Wednesday, April 26, 2017

မြောက်ကိုရီးယား၏ တပ်မတော်နေ့ စစ်ရေးအင်အားပြသတင်းဓါတ်ပုံ တောင်ကိုရီးယားမီဒီယာထုတ်ပြန်၊ အမြင့်ပျံ ဒုံးကျည်ကာကွယ်ရေးစံနစ် ရုတ်သိမ်းသွားရန် တောင်ကိုရီးယားနှင့် အမေရိကန်အား တရုပ်ပြင်းထန်စွာ တောင်းဆို ။ ဒေသတွင်း မဟာဗျူဟာဟန်ချက်ပျက်ပြား၍ ရေရှည်တွင်တင်းမာမှု့ဖြစ်စေရန် လှုံ့ဆော်ရာ ရောက်စေလိမ့်မည်။

Image may contain: text and outdoor

 Image may contain: 6 people, people smiling, textImage may contain: text
( ဧပြီ-၂၆၊ ၂၀၁၇ ) ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား)၏ ၈၅-နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ၄င်းနိုင်ငံအရှေ့ပိုင်း ၀မ်စန်ဒေသတွင် အင်အားအလုံးအရင်းဖြင့် အမြောက် ကြီးများပစ်ခတ်စဉ် သတင်းဓါတ်ပုံများကို တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ်သတင်းဌာနက ထပ်မံဖြန့်ဝေခွင့် မရှိကန့်သတ်ချက်ဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။ သို့သော် အဆိုပါသတင်းဓါတ်ပုံများမှာ မြောက်ကိုရီးယား အစိုးရ၏ ရိုဒေါင်းရှင်မန်သတင်းဌာနက ယနေ့ထုတ်ပြန်သော သတင်းဓါတ်ပုံများအဖြစ် ဟွန်ဟတ်ကမှတ်ချက်ပြု ဖော်ပြထားခြင်းဖြစ်သည်။

လွန်ခဲ့သည့်မေလတွင် စတင်ရောက်ရှိလာပြီး ယခုစတင်ဖြန့်ချထားလျှက်ရှိသည့် အမေရိကန်၏ အဆင့်မြင့် အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်အား ရုတ်သိမ်းသွားရန် တရုပ်နိုင်ငံက ပြင်းထန်စွာတောင်းဆိုကြောင်း ယွန်ဟတ်သတင်းဌာနက ယနေ့ရေးသားသည်။
တောင်ကိုရီးယားတွင် အမေရိကန်၏ အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်ချထားလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် တရုပ်နိုင်ငံက ပြန်လည်ရုတ်သိမ်းရန် ပြင်းထန်စွာတောင်းဆို လိုက်ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်ကာကွယ်ရေးစံနစ်သည် ရေရှည်တွင် ဒေသတွင်းတင်းမာမှု့မြင့်တက်စေ ရေးသို့ဦးတည်နေကြောင်းတရုပ်နိုင်ငံက သတိပေးလိုက်သည်ဆို၏။
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂီယောင်ဆန်ခရိုင် စီရောင်ဂျုစီရင်စုတွင် အမေရိကန်၏ အမြင့်ပျံဒုံး ကျည်ကာကွယ်ရေးစံနစ် စတင်ချထားရန် လုံခြံရေးထူထပ်စွာဖြင့် စစ်ဖက်ဆိုင်ရာ နောက်တွဲယာဉ် ၆-စီး ရောက်ရှိလာကြောင်း ယမန်နေ့ သန်းကောင်ယံအချိန် သတင်းများတွင်ဖော်ပြခဲ့သည်။ ၄င်းသတင်းအရ ရွှေ့ ပြောင်းနိုင်သော ရေဒါ၊ လောင်ချာ၊ ကြားဖြတ်ဟန့်တားဒုံးကျည်နှင့် တိုက်ပွဲဝင်ကွပ်ကဲရေးစခန်း တို့ပါဝင်သော အဆိုပါအဆင့်မြင့်စံနစ်သည် တောင်ကိုရီးယားနိုင်ငံတွင် မကြာမီ အသက်ဝင်နိုင်ဖွယ်ရှိနေသည်။
( THAAD ) ဒုံးကျည်ကာကွယ်ရေးစံနစ်နှင့် ပတ်သက်၍ တရုပ်နိုင်ငံ၏ ရပ်တည်ချက်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရအား ရှင်းလင်းစွာအသိပေးထားပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်း ၄င်းဒုံးကျည် စံနစ်ချထားခဲ့လျှင် ဒေသတွင်း မဟာဗျူဟာဟန်ချက်ပျက်ပြား၍ ရေရှည်တွင်တင်းမာမှု့ဖြစ်စေရန် လှုံ့ဆော်ရာရောက်စေလိမ့်မည်ဖြစ်ကြောင်း တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
http://english.yonhapnews.co.kr/search1/2603000000.html…
Photo: As Per Links, and Internet

ရသေ့တောင်ဗလီ မီးလောင်မှု ဗလီဆရာတဦးကို အမှုဖွင့်အရေးယူ

RaThietTaung Bali Fire 2ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနားမှာရှိတဲ့ ဗလီမီးလောင်မှုနဲ့ ပတ်သက်လို့ ဗလီဆရာတဦးကို ပေါ့ဆမီးလောင်မှုကြောင့် စေတီပြင်နယ်ခြားစောင့်တပ်က အမှုဖွင့် အရေးယူလိုက်ပါတယ်။
ဧပြီ ၂၅ ရက်နေ့ ညနေ ၁၀ နာရီဝန်းကျင်လောက်က စေတီပြင်ကျေးရွာအနီးရှိ ဗလီအတွင်းမှာ မီးလောင်မှုတခု ဖြစ်ခဲ့ပြီး ဗလီအတွင်း စာရွက်စာတမ်းအချို့ ပျက်စီးခဲ့တယ်လို့ ရသေ့တောင်မြို့နယ်မှူး ရဲမှူး ဇော်ဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
RaThietTaung Bali Fire 3
“ဗလီကို မီးလောင်တာတော့ မဟုတ်ဘူးခင်ဗျ။ ဗလီထဲမှာရှိတဲ့ ကော်ဇောကို မီးလောင်တာပါ။ ဖယောင်းတိုင်ကတဆင့် မီးလောင်တာပါ။ မီးထွန်းပြီးတော့ ထားခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီမှာ အစောင့်ကလည်း မရှိဘူး။ သော့ခတ်ပြီးတော့ ထွက်သွားထင်တယ်။ မီးလောင်မှုတွေကြောင့် ကျနော်တို့ ဗလီဆရာတယောက်ကို ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။ ပေါ့ဆမှုကြောင့် အမှုဖွင့်လိုက်တာပါ။”
အခုလို မီးလောင်မှုတွေကြောင့် ဗလီရှိ စာရွက်စာတမ်း အချို့နဲ့ သေတ္တာအသေးစားတလုံး မီးလောင်ရာမှာ ပါသွားပြီး တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိသလို ဖေ့စ်ဘွတ်ခ်မှာ Ro Nay San Lwin အမည်နဲ့ ရခိုင်အစွန်းရောက်တချို့ မီးရှို့လိုက်တယ်ဆိုတာကို ရေးသားထားတာဟာ ပဋိပက္ခဖြစ်အောင် တမင်ရည်ရွယ်ပြီး ဖန်တီးလိုက်တာလို့ ရဲမှူးက ဆက်လက်ပြောပါတယ်။

 RaThietTaung Bali Fire 1
“မဟုတ်ဘူး။ သူက အဲဒါ ဖွတာ။ သတင်းအမှန် မဟုတ်ဘူး။ ဒီမှာက ဘာမှမဖြစ်တာ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ခိုက်ရန်ဖြစ်ပွားတာလည်း လုံးဝမရှိဘူး။ ပြဿနာ ဘာမှမဖြစ်ဘူး။ အဲဒါ ပဋိက္ခဖြစ်အောင် တမင်ရည်ရွယ်ဖန်တီးနေကြတာ။ ဟိုဘက် ဒီဘက် ရခိုင်ရွာတွေ၊ မွတ်စလင်ရွာတွေက အားလုံးက မီးလောင်တယ်ဆိုပြီး လာထွက်ကြည့်တာလေ။ ကျနော်တို့လည်း တညလုံး ရှိနေတာပဲ။ ဘာမှမဖြစ်ဘူး။”
ဗလီမီးလောင်ရာကို ရောက်ရှိလာတဲ့ စေတီပြင်မွတ်စလင်ကျေးရွာနေ မူဟာမတ်အာယာစ် (ကျော်မင်းအောင်)က “ရခိုင်တွေနဲ့ တစုံတရာ ခိုက်ရန်ဖြစ်ပွားတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မီးလောင်တယ်ဆိုလို့ ထွက်ကြည့်တာပါ။ ဟိုဘက် ရခိုင်ရွာကလူတွေ ဗလီဘက်ကို လာတယ်။ ဒီက ကျနော်တို့ ရွာက လူတွေလည်း ဗလီဘက်ကို သွားကြည့်ကြပါတယ်။ ခိုက်ရန်ဖြစ်တာ လုံးဝမရှိဘူးဘူး ခင်ဗျ။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ သတင်းအမှား ကောလာဟလာတွေပါ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ဒီမှာက နယ်ခြားစောင့်လည်း ရှိတယ်လေ။ မီးငြှိမ်းသတ်လို့အပြီး အားလုံး ၁၂ နာရီလောက်မှာ အားလုံး ပြန်ကြပါတယ်။”
မီးလောင်မှုနဲ့ပတ်သက်လို့ ဗလီဆရာ အာဒူမာလိတ် (၃၂-နှစ်) စေတီပြင်(မွတ်ဆလင် ကျေးရွာ) ကျေးရွာကဖြစ်ပြီး သူ့ကို ရသေ့တောင် နယ်ခြားစောင့်တပ်စခန်းက (ပ)/၁၆ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ရဲမှူးက ပြောပါတယ်။
သတင်း – ဝဏ္ဏခွာညို  DVB

ကမ်းနားလမ်းညဈေး

စည်ကားဖို့ အလားအလာရှိတဲ့ ညဈေး
ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုတောင်ဖြစ်နိုင်တဲ့ဈေး
ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်တော့ သွားခဲ့သေးတယ်။ တစ်ချို့နေရာတွေမှာ လူနည်းပေမယ့် တရုတ်တန်းဘက်ကျတဲ့အခြမ်းမှာတော့ အတော်စည်ပါတယ်။ အစားအသောက်တွေလည်း စုံပါတယ်။
ဒီနေရာလေး ဆက်ပြီး ဖွံ့ဖြိုးစေချင်တယ်။ တာဝန်ရှိသူတွေ မေ့မသွားစေချင်ပါဘူး။
river1

river2

river
Ye
river5

Image may contain: people sitting, outdoor and water
Image may contain: outdoor
Image may contain: one or more people and outdoor

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်အား ပါတီဝင်များဂုဏ်ပြု

Image may contain: 7 people
 ဓါတ်ပုံ - ​ကောင်း​ကောင်း/DMG

ရန်ကုန်၊ ဧပြီလ ၂၆
ကောင်းကောင်း၊ DMG

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင်အား ရခိုင်အမျိုးသားပါတီဝင်းများက ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုပြုလုပ်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ မလွှာကုန်းလမ်းရှိ ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းရုံးခန်းတွင် ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးဘဆွေက " ရခိုင်တစ်မျိုးသားလုံးအတွက် အောင်မြင်မှုရခဲ့သလို တိုင်းရင်းသားအရေးအတွက်လည်း အကျိုးရှိလာမယ့် သူဖြစ်တာကြောင့် ဂုဏ်ပြုပေးတာပါ။ ဒီပွဲက ပါတီဥက္ကဌ တစ်ဦးအနေနဲ့ပါတီက ပြုလုပ်ပေးတာပါ။ ဒါပေမယ့် ဒီပွဲဟာ ပါတီတွင်းက ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ စုစုစည်းစည်း တွေ့ဆုံအားပေးဂုဏ်ပြုကြတာလည်း ဖြစ်ပါတယ်။ '' ဟု DMG သို့ ပြောသည်။

ဒေါက်တာအေးမောင်သည် လွှတ်တော်တွင် ပထမဦးစားပေးအဖြစ် ပြည်ထောင်စုဘဏ္ဍာရေးခွဲဝေမှု မမျှတမှုနှင့် အရင်အစိုးရလက်ထက်က ကြိုးစားခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး မီဒီယာများသို့ ပြောဆိုခဲ့သည်။

အမ်းကြားဖြတ်ရွေးကောက်ပွဲရလာဒ်အရ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဇော်လင်းအောင်က ဆန္ဒမဲ ၁၈၂၁ ၊ကြိုတင်မဲ ၅၆ ၊ စုစုပေါင်း ၁၈၇၇ ဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ဦးဇော်ဝင်းမြင့်က ဆန္ဒမဲ ၈၆၃၈ ၊ ကြိုတင်မဲ ၄၅၀ ၊ စုစုပေါင်း ၉၀၈၈ ဖြင့် လည်းကောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကပါတီက ဦးသောင်းငြိမ်းက ဆန္ဒမဲ ၉၆၀၄ ၊ ကြိုတင်မဲ ၁၉၄၁ ၊ စုစုပေါင်း ၁၁၅၄၉ ဖြင့် ရခိုင်အမျိုး သားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ထံ ရှုံးနိမ့်ခဲ့ကြသည်။

Development Media Group 

“သံဃာ့တာဝန်”

No automatic alt text available.

No automatic alt text available.

ကျွန်တော် နဲ့ ပဌာန်းဒေသနာ
ကျွန်တော် ပထမအကြိမ် တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့
နေခဲ့စဉ် (၁၉၉၇-၂၀၀၂)ပဌာန်း ပစ္စယနိဒ္ဒေသ ကို အလွတ်ကျက်မှတ်
ပြီး နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ အဲဒီအချိန်ထဲက ပဌာန်းဒေသနာကိုစိတ်ဝင်စားခဲ့ပြီး ပစ္စယနိဒ္ဒေသ
အဓိပ္ပါယ်ကို သိချင်နေခဲ့တယ်။ စာအုပ်တွေတော့ဖတ်တယ်၊ဒါပေမယ့် နားမလည်ခဲ့ဘူး။ ဗဟုသုတစုံလင်တဲ့ ဗုဒ္ဓဘာသဝင် နိုင်ငံရေးသမားကြီးတွေလည်း မရှင်းပြနိုင်ခဲ့ကြဘူး။
ကွန်မြူနစ်ကြီးတစ်ယောက်ကဆို “ကျွန်တော် ဘာသာပေါင်းစုံ လေ့လာခဲ့ဖူးပါတယ်။ ခု ခင်ဗျား
လေ့လာနေတဲ့ ပဌာန်း ကိုတော့ ဘယ်လိုမှ နားမလည်ဘူးဗျာ” လို့ကို ထုတ်ပြောဖူးတယ်။ ဒီလိုနဲ့
၂၀၀၀ပြည့်နှစ်မှာ တောင်ငူထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တစ်သက်
တစ်ကျွန်း ပြစ်ဒဏ်ချခံထားရတဲ့ ရန်ကုန်မြို့၊ရွှေပြည်သာပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်
ဦးဇဝန ပါလာခဲ့တယ်။ ဆရာတော်ရောက်ပြီး ဆရာတော်ရဲ့ အကြံပြုချက်နဲ့ ကျွန်တော် ထောင်ထဲမှာ
ကိုယ်ပိုင်ဂစ်တာတီထွင်ဖန်တီးဖြစ်ခဲ့တယ်။ နောက်တော့ ဆရာတော်နဲ့ တစ်ခန်းထဲအတူနေဖြစ်ပြီး
ဆရာတော်ဆီက ကမ္မဌာန်း နဲ့ ဓမ္မ တွေဆည်းပူးသင်ယူဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျွန်တော် သိတ်
စိတ်ဝင်စားတဲ့ ပဌာန်း ပစ္စယနိဒ္ဒေသ ကို လေ့လာခွင့်ရခဲ့တယ်။ ဆရာတော်ကို ကျွန်တော်က “ပဌာန်း
အဓိပ္ပါယ်ရှင်းပြပေးပါ" လို့ ပြောတော့ ဆရာတော်က “ဒကာကြီး၊ပဌာန်းကျမ်းဟာ ဘုရားဟောခဲ့သမျှ
ခက်ခဲနက်နဲပါတယ်ဆိုတဲ့ အဘိဓမ္မာကျမ်းမှာတောင် အခက်ခဲ အနက်နဲဆုံးဖြစ်လို့ နောက်ဆုံးမှာ
ထားရှိရတယ်၊ပဌာန်းကို နားလည်ချင်ရင် ဒကာကြီး အခြေခံအဘိဓမ္မာ(သင်္ဂြီုဟ်/အဘိဓမ္မတ္ထသင်္ဂဟ)
ကိုအရင်လေ့လာသင်ယူပါ” လို့ပြောတယ်။ဒါနဲ့ ကျွန်တော် ဆရာတော်ဆီမှာ အဘိဓမ္မာကို တစ်နှစ်ကျော်
သင်ယူဖြစ်ခဲ့ပါတယ်။ အခြေခံအဘိဓမ္မာ ၉ ခန်းရှိရာမှာ ပဋိစ္စသမုပ္ပါဒ် နဲ့ ပဌာန်း ကိုရှင်းပြတဲ့ ပစ္စည်းပိုင်း
က အခန်း(၈) ဖြစ်ပါတယ်။ ရှေ့ပိုင်း စိတ်၊စေတသိတ်၊ပကိဏ်း၊ဝီထိ၊ဝီထိမုတ်၊ရုပ်၊သမုစ္စည်း ပိုင်းတွေ
မသိနားမလည်ခဲ့ရင် ပဋိစ္စသမုပ္ပါဒ် နဲ့ ပဌာန်း ဆိုတဲ့ ပစ္စည်းအပိုင်းကိုနားလည်ဖို့မဖြစ်နိုင်ပါဘူး။
အထက်ပါ အခန်း ၈ ခန်းကို ပိုင်နိုင်စွာသဘောပေါက်နားလည်မှ နောက်ဆုံးအခန်းဖြစ်တဲ့ ကမ္မဌာန်း
ပိုင်းဖြစ်တဲ့ လက်တွေ့အပိုင်းကို လေ့လာသဘောပေါက်ပြီး ကိုယ်တိုင် နည်းစနစ်ကျစွာ ဘာဝနာပိုင်း
ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ သာသနာမှာ ပရိယတ် နဲ့ ပဋိပတ် ဆိုတဲ့အတိုင်း လေ့လာသင်
ယူမှု အပိုင်း နဲ့ လက်တွေ့ကျင့်ကြံအားထုတ်မှုအပိုင်း ဆိုပြီး ရှိရာမှာ လေ့လာသင်ယူပြီးမှ ကျင့်ကြံအား
ထုတ်မှုပြုကြရမယ်ဆိုတာ အထူးသတိပြုရမှာဖြစ်ပါတယ်။
ဆရာတော်ဆီက အဘိဓမ္မာသင်ယူနေစဉ်မှာ ဆရာတော်အမြဲပြောလေ့ရှိတာက ဒီလို အင်မတန်
အဆင့်မြင့်ပြီး သတ္တဝါတွေကို ငြိမ်းအေးချမ်းသာမှုတရားထူးရစေတဲ့ တရားဓမ္မမျိုးဟာ ကမ္ဘာပေါ်မှာ
ဗုဒ္ဒဘာသာတစ်မျိုးထဲမှာသာရှိကြောင်း နဲ့ ဒီလို တရားတော်တွေကို ခုလို စာမျက်နှာတွေပေါ်ထိ
အက္ခရာတင်နိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးဟာ
အင်မတန်ကြီးမားကြောင်း ဆိုတာတွေဖြစ်ပါတယ်။
ဥပမာ ခုကျွန်တော်တို့ ကျက်မှတ်လေ့လာနေတဲ့ ပဌာန်း ပစ္စယုဒ္ဒေသ နဲ့ ပစ္စယနိဒ္ဒေသ ဆိုတာ
စာမျက်နှာပေါင်း (၂၆၄၀) ရှိတဲ့ အတွဲ ၅ တွဲပါတဲ့ ဆဌသင်္ဂါယနာတင် ပဌာန်းကျမ်းကြီးမှာ ရှေးဦးပိုင်း
ဟောကြားတဲ့ စာမျက်နှာ (၁၀) မျက်နှာခန့်သာရှိတဲ့ နိဒါန်းအပိုင်းလေးမျှသာဖြစ်ပါတယ်။ ပဌာန်းကျမ်း
ကြီးရဲ့ မဟာဝါရ ပိုင်းမှာပဌာန်းကြီး ၄ မျိုး နဲ့ ပဌာန်းမျိုး ၆ မျိုးရှိပြီး စုစုပေါင်းပဌာန်းကျမ်းပေါင်း
၁၂၉၂၃၁ ကျမ်းရှိပါတယ်။ အဌကထာနည်းအရ ပဌာန်းမှာ အမေး “ပုစ္ဆာဝါရ”တစ်ခုထဲမှာပင် ပုစ္ဆာပေါင်း (၄၀၄၉၄၈၅၃၃၂၄၈) ခုရှိရာ ပုဂ္ဂိုလ်တစ်ဦး တစ်နေ့ ပုစ္ဆာပေါင်း တစ်သိန်းရွတ်ဖတ်နိုင်ပါက
ပုစ္ဆာအားလုံး အပြီးထိရွတ်ဖတ်နိုင်ဖို့ နှစ်ပေါင်း တစ်သောင်းကျော် အချိန်ယူရမှာဖြစ်ပါတယ်။
ပဌာန်းကျမ်းကြီးတစ်ခုလုံးအသေးစိတ် ပုံနှိပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိသမျှစက္ကူတွေနဲ့တောင်
မလောက်နိုင်ပါဘူးလို့ ဆရာတော်ကြီးများက ဆိုပါတယ်။ ဒါက ပဌာန်းဒေသနာတော်ကြီးရဲ့
ကြီးမားကျယ်ပြန့်ပုံ နဲ့ ဟောကြားခဲ့တဲ့ ဘုရားရှင် နဲ့ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ သံဃာတော်
တွေရဲ့ ကြီးမားတဲ့ဂုဏ်ကျေးဇူးကို အလေးအနက်ထားပြီး သဒ္ဓါ နဲ့ ပူဇော်နိုင်အောင်လို့ပါ။
နောက်ပြီး အဘိဓမ္မာတရားတော်ကို လေ့လာနိုင်မှသာ ကမ္ဘာပေါ်မှာ ဘယ်ဘုရားကမှမဟောကြားခဲ့တဲ့
တရားကို သိမြင်သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ကောင်းမှု နဲ့ မကောင်းမှု”၊
‘ကုသိုလ် နဲ့ အကုသိုလ်”၊ “လောဘ နဲ့ ဒေါသ” စသဖြင့် ဆန့်ကျင်ဘက် တရား ၂ ခုကိုသာ ဘာသာ
တိုင်း( အခြားဘုရားတိုင်း) မှာ ရှိပေမယ့် ဗုဒ္ဒက အဘိဓမ္မာ ရဲ့ စိတ်၊စေတသိတ် အခန်းမှာ “ကြိယာ စိတ်”
လို့ခေါ်တဲ့ ဘုရားရှင် နဲ့ အရဟတ္တမဂ်၊ဖိုလ် ရထားတဲ့ ရဟန္တာတွေရဲ့ သန္တာန်မှာသာဖြစ်တဲ့ ကုသိုလ်လည်း
မဟုတ်၊အကုသိုလ်လည်းမဟုတ်တဲ့ စိတ်တွေအကြောင်း၊ပဌာန်း ကျမ်းရဲ့ ဥပနိဿ ရပစ္စည်းမှာဟောထားတဲ့
အဗျာကတ ဆိုတဲ့ ကုသိုလ်လည်းမဟုတ်၊အကုသိုလ်လည်းမဟုတ်တဲ့ တရားတွေအကြောင်း နဲ့ တစ်ခါ
တစ်ရံမှာ ကုသိုလ်က အကုသိုလ်ဖြစ်ဖို့ ကျေးဇူးပြုတတ်ပြီး တစ်ခါတစ်ရံ အကုသိုလ်က ကုသိုလ်ဖြစ်စေဖို့
ကျေးဇူးပြုတတ်တယ်ဆိုတဲ့အကြောင်းတွေ၊ စေတသိတ်အပိုင်း နဲ့ သမုစ္စည်းအပိုင်း မှာ ဟောထားတဲ့
ဥပေက္ခာ(တတြမဇ္ဈတ္တတာ စေတသိတ်/Equanimity) ဆိုတဲ့ လောဘစွန်း၊ဒေါသစွန်းကိုမရောက်စေတဲ့
(ဓမ္မစက္ကပဝတ္တနသုတ္တန် မှာဟောတဲ့ မဇ္ဈိမပဋိပဒါ)တရားတွေဟာ ဘယ်ဘာသာမှာမှမရှိတဲ့၊ဗုဒ္ဓ မှတစ်ပါး
ဘယ်ဘုရားမှမဟောကြားခဲ့တဲ့ တရားတွေဖြစ်ပါတယ်။ ဒီလို ကမ္ဘာပေါ်မှာ ဘယ်ဘာသာမှာမှမရှိတဲ့ ဗုဒ္ဒရဲ့
တရားတော်မြတ်တွေကို ပေထက်အက္ခရာမတင်နိုင်ခင်ကတည်းက နှုတ်နဲ့ အာဂုံဆောင်ကျက်မှတ်ထိန်းသိမ်းပြီး လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်
တို့ ခုလို သင်ယူလေ့လာခွင့်ရပြီး ကျင့်ကြံအားထုတ်ခွင့်ရကြကာ ရဟန္တာမဆိတ်သုဉ်းတဲ့တိုင်းပြည်ရယ်လို့
ခုချိန်ထိ ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့
ပြောချင်တာတစ်ခုက ၂၀၁၃ နောက်ပိုင်းကစပြီး Online Social Network တွေမှာ အချို့ ဗုဒ္ဓဘာသာဝင်
တွေကပါ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေအပေါ် မိုက်ရိုင်းစွာ ရေးသားဝေဖန်လာကြတာ
တွေ့ရပါတယ်။ တည်ဆဲနိုင်ငံ့ခေါင်းဆောင်တွေကိုလည်း မူဝါဒအပေါ်အချက်အလက်နဲ့ စနစ်တကကျ
အပြုသဘောဝေဖန်တာမျိုးမဟုတ်ဘဲ ယုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အောက်တန်းကျစွာ
ရေးသားနေကြတာတွေ့ရပြီး ပိုဆိုးတာက သံဃာတော်များအပေါ် မှာပါ အဲဒီလို ပြောဆိုရေးသားလာကြတာ
တွေ့ရတာတော့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ အချို့ ဘာသာခြား အစွန်းရောက်တွေက Account အတု
တွေနဲ့ ရေးသားကြတာကို အတုယူပြီးဘာမှဝေဖန်ပိုင်းခြားစိစစ်မှုမပြု ကြဘဲ မိမိတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေ
ကပါ ဝင်ရောက်ရေးသားနေကြတာတွေ့ရတဲ့အတွက် သာသနာအတွက်လည်းရင်လေးမိရပါတယ်။
တကယ်တော့ ရဟန်း မပြောနဲ့ ရှင်သာမဏေ(ကိုရင်)လေးတွေတောင် ဆံချပြီးလို့ သင်္ဃန်းရုံလိုက်တာနဲ့
သိက္ခာပုဒ် (၁၁၉) ပါး နဲ့ ပြည့်စုံနေတဲ့အတွက် မိခင်၊ဖခင်တွေအပါအဝင် လူတွေကရှိခိုး ဦးချကြရတာဖြစ်ပါ
တယ်။ သာမန်လူပုဂ္ဂိုလ်တွေတောင် ငါးပါးသီလကို အနိုင်နိုင်ထိန်းနေကြရချိန်မှာ ရှင်သာမဏေလေးတောင်
လူတွေထက် သီလပိုမိုပြည့်စုံနေတာကိုသတိပြုရမှာပါ။ ရဟန်းတွေရဲ့ သီလသိက္ခာဆိုရင်တော့ ပြောမနေနဲ့
တော့။ ၂၂၇ သွယ်သောသိက္ခာပုဒ် ဆိုတာ ဝိနည်း မာတိကာမျှသာရှိပါသေးတယ်။ အကျယ်သိက္ခာပုဒ်
အားဖြင့် (၉၁၈၀၅၀၃၆၀၀၀) ရှိပါတယ်။ ၅ ပါးသီလတကယ်လုံပါတယ်ဆိုတဲ့ လူတွေထက် အဆပေါင်း
(၁၈၃၆၁၀၀၇၂၀၀) သာလွန်မြင့်မြတ်နေတယ်ဆိုတာ သတိပြုကြရပါလိမ့်မယ်။ သဘောကတော့
လူတစ်ဦးက သံဃာတော်တစ်ပါးအပေါ် ပြစ်မှားစော်ကားမိရင် ငါးပါးသီလနဲ့ ပြည့်စုံနေတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို
ပြစ်မှားစော်ကားမိလို့ ပြန်ခံရမယ့် အကုသိုလ်အကျိုးရဲ့ အဆပေါင်း (၁၈၃၆၁၀၀၇၂၀၀) ဆ ကိုယ်ပြန်ခံရမှာ
ဖြစ်တယ်ဆိုတာပါ။ နောက်တစ်ခုက ပဉ္စာနန္တရိယ ကံထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့ သံဃဘေဒက ကံကြီး
ထိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့ဟာ သံဃာကို သံဃာလို့ သဘောမထားဘဲ သံဃာကို ကိုယ်လိုသလိုခွဲခြား
ဆက်ဆံမိမယ်ဆိုရင် သံဃဘေဒကကံကြီးထိုက်ပါတယ်။ မဂ်ဖိုလ်တရားထူးမရနိုင်တဲ့အပြင် နောင်ဘဝ
အပယ်ငရဲကျမှာအသေအခြာပါ။ ကျွန်တော် နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ ၂ကြိမ်(၁၀)နှစ်ကျော်
နေခဲ့ရစဉ် ထောင်ထဲမှာ သံဃာတော်တွေနဲ့လည်းဆုံခဲ့ရပါတယ်။ ထောင်ထဲလိုအစားအသောက်ဒုက္ခရောက်
တဲ့နေရာမျိုးမှာ အချို့ သံဃာတော်တွေ ညနေစာစားကြပါတယ်။ အာဟာရအတွက်ပါ။ အဲဒီအတွက်သင့်တဲ့
အာပတ်က သေးငယ်ပါတယ်။ထောင်ကလွတ်လို့ သိမ်ပြန်ဝင်ပြီး အာပတ်ဖြေလို့ရပါတယ်။ ဒါပေမယ့်
အဲဒီလို သေးငယ်တဲ့အာပတ်သင့်မှုမျိုးကိုတောင် မချိုးဖေါက်ဘဲ အစားဆင်းရဲ၊အနေဆင်းရဲတဲ့ အခြေအနေ
မျိုးမှာ ဝိနည်းနဲ့ အညီ ကျင့်ကြံနေထိုင်သွားတဲ့ သံဃာတော်တွေကို တွေ့ဖူး၊ကြားဖူးခဲ့ပါတယ်။
ပျံ်လွန်ခဲ့ပြီဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီး၊ယခု မဘသ ဥက္ကဌ ရွာမဆရာတော်ကြီး၊မဂ္ဂင်ဆရာတော်ကြီး
နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူ တို့ဖြစ်ကြပါတယ်။ မဂ္ဂင်ဆရာတော်ကြီးနဲ့ ၂၀၀၇၊
၂၀၀၈ အမိန့်ချတဲ့အထိ အင်းစိန်၊သီးသန့်ထောင် က ကျွန်းတိုက်မှာ အတူနေခဲ့ရပါတယ်။ မဂ္ဂင်ဆရာတော်
ကြီးက ဝိနည်းကိုဘယ်လောက်လေးစားလဲဆိုရင် ဆရာတော်ကြီးရဲ့ ကွပ်ပြစ်မှာ ကြမ်းပိုးတွေ ထောင်ချီရှိနေ
တာကို ဒီအတိုင်းသည်းခံနေခဲ့တယ်။ ကျွန်တော်တို့က မနေနိုင်လို့ ဆရာတော်ကြီးအပြင်ထွက်ချိန် ကွပ်ပြစ်
ကို ဆရာတော်ကြီးမသိအောင် သန့်ရှင်းရေးလုပ်ပေးခဲ့ရတယ်။ အဲဒီလို သံဃာတော်တွေရဲ့ သီလဂုဏ်တွေ
ကို ဂဃနဏ မသိဘဲ ပြစ်မှားစော်ကားနေခြင်းအတွက် ပြန်ခံရမယ့် အကုသိုလ်အကျိုးဆက်က ဘယ်လောက်
ကြီးမားတယ်ဆိုတာ သိစေချင်ပါတယ်။ တကယ်တော့ သံဃာတော်တွေဟာ ဘုရားရှင်လက်ထက်ကတည်းက
ဘုရားရှင်ရဲ့ သာသနာတော်ကို အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းသယ်ဆောင်လာခဲ့တဲ့ စီနီယာသံဃာ
တော်ကြီးများရဲ့ တာဝန်ကို ဆက်လက်ထမ်းရွက်နေတာသာဖြစ်ပါတယ်။
ဝင်းမော်(ရွှေသံစဉ်)

Win Maw 
  ၂၆-၄-၂၀၁၆

ရသေ့တောင်မြို့နယ် ကျောက်စာတိုင်မှ ပျောက်ဆုံးနေသူနှစ်ဦး အလောင်းတွေ့ဟု သတင်းဖြစ်ပေါ်

နိရဉ္စရာ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာမှ ပျောက်ဆုံးနေသူ နှစ်ဦး၏ အလောင်းကိုတွေ့သည်ဟု သတင်း ဖြစ်ပေါ်နေသဖြင့် အဆိုပါနေရာသို့ ကျေးရွာသားများက လိုက်ပါသွားကြသည်ဟု သိရသည်။

“ ကျွန်တော်တို့ အခု အဲဒီနေရာကို သွားနေကြပါတယ်။ ကိုးတန်ကောက်ကျော်လမ်း ချောင်းဝမှာ အလောင်းတွေ့တယ်လို့ သတင်းရလို့ အဲဒီနေရာကို သွားနေပါတယ်။ အဲဒီနေရာကို ရောက်ရင် ဖုန်းပြန်ဆက် အကြောင်းကြားပေးပါမယ်” ဟု ကျောက်စာတိုင်ရွာသား မောင်ဝင်းတင်က နိရဉ္စရာသို့ ပြောသည်။

ကျောက်စာတိုင်ရွာမှ ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဦးသံဒိုင် (၅၅) နှစ်နှင့် ဦးမောင်အေးသာ(၆၂) နှစ်တို့ ဖြစ်ကြပြီး ဧပြီလ ၂၃ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“ သူတို့ နှစ်ဦးက လွန်ခဲ့တဲ့ စနေနေ့ကတည်းက ပျောက်သွားတာပါ။ မေယူတောင်ထဲမှာ ခရုကောက်ဖို့သွားရာကနေ ပျောက်ဆုံးနေတာပါ။ အခု ကျွန်တော်တို့ တွေ့လို တွေ့ငြားရှာနေတာ တစ်ရက် နှစ်ရက်ရှိပါပြီ။ အခုတော့ အလောင်းကို ကိုးတန်ကောက် တောင်ကျော်လမ်း ချောင်းဝမှာ တွေ့တယ်ဆိုတဲ့ အတွက် အဲဒီနေရာကိုသွားနေပါတယ်” ဟု ပြောကြားသည်။

သို့သော် ယခု အလောင်းရှိသည့်နေရာကို ရွာသားများသွားရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း၊ မေယူတောင်ထဲကို ရဲများ တစ်ဦးစနှစ်ဦးစဖြင့် မ၀င်ဝံ့ကြောင်း သူက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကိုးတန်ကောက်ကျေးရွာသို့ ဆက်သွယ်ရာ ကျေးရွာသား တစ်ဦးဖြစ်သူ ဦးဖိုးသာထူးက “ အလောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့တာ မဟုတ်ဘူး။ ကုလားရွာသား တစ်ယောက်က အလောင်းတွေ ချောင်းမှာတွေ့တယ်လို့ ပြောတဲ့ အတွက် အခုလို သတင်း ဖြစ်နေတာပါ။ ဘယ်နေရာမှာလဲ ဆိုတာ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ ရွာသားတွေလည်း တောင်ထဲကို မသွားရဲဘူး။ ကျွန်တော်တို့မှာက ဓါးဘဲရှိတယ်။ တောင်ထဲမှာရှိတဲ့ ဟိုကောင်တွေမှာ ဘာတွေရှိတယ်ဆိုတာကို မသိနိုင်တဲ့ အတွက် မသွားရဲတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

သို့သော်လည်း ကိုးတန်ကောက် စခန်းမှ အလောင်းကို တွေ့သည်ဆိုခြင်းကို သတင်းထားရပြီ ဖြစ်ကြောင်း၊ ယမန်နေ့က ကျောက်စာတိုင်ရွာသို့ ရဲအဖွဲ့မှ အမှုနှင့် ပတ်သက်ပြီး လာရောက် စစ်ဆေး မှတ်တမ်းယူသွားသည်ဟု ကျေးရွာသားများက ပြောကြားသည်။

မေယူတောင်ထဲတွင် လွန်ခဲ့သော လအနည်းကလည်း ခရုရှာသွားသည့် မြိုကျောင်းဆရာတစ်ဦးကို အကြမ်းဖက်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခဲ့သလို ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာမှ ရွာသားတစ်ဦးကိုလည်း ဘင်္ဂလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့မှ ဓါးဖြင့် ခုတ်သတ်ပစ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara

စေတီပြင် ဗလီကို မီးရှို့ပြီး ပြဿာနာ ဖြစ်အောင်ဖန်တီးသူများကို အရေးယူရန် တောင်းဆို

(မီးလောင်ရာသို့ရောက်ရှိလာကြသည့် လူအုပ်ကို တွေ့ရစဉ်)
နိရဉ္စရာ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာရှိ ဗလီအတွင်းတွင် မီးရှို့သည့် ဖြစ်စဉ် တစ်ခု ဧပြီလ ၂၅ရက်နေ့ ယမန်နေ့ ညဥ့်အချိန် ဖြစ်ပွားခဲ့ရာ ၎င်းမီးရှို့ပြီး ပြဿနာ ဖြစ်အောင် ဖန်တီးသူများကို အရေးယူရန် စေတီပြင် ကျေးရွာသားများက တောင်းဆိုလိုက်သည်။

“ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီမီးက ပေါ့ဆမီးလား၊ တမင်ရှို့တာလားဆိုတာကို ကျွန်တော်တို့ ခေါ်ယူစစ်ဆေးနေပါတယ်” ဟု စေတီပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
 
စေတီပြင် ကျေးရွာသားများက ယခုမီးသည် ကျေးရွာအတွင်းရှိ ရခိုင်လူမျိုးများအား တမင် အပြစ်ရှာရန်နှင့် ပြဿနာ ကြီးထွားရန် မသမာသူ ဘင်္ဂလီ တစ်ချို့မှ အကောက်ကြံ ပြုလုပ်ခြင်း ဖြစ်သဖြင့် ၎င်းသူများကို ဖော်ထုတ် အရေးယူပေးရန် နယ်ခြားစောင့်တပ် တာဝန်ရှိသူများကို ၀ိုင်းဝန်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီခွဲခန့်အချိန်တွင် စေတီပြင်ကျေးရွာရှိ ဗလီအတွင်းမှ မီးခိုးလုံးများ ထွက်ပေါ်လာသည့် အတွက် ဒေသခံများက မီးကို ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးမှာ အပြင်က လောင်ခြင်းမဟုတ်ဘဲ ဗလီတွင်းမှ စတင်လောင်ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောကြားသည်။

အခင်း ဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက " သူဗလီတက်ပြီး ဆီမီးထွန်းရာကနေ ဖြစ်တာလို့ သိရပါတယ်။ စာအုပ်တချို့နဲ့ ခုံတစ်လုံး မီးလောင်သွားခဲ့ပါတယ်။ နယ်ခြားစောင့်ရဲ ရောက်လာတဲ့ အခါ ဘင်္ဂါလီတွေမီးငြိမ်းလိုက်လို့ မီးငြိမ်းသွားပြီ" ဟု နိရဉ္စရာသို့ပြောသည်။

ယခု မီးလောင်သတင်းမှာ ချက်ချင်း နိုင်ငံတကာရှိ ဘင်္ဂလီ လော်ဘီအုပ်စုများသို့  ပြန့်နှံ့ ရောက်ရှိ သွားပြီး ရိုနယ် နေဆန်းလွှင်ဆိုသူက “ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာက ဗလီဝတ်ကျောင်းတော်ကို ရခိုင် အစွန်းရောက်အချို့က ဒီနေ့ည ၉း၃၀ နာရီမှာ မီးရှို့လိုက်တယ်။ မီးဝိုင်းငြိမ်းတဲ့ ရိုဟင်ဂျာရွာသားတွေကို ဗလီအပြင်ကနေ ရခိုင်အစွန်းရောက်တွေက ၀ိုင်းထားတဲ့အတွက် ဗလီထဲမှာ ပိတ်မိနေတယ်လို့ သိရတယ်” ချက်ချင်း သတင်း အမှား ထုတ်လွှင့်ခဲ့သည်။

အသေးစိတ် အကြောင်းအရာ တစ်စုံတစ်ရာ မသိရဘဲ ချက်ချင်း ယခုလို မျိုး သတင်းထုတ်ပြန်ခြင်းသည် ပြဿနာကို ပိုမိုကြီးထွားအောင် လုပ်ခြင်း ဖြစ်သဖြင့် ယခုမီးလောင်မှုမှာ အကွက်ကျကျ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း စေတီပြင် ရွာသား ဦးမောင်အေးညွှန့်က ပြောသည်။

စေတီပြင်ရှိ ဗလီအတွင်းတွင် ယခင်ကလည်း မီးလောင်မှု ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာမှ အစောင့်အရှောက်များထားရှိပြီး စောင့်ကြပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Narinjara
https://www.facebook.com/Narinjara

ဘူးသီးတောင် လူ့ခွင့်ရေးချိုးဖေါက်မှု တပ်မမှူးကို စစ်ဆေးပြီ

နေပြည်တော်ကလာတဲ့ သတင်းတပုဒ်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်မ ၁၅ က ဦးစီးခဲ့ကြောင်းနဲ့ အဲဒီတပ်မမှူး ဗိုလ်ချုပ် ခင်မောင်စိုးကို ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် စစ်ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။

တပ်မ ၁၅ လက်အောက်မှာ တပ်ရင်း ၁ဝ ခုရှိတဲ့အနက် ဘူးသီးတောင်နဲ့ မောင်တောဒေသ စစ်ဆင်ရေးတွေမှာ ခမရ ၃၄၅၊ ၃၅၂၊ ၅၅၁ နဲ့ ၅၆၄ တို့ဝါဝင်ဆောင်ရွက်ခဲ့ပြီး စစ်သည်အင်အား ၂ဝဝဝ နီးပါးကို အသုံးပြုခဲ့ကြောင်းလည်း အစိုးရနဲ့ တပ်မတော်ထိပ်ပိုင်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အတန်းတင်စာမေးပွဲလာမဖြေတဲ့ကလေးကိုပင် ယခင်လကဖြေထားသည့်အတွက်အအောင်ပေးရမည်ဟု အထက်ကညွှန်ကြားလာသည့်အတွက် အအောင်ပေးခဲ့ရပါသည်

သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
..........
အန်တီစု (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) သိစေရန်
.......
အန်တီစု ရှင်...
အန်တီ မြန်မာနိုင်ငံရဲ့ ပညာရေးကိုတိုးတက်မြင့်မားစေချင်တဲ့စေတနာကို ယုံမှားသံသယမရှိပါ...
သို့သော် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနအနေဖြင့် တလွဲဆံပင်ကောင်းနေကြပါတယ်ရှင်..
ပညာရေးတကယ်တိုးတက်စေလိုပါက ယခုစနစ်ကြီးကိုလုံးဝပြင်ရမှာဖြစ်ပါတယ်ရှင်...
ယခုလက်ရှိစနစ်က လေးတန်းနဲ့ရှစ်တန်းအစိုးရစစ်ဟုဆိုသော်လည်း...
အကျမရှိစေရ ဟု order ထုတ်ခဲ့ပါတယ်ရှင်...
အကျများလျှင်ဆရာမ များထုချေလွှာတင်ရမည်ဟုလည်း အမိန့်ထုတ်ခဲ့ပါတယ်ရှင်...
အဲ့ဒီ့တော့ ကျောင်းအုပ်ကြီးတွေအနေနဲ့လည်းမိမိတို့ကျောင်းနာမည်ပျက်မှာစိုးပြီး စာစစ်တဲ့ဆရာမတွေကို ခဲတံ ခဲဖျက်ကိုင်ခိုင်းကာ ညံ့သောကလေးများအဖြေလွှာကိုပြင်ခိုင်းရပါတော့တယ်ရှင် ...
အဲ့ဒါ အစိုးရစစ်လားရှင်...
အဲ့ဒီ့တော့ကျတဲ့လူမရှိဘဲ အကုန်လုံးအောင်ကုန်ကြပါတော့တယ်...
ထို့အတွက် တချို့မိဘတွေအနေနဲ့ ဆရာမတွေနဲ့ကျောင်းကိုမထီမဲ့မြင်လုပ်လာကြပါတယ်ရှင်..
ကလေးတွေပညာရေးကိုလဲဂရုမစိုက်ကြတော့ပါ...
အချိန်တန်အောင်တာပဲ ဆိုပြီး သင်ကြားရေးတွင်လုံးဝပူးပေါင်းခြင်းမရှိတော့ပါ...
ဘယ်လောက်ထိဆိုးရွားလဲဆိုရင် ကျွန်မတို့မြို့နယ်ကကျောင်းမှာ အတန်းတင်စာမေးပွဲလာမဖြေတဲ့ကလေးကိုပင် ယခင်လကဖြေထားသည့်အတွက်အအောင်ပေးရမည်ဟု အထက်ကညွှန်ကြားလာသည့်အတွက် အအောင်ပေးခဲ့ရပါသည်ရှင်...
ဒီလိုချီးပေါသေးပေါ အအောင်ပေးနေမယ်ဆိုရင် စာမေးပွဲဘာလို့စစ်တော့မလဲရှင်...
အစိုးရစစ်စာမေးပွဲတွေမှာ စာစစ်တဲ့ဆရာမတွေကိုစရိတ်စကချီးမြှင့်ရပါတယ်ရှင်...
့အဖြေလွှာနဲ့မေးခွန်းစာရွက်ဖိုးတွေ နိုင်ငံတော်ဘဏ္ဍာထဲကကုန်ကျခံသည့်အတွက် ဘဏ္ဍာငွေလေလွင့်မှုဖြစ်ပါတယ်ရှင်...
အကုန်အအောင်ပေးမှတော့စာမေးပွဲစနစ်ဖြုတ်လိုက်တာအကောင်းဆုံးမဟုတ်လားရှင်...
ပညာရေးစနစ်တိုးတက်စေချင်ပါက စဉ်ဆက်မပြတ်အတန်းတင်ရေးစနစ်ကိုလုံးဝဖျက်သိမ်းပြီး...
အရည်အချင်းရှိတဲ့လူ အအောင်ပေး...
အရည်ချင်းမမှီတဲ့လူကိုချ ပစ်မှ ကလေးလဲအခြေခံကောင်း ပညာရေးလဲတိုးတက်လာမည်ဖြစ်ပါတယ်ရှင်...
ခုထိ စာတောင်ကောင်းကောင်းမဖတ်တတ်ဘဲငါးတန်းတွင်ပညာသင်ကြားနေသောကလေးတွေကိုလဲကျွန်မမြင်ဖူးပါသည်ရှင်...
အန်တီစုရှင် နိုင်ငံတော်ကချပေးတဲ့ကျောင်းဖွံဖြိုးရေးရန်ပုံငွေတွေကိုလဲ အောက်ခြေထိစာရင်းနဲ့ဇယားနဲ့သေချာစစ်ဆေးသင့်ပါတယ်ရှင်..
ခုကအဲ့ရန်ပုံငွေအများစုကိုချပေးလိုက်ပြီးပြန်မစစ်တော့အများစုကကျောင်းအုပ်ကြီးတွေရဲ့ဘဏ်စာရင်းထဲဝင်သွားတာတွေတွေ့နေရပါတယ်ရှင်...
အဲ့ဒါကိုလဲအောက်ခြေထိသေချာစိစစ်သင့်ပါတယ်ရှင်...
အန်တီစု ဖြစ်စေချင်တဲ့ပညာရေးစနစ်ဖြစ်မလာဘဲယခင်ကထက်ပိုဆိုးရွားအောင် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနကဖျက်ဆီးနေပါတယ်ရှင်..
ဒီအစိုးရလက်ထက်မှာပိုဆိုးနေတယ်လ်ု့အပြင်မှာလဲဝေဖန်နေကြပါတယ်ရှင်...
ဒေါက်တာမျိုးသိမ်းကြီးဆိုတာလဲ ယခင်က ကျွန်မတို့ပညာရေးဝန်ထမ်းအများစု မကြိုက်တဲ့အလွန်မောက်မာရိုင်းပြတဲ့ ညွှန်ကြားရေးမှူးတစ်ဦးပါရှင်...
ကျွန်မတို့ ချစ်သော တင်မြှောက်ထားသောအစိုးရ ပုံရိပ်ကျအောင်တမင် ပူးသတ်ပြီး ပေါက်ကရတွေလုပ်နေသလားလို့တောင်ထင်မိပါတယ်ရှင်...
ကျွန်မတို့တင်မြှောက်ထားသောပြည်သူ့အစိုးရပုံရိပ်နဲ့ NLD ပါတီရဲ့ပုံရိပ်ကိုမထိခိုက်စေချင်ပါရှင်...
ထို့အတွက် အန်တီစုအနေနဲ့တခြားအရေးကြီးတဲ့ကိစ္စတွေဖြေရှင်းရမှာကိုသိသော်လည်း...
ကျွန်မတို့ ပညာရေးဋ္ဌာနကိုလဲတချက်လောက်ပြန်လည်
စစ်ဆေးကြပ်မတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်ရှင်...
လေးစားစွာဖြင့်
ဒေါ်နီလာထွန်း (ပညာရေးမှူး)
ပညာရေးဝန်ကြီးဋ္ဌာန
# လှုပ်လှုပ်ရှားရှား မန္တလေးသတင်းများ

ပြည်သူတစ်ချို့၏ အစိုးရဖြစ်ပြီး ပြည်သူတစ်ချို့ ချဉ်သော အစိုးရလို့ သုံးပါ

 Image may contain: 1 person, text
 ဓာတ်ပုံ- 7Day Daily

 အဲဒီနေ့က ပြောခဲ့ပါတယ်။
ခင်ဗျားတို့ တာဝန်အရလုပ်ပါ။
ဥပဒေနဲ့ အညီလုပ်ပါလို့။

သူတို့ ဥပဒေနဲ့ အညီမလုပ်ခဲ့ပါဘူး။

အမေရိကန်တွေကို ဆန္ဒပြလို့ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်လို့တရားစွဲတော့
ဘာမှ မပြောလိုတော့ဘူး။

ဒါပေမယ့် ပြုံးတော့ပြုံးမိတယ်။

ငါတို့ကို အုပ်ချုပ်နေတာ အမေရိကန်အစိုးရများလားလို့တော့ တွေးမိတယ်။

အစိုးရကိုဖာတဲ့လူတွေကလည်း မင်းတို့ကို
တရားစွဲတာ ပြည်ထဲရေးကတဲ့။

ပြည်ထဲရေးက ကာချုပ်လက်အောက်မှာရှိတာတဲ့။

ဒါကြောင့် မင်းတို့ အဘတွေက တရားစွဲတာ မင်းတို့ခံပေါ့ဆိုပဲ။

ကျွန်တော်တို့ လုပ်ရဲခဲ့ပါတယ်။
ဒါကြောင့် ခံလည်း ခံရဲပါတယ်။

ကြိုက်တဲ့ပုဒ်မတပ်ပြီး အရေးယူပါလို့လည်း ပြောပြီးသားပါ။

အခုမှ ပြောတာလည်းမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ ဆန္ဒပြပြီးကတည်းက ပြောခဲ့တာပါ။

ခက်တာက ဒီလူတွေ စာများမတတ်ဘူးလားလို့ စဉ်းစားမိတယ်။

ပြည်ထဲရေးကပဲ အမေရိကန်သမ္မတ လက်အောက်ကလိုလို။

ကာကွယ်ရေးဦးစီးချုပ်ကပဲ သီးခြားသမ္မတလိုလို။

နိုင်ငံတော်သမ္မတဦးထင်ကျော်ကအစိုးရတစ်ရပ်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ အစိုးရတစ်ရပ်လိုလို။

ရယ်တော့ ရယ်ချင်သား။

အဘတွေ အာဏာရရေးပဲ ကျွန်တော်တို့က လုပ်နေသယောင်။

ဘယ်အဘမှလည်း ကျွန်တော်နဲ့ အဆက်အသွယ်မရှိပါဘူး။

အဲဒီ စစ်ဗိုလ်ချုပ်တွေကိုလည်း ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။

၂၀၁၂ တုန်းက သမ္မတက ဦးသိန်းစိန်ပါ။

အဲဒီအချိန်တုန်းကလည်း ကျွန်တော်တို့ OIC ဆိုတဲ့ အစ္စလာမ်းမစ်အဖွဲ့ မြန်မာနိုင်ငံမှာ ရုံးလာမစိုက်နိုင်ရေး
ကြေးသွန်းဘုရားရှေ့၊ မြို့တော်ခန်းမရှေ့၊ ရန်ကုန်လေဆိပ်တွေမှာ
ဆန္ဒပြခဲ့ကြပါတယ်။

ခွင့်ပြုချက်ဆိုတာ ဝေးလာဝေးပါ။

ကြံ့ခိုင်ရေးထဲက ကုလားအမတ်သုံးကောင်ကို တရားမဝင်ကြောင်း ဆူးလေဘုရားပေါ်နဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတော့လည်း ကျွန်တော်တို့ ပါခဲ့တာပဲ။

အခု ဦးဝင်းတင်ပုံ profile တင်ထားတဲ့ သူငယ်ချင်း ကိုမျိုးတောင် ပါခဲ့သေးတယ်။

အဲဒါတွေလုပ်ခဲ့တာ ဦးသိန်းစိန် လက်ထက်မှာပါ။

ရွှေဝါရောင်တုန်းကလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကြတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးရှေ့ဆုံးက ပါခဲ့တာပဲ။

အဲဒီတုန်းက ပစ်တဲ့ခတ်တဲ့အချိန်မှာ ကျွန်တော်တို့လည်း ရှိခဲ့တာပဲ။

ပန်းဆိုးတန်းကနေ သိမ်ကြီးဈေးဂုံးတံတားအောက်မှာ ရပ်ပြီး စစ်အစိုးရရဲ့ လုပ်ရပ်တွေကို တွန်းလှန်ခဲ့ကြတာပဲ။

စံပြရုပ်ရှင်ရုံရှေ့မှာ စုပြီး ပြောကြဟောကြတာကို နားထောင်ခဲ့ပြီး သံဃာတွေကို လက်တွေချိတ်ကာကွယ်ပေးခဲ့ကြတော့လည်း ကျွန်တော်တို့ ပါခဲ့တာပဲ။

နောက်ပိုင်း ရွေးကောက်ပွဲလုပ်တော့ တက်လာတဲ့အစိုးရကို စောင့်ကြည့်ပြီး လုပ်စရာရှိတာတွေ လုပ်ခဲ့တာပဲ။

White Card တွေ ထုတ်ပေးလို့၊ မဲပေးခွင့်တွေ ရခဲ့လို့ ကုလားအမတ်တွေ လွှတ်တော်ထဲရောက်ခဲ့တာကို ကျွန်တော်တို့ပဲ ဆန့်ကျင်ခဲ့တာပဲ။

WCC ကော်မတီကို ဖွဲ့ပြီး White Card ကို ဆန့်ကျင်ခဲ့ကြတာပဲ။

WCC ကော်မတီမှာ ကျွန်တော် ဦးဆောင်တာဝန်ခံတစ်ယောက်အဖြစ်ရော၊ ပြန်ကြားရေးတာဝန်ခံအဖြစ်ရော တာဝန်ယူခဲ့တာပဲ။

WCC က နေပြည်တော်လွှတ်တော်ရှေ့အထိ နေ့စဉ်ရက်ဆက် ဆန္ဒပြဖို့ လုပ်ခဲ့ကြတာပဲ။

အဲဒါ ဦးသိန်းစိန် အစိုးရကို ဆန္ဒပြဖို့ လုပ်ကြတာပါ။

ဦးသိန်းစိန် က အဲဒီတုန်းက သာသနာရေးဝန်ကြီး ဦးစိုးဝင်း၊ သမ္မတရုံး ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း နဲ့ လဝက ညွှန်ချုပ်တွေကို ကျွန်တော်တို့ WCC ကော်မတီနဲ့ တွေ့ဖို့ လွှတ်ခဲ့တယ်။

WCC ကော်မတီက လူ(၄)ယောက်ကို ကော်မတီကိုယ်စားလှယ် ရွေးခဲ့တော့ ကျွန်တော်တစ်ယောက်ပါခဲ့တယ်။

ကော်မတီက ဆန္ဒပြတာမလုပ်ဖို့ တားပေးပါဆိုပြီး မ.ဘ.သ ရွာမဆရာတော်ကြီးတို့၊ ဆရာတော်ဦးပါမောက္ခတို့၊ ဆရာတော်ဦးဝီရသူတို့ ရှေ့မှာ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တွေ့ကြတာ။

ဆရာတော်တွေက ငါတို့ ခဏတားပေးလို့ရမယ်၊ သာသနာရေးဝန်ကြီးကို မင်းတို့ဘက်က တိတိကျကျ အဖြေပေးမှရမယ်ဆိုတော့
သာဝန် ဦးစိုးဝင်းက ကျွန်တော်တို့ ကော်မတီက ဘာကို အဓိက လိုချင်တာလဲလို့မေးတဲ့အခါ ကျွန်တော် ဖြေခဲ့တာပဲ။

ကျွန်တော်တို့ လိုချင်တာ...

ဝှိုက်ကတ်တွေ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် လုံးဝမရှိစေရေး၊

နောင်လာမယ့် မည်သည့် ရွေးကောက်ပွဲမှာမဆို ဒီဝှိုက်ကတ်တွေ လုံးဝ မဲပေးခွင့် မပြုရေး လိုချင်ပါတယ်။

အချိန်လည်း အများကြီး မပေးနိုင်ဘူး။
သတ်မှတ်ထားတဲ့ ရက်မတိုင်မီ အကြောင်းမပြန်ရင် ကျွန်တော်တို့ ငြိမ်းစုစီဥပဒေနဲ့အညီ ဆန္ဒပြကြမှာလို့ ကျွန်တော်ပြောခဲ့တာပဲ။

အဲဒီမှာ သာဝန် ဦးစိုးဝင်းက ကျွန်တော်တို့လည်း ချက်ချင်းဆုံးဖြတ်ပေးလို့မရဘူး။
သမ္မတကြီးဆီတင်ပြပြီး အကြောင်းပြန်မယ် ရက်ချိန်းတစ်ခု ပေးပါဆိုလို့ ရက်တစ်ခု သတ်မှတ်ခဲ့ကြတယ်။

သတ်မှတ်ရက်မှာ ရန်ကုန်မြို့၊ ကမ္ဘာအေး သာသာနာရေးရုံးမှာ အဲဒီ ဝန်ကြီးနဲ့ ကျွန်တော်တို့ ကော်မတီ ထပ်တွေ့ကြတယ်။

အဲဒီနေ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ အခု ကိုဖီအာနန်ကော်မရှင်မှာပါတဲ့ ဒေါ်စောခင်တင့်တို့လည်း ပါကြတယ်။

နောက်ဆုံးရက်တစ်ခု ထပ်ပေးတဲ့အခါ ကျွန်တော်တို့ ကော်မတီမှာ မဲခွဲဆုံးဖြတ်ပြီး ရက်ချိန်းကို စောင့်ပြီးမှ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဝန်ကြီးတွေနဲ့ ညှိနှိုင်းထားတာကို လိုက်နာတဲ့အနေနဲ့ WCC ကော်မတီက ကျထားတဲ့ ဆန္ဒပြဖို့ ခွင့်ပြုချက်ကို ပြန်အပ်နှံခဲ့တယ်။

အဲဒီရက်ချိန်းကို မစောင့်နိုင်တဲ့ သက်မျိုးဦး နဲ့ တစ်ချို့ ကန့်ကွက် ဆန္ဒပြခဲ့ကြလို့ ဦးသိန်းစိန်အစိုးရက သက်မျိုးဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တယ်။

သက်မျိုးဦးကို ဗဟန်းတရားရုံး က ထောင်တစ်လ ချခဲ့တယ်။

ပြောချင်တာက ဦးသိန်စိန် အစိုးရရဲ့ မမှန်ကန်မှုကိုလည်း ကျွန်တော်တို့ ဆန့်ကျင်ခဲ့တာပဲ။

ဒါပေမယ့် အဲဒီလို ဘောင်းဘီချွတ်အစိုးရကတောင် သက်မျိုးဦးကို ၅၀၅(ခ) မတပ်ခဲ့ဘူး။
ဦးဆောင်သူလို့ ကြွေးကြော်ထားတဲ့ သက်မျိုးဦးကလွဲပြီး တစ်ခြားလူတွေကို ဆွဲမထည့်ခဲ့ဘူး။

အခုက ကျွန်တော်တာဝန်ခံပါတယ်လို့ ဆိုပါလျက် ဆရာတော်သုံးပါးနဲ့ နောက်သုံးယောက်ကို မဆီမဆိုင်ဆွဲထည့်ပြီး အညှိုးကြီးကြီး စိတ်ယုတ်မာကို ပေါ်စေခဲ့တယ်။

ငြိမ်းစုစီနဲ့ အားမရပဲ ၅၀၅(ခ)တပ်ဖို့ ဘယ်သူက ညွှန်ကြားခဲ့သလဲဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။

နိုင်ငံတော်အစိုးရ က လွှတ်တဲ့ ဝန်ကြီးတွေရဲ့ အာမခံကတိစကားကို ဆန့်ကျင်ခဲ့တာတောင် သက်ဆိုင်ရာ ငြိမ်းစုစီ ဥပဒေနဲ့ပဲ အရေးယူခဲ့တယ်။

အခုတော့ ဒီမိုက​ရေစီ က အယောင်ဆောင်ကြီးမှန်း ပိုပြီး ရုပ်လုံးကြွလာတယ်။

စစ်တပ်နဲ့ ပတ်သက်တာတွေကိုလည်း ကျွန်တော်တို့ ဆန့်ကျင်ခဲ့တာပဲ။

ဥပမာ ဒဂုံစီးတီးအရေးတော်ပုံ။

ဒဂုံစီးတီးဆောက်မယ့်နေရာက စစ်တပ်နေရာ။
ဆောက်မှာက အထပ်မြင့်တွေ၊ ထိခိုက်မှာက ​ရွှေတိဂုံဘုရား၊ နစ်နာရမှာက ပြည်သူတွေ၊ အကျိုးအမြတ်ရမှာက ဗိုလ်ချုပ်တွေနဲ့ ကုမ္ပဏီတွေ။

အဲဒါကို ကျွန်တော်တို့ ဆန့်ကျင်ခဲ့ကြတယ်။

ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ကျွန်တော်တို့ ဖွဲ့ခဲ့ကြတယ်။

အခုအချိန်အထိ အဲဒီအဖွဲ့မှာ ကျွန်တော် ဦးဆောင်တာဝန်ခံတစ်ဦးအဖြစ်ရှိနေသေးတယ်။

ကျွန်တော်တို့ လက်တွဲလို့ရတဲ့လူတွေနဲ့ လက်တွဲခဲ့ကြတယ်။
ရှေ့နေကိုဖိုးဖြူတို့ ကျွန်တော်တို့နဲ့ လာပေါင်းတယ်။
ဇောတိက ဦးခင်လှိုင်ဆီလည်း ကျွန်တော်တို့ သွားပြီး အကူအညီနဲ့ အကြံဉာဏ်တွေတောင်းခဲ့ကြတယ်။

နောက်ဆုံး ပန်းဖလက်တွေရိုက်ပြီး မ.ဘ.သ နှစ်ပတ်လည် ညီလာခံမှာ ဝေကြတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ကျွန်တော်တို့အဖွဲ့နဲ့ လာတွေ့တယ်။

အဆောက်အဦဆောက်မယ့် ကုမ္ပဏီကလည်း လာတွေ့တယ်။

ကျွန်တော်တို့ ညှိနှိုင်းမခံဘူး၊ ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုခဲ့ကြတယ်။

နောက်ဆုံး ဦးသိန်းစိန် အစိုးရက ဖျက်သိမ်းကြောင်း ကြေညာပေးခဲ့တယ်။

အဲဒါ ဦးသိန်းစိန် အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်ပြီး ပြည်သူ့အကျိုးစီးပွားနဲ့ သာသနာအတွက် ကာကွယ်ဖို့ ကြိုးပမ်းခဲ့ကြတာ။

အဲဒီတော့ ကျွန်တော်တို့က အဘလူလား၊ အစ်မလူလား၊ ဘယ်သူ့လူလည်း ရှင်းနေတာပဲ။

ဒီမိုကရေစီလို့ ကြွေးကြော်တဲ့ အစိုးရလက်ထက်မှာ ဆန္ဒပြရင်တောင် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဆိုတော့ အာဏာရှင်နဲ့ ဘာထူးမလဲလေ။

အာဏာရှင်လက်ထွက် ဦးသိန်းစိန်တောင်မှ သက်မျိုးဦးတို့ ခွင့်ပြုချက်မဲ့ ဆန္ဒပြတာကို ပုဒ်မအကြီးကြီး မတပ်ခဲ့ဘူး။

ဒီမိုကရေစီ ပြည်သူ့အစိုးရ ဆိုတာကြီး လက်ထက်ကျမှပဲ ဆန္ဒပြတာ နဲ့ ဆတ်ဆတ်ခါ ထွန့်ထွန်လူးပြီး ပုဒ်မကြီးကြီးတွေ တပ်တယ်ဆိုတော့

ကျွန်တော်ပြောတဲ့ အာဏာရှင်ဒေါက်ဖိနပ်အစိုးရဆိုတာ ထင်ရှားသွားပါပြီ။

ဥပဒေကို အစိုးရကိုယ်တိုင်က လိုသလို သုံးတယ်ဆိုကတည်းက နောက်တစ်ခါ အစိုးရကို ဖာမယ့်သူတွေကိုလည်း ပြောထားပါရစေ၊ ပြည်သူ့အစိုးရလို့ ခဏခဏ မကြွေးကြော်ကြနဲ့။ ကြားရတာ နားရှက်လို့၊ ပြည်သူတစ်ချို့၏ အစိုးရဖြစ်ပြီး ပြည်သူတစ်ချို့ ချဉ်သော အစိုးရလို့ သုံးပါလို့ အကြံပေးတိုက်တွန်းလိုက်ပါရစေ။

ဝင်းကိုကိုလတ်(ဥပဒေ)
၂၂-၄-၂၀၁၇
12:32 P.M.

* မှတ်ချက် ။ ကျွန်တော်သည်
မည်သူ၏ အထောက်အပံ့ခံမဟုတ်သော၊
မည်သည့် ပါတီလော်ဘီမဟုတ်သော၊
မည်သူ၏ ကြိုးကိုင် ထိန်းချုပ်မှုမှမရှိသော၊
အမျိုးသားရေးတက်ကြွလှုပ်ရှားသူသာဖြစ်သည်။