Friday, April 10, 2015

ဦးမြင့် နဲ့ နေထွန်းနိုင်


၁ ပူးက ဆောင်းပါးရှင် နေထွန်းနိုင် ရေးထားတဲ့ မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းတတ်ပြီး ရေးထားတာ တွေ့ရတယ်……… အဲ့ဒါက “သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့မှာ ဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦးတို့ ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ဦးမြင့်ကိုယ်တိုင် တွေဝေသလို ဖြစ်နေပါတယ်။”

ဒီအတွက်ကြောင့် ဦးမြင့်က ပညာရှင်ဆန်ဆန် တစ်ချက်ခြင်းစီ တုံ့ပြန်သွားတာ တွေ့ရတယ်…….. ဒီအပေါ် ၁ ပူးက နေထွန်းနိုင် ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရင်း သူတုံ့ပြန်တာ ဖတ်လိုက်တာ အွန်လိုင်းမှာ စကားနိုင်လုသလို မနိုင်နိုင်မယ့်၊ လူမုန်းများစေမယ့် ခေါင်းစဉ်တစ်ခုကို အစ ပျိုးသွားတာ တွေ့ရတယ်………



အင်္ဂလိပ်ဘာသာစကား အသုံးအနှုံးကို ဖယ်ထားဦး၊ ဦးမြင့်မေးတဲ့ အချက်တွေကို ပြန်လည်တောင် တုံ့ပြန် ဖြေရှင်းခြင်း မပြုနိုင်ပဲ ဒီကိစ္စကို အစပြုစေတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ ပညာရေးကို ဆွဲယူသွားပြီး လိုသလို ပုံဖော် ရေးထားတာကို တွေ့ရတယ်……..

သူ့ရဲ့ စာ အစ မှာတင် ဦးမြင့်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးတယ်လို့ ခပ်တည်တည်နဲ့ စွတ်စွဲထားခဲ့တယ်…….. ဒါပေမယ့် သူ့မူရင်း ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းနဲ့ တွယ်ထားတာကို မေ့နေပုံရတယ်…….. ဦးမြင့်ဘက်က ပညာရှင်ဆန်ဆန် တုံ့ပြန်တာကို နေထွန်းနိုင် ပြန်ရေးတဲ့ပုံစံက လမ်းဘေး စကားနိုင်လုသလို မဆိုင်တဲ့ ကိစ္စတွေပဲ ခေါင်းစဉ်တပ်ပြီး ရန်ပြန်တွေ့ထားသလို ဖြစ်နေတယ်……..

ဆရာကြီး ဦးမြင့်ကတော့ ဝိတ်တန်းအောက်ဆင်းပြီး လက်ဝှေ့ထိုးသလိုပဲ………. ၁ ပူးဘက်က နေထွန်းနိုင် တုံ့ပြန်တာတော့ မနိုင်နိုင်ရာ ဖက်ကိုက်တဲ့ပုံစံ ဖြစ်သွားတယ်……..

မပိုင်ပဲ ခေါင်တက် ဝေဖန်လို့ အဆော်ခံရချိန်မှ မနိုင်နိုင်ရာ လုပ်ချင်တဲ့ သဘောမျိုး ညစ်တွန်းတွန်းတာ တွေ့ရတယ်……… ဦးမြင့်နဲ့ အပြိုင်အဆိုင် တစ်ချက်ခြင်းစီ အပြန်အလှန် ဝေဖန်ကြရင်း လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးအတွက် အဖြေတစ်ခုရမလား မျှော်လင့်တကြီး ဖတ်မိတာ မှားတာပဲ……..


Voice of James Mint

No comments: