) ရက်လောက်ကြာတော့ တောရိုင်းသတ္တ၀ါ အငယ်တွေ ပျောက်သွားနိုင်ကြောင်း ဦးကျော်ဝင်းဆွေက ဆိုသည်။  
“ တောမြွေကြီးတွေကတော့ တောင်အောက်ဆင်းလာနိုင်တယ်။ မီးခိုးမှုံတွေကြောင့် လူသူအရောက်နည်းတဲ့နေရာမှာ ချိုင့်ဝှမ်းတွေမှာနေတဲ့ မျောက်မျက်ကွင်းဖြူတွေအတွက်တော့ ကျွန်တော်တို့ မသိတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။  
ပုပ္ပါးတောင်ကို အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍ လည်းကောင်း တင်စား ပြောဆိုကြသည့် တောင်ကြီး ဖြစ်သည်။
ပုပ္ပါးတောင်သည် သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတ္ထကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ်တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီးသေတောင်ဖြစ်သည်ဟု ခန့်မှန်းရကြောင်း သမိုင်းပညာရှင်တချို့ က ရေးသားခဲ့ဖူးသည်။
ယခုမီးလောင်ကျွမ်းမှုကြောင့် လိပ်ပြာတို့၊ မြေကပ်ကောင်တို့လည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံတချို့က ထင်ကြေးပေးကြသည်။
ဆရာတော်ဦးယုဇနက “မီးက မငြိမ်းသေးဘူး။ နည်းနည်းချင်းစလောင်တဲ့ ရက်ကစတွက်ရင် မီးလောင်တာက (၈) ရက် (၉) ရက်လောက်ရှိပြီ။ လောင်တဲ့ အကြောင်းက ပြောရခက်တယ်။ မုဆိုးတွေကလည်း မီးပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ ယူဆတယ်လို့ ပြောတယ်။ တောင်ကြီးအားလုံးရဲ့ ၃ ပုံ ၁ ပုံ လောက်တော့ လောင်တယ်။ အပင်ကြီး ပျက်စီးမှုတော့ နည်းတယ်။ တိရစ္ဆာန်လေးတွေ သေကြတယ်။ ငှက်သိုက်တွေဆိုပျက်စီးကြတယ်။ စကတည်းက လူအင်အားကောင်းကောင်းနဲ့ လုပ်ရင် တော့ အများကြီး သိပ်မကူးနိုင်ဘူး။” ဟု ယခုမီးလောင်မှုမှာ ကူညီခဲ့သည့် အတွေ့အကြုံကို ပြောသည်။
ပုပ္ပားတောင်တွင် ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ် လောင်ကျွမ်းခဲ့စဉ်က နှစ်ရက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
 (Xinhua)

ဗြိတိန်ဆယ်ကျော်သက်များမှာ IS အဖွဲ့ကို ပေါ့ပ်အသည်းစွဲများဟု မှတ်ယူနေဟု ဆို


 ဗြိတိန်ဆယ်ကျော်သက်များမှာ IS အဖွဲ့ကို ပေါ့ပ်အသည်းစွဲများဟု မှတ်ယူနေဟု ဆို
 06, April 2015
ဗြိတိန်ဆယ်ကျော်သက် ရာကျော်လောက်ကို အစ္စလာမ်မစ်နိုင်ငံတော်(IS) အကြမ်းဖက်စစ်သွေးကြွတွေက သိမ်းသွင်းနိုင်ခဲ့တာဟာ ဒီဆယ်ကျော်သက် လူငယ်တွေကို IS အဖွဲ့ကို သူ့တို့ လေးစားအားကျရတဲ့ ပေါ့ပ်အသည်းစွဲ နာမည်ကြီးတွေကို မှတ်ယူထားလို့ ဖြစ်ကြောင်း ဗြိတိန်ရဲ့ ထိပ်သီးမွတ်စလင် ၀ါရင့် ရှေ့နေ နာဇီယာအက်ဖ်ဇယ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတွင်းက ဆယ်ကျော်သက်တွေ အခုလိုသိမ်းသွင်းခံနေရတာနဲ့ ပက်သက်လို့ ရှေ့နေအက်ဖ်ဇယ်က ဘာသာရေးစစ် ဆင်နွှဲနေတဲ့ ဂျီဟတ်ဖြစ်ဖို့ စွဲလန်းရူးသွပ်နေမှု ( Jihadimania ) ဆိုတဲ့ စကားလုံးနဲ့ တင်စား သုံးနူန်းခဲ့ပြီး ပြဿနာက ထင်တာထက်တောင် နက်ရှိုင်းနေတယ်လို့ ဆိုပါတယ်။ “ ဗြိတိန်က လူငယ်အချို့က ဂျီဟတ်စစ်သားတွေ ဖြစ်ချင်နေသလို မိန်းမပျိုလေးတွေကလည်း ဂျီဟတ်တွေနဲ့ အတူနေချင်စိတ်တွေ ပြင်းပြ နေပါတယ်။ ဂျီဟတ်တွေဟာ သူတို့အတွက် ဘီတဲလ်အဖွဲ့လို၊ အခုခေတ် အနေအထားနဲ့ ပြောရင်တော့ ဂျက်စတင်ဘီဘာ၊ ၀မ်းဒါရိုက်ရှင်တို့လိုပဲ ဖြစ်ပါတယ်။ ဂျီဟတ်တွေကလို ဒီလိုဖြစ်လာစေဖို့ လူသိများကျော်ကြား မှုဆိုတာကို အသုံးချပြီး လူငယ်တွေကို ချဉ်းကပ်ကြပါတယ်။ အဲဒီမှာတင် ဗြိတိန်ဆယ်ကျော်သက်တွေဟာ သူတို့ကို ကိုးကွယ်တဲ့ အဆင့်အထိ ကျဆင်းသွားပါတော့တယ်။

တကယ်က သူတို့ဟာ ဂျီဟတ်တွေရဲ့ အသုံးချခံ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေပဲ ဖြစ်ပါတယ်။ သူတို့ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ခွဲထုတ်ပြီး နောက်ဆုံးမှာ သူတို့အဖွဲ့အတွက် ထာဝရ အသုံးပြုဖို့ ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ သူတို့ဘ၀ကိုယ် သူတို့ စိတ်ပျက်စရာကောင်းနေတယ်လို့ ထင်နေတာဟာလည်း ဂျီဟတ်တွေအတွက် စည်းရုံးရလွယ်စေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။” လို့ အက်ဖ်ဇယ်က ပြောကြားခဲ့ပါ တယ်။ အက်ဖ်ဇယ်ဟာ မကြာသေးခင်ကပဲ အင်္ဂလန်အနောက်မြောက်ပိုင်းမှာရှိတဲ့ ခရောင်းတရားရုံးအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဗြိတိန်ရဲအဖွဲ့တွေဟာ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက်သမားတွေနဲ့ ပက်သက်ခဲ့တယ်လို့ သံသယရှိမှုနဲ့ အသက် ၂၀ ကျော် လူငယ် ငါးဦးနဲ့ မိန်းမပျိုတစ်ဦးကို မကြာသေးခင်က ထိန်းသိမ်းခဲ့ပါတယ်။ ရှေ့နေ အက်ဖ်ဇယ်က အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပြည်တွင်းက ရဲအဖွဲ့နဲ့ လုံခြုံရေး အဖွဲ့တွေအပေါ်မှာပဲ မှီခိုနေတဲ့အတွက် ၂၀၀၅ ဇူလိုင် ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လန်ဒန်မြို့က အရပ်သားတွေ ကို အစ္စလာမ်မစ် အကြမ်းဖက်သမားတွေက  ဗုံးခွဲတိုက်ခိုက်မှုမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်တယ်လို့ ဆိုခဲ့ပါတယ်။

ဆီးရီးယားကို သွားပြီး ပြန်လာတဲ့ ဆယ်ကျော်သက်တွေဟာ မိခင်နိုင်ငံအတွက်တော့ နောက်ထပ် လူငယ်တွေကို ထပ်စည်းရုံးနိုင်ဖို့ တပ်သားသစ်တွေ ဖြစ်လာသလို ဆီးရီးယားနဲ့ ချိတ်ဆက်ပြီး နိုင်ငံတွင်းမှာ ဆက်ရှိနေတဲ့ လူငယ်တွေဟာလည်း ချိန်ကိုက်ဗုံးတစ်လုံးလို အန္တရာယ်ကြီးတယ်လို့ အက်ဖ်ဇယ်က ထပ်မံ သုံးသပ်ခဲ့ပါတယ်။

Ref – Guardian