Wednesday, March 29, 2017

ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင် အမ်းတွင် လာရောက်ဖြေဖျော်

17523634_1478011165544289_4599244516729531885_n

စံမောင်သန်း၊ စစ်တွေ
နိ
၊ရဉ္စရာ မတ် ၂၈

ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ အေးမောင် အနိုင်ရရှိရေး အတွက် ရခိုင်အဆိုတော် ၀င်းကိုခိုင်သည် တစ်ခြားအဆိုတော်များ ဖြစ်ကြသည့် ဒိုးအ်ရီနှင့် L ကိုလင်းတို့နှင့် အတူ ဖြေဖျော်ရန် အမ်းတွင် ရောက်ရှိနေပြီဟု သတင်း ရရှိသည်။
ရခိုင်အမျိုးသားပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖြေဖျော်ပွဲကို အမ်းမြို့တွင် မတ်လ ၂၉ ရက်နေ့ ည၌ ဖျော်ဖြေကြမည်ဖြစ်သည်။
“ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဆိုတာက ရခိုင်လူမျိုးတွေရဲ့ ကိုယ်စားပြုပါတီဖြစ်ပြီးတော့ ကျနော်တို့ကလည်း ရခိုင်လူမျိုးတွေ ဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီနဲ့ အတူတူရှိတယ်၊ နောက်တခုက ဘာပဲဖြစ်ဖြစ် ရခိုင်လူမျိုးတွေမှာ ကိုယ်စားပြုပါတီ တခုရှိရမယ်၊ တစုတစည်းတည်း ရှိရမယ်၊ အဲ့သဘောကိုလည်း ကျနော်တို့က သဘောကျတယ်။ အဲ့ဒါကြောင့် ကျနော့်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ၀ိုင်းရံပေးတယ်ဆိုတဲ့ သဘောပါပဲ”ဟု ၀င်းကိုခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သူက ဆက်လက်၍ “ကျနော် အရင်က ANP အတွက် သီချင်းတွေ ရေးပြီးတော့ ထုတ်ထားတာတွေရှိတယ်။ ကျနော်အနေနဲ့ ANP နဲ့ အတူတကွ လက်တွဲ လုပ်လာပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီချင်းတွေ ဆိုဖူးပါတယ်။ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ကျနော့်ကို ဖိတ်ခေါ်တဲ့အတွက် လာရောက် ဖျော်ဖြေရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

 နိ၊ရဉ္စရာသတင်း http://www.narinjara.com/burmese/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%b1%e1%80%a1%e1%80%ac/
ဓါတ်ပုံ-ကိုဝင်းကိုခိုင်

No comments: