Wednesday, March 29, 2017

သင်္ကြန်သံချပ်များ ကြိုတင်စိစစ်မည့်အပေါ် သံချပ်အဖွဲ့များဝေဖန်


Author: ပိုင်ထက်(မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းဖျော်ဖြေမည့် သီချင်း၊ သံချပ်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီက ကြိုတင် စိစစ်မည့်အပေါ်  သံချပ်အဖွဲ့များက ဝေဖန်နေကြကြောင်း သိရှိရသည်။
ပြည်သူများ တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် သံချပ်များကို စိစစ်နိုင်ရန် တင်ပြခိုင်းခြင်းမှာ စိတ် မကောင်းဖြစ်ရကြောင်း သင်္ကြန်ကာလ အတွင်းသံချပ်ထိုးမည့် ဟာသသရုပ် ဆောင် ဦးမေတ်္တာက ပြောသည်။
““သံချပ်က အကွေ့အကောက်တွေ နဲ့ရေးထားတာ။ စိစစ်သူတွေက နား မလည်ဘဲ ဘာတွေရေးထားမှန်းမသိဘူး ဆိုပြီး ဖြုတ်လိုက်ရင်တော့ ဒုက်္ခပါပဲ””ဟု ဦးမေတ်္တာက ပြောသည်။
သင်္ကြန်သံချပ်မှာ နှစ်တစ်နှစ်၏ သတင်းစာ၊ ဂျာနယ်တွင်ပါသည့် သတင်း အချက်အလက်များကို အခြေခံ၍ ရေး စပ်ခြင်းဖြစ်ကာ ဥပမာအားဖြင့် ရေကြီး၊ မီးလောင်မှုများ၊ ငြိမ်းချမ်းရေးပြောဆိုပြီး တိုက်ပွဲဖြစ်ပွားနေသည့် အကြောင်းအရာ များအပြင် အကျင့်စာရိတ္တ မကောင်းသူ များ အပြုသဘောဖြင့် ပြင်ဆင်နိုင်ရန် ရေးစပ်ခြင်းဖြစ်သောကြောင့် အစိုးရ အနေဖြင့် နားလည်ခွင့်လွှတ်ရန်လိုအပ် ကြောင်း ဦးမေတ်္တာကပြောသည်။
မြန်မာသင်္ကြန်တွင် သံချပ်ပါရမည် ဖြစ်ကာ ပါလီမန်ဒီမိုကရေစီခေတ်ကပင် အပြုသဘောဖြင့် နိုင်ငံရေး၊ စီးပွား ရေး၊ ပြည်သူများတွေ့ကြုံနေရသည့် အခက် အခဲများ အစိုးရအဖွဲ့များ၏ လိုအပ်ချက် များကို ထောက်ပြ တောင်းဆိုခြင်းဖြစ် ကြောင်း သံချပ်အဖွဲ့များထံမှ သိရသည်။
““မနှစ်က စိစစ်ဖို့တင်စရာမလိုဘူး။ ဒီနှစ်တင်ရမယ်ဆိုတော့ အပြောင်းအလဲ က ဘာမှန်းမသိဘူး။ တင်ပြီးတော့လည်း ဘယ်လိုစစ်ဆေးမှာလဲ၊ ဘယ်လိုပြန်ချ ပေးမလဲဆိုတာလည်း မသိရဘူး။ ဒီမို ကရေစီအစိုးရဆိုရင်တော့ ပွင့်လင်းမြင် သာမှုရှိဖို့တော့ လိုမယ်ထင်တယ်””ဟု အကယ်ဒမီယဉ်ကျေးမောင် သံချပ်အဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြော သည်။
၂၀၁၆ ခုနှစ် သင်္ကြန်အတွင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သံချပ်များကို စိစစ်မှုပြုလုပ်မည်မဟုတ် ဘဲ လွတ်လပ်စွာရေးခွင့်ပြုမည်ဖြစ်ကာ သံချပ်အဖွဲ့များအနေဖြင့် ရေးသားမှုများ ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ် သည်ဟုသာပြောဆိုခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းအစိုးရအနေဖြင့်မြန်မာ့ ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန် တိုင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန် သီချင်း သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီကို ၂၀၁၇ ခုနှစ် သင်္ကြန်ကာလ မတိုင်ခင် ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။
မဟာသင်္ကြန်သီချင်း သံချပ်စိစစ် ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အနေ ဖြင့် ၂၀၁၇ သင်္ကြန်တွင် ဖျော်ဖြေတင် ဆက်မည့် သင်္ကြန်အဖွဲ့များ ရေးစပ်ထား သည့်သီချင်း၊ သံချပ်များကို ကြိုတင်စိစစ် နိုင်ရန် မတ် ၂၈ ရက်နောက်ဆုံး ထား၍ ရန်ကုန်တိုင်းအစိုးရရုံးနှင့်  ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေ တင်ဆက်မည့်အဖွဲ့များအနေဖြင့် သီချင်း၊ သံချပ်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေး စသည့်အရေး(၃)ပါးကို မထိခိုက်စေ ရေး၊ ဘာသာရေး၊ လူမျိုးရေးထိခိုက်စေ မည့်အသုံးအနှုန်း၊နိုင်ငံတော်အဖွဲ့အစည်း၊ လူပုဂိ္ဂုလ်တစ်ဦး၊ တစ်ယောက်အား ဂုဏ် သိက္ခာညှိုးနွမ်းစေသည့်အကြောင်းအရာ များ၊ ဆဲဆိုသည့်အသုံးအနှုန်း၊ ဟန်ပန် အမူအရာများ မပါရှိစေရန် သတိပြု အလေးထားလိုက်နာရန်လိုအပ်ကြောင်း မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန် ထားသည်။
““ဒီမိုကရေစီဆိုတာ ပိုပြီးစည်းကမ်း ရှိဖို့လိုတယ်။ ပြောချင်တာပြော၊ ဆိုချင် တာဆို လုပ်လို့မရဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်လို့မရဘူး။ အပြုသဘာဆောင်ပြီးပြောတာတွေကို လက်ခံတယ်။ ရိုင်းစိုင်းဆဲဆိုတာတွေကို တားမြစ်ဖို့လုပ်တာ။ ဒါကိုသိဖို့လိုတယ်””ဟု မဟာသင်္ကြန်သီချင်း သံချပ်စိစစ်ကြပ် မတ်ရေးလုပ်ငန်းကော်မတီဥက်္ကဋ္ဌ ဦးဇော် အေးမောင်ကပြောသည်။
၁၉၈၉ခုနှစ် တပ်မတော်အစိုးရ လက်ထက်တွင် သံချပ်များကို ပိတ်ပင် တားမြစ်ခဲ့ခြင်းကြောင့်  သံချပ်အစဉ် အလာ ပျောက်ကွယ်ခဲ့ရပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်နှင့်အတူ သင်္ကြန် သံချပ်များ ပြန်လည်အသက်ဝင်လာခဲ့ သော်လည်း စိစစ်မှုများပြုလုပ်ခဲ့ကာ လက်ရှိ NLD  အစိုးရလက်ထက် ၂၀၁၇ သင်္ကြန်အထိ လုပ်ဆောင်နေခြင်းဖြစ် သည်။
ပိုင်ထက်(မြစ်မခ)

No comments: