Wednesday, March 29, 2017

အမတ်တွေနဲ့ အစိုးရကို မကြာခဏသတိပေးနေရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်

 
မောင်မင်းကြီးသား Hot news Journel
Tuesday, February 14, 2017 - 15:00
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ နှင့် အစိုးရ၀န်ကြီးဌာနတာဝန်ရှိသူများ အား မကြာခဏသတိပေးမှုများပြုလုပ် နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအကျိုး အမြတ်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်တစ်ဦး၏  မေးမြန်းချက်အား ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေဆို ပြီးချိန်တွင်  ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး  ပြောကြားမှု ပြုလုပ်ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ် ၏မေးခွန်းကိုတိုတိုနှင့် လိုရင်းထိထိမိမိ ဖြေရန်လိုကြောင်း၊ အရှိကိုအရှိအတိုင်း ပကတိအရှိအတိုင်းဖြေစေချင်ကြောင်း -ေ၀၀ိုက်သွယ်ဝိုက်မဖြေစေချင်ကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဂျာနယ်ဖတ်နေသော လွှတ် တော်ကိုယ်စားလှယ်အား ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်ထဲ၌ ဂျာနယ်ဖတ်ရန် မဟုတ်ကြောင်း၊ စည်းမဲ့ ကမ်းမဲ့လုပ်ရန် မစဉ်းစားရန်နှင့် စည်းမဲ့ ကမ်းမဲ့ လုပ်မည်ဆိုပါက လွှတ်တော်ထဲ မလာရန် သတိပေးပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမေးခွန်း မေးမြန်းနေစဉ်လွှတ်တော်ကိုယ်စားလှယ် အချို့လက်ခုပ်တီးခဲ့သောကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဆွေးနွေး ချိန်တွင် ဆွေးနွေးခြင်းကိုသာနားထောင် ရန်နှင့် လက်ခုပ်တီးစရာမလိုကြောင်း၊ လွှတ်တော်အစည်းအဝေးခန်းမသာဖြစ် ကြောင်း၊ လူထုဟောပြောပွဲမဟုတ် ကြောင်း၊ နိုင်ငံရေးစင်မြင့်မဟုတ်ကြောင်း၊ စည်းမဲ့ကမ်းမဲ့မကြိုးစားစေချင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအလုပ် လုပ်ကြရန်နှင့် ယျေဘုယျမဟုတ်ဘဲ အထောက်အထားခိုင်လုံစွာလက်တွေ့ ကျကျမှန်မှန်ကန်ကန်ဆောင်ရွက်ဆွေး နွေးကြရန် သတိပေးခြင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လည်ကတုံးအဖြူ ရောင်မ၀တ်လာသော လွှတ်တော်ကိုယ် စားလှယ်အား လွှတ်တော်တွင်ဆွေးနွေး ခွင့်နှင့် လွှတ်တော်တက်ရောက်ခွင့်ပိတ် ပင်သည်အထိ အပြစ်ပေးမည်ဟုသတိ ပေးခြင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ကုန်ဈေးနှုန်းထိန်းချုပ်ရန် အစီအစဉ် မေးခွန်းအားဖြေကြားသည့်ပြည်ထောင် စုဝန်ကြီးအား ကုန်ဈေးနှုန်းထိန်းချုပ်ရေး ကို မဖြေကြားဘဲ ကုန်ဈေးနှုန်းတက်ရ သည့်အကြောင်းများကိုသာဖြေကြားနေ သဖြင့် သတိပေးခြင်းများပြုလုပ်ခဲ့သေး သည်။
ထို့အပြင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ  ၁၂ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် များနာမည်ရှေ့တွင် ဦး/ဒေါ်တပ်ပြော ရန် သတိပေးခြင်း၊ ၂၀၁၆ မေ ၁၁ ရက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဆွေးနွေးချက်နှင့် ပတ်သက် ၍ လွှတ်တော်၏ဂုဏ်သိက္ခာထိပါးစေ သောရေးသားပြောဆိုမှုနှင့် လွှတ်တော် အတွင်းဆောင်ရွက်ချက်များကို အထင် အမြင်မှားစေသော ပြောဆိုမှုများ ရှောင်ကြဉ်ရန် သတိပေးခြင်း၊ ၂၀၁၆ ခုနှစ် သြဂုတ် ၉ ရက်အစည်းအဝေးတွင် ဒုတိယ၀န်ကြီးတစ်ဦးအား မေးသည့်မေး ခွန်အပေါ်တွင်သာတိုတိုနှင့် ထိထိမိမိ ဖြေကြားရန်သတိပေးခြင်း၊ ၂၀၁၆ ခုနှစ် မေ ၂၁ ရက် အစည်းအဝေးတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေမှု အပေါ်ဝန်ကြီးဌာနအားသတိပေးခြင်း အပါအ၀င်မေးခွန်းနှင့် အဆိုများသတ် မှတ်ချိန်အတွင်းမေးမြန်းဖြေဆိုရန်၊အစည်း အဝေးအချိန်လေးစားရန်စသည့်သတိ ပေးမှုများကိုမကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ပထမဆုံးသတိပေးပြောကြားမှုပြုလုပ်ခဲ့ ခြင်းမှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အစည်းအဝေးတွင် အရေး ကြီးအဆိုတစ်ခုမဲခွဲဆုံးဖြတ်ရာ၌အစည်း အဝေးတက်ရောက်သူ ၄၂၆ ဦးရှိသော် လည်း မဲခွဲစဉ် ၂၀ ဦးပျက်နေခြင်းအပေါ် သတိပေးခဲ့ခြင်းဖြစ်သည်။

Hot News Journel
မောင်မင်းကြီးသား

No comments: