


( ဧပြီ-၂၆၊ ၂၀၁၇ ) ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား)၏ ၈၅-နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ၄င်းနိုင်ငံအရှေ့ပိုင်း ၀မ်စန်ဒေသတွင် အင်အားအလုံးအရင်းဖြင့် အမြောက် ကြီးများပစ်ခတ်စဉ် သတင်းဓါတ်ပုံများကို တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ်သတင်းဌာနက ထပ်မံဖြန့်ဝေခွင့် မရှိကန့်သတ်ချက်ဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။ သို့သော် အဆိုပါသတင်းဓါတ်ပုံများမှာ မြောက်ကိုရီးယား အစိုးရ၏ ရိုဒေါင်းရှင်မန်သတင်းဌာနက ယနေ့ထုတ်ပြန်သော သတင်းဓါတ်ပုံများအဖြစ် ဟွန်ဟတ်ကမှတ်ချက်ပြု ဖော်ပြထားခြင်းဖြစ်သည်။
လွန်ခဲ့သည့်မေလတွင် စတင်ရောက်ရှိလာပြီး ယခုစတင်ဖြန့်ချထားလျှက်ရှိသည့် အမေရိကန်၏ အဆင့်မြင့် အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်အား ရုတ်သိမ်းသွားရန် တရုပ်နိုင်ငံက ပြင်းထန်စွာတောင်းဆိုကြောင်း ယွန်ဟတ်သတင်းဌာနက ယနေ့ရေးသားသည်။
တောင်ကိုရီးယားတွင် အမေရိကန်၏ အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစံနစ်ချထားလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် တရုပ်နိုင်ငံက ပြန်လည်ရုတ်သိမ်းရန် ပြင်းထန်စွာတောင်းဆို လိုက်ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်ကာကွယ်ရေးစံနစ်သည် ရေရှည်တွင် ဒေသတွင်းတင်းမာမှု့မြင့်တက်စေ ရေးသို့ဦးတည်နေကြောင်းတရုပ်နိုင်ငံက သတိပေးလိုက်သည်ဆို၏။
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂီယောင်ဆန်ခရိုင် စီရောင်ဂျုစီရင်စုတွင် အမေရိကန်၏ အမြင့်ပျံဒုံး ကျည်ကာကွယ်ရေးစံနစ် စတင်ချထားရန် လုံခြံရေးထူထပ်စွာဖြင့် စစ်ဖက်ဆိုင်ရာ နောက်တွဲယာဉ် ၆-စီး ရောက်ရှိလာကြောင်း ယမန်နေ့ သန်းကောင်ယံအချိန် သတင်းများတွင်ဖော်ပြခဲ့သည်။ ၄င်းသတင်းအရ ရွှေ့ ပြောင်းနိုင်သော ရေဒါ၊ လောင်ချာ၊ ကြားဖြတ်ဟန့်တားဒုံးကျည်နှင့် တိုက်ပွဲဝင်ကွပ်ကဲရေးစခန်း တို့ပါဝင်သော အဆိုပါအဆင့်မြင့်စံနစ်သည် တောင်ကိုရီးယားနိုင်ငံတွင် မကြာမီ အသက်ဝင်နိုင်ဖွယ်ရှိနေသည်။
( THAAD ) ဒုံးကျည်ကာကွယ်ရေးစံနစ်နှင့် ပတ်သက်၍ တရုပ်နိုင်ငံ၏ ရပ်တည်ချက်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရအား ရှင်းလင်းစွာအသိပေးထားပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်း ၄င်းဒုံးကျည် စံနစ်ချထားခဲ့လျှင် ဒေသတွင်း မဟာဗျူဟာဟန်ချက်ပျက်ပြား၍ ရေရှည်တွင်တင်းမာမှု့ဖြစ်စေရန် လှုံ့ဆော်ရာရောက်စေလိမ့်မည်ဖြစ်ကြောင်း တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
http://english.yonhapnews.co.kr/search1/2603000000.html…
Photo: As Per Links, and Internet
No comments:
Post a Comment