သိပ္ပံပညာရှင်က ခရစ်တော်၏ ရုပ်အလောင်းတော် မည်သည့်နေရာတွင် ရှိနေသည်ကို ရှင်လင်းပြနိုင်သော "လုံးဝနီးပါးထင်ရှားလှသောသက်သေ" ၎င်း၌ရှိနေပြီဟု ဆိုနေချေပြီ။
ဧပြီ ၈၊ ၂၀၁၅
ဂျေရုဆလမ်ရှိ ဘူမိပညာရှင်တစ်ဦးက ၎င်း၌ ယေရှုခရစ်တော် နောက်ဆုံးလဲလျောင်းရာနေရာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်တစ်ခုကို ဖော်ထုတ်လိုက်ပြန်ပြီဖြစ်သည်။
၁၉၈၀ ခုနှစ်က အရှေ့ဂျေရုဆလမ်တွင် ရှေးဟောင်းတူးဖော်ရေးနယ်မြေမှ တွေ့ရှိခဲ့ရသော တယ်လ်ပီးယော့ အုပ်ဂူ (Talpiot Tomb) အား ထပ်မံသော စစ်ဆေးမှုအသစ်များ ပြုလုပ်ခဲ့ရာ ထိုအုပ်ဂူသည် ယေရှု (Jesus of Nazareth) ၊ ၎င်း၏ဇနီး မာရီ မဂ်ဒလင်း (Mary Magdalene) နှင့် ၎င်း၏သား ယုဒ (Judah) တို့၏ အုပ်ဂူဖြစ်ကြောင်း ဖြစ်နိုင်ဖွယ်ရာအချင်များ ပိုမိုညွှန်းဆိုနေသည်ဟု ဒေါက်တာ အာယေ ရှင်မရွန် (Dr Aryeh Shimron) က ဆိုသည်။
တယ်လ်ပီးယော့အုတ်ဂူတွင်း ထွင်းထုစာသားများနှင့် မြှုပ်နှံခဲ့သော နေ့ရက်များအရ မှန်းဆ၍ ရသည်မှာ ယေရှုသည် "အိမ်ထောင်ကျခဲ့သည်၊ ကလေးတစ်ယောက်အဖေ ဖြစ်ခဲ့သည်၊ ၎င်း၏ကျွင်းကျန် ရုပ်ကလပ်ကို ထောက်ချင့်လျှင် #ရှင်သန်ထမြောက်ခြင်းသည်မည်သည့်အခါကမျှမဖြစ်ခဲ့ ဟု အဓိပ္ပါယ် ရနေသည်။
(အငြင်းပွားနေကြသော ယေရှုနာမည်ပါသည့်) ၁၀ ခု မြောက်ဖြစ်သော သေတ္တာကို ဘူမိဓာတုနည်းဖြင့် စစ်ဆေးကြည့်ရာတွင် ၎င်းသေတ္တာမှာ တယ်လ်ပီးယော့အုတ်ဂူရှိ ပစ္စည်းပစ္စယများထဲမှ မကြာသေးမီကမှ ခွဲထုတ်ဖယ်ထားလိုက်သော တစ်ခုဖြစ်သည်ဟု တွေ့ရှိရကြောင်း ဒေါက်တာ ရှင်မရွန်က New York Times ကို ပြောကြားခဲ့သည်။
ဤသည်မှာ အရေးပါလှသည့် တွေ့ရှိချက်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၁၀ ခုမြောက် သေတ္တာ၌ ရေးထိုးထားသည့် အာရာမဲ့အစ် (Aramaic -- BC ၆ ရာစုကတည်းက ပြောဆိုခဲ့သော ဘာသာစကား) ဖြင့် “James son of Joseph brother of Jesus” (ဂျိုးဆက်ဖ်၏ သားဖြစ်၍ ယေရှု၏ ညီဖြစ်သော ဂျိမ်းစ်) ရေးထွင်းထားသော ၎င်းကျောက်သေတ္တာ၌အရ ထိုအမည်များမှာ ယေရှုခရစ်တော် နှင့် ၎င်း၏မိသားစုတို့ ဖြစ်နိုင်သောကြောင့်ဖြစ်သည်ဟု ဒေါက်တာရှင်မရွန်က ဆိုသည်။
Myo Min Thant


No comments:
Post a Comment