Wednesday, March 29, 2017

ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင် အမ်းတွင် လာရောက်ဖြေဖျော်

17523634_1478011165544289_4599244516729531885_n

စံမောင်သန်း၊ စစ်တွေ
နိ
၊ရဉ္စရာ မတ် ၂၈

ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ အေးမောင် အနိုင်ရရှိရေး အတွက် ရခိုင်အဆိုတော် ၀င်းကိုခိုင်သည် တစ်ခြားအဆိုတော်များ ဖြစ်ကြသည့် ဒိုးအ်ရီနှင့် L ကိုလင်းတို့နှင့် အတူ ဖြေဖျော်ရန် အမ်းတွင် ရောက်ရှိနေပြီဟု သတင်း ရရှိသည်။
ရခိုင်အမျိုးသားပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖြေဖျော်ပွဲကို အမ်းမြို့တွင် မတ်လ ၂၉ ရက်နေ့ ည၌ ဖျော်ဖြေကြမည်ဖြစ်သည်။
“ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဆိုတာက ရခိုင်လူမျိုးတွေရဲ့ ကိုယ်စားပြုပါတီဖြစ်ပြီးတော့ ကျနော်တို့ကလည်း ရခိုင်လူမျိုးတွေ ဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီနဲ့ အတူတူရှိတယ်၊ နောက်တခုက ဘာပဲဖြစ်ဖြစ် ရခိုင်လူမျိုးတွေမှာ ကိုယ်စားပြုပါတီ တခုရှိရမယ်၊ တစုတစည်းတည်း ရှိရမယ်၊ အဲ့သဘောကိုလည်း ကျနော်တို့က သဘောကျတယ်။ အဲ့ဒါကြောင့် ကျနော့်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ၀ိုင်းရံပေးတယ်ဆိုတဲ့ သဘောပါပဲ”ဟု ၀င်းကိုခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သူက ဆက်လက်၍ “ကျနော် အရင်က ANP အတွက် သီချင်းတွေ ရေးပြီးတော့ ထုတ်ထားတာတွေရှိတယ်။ ကျနော်အနေနဲ့ ANP နဲ့ အတူတကွ လက်တွဲ လုပ်လာပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီချင်းတွေ ဆိုဖူးပါတယ်။ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ကျနော့်ကို ဖိတ်ခေါ်တဲ့အတွက် လာရောက် ဖျော်ဖြေရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

 နိ၊ရဉ္စရာသတင်း http://www.narinjara.com/burmese/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%b1%e1%80%a1%e1%80%ac/
ဓါတ်ပုံ-ကိုဝင်းကိုခိုင်

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကြောင့် ရွာသားများ နေရပ်စွန့်ခွာထွက်ပြေး

http://burmese.aungaungsittwe.com/archives/1369

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ် မင်းအောင်လှိုင်တို့ အကြီးအကျယ် သဘောထားကွဲလွဲလျှက်ရှိ




နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်သို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ ရောက်ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကြိုဆို နှုတ်ဆက်စဉ် (ဓါတ်ပုံ – MOI)
 ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၄-၃-၂၀၁၇ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဥရောပသမဂ္ဂမှ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒေါ်စုကိုယ်တိုင် အကြီးအကျယ် လူသိရှင်ကြား ကန့်ကွက်ရှုပ်ချပေးဖို့ ကာချုပ်က တရားဝင် တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဆိုတာ မရှိကြောင်းနဲ့ ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီး ဒေါ်စုအရှိန်အ၀ါကို သုံးပြီး နိုင်ငံတကာ ကို ပြတ်ပြတ်သားသား မက်ဆေ့ပေးဖို့ ကာချုပ်က အပြင်းအထန် ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ဒေါ်စုကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်လာရင် သူပြောသင့်ပြောထိုက်တာ မှန်သမျှ နိုင်ငံတကာကို အသိပေးပြီး ဖြစ်ကြောင်း၊ ဒီကိစ္စနှင့် ပတ်သတ်လာလျှင် နိုင်ငံတကာ ဝေဖန်မှု့အချို့ကိုပင် ဂရုမစိုက်ပဲ တပ်မတော်နှင့် အတူ ရပ်တည်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံတကာနှင့် သက်ဆိုင်သော ကိစ္စရပ်တိုင်း၊ နိုင်ငံတကာမှ လက်ခံအလေးထားဖို့ လိုကြောင်း၊ IFF ( International Fact-Finding Mission) ကို dissociated လုပ်ချင်လျှင် မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်ဆုံးဖြတ်ချက်တွေကိုလည်း လက်ခံလိုက်နာဖို့ လိုကြောင်းနှင့် ပြစ်မှု့ကျူးလွန်တဲ့ သက်ဆိုင်သူတွေကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးပြီး အရေးယူဖို့လိုတယ်လို့ ပြန်လည် နှုတ်လှန်ထိုးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားမှုတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နေ့ ဆိုတဲ့ အခမ်းအနားကို တက်ရောက်မှုမရှိတာပါ။ ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်မှုမရှိတာကို ထင်ရှားစေဖို့အတွက် ခုံလွတ်ကိုလည်း ထင်ရှားအောင် ပြသထားပါတယ်။ တပ်မတော်နေ့ ညစာစားပွဲ အခမ်းနားမှာလည်း ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကိုသာ ဖိတ်ကြားပြီး တစ်စားပွဲတည်း ထိုင်ပြလိုက်ခြင်းအားဖြင့် တပ်မတော်နဲ့ ဦးသိန်းစိန် တသဘော တည်းရှိကြောင်းလည်း ပြည်သူသိအောင် မက်ဆေ့ပေးပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးအဆင်မပြေမှုကို ထင်ဟပ်တယ်လို့ သုံးသပ်ကြည့်နိုင်ပါတယ်။


ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 ဒေါ်စုကလည်း အန်အလ်ဒီက ကြီးမှူးကြီးပတဲ့ တော်လှန်ရေးနေ့ အခမ်းအနားမှာ မည်မျှပင်ခက်ခဲပါစေ ရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်သွားပါ့မယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းကြေညာထားပါတယ်။ ဒါဟာ သူမကိုယ်တိုင်ကတော့ ဆက်လက်ပြီး မျှော်လင့်ချက် ရေးရေးလေးကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ထင်ရှားစေပါတယ်။
ဒီအတောအတွင်း – မနေ့က ကျရောက်တဲ့ ၇၂ နှစ်မြောက် တော်လှန်ရေးနေ့မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အငြိမ်းစား တပ်မတော်အရာရှိတွေကို နေပြည်တော်မှာရှိတဲ့ နန်းတော်တမျှ ခမ်းနားတဲ့ သူ့နေအိမ်မှာ တွေ့ဆုံကြပါတယ်။ ဒါဟာ အဓိပ္ပါယ်များစွာ ပါဝင်နေတယ်လို့ နိုင်ငံရေး အကဲခတ်သူတွေက ဆိုကြပါတယ်။ သူဘာကြောင့် လူလုံး ထွက်ပြရပါ သလဲ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု ဆိုတာ မရှိဘူးဆိုတဲ့ အတိုင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခုလို လူလုံးထွက်ပြတာဟာ တိုက်ဆိုင်မှု သက်သက်တော့ မဆိုနိုင်ပါဘူး။


ဓါတ်ပုံ – Aung Paing Min FB
 တကယ်တော့ ဒေါ်စုဟာ-
ရခိုင်ပြည်နယ်အရေးမှာ ဥရောပ သမဂ္ဂက ဦးဆောင်ပြီး ဂျီနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရခိုင်ပြည်နယ်အရေး အဆိုကို တင်ခဲ့ရာမှာ ဒီအဆိုကို မဲခွဲကာ ရခိုင်ပြည်နယ်ကိစ္စ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့စေလွှတ်ရေး ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ နိုင်ငံခြားရေး ဌာနက လက်မခံ ငြင်းပယ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ် ဥရောပ သမဂ္ဂ နိုင်ငံတွေနဲ့ နိုင်ငံတကာက အံ့သြမင်သက်သွားတဲ့အထိ ဖြစ်ခဲ့တာပါ။
အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို လက်ခံသင့်ပါလျှက် လက်မခံ ပယ်ချလိုက်တာဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ အလိုကျ လုပ်ဆောင်လိုက်တာပဲလို့ ဝေဖန်ကြပါတယ်။

http://burmese.aungaungsittwe.com/archives/1412

သင်္ကြန်သံချပ်များ ကြိုတင်စိစစ်မည့်အပေါ် သံချပ်အဖွဲ့များဝေဖန်


Author: ပိုင်ထက်(မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းဖျော်ဖြေမည့် သီချင်း၊ သံချပ်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီက ကြိုတင် စိစစ်မည့်အပေါ်  သံချပ်အဖွဲ့များက ဝေဖန်နေကြကြောင်း သိရှိရသည်။
ပြည်သူများ တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် သံချပ်များကို စိစစ်နိုင်ရန် တင်ပြခိုင်းခြင်းမှာ စိတ် မကောင်းဖြစ်ရကြောင်း သင်္ကြန်ကာလ အတွင်းသံချပ်ထိုးမည့် ဟာသသရုပ် ဆောင် ဦးမေတ်္တာက ပြောသည်။
““သံချပ်က အကွေ့အကောက်တွေ နဲ့ရေးထားတာ။ စိစစ်သူတွေက နား မလည်ဘဲ ဘာတွေရေးထားမှန်းမသိဘူး ဆိုပြီး ဖြုတ်လိုက်ရင်တော့ ဒုက်္ခပါပဲ””ဟု ဦးမေတ်္တာက ပြောသည်။
သင်္ကြန်သံချပ်မှာ နှစ်တစ်နှစ်၏ သတင်းစာ၊ ဂျာနယ်တွင်ပါသည့် သတင်း အချက်အလက်များကို အခြေခံ၍ ရေး စပ်ခြင်းဖြစ်ကာ ဥပမာအားဖြင့် ရေကြီး၊ မီးလောင်မှုများ၊ ငြိမ်းချမ်းရေးပြောဆိုပြီး တိုက်ပွဲဖြစ်ပွားနေသည့် အကြောင်းအရာ များအပြင် အကျင့်စာရိတ္တ မကောင်းသူ များ အပြုသဘောဖြင့် ပြင်ဆင်နိုင်ရန် ရေးစပ်ခြင်းဖြစ်သောကြောင့် အစိုးရ အနေဖြင့် နားလည်ခွင့်လွှတ်ရန်လိုအပ် ကြောင်း ဦးမေတ်္တာကပြောသည်။
မြန်မာသင်္ကြန်တွင် သံချပ်ပါရမည် ဖြစ်ကာ ပါလီမန်ဒီမိုကရေစီခေတ်ကပင် အပြုသဘောဖြင့် နိုင်ငံရေး၊ စီးပွား ရေး၊ ပြည်သူများတွေ့ကြုံနေရသည့် အခက် အခဲများ အစိုးရအဖွဲ့များ၏ လိုအပ်ချက် များကို ထောက်ပြ တောင်းဆိုခြင်းဖြစ် ကြောင်း သံချပ်အဖွဲ့များထံမှ သိရသည်။
““မနှစ်က စိစစ်ဖို့တင်စရာမလိုဘူး။ ဒီနှစ်တင်ရမယ်ဆိုတော့ အပြောင်းအလဲ က ဘာမှန်းမသိဘူး။ တင်ပြီးတော့လည်း ဘယ်လိုစစ်ဆေးမှာလဲ၊ ဘယ်လိုပြန်ချ ပေးမလဲဆိုတာလည်း မသိရဘူး။ ဒီမို ကရေစီအစိုးရဆိုရင်တော့ ပွင့်လင်းမြင် သာမှုရှိဖို့တော့ လိုမယ်ထင်တယ်””ဟု အကယ်ဒမီယဉ်ကျေးမောင် သံချပ်အဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြော သည်။
၂၀၁၆ ခုနှစ် သင်္ကြန်အတွင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သံချပ်များကို စိစစ်မှုပြုလုပ်မည်မဟုတ် ဘဲ လွတ်လပ်စွာရေးခွင့်ပြုမည်ဖြစ်ကာ သံချပ်အဖွဲ့များအနေဖြင့် ရေးသားမှုများ ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ် သည်ဟုသာပြောဆိုခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းအစိုးရအနေဖြင့်မြန်မာ့ ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန် တိုင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန် သီချင်း သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီကို ၂၀၁၇ ခုနှစ် သင်္ကြန်ကာလ မတိုင်ခင် ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။
မဟာသင်္ကြန်သီချင်း သံချပ်စိစစ် ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အနေ ဖြင့် ၂၀၁၇ သင်္ကြန်တွင် ဖျော်ဖြေတင် ဆက်မည့် သင်္ကြန်အဖွဲ့များ ရေးစပ်ထား သည့်သီချင်း၊ သံချပ်များကို ကြိုတင်စိစစ် နိုင်ရန် မတ် ၂၈ ရက်နောက်ဆုံး ထား၍ ရန်ကုန်တိုင်းအစိုးရရုံးနှင့်  ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေ တင်ဆက်မည့်အဖွဲ့များအနေဖြင့် သီချင်း၊ သံချပ်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေး စသည့်အရေး(၃)ပါးကို မထိခိုက်စေ ရေး၊ ဘာသာရေး၊ လူမျိုးရေးထိခိုက်စေ မည့်အသုံးအနှုန်း၊နိုင်ငံတော်အဖွဲ့အစည်း၊ လူပုဂိ္ဂုလ်တစ်ဦး၊ တစ်ယောက်အား ဂုဏ် သိက္ခာညှိုးနွမ်းစေသည့်အကြောင်းအရာ များ၊ ဆဲဆိုသည့်အသုံးအနှုန်း၊ ဟန်ပန် အမူအရာများ မပါရှိစေရန် သတိပြု အလေးထားလိုက်နာရန်လိုအပ်ကြောင်း မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန် ထားသည်။
““ဒီမိုကရေစီဆိုတာ ပိုပြီးစည်းကမ်း ရှိဖို့လိုတယ်။ ပြောချင်တာပြော၊ ဆိုချင် တာဆို လုပ်လို့မရဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်လို့မရဘူး။ အပြုသဘာဆောင်ပြီးပြောတာတွေကို လက်ခံတယ်။ ရိုင်းစိုင်းဆဲဆိုတာတွေကို တားမြစ်ဖို့လုပ်တာ။ ဒါကိုသိဖို့လိုတယ်””ဟု မဟာသင်္ကြန်သီချင်း သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီဥက်္ကဋ္ဌ ဦးဇော် အေးမောင်ကပြောသည်။
၁၉၈၉ခုနှစ် တပ်မတော်အစိုးရ လက်ထက်တွင် သံချပ်များကို ပိတ်ပင် တားမြစ်ခဲ့ခြင်းကြောင့်  သံချပ်အစဉ် အလာ ပျောက်ကွယ်ခဲ့ရပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်နှင့်အတူ သင်္ကြန် သံချပ်များ ပြန်လည်အသက်ဝင်လာခဲ့ သော်လည်း စိစစ်မှုများပြုလုပ်ခဲ့ကာ လက်ရှိ NLD  အစိုးရလက်ထက် ၂၀၁၇ သင်္ကြန်အထိ လုပ်ဆောင်နေခြင်းဖြစ် သည်။
ပိုင်ထက်(မြစ်မခ)

အမတ်တွေနဲ့ အစိုးရကို မကြာခဏသတိပေးနေရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်

 
မောင်မင်းကြီးသား Hot news Journel
Tuesday, February 14, 2017 - 15:00
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ နှင့် အစိုးရ၀န်ကြီးဌာနတာဝန်ရှိသူများ အား မကြာခဏသတိပေးမှုများပြုလုပ် နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအကျိုး အမြတ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်တစ်ဦး၏  မေးမြန်းချက်အား ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေဆို ပြီးချိန်တွင်  ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး  ပြောကြားမှု ပြုလုပ်ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ် ၏မေးခွန်းကိုတိုတိုနှင့် လိုရင်းထိထိမိမိ ဖြေရန်လိုကြောင်း၊ အရှိကိုအရှိအတိုင်း ပကတိအရှိအတိုင်းဖြေစေချင်ကြောင်း -ေ၀၀ိုက်သွယ်ဝိုက်မဖြေစေချင်ကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဂျာနယ်ဖတ်နေသော လွှတ် တော်ကိုယ်စားလှယ်အား ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်ထဲ၌ ဂျာနယ်ဖတ်ရန် မဟုတ်ကြောင်း၊ စည်းမဲ့ ကမ်းမဲ့လုပ်ရန် မစဉ်းစားရန်နှင့် စည်းမဲ့ ကမ်းမဲ့ လုပ်မည်ဆိုပါက လွှတ်တော်ထဲ မလာရန် သတိပေးပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမေးခွန်း မေးမြန်းနေစဉ်လွှတ်တော်ကိုယ်စားလှယ် အချို့လက်ခုပ်တီးခဲ့သောကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဆွေးနွေး ချိန်တွင် ဆွေးနွေးခြင်းကိုသာနားထောင် ရန်နှင့် လက်ခုပ်တီးစရာမလိုကြောင်း၊ လွှတ်တော်အစည်းအဝေးခန်းမသာဖြစ် ကြောင်း၊ လူထုဟောပြောပွဲမဟုတ် ကြောင်း၊ နိုင်ငံရေးစင်မြင့်မဟုတ်ကြောင်း၊ စည်းမဲ့ကမ်းမဲ့မကြိုးစားစေချင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအလုပ် လုပ်ကြရန်နှင့် ယျေဘုယျမဟုတ်ဘဲ အထောက်အထားခိုင်လုံစွာလက်တွေ့ ကျကျမှန်မှန်ကန်ကန်ဆောင်ရွက်ဆွေး နွေးကြရန် သတိပေးခြင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လည်ကတုံးအဖြူ ရောင်မ၀တ်လာသော လွှတ်တော်ကိုယ် စားလှယ်အား လွှတ်တော်တွင်ဆွေးနွေး ခွင့်နှင့် လွှတ်တော်တက်ရောက်ခွင့်ပိတ် ပင်သည်အထိ အပြစ်ပေးမည်ဟုသတိ ပေးခြင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ကုန်ဈေးနှုန်းထိန်းချုပ်ရန် အစီအစဉ် မေးခွန်းအားဖြေကြားသည့်ပြည်ထောင် စုဝန်ကြီးအား ကုန်ဈေးနှုန်းထိန်းချုပ်ရေး ကို မဖြေကြားဘဲ ကုန်ဈေးနှုန်းတက်ရ သည့်အကြောင်းများကိုသာဖြေကြားနေ သဖြင့် သတိပေးခြင်းများပြုလုပ်ခဲ့သေး သည်။
ထို့အပြင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ  ၁၂ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် များနာမည်ရှေ့တွင် ဦး/ဒေါ်တပ်ပြော ရန် သတိပေးခြင်း၊ ၂၀၁၆ မေ ၁၁ ရက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဆွေးနွေးချက်နှင့် ပတ်သက် ၍ လွှတ်တော်၏ဂုဏ်သိက္ခာထိပါးစေ သောရေးသားပြောဆိုမှုနှင့် လွှတ်တော် အတွင်းဆောင်ရွက်ချက်များကို အထင် အမြင်မှားစေသော ပြောဆိုမှုများ ရှောင်ကြဉ်ရန် သတိပေးခြင်း၊ ၂၀၁၆ ခုနှစ် သြဂုတ် ၉ ရက်အစည်းအဝေးတွင် ဒုတိယ၀န်ကြီးတစ်ဦးအား မေးသည့်မေး ခွန်အပေါ်တွင်သာတိုတိုနှင့် ထိထိမိမိ ဖြေကြားရန်သတိပေးခြင်း၊ ၂၀၁၆ ခုနှစ် မေ ၂၁ ရက် အစည်းအဝေးတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေမှု အပေါ်ဝန်ကြီးဌာနအားသတိပေးခြင်း အပါအ၀င်မေးခွန်းနှင့် အဆိုများသတ် မှတ်ချိန်အတွင်းမေးမြန်းဖြေဆိုရန်၊အစည်း အဝေးအချိန်လေးစားရန်စသည့်သတိ ပေးမှုများကိုမကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ပထမဆုံးသတိပေးပြောကြားမှုပြုလုပ်ခဲ့ ခြင်းမှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အစည်းအဝေးတွင် အရေး ကြီးအဆိုတစ်ခုမဲခွဲဆုံးဖြတ်ရာ၌အစည်း အဝေးတက်ရောက်သူ ၄၂၆ ဦးရှိသော် လည်း မဲခွဲစဉ် ၂၀ ဦးပျက်နေခြင်းအပေါ် သတိပေးခဲ့ခြင်းဖြစ်သည်။

Hot News Journel
မောင်မင်းကြီးသား

မြန်မာနိုင်ငံဖွား သိပ္ပံပညာရှင်နဲ့ အဖွဲ့ ကို NASA မှ ဆုချီးမြှင့်

 
RFA
အမေရိကန်နိုင်ငံ အမျိုးသားအာကာသနဲ့ လေကြောင်းသုတေသနဌာန NASA က မြန်မာနိုင်ငံဖွား သိပ္ပံရှင်ဒေါက် တာ ပဒေသာတင်နဲ့ အဖွဲ့ဆောင်ရွက်တဲ့ သုတေသနကို ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးသုတေသနအဖြစ် NASA က ဒီကနေ့ ဆုချီးမြှင့်မှာဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်နဲ့ အဖွဲ့ဆောင်ရွက်တဲ့ သုတေသနဟာ ဆယ်လူလာကင်မရာနဲ့ ရုပ်မြင်သံကြား မှန်သားပြင် မှာ အသုံးပြုတဲ့ ပုံဆောင်ခဲအရည်ရဲ့ သဘောသဘာဝကို ကမ္ဘာမှ မိုင်၂၅၀ကျော်ဝေးတဲ့ အာကာသသုတေသန စခန်းကို ပို့ပြီး လေ့လာခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ရုပဗေဒ သုတေသန ဖြစ်ပါတယ်။  ဆုပေးပွဲလာတက်တာနဲ့ ပတ်သက်ပြီး ဒေါက်တာပဒေသာကခုလိုပြောပါတယ်။

"မနှစ်ကလုပ်တဲ့အထဲမှာ ကျနော်နဲ့တွဲပြီးတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က ပါမောက္ခပရော်ဖက်ဆာ နိုဝယ်လ်ကလပ်ရယ် ပြီးတဲ့အခါကျတော့ မတ်တစ်ဘတ်ယူနီဗာစီတီ ဂျာမနီ ကရယ် ပြီးတော့ကျနော်ရယ် တွဲပြီးလုပ်တဲ့သုသေသနကို သူတို့ အကောင်းဆုံးရုပ်ပိုင်းဆိုင်ရာ သုသေသနအနေနဲ့ သတ်မှတ်ပါတယ်၊ ပြီးတဲ့အခါကျတော့ လုပ်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ မနှစ်ကလုပ်ခဲ့တဲ့အတွက် ဒီနှစ်အဖွဲ့တစ်ခုလုံးကို ချီးမြှောက်တဲ့အနေနဲ့ Group Award အနေနဲ့ ကျနော်တို့ခေါင်းဆောင်ပြီးတော့ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲလာတက်တာပါ "

ဒေါက်တာပဒေသာဟာ အမေရိကန်နိုင်ငံ အမျိုးသားအာကာသ နဲ့ လေကြောင်းသုတေသနဌာန NASA မှာ နှစ်ပေါင်း ၂၀ကျော် အကြီးတန်းသုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဆုပေးပွဲကို ဝါရှင်တန် ဒီစီမြို့ နာဆာဌာနမှာ ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါ်လာ ၃၈ သန်းနီးပါးတန်ဖိုးရှိ တိုပီဒို လက်နက်တွေ မြန်မာ ကိုရောင်းဖို့ အိန္ဒိယ သဘောတူ

စစ်တွေ ဆိပ်ကမ်း ဂြိုဟ်တု ဓါတ်ပုံ
 
စစ်တွေ ဆိပ်ကမ်း ဂြိုဟ်တု ဓါတ်ပုံ
Photo: Google Map 
RFA
မြန်မာရေတပ်အတွက် အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး တန်ဖိုးရှိတဲ့ တိုပီဒို သင်္ဘောဖျက်လက်နက်တွေ ရောင်း ချဖို့ အိန္ဒိယက သဘောတူလိုက်ပါတယ်။
မြန်မာရေတပ်ဟာ မကြာခင်က ဆိုနာ ခေါ် အသံလှိုင်းသုံး ရေအောက်ရှာဖွေထောက်လှမ်းရေး ကိရိယာတွေ အပါအ၀င် ရေတပ်သုံးပစ္စည်းတွေ အိန္ဒိယဆီက ၀ယ်ယူခဲ့အပြီး၊ အခုလို တိုပီဒိုတွေ ၀ယ်ယူဖို့ ဆက်လက်ကမ်းလှမ်း ခဲ့တာဖြစ်ပါတယ်။
အခုလို တိုပီဒိုတွေ ၀ယ်ယူတာဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ရေတပ်ချင်းအားပြိုင်မှု ကြီးထွားလာနေတယ် ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အေပီ သတင်းက ဆိုပါတယ်။
ဒီလ အစောပိုင်းကလည်း မြန်မာရေတပ်သားတွေကို လေ့ကျင့်ပေးဖို့နဲ့ မိုးလေဝသဆိုင်ရာ ကိရိယာတွေ တည်ဆောက်ပေးဖို့ မြန်မာရေတပ်ရဲ့ကမ်းလှမ်းချက်ကို အိန္ဒိယရေတပ်က လက်ခံလိုက်ပါတယ်။
မြန်မာရေတပ် အဆင့်မြှင့်တင်ရေးဟာ အရင်က တရုတ်အပေါ် အားပြုနေခဲ့ရာက အခုတော့ အိန္ဒိယကပါ ၀င်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာ့တပ်မတော်အတွက် ညကြည့်ကိရိယာတွေ၊ အရေးပေါ်တံတားထိုးပစ္စည်းတွေ၊ လောင်ချာ နဲ့ မော်တာ စိန်ပြောင်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ ရောင်းချပေးနေပါတယ်။
အိန္ဒိယနဲ့ မြန်မာဟာ ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ ဘင်္ဂလားပင်လယ်အော်မှာ ရေပိုင်နက်ချင်း ရှည်ရှည် လျားလျားဆက်စပ်နေပါတယ်။ ဒါ့ပြင် မြန်မာအတွက် အိန္ဒိယကတည်ဆောက်ပေးနေတဲ့ စစ်တွေရေနက် ဆိပ်ကမ်းကိုလည်း လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာအစိုးရကို လွှဲအပ်ပေးတော့မယ်လို့ သိရပါတယ်။

မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး

MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
RFA
မြန်မာအစိုးရလေတပ်က ဝယ်ယူခဲ့တဲ့ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို မော်စကိုမြို့အနီးက စက်ရုံတွေမှာ အဆင့်မြှင့်မွန်းမံတတ်ဆင်မှုတွေ ယခုလတ်တလော ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မလေးရှားမှာ အရင်အပတ်ကကျင်းပတဲ့ လေကြောင်းပြပွဲကို တက်ရောက်ခဲ့တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က အဲဒီ သတင်းကို ပြောကြားခဲ့တာဖြစ်ပြီး အလားတူ MIG- 29 တိုက်လေယာဉ်ပျံတွေ ဝယ်ယူထားတဲ့ မလေးရှားနဲ့ ဘင်္ဂ လားဒေ့ရှ် အစိုးရတွေကိုလည်ြး မန်မာ့တပ်မတော်နည်းတူ အဆင့်မြင့်မွန်းမံမှုတွေ ပြုလုပ်ဖို့ ရုရှားကကမ်းလှမ်း ခဲ့တယ်လို့ မနေ့ကရတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရဟာ အဲဒီ MIG -29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို ၂ဝဝ၁ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ နောက် ထပ် ၁၆ စင်းဝယ်ယူခဲ့ပါတယ်။ ထပ်မံဝယ်ယူတဲ့ တိုက်လေယာဉ်တွေ ထဲက ၆ စင်းဟာ ပိုပြီးအဆင့်မြင့်တဲ့ MIG- 29SE အမျိုးအစားတွေဖြစ်ပါတယ်။ တပါတည်းဝယ်ယူခဲ့တဲ့ လေ့ကျင့်ရေးတိုက်လေယဉ် ၆ စင်းကိုပါ ထည့်သွင်းမယ် ဆိုရင် မြန်မာလေတပ်မှာ လက်ရှိအားဖြင့် MIG-၂၉ တိုက်လေယာဉ် ၃၂ စင်းရှိပါတယ်

Brexit က နှုတ်ထွက်စာ ၀န်ကြီးချုပ် May လက်မှတ်ထိုး

ဗြိတိန်ဝန်ကြီးချုပ် Theresa May

ဗြိတိန်ဝန်ကြီးချုပ် Theresa May
 VOA
EU ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံနှုတ်ထွက်မယ့်အကြောင်း တရားဝင် အကြောင်းကြား စာမှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May အင်္ဂါနေ့ညပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအကြောင်းကြားစာကို ဒီနေ့ မတ်လ ၂၉ ရက် နေ့လည်ကျရင် EU ဆိုင်ရာ ဗြိတိန် အမြဲတမ်းသံအမတ်ကြီး Tim Barrow က ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဆီကို ကိုယ်တိုင်သွားရောက်ပေးအပ်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် May ကတော့ Cabinet ဝန်ကြီးအဖွဲ့ကို မနက်ပိုင်းမှာ ဦးဆောင်စည်းဝေးပြီးရင် EU ကို နှုတ်ထွက်စာ ပေးပို့ခဲ့တဲ့အကြောင်း ဗြိတိန်ပါလီမန်ကို အကြောင်းကြားမှာ ဖြစ် ပါတယ်။ အင်္ဂါနေ့ညကတော့ ဝန်ကြီးချုပ် May ဟာ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ကို တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်စကားပြောခဲ့ပါတယ်။ ဗြိတိန်နို်င်ငံတဝန်း ပြီးခဲ့တဲ့နှစ် June လမှာလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ EU ထဲကနေနှုတ်ထွက်ဖို့ ပြည်သူအများ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ခုလို တရားဝင်နှုတ်ထွက်တဲ့ လုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အကြောင်းကြားစာရရင် ဥရောပကောင်စီဥက္ကဋ္ဌက ကျန် EU နိုင်ငံခေါင်းဆောင်ေ တွနဲ့ ဆွေးနွေးပြီး EU ဖက်က ကိုယ်စားပြု ညှိုနှိုင်းဆွေးနွေးမယ့်သူကို ရွေးချယ်ပါလိမ့်မယ်။ ညှိုနှိုင်းမှုတွေအတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေကို သတ်မှတ်ပြီးရင်တော့ တရားဝင် ညှိုနှိုင်းဆွေးနွေးမှုတွေကို ဗြိတိန်ကိုယ်စားလှယ်နဲ့ စတင်မှာဖြစ်ပါတယ်။ စုစုပေါင်း ညှိုနှိုင်းမှုတွေအတွက် ၂ နှစ်အချိန်သတ်မှတ်ထားတဲ့အတွက် ၂၀၁၉ မတ်လမှာ EU ထဲကနေ ဗြိတိန်နိုင်ငံအပြီးတိုင် နှုတ်ထွက်သွားမှာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ ခုလို EU အဖွဲ့ဝင်နိုင်ငံတခုကနေ နှုတ်ထွက်တာဟာ အခုမှ ပထမဆုံး အကြိမ် ဖြစ်သလို ရှုပ်ထွေး ခက်ခဲတဲ့ကိစ္စအများအပြားကို ညှိုနှိုင်းရမှာဖြစ်လို့ ၂ နှစ်ထက် အချိန်ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။ တကယ်လို့ EU အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရဲ့ ထောက်ခံချက်ရရင် ညှိုနှိုင်းမှုတွေအတွက် အချိန်တိုးနိုင်မှာ ဖြစ်ပါတယ်။ EU ထဲမှာ ဆက်နေဖို့ အများစုလိုလားနေတဲ့ Scotland နယ်ကို ဗြိတိန်ထဲကနေ သီးခြားခွဲထွက်သင့် မသင့် ဆန္ဒခံယူပွဲနောက်တခါလုပ်နိုင်ရေးအတွက် Scotland ပါလီမန်မှာ အင်္ဂါနေ့ကပဲ မဲခွဲခဲ့ပါတယ်။ ဆန္ဒခံယူပွဲလုပ်ခွင့်ကို ဗြိတိန်ပါလီမန်မှာ တောင်း ခံဖို့ ထောက်ခံမဲ ၆၉ မဲ ကန့်ကွက်မဲ့ ၅၉ မဲရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ရေးဆွဲမှုကို စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

ရန်ကုန်၊ မတ် ၂၈ ။                 ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးဘတ်ဂျက်ရေးဆွဲမှုကို သေသေချာချာ စစ်ဆေးသင့်ပြီး ဖြတ်တောက်သင့်သည်များကို ဖြတ်တောက်ရန် တိုင်းဒေသကြီး ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုခဲ့သည်။
မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(တတိယ)နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးစဉ် ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
"အစိုးရအဖွဲ့က သေသေချာချာဖိဖိစီးစီးနဲ့ စစ်ဆေးမဖော်ထုတ်ဘူးဆိုရင် နေရင်းထိုင်ရင်းနဲ့ အစိုးရရဲ့ ဂုဏ်သိဏ္ခာတွေ ကျဆင်းမှာ ဖြစ်ပါတယ်" ဟု ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုကို လွှတ်တော်ကိုယ်စားလှယ်များက လေ့လာရာတွင် ဦးစားပေး လုပ်ဆောင်ရန် မသင့်လျော်သည့် လုပ်ငန်းများကို တွေ့ရှိရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလေအလွင့်မဖြစ်စေရန် ၎င်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တားမြစ်ပေးဖို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက လွှတ်တော်၌ သုံးသပ်ချက်အစီရင်ခံစာပေးပို့ပြီး ဆွေးနွေးခဲ့သည်။
"ကျွန်မတို့ကိုယ်စားလှယ်တွေ အများစုဆွေးနွေးခဲ့ကြတဲ့ သန်းတစ်ထောင်တန် တံတားတွေကိစ္စဆို ပြုပြင်ထားတာ ဘာမှမတွေ့ရပါဘူး" ဟု ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အစိုးရတင်သွင်းလာသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဝေဖန်ပြောဆိုခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း မြို့တော်စည်ပင်သာယာပိုင် ဂေါက်ကွင်းနှစ်ကွင်း၏ ပြုပြင်ထိန်းသိမ်းစရိတ်များ၊ ဆိပ်ကမ်း၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များတွင် တည်ဆောက်ရန် တင်ပြထားသည့် ခုံးကျော်တံတားများ တစ်စင်းလျှင် ကျပ်သန်းတစ်ထောင် တောင်းခံထားမှုနှင့် အစိုးရအဖွဲ့၏ E-Government လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သန်း တစ်ထောင် တောင်းခံထားမှုများအပေါ် မသင့်လျော်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့သည်။
ထို့အပြင် လမ်းသန့်ရှင်းရေးကားများကို ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီမှ ဝယ်ယူရာတွင် ကာလတန်ကြေးထက် ပိုမိုများပြားနေသည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သော်လည်း
ယခုဘဏ္ဍာနှစ်တွင်လည်း ယခင်ဈေးနှုန်းအတိုင်း အဆိုပါ ယာဉ်လေးစီး ထပ်မံဝယ်ယူသွားမည်ဟု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံထားသည်။

Mizzima