Saturday, May 6, 2017

ကင်မ်ဂျုံအန်းကို လုပ်ကြံရန် စီအိုင်အေ ကြိုးစားခဲ့ဟု မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန် ထောက်လှမ်းရေးဌာန စီအိုင်အေက မိမိတို့၏ ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံရန် ကြိုးစားခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။
စီအိုင်အေ အေးဂျင့်များက ကင်မ်ဟုသာ မျိုးရိုးအမည် ဖော်ပြသည့် မြောက်ကိုရီးယား နိုင်ငံသား တစ်ဦးကို ငွေကြေးပေးချေကာ ဓာတုအဆိပ်လက်နက် တစ်မျိုးဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံရန် စေခိုင်းခဲ့ကြောင်း ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ကင်မ်ဆိုသူ၏ ကံကြမ္မာနှင့် အခြား အသေးစိတ် အချက်များကို တိတိကျကျ ကြေညာခြင်း မရှိချေ။ ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှု မြင့်တက်လာချိန်၌ မြောက်ကိုရီးယား အစိုးရဘက်က ယခုလို သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် ချဲ့ထွင်တည်ဆောက်နေမှု ပြဿနာကို လက်တွေ့ ဖြေရှင်းမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ထားသည်။ တစ်ဖက်တွင် မြောက်ကိုရီးယားကလည်း ၎င်းတို့အပေါ် ရန်စမှုတိုင်းကို အပြင်းအထန် လက်စားချေ တုံ့ပြန်မည်ဟု ကြေညာထားသည်။
မြောက်ကိုရီးယား ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန၏ ယခုထုတ်ပြန်မှုကို အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သော်လည်း ခိုင်မာတိကျသည့် အထောက်အထားမျိုး ပါဝင်လာခြင်း မရှိချေ။ ထို့အပြင် စီအိုင်အေက လုပ်ကြံရန် ကြိုးစားသော ပစ်မှတ်ကို ကင်မ်ဂျုံအန်းဟု မဖော်ပြဘဲ နိုင်ငံခေါင်းဆောင်ကြီးဟုသာ KCNAက ရွေးချယ် သုံးနှုန်းသွားခဲ့သည်။
ဖမ်းဆီးခံရသည့် ကင်မ်ဆိုသူက ရေဒီယို သတ္တိကြွ ပစ္စည်းများ အပါအဝင် ဇီဝဓာတု ပစ္စည်းများ၊ နာနိုအဆိပ်များ ပါဝင်သည့် အဆိုပါ ဓာတုလက်နက် ပစ္စည်းသည် ထိတွေ့မှုအပြီး ၆ လမှ ၁၂ လအတွင်း အာနိသင် ပေါ်လာအောင် စီမံထားသည်ဟု ထွက်ဆိုခဲ့ကြောင်းလည်း KCNAက ဖော်ပြသွားသည်။
Ref: Reuters

Tuesday, May 2, 2017

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ကိုက်ခံရသူများကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု တာဝန်ရှိသူပြော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ကိုက်ခံရသူများကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု တာဝန်ရှိသူပြော

မျောက်ကိုက်ခံရသည့် ဒဏ်ရာအား ပြသနေစဉ်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မျောက်ခြံအတွင်း သန့်ရှင်းရေး လုပ်နေစဉ် သံကြိုးနှင့်ယာယီတုပ် နှောင်ထားသော ကြားတံခါးပွင့် ပြီး အမျိုးသမီးနှစ်ဦးကို ရန်ပြုခဲ့ သဖြင့် ဒဏ်ရာရရှိမှုကို ကျေနပ်သည်အထိ တောင်းပန်မည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းအောင်က ပြောသည်။
‘‘ဘယ်သူပဲ လုပ်ခဲ့ လုပ်ခဲ့ပါ၊ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တကယ်လည်း စိတ်မကောင်းဖြစ် ရတယ်။ ဥယျာဉ်ကို လာလည်တဲ့ သူတွေကို ကျွန်တော်တို့ဘက်က အနူးအညွတ်တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးမဖြစ် စေရပါဘူး’’ ဟု ဦးထွန်းဝင်းအောင်က ပြောသည်။
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ တွင် တာဝန်ကျဝန်ထမ်းက မျောက်ခြံ၌  သန့်ရှင်းရေးလုပ် နေစဉ် မျောက်တံငါသုံးကောင် ကိုနေရာပြောင်းပေးခဲ့သည်။ နေ ရာပြောင်းပေးရာတွင် အသုံးပြု သည့် ကြားတံခါးကို သံကြိုးနှင့် ယာယီတုပ်နှောင်ခဲ့ရာလာရောက် လည်ပတ်သူတစ်ဦးက ခြေဆော့ လက်ဆော့လုပ်၍ ကြားတံခါး ပွင့် ကာ မျောက်များ လွတ်မြောက်ခဲ့ သည်။ မျောက်တံငါသုံးကောင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော် လည်း မျောက်များရန်မူသည့်  အ များပြည်သူများထဲတွင် အမျိုးသ မီးတစ်ဦးနှင့် နိုင်ငံခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦး ကို တောင်းပန်ပြီး မြန်မာအမျိုး သမီးကို တိရစ္ဆာန်ကာကွယ်ဆေး ထိုးရန်နှင့် ဒဏ်ရာချုပ်ရန် ဆေး ကုသပေးခဲ့သည်ဟုဆိုသည်။
‘‘လမ်းမှာ တစ်ခါပြတယ်။ နောက်ပြီး ရန်ကုန်ဆေးရုံကြီးမှာ လည်း တစ်ခါပြခဲ့တယ်။ ညနေ ကျတော့ ရပ်ကွက်လူကြီးခြောက် ယောက်အသိသက်သေနဲ့တောင်း ပန်ခဲ့ပါတယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ရန်ပြုခံရ၍ ဒဏ်ရာခြောက် ချက်ချုပ်ခဲ့ရသူ အမျိုးသမီးသည် ကလေးများနှင့် ကိုယ်ဝန်ဆောင် ချွေးမကို မျောက်များရန်မှ ကာ ကွယ်ခဲ့သဖြင့် အကိုက်ခံရခြင်း ဖြစ်သည်ဟု ၎င်း၏သားကိုဖိုးချို က လူမှုကွန်ရက်တွင် ရေးသား ထားသည်။
ကာယကံရှင်၏ မိသားစုဝင် များက မျောက်အကိုက်ခံရမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ မျောက်မဟုတ်ဘဲ အခြားသား ကောင်ဖြစ်နေမည်ဆိုပါက တာ ၀န်မဲ့စွာ ဖွင့်ထားခဲ့လျှင် မတွေးဝံ့ စရာကောင်းကြောင်း ပြောကြားခဲ့ သည်။
‘‘အရင်က သံနဲ့ယာယီခတ် ထားတဲ့ အရာတွေကို နောင်ဒီလို မဖြစ်အောင် သော့ခတ်သွားဖို့ လုပ်သွားမယ်’’ ဟု ဦးထွန်းဝင်း အောင်က ပြောသည်။
ဒုတိယအကိုက်ခံသူ အမျိုးသမီးသည် သြစတြေးလျနိုင်ငံသူဖြစ်၍ နံနက် ၁၀ နာရီခွဲတွင်ကန်တော်ကြီးအနီး၌ ကိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘သူကမျောက်ကိုအယဉ် မှတ်ပြီး သွားကိုင်ဖို့ကြိုးစားတုန်း အကိုက်ခံရတာပါ။ ကျွန်တော်တို့ ဘက်ကဆေးခန်းပို့ဖို့လုပ်တာရ တယ်။ ညနေလေယာဉ်နဲ့သူပြန်ရ မှာလို့ပြောပါတယ်။ အဲဒါနဲ့သူ့ကိုမလုပ်ပေးဖြစ်လိုက်ပါဘူး’’ ဟု အုပ်ချုပ်ရေးမှူးကပြောသည်။

ဗိုလ်မှူးတစ်ဦးအပါအဝင် လူလေးဦးကို ကျပ်သန်း ၉၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိ

ဖမ်းဆီးရမိသူများကို စိတ်ကြွဆေးများနှင့်အတူ တွေ့ရစဉ်
ဘူးသီးတောင်မြို့အ ခြေစိုက် ခမရ (၅၆၄) တပ်ရင်းမှ ဗိုလ်မှူးတစ်ဦး၊တပ်ဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားနှစ်ဦး စီးနင်းလိုက် ပါလာသည့် ပါဂျဲရိုးကားမှကျပ် သန်း ၈၈၀ တန်ဖိုးရှိ WY စာတန်း ပါစိတ်ကြွရူးသွပ်ဆေးပြားလေး သိန်းလေးသောင်းကို နယ်ခြား စောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ သည်။
အဆိုပါ ပါဂျဲရိုးကားသည် မေလ ၁ရက်နံနက်က ဘူးသီး တောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွာလာစဉ် သုံးမိုင်စစ်ဆေး ရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြားများကို ဖမ်းဆီးရ မိခဲ့ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်အရာရှိ ပါဝင် သော မော်တော်ယာဉ်မှ စိတ်ကြွ ရူးသွပ်ဆေးပြားများဖမ်းဆီးရမိ သည်မှာ မှန်ကန်ကြောင်း မောင် တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင် ဖြူနယ်ခြားစောင့်ရဲစခန်းက ပြစ်မှု ပုဒ်မ ၁၅/၁၉ (က)၂၁ ဖြင့် အမှု ဖွင့်လှစ်ထားပြီး အရပ်သားနှစ်ဦး ကို ပြင်ဖြူ နယ်ခြားစောင့်ရဲစခန်း တွင်  ချုပ်နှောင်ထားသည်။
ဖမ်းဆီးရမိသည့် ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင်တို့ကို နပခတိုင်းမှူး ၏ နှုတ်မိန့်ဖြင့် ခမရ (၅၆၄) တပ်ရင်း၏ ခမရ (၅၆၄) တပ်ရင်း၏ ခေတ္တတပ်ရင်းမှူးထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ရဲတပ်ဖွဲ့၏အမှုဖြစ်စဉ် ကြေးနန်းစာတွင်ဖော်ပြသည်။
မောင်တော နယ်စပ်ဒေသ သည် မူးယစ်းဆေးဝါးဖောက်ကား မှုဖြင့် နာမည်ကြီးနေသော မြို့ ဖြစ်၍ပြီးခဲ့သည့်  ဖေဖော်ဝါရီက မေယုအမည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ကို တစ်လကြာ အကောင်အထည်ဖော်ခဲ့သည်။
မေယု မူးယစ်ဆေးတိုက်ဖျက်ရေးစီမံချက်အတွင်း မောင်တောနယ်စပ်မှ ကျပ်ကိုးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၆ သိန်းကျော်ဖမ်းဆီးရမိခဲ့သည်။
ယခုဖမ်းမိသည့် ပမာဏ သည် အများဆုံးမဟုတ်ဘဲ ပြီးခဲ့ သည့် ဖေဖော်ဝါရီအတွင်း မောင် တော-အလယ်သံကောက် ကား လမ်းရှိ ဗောဓိကုန်းစစ်ဆေးရေး ဂိတ်နှင့် ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉,၂၀၀ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ သည်။

Sunday, April 30, 2017

YBS ကိစ္စ လွှတ်တော်မှာ မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: RFA
 
တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိ ကားအဟောင်းတွေကို ဖယ်ရှားပစ်ဖို့ ရှိ မရှိနဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ် ဘီလျံ ၇၀ ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ လွှတ်တော်အစည်းအဝေး မှာ မေးမြန်းခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့အတွက် တိုင်းအစိုးရအဖွဲ့က ဧရာဝတီ ဘဏ်မှာ အပ်နှံထားတဲ့ ကျပ်ငွေ ဘီလျံ ၇၀ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်စန္ဒာမင်းက အခုလို ထည့်သွင်းမေးမြန်းတာ ဖြစ်ပါတယ်။
"ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြှပ်နှံ ခဲ့တဲ့ ဘီလီယံ ၇ဝ ကို မည်သို့ရင်းနှီးမြှပ်နှံပြီး မည်သည့်လုပ်ငန်းရှင်များနှင့်တွဲဘက်၍ မည်သို့အကျိုးအမြတ် ခွဲယူမည်နည်းဆိုတာ သိချင်ပါတယ်၊ နောက်တစ်ချက်ကတော့ အရင်းတည်ကာလကိုလည်း အိုင်ယာလာကို ဘယ်လောက်သတ်မှတ်ထားသလဲ၊ နောက်တစ်ချက်ကတော့ ရင်းနှီမြှပ်နှံတဲ့ စီးပွားရေးလုပ်ကိုင်မယ့် အစီအစဉ် လွှတ်တော်ကို တင်ပြပေးနိုင်ပါရန် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်ရှင်"
ဒါ့အပြင် ဘတ်စ်ကားအသစ်တွေမှာ မကြာခင် ကုန်တော့မယ့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တွေ တပ်ဆင်မယ်ဆိုရင် ပြည်သူတွေအတွက် ရေရှည်မှာ တည်ငြိမ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒေါ်စန္ဒာမင်းရဲ့ မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ပြန်ဖြေရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တရုတ်နိုင်ငံက ကားအသစ် အစီးရေ တစ်ထောင် ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်းသာ ပြန် လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲခဲ့တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်က YBS စနစ်နဲ့ ပတ်သက် ပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။

သာကေတမှာ အစ္စလာမ်စာသင်ကျောင်း ၂ ကျောင်း ချိတ်ပိတ်

ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက ဗလီ ၂ ခုကို ဧပြီလ ၂၈ ရက်က ချိတ်ပိတ်ထားတာကို တွေ့ရစဉ်

ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက ဗလီ ၂ ခုကို ဧပြီလ ၂၈ ရက်က ချိတ်ပိတ်ထားတာကို တွေ့ရစဉ်
Photo: Htet Arkar/RFA
 ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက အစ္စလာမ်ဘာသာ စာသင်ကျောင်း နှစ်ကျောင်းမှာ ခွင့်ပြုချက်မရှိပဲ ဝတ်ပြုနေတဲ့အတွက် ပိတ်ပေးရန် မျိုးချစ်ကွန်ယက်ဆိုတဲ့ အဖွဲ့တစ်ခုက မော်တော်ကား အမြောက်အများနဲ့ မနေ့ညနေပိုင်းက ရောက်လာပြီး အုပ်ချုပ်ရေးရုံးမှာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတဲ့အတွက် တာဝန်ရှိသူတွေက ချိပ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ တိုင်ပင်ပြီးနောက် အဲဒီကျောင်းတွေကို ချိတ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ အခင်းဖြစ်ပွားရာကို လိုက်ပါသွားခဲ့တဲ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦးက RFA ကိုပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကိုလှမ်းခေါ် ကျနော်တို့ အရောက်သွားတယ်ပေါ့၊ ရောက်သွားတော့ အဲဒီမှာ အခြေအနေက ရုံးထဲမှာတော်တော်ကြပ်ပြီးတော့ ဖြေရှင်းနေကြတယ်၊ မြို့နယ်သံဃမဟာနာယက ဆရာတော်တွေနဲ့ ဟိုဘက်ကပါလာတဲ့ဘုန်းကြီးတွေနဲ့ အခြေအတင်ပြောနေတယ်ပေါ့၊ ပြီးတော့ ဒီကျောင်းကိုချိတ်ပိတ်ပေးဖို့ သူတို့တောင်းဆိုနေတယ်ပေါ့နော်၊ အဲဒီလို တောင်းဆိုပြီးနောက်ပိုင်းကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတပ်ဖွဲ့တွေရယ် သူတို့တိုင်ပင်ကြတယ်၊ နောက် ကျတော့ အဲဒီကျောင်း ၂ ကျောင်းကို ယာယီချိတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတော့ သော့ခတ် လိုက်တယ်၊ သော့ခတ်ပြီးတဲ့နောက်မှာ တိုင်တန်းတဲ့အဖွဲ့တွေ စုဝေးလိုက်တယ်၊ ၆ နာရီခွဲလောက်မှာပါ" 

အဲဒီလို ကားအစီး ၃ဝ ခန့်နဲ့ လာရောက်ခဲ့သူတွေထဲမှာ သံဃာတော်တွေလည်း ပါဝင်ကြောင်းနဲ့ အဓိကရုဏ်း တစ်စုံတရာဖြစ်ခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဧပြီလ ၃၀ ရက်နေ့ (ယနေ့) မနက်ပိုင်းက ရသေ့တောင်ကျောင်းတိုက်ဆရာတော်(မှော်ဘီ)က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ကို ရောက်လာကာ တွေ့ခွင့်တောင်း


Image may contain: one or more people, people sitting and outdoorImage may contain: one or more people, people standing and outdoorImage may contain: 2 peopleImage may contain: 2 people, people sittingImage may contain: 3 peopleImage may contain: 2 people, people standing

ဆရာ​တော်​ကို..နိုင်​ငံ​တော်​အတိုင်​ပင်​ခံနှင့်
တွေဆုံမှုမ​ပေးခဲ့ပဲ
ခြံထဲမှတာဝန်​ရှိသူလာလာ​ရောက်​ပြီ.
စာရွက်​စာတမ်း လာယူခဲ့သည်
ခရိုင်​ရဲမှုးနှင်​ တိုင်းသာသနာ​ရေးဦးစီးဌာန
ဒုတိယညွန်​မှုးလာ​ရောက်​ပြီး..
ချွေးသိပ်​ခဲ့ပြီးဆရာ​တော်​ကြီးပြန်​လည်​ကြွချီခဲ့သည်

Chit Ko Ko ဖေ့စ်ဘုတ်မှ
https://web.facebook.com/permalink.php?story_fbid=304479569986525&id=100012734534229

Saturday, April 29, 2017

လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သော YBS နှင့် ပတ်သက်သည့်အဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

YBS ယာဉ် စောင့်ဆိုင်းနေသည့် ခရီးသည်များအား YBS စနစ် စတင်သည့် ဇန်န၀ါရီ ၁၆ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် တွေ့ရစဉ်
 
လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သည့် YBS နှင့် ပတ်သက်သည့် အဆိုအား ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။
“YRTA ရဲ့ ဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ YRTA ဆိုတာက လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသလို ကျွန်မတို့က ဘတ်စ်ကားတစ်ခုတည်း မဟုတ်ပါဘူး။ YRTA ရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရေလမ်းလည်း ပါပါတယ်။ မီးရထား၊ ဘတ်စ်ကား၊ တက္ကစီ၊ ကိုယ်ပိုင်ကား၊ ကုန်တင်ယာဉ်၊ လေဆိပ် ဒါတွေအားလုံး ပါတဲ့အတွက် သက်ဆိုင်ရာ ဥပဒေတွေကို ပြည့်ပြည့်စုံစုံဖြစ်အောင် ရေးဆွဲလျက် ရှိပါတယ်။ မူလဖော်ပြထားတဲ့ လမ်းကြောင်းတွေနဲ့ ကွဲလွဲသွားတယ်ဆိုတဲ့ အချက်ကတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုအရ ယာဉ်လိုင်းအုပ်ချုပ်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။ ဦးကျော်ဇေယျရဲ့ ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နိမိတ်ပြစကားလုံးမျိုး ရည်ရွယ်ချက်က ဆန့်ကျင်ဘက် ရောက်သွားတဲ့ စကားလုံးမျိုး ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ဒါတွေကို အချိန်တန်ရင် ပြည်သူက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပတ်သက်သည့် အဆိုအား ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။
“တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်ရဲ့ YBS က မအောင်မြင်ဘူး။ ကျဆုံးတယ်ဆိုတဲ့ စကားလုံးကို ကျွန်မအနေနဲ့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်စီမံချက်နဲ့ ဆောင်ရွက်နေတာ ယခုအချိန်မှာ သုံးလပဲ ရှိပါသေးတယ်။ ဆောင်ရွက်ဆဲကာလ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံးတွေကိုတော့ မသုံးစွဲစေချင်ပါဘူး။ ကျွန်မတို့ အနေနဲ့ ဥပဒေနဲ့ ညီညွတ်တာကိုပဲ ကျွန်မတို့ဆီမှာ လာရောက် ဆွေးနွေးနိုင်ပါတယ်။၂၀၁၄ ပုဂ္ဂလိက မော်တော်ယာဉ်များ ပြေးဆွဲခြင်း ဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။
ယင်းအဆိုနှင့် ပတ်သက်၍ YBS စီမံချက်ကို တစ်နှစ်တာ စီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယခုအချိန်တွင် သုံးလပြီးစီး သွားပြီဖြစ်ကြောင်း၊ သို့သော် ကျန်ရှိသည့်ကာလတွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ပြည်သူများ ဖြစ်သည့်အတွက် ၎င်းတို့၏ စားဝတ်နေရေး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စီစဉ်ရပါ ကြောင်းနှင့် ၎င်းတို့အပါအ၀င် ခရီးသွားပြည်သူ တစ်ရပ်လုံးအတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် အစွမ်းနိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဆက်လက်ပြီး အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှု မရှိဘဲ အတည်ပြုခဲ့သည်။
“ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တချို့ဟာတွေမှာ ၀န်ကြီးအနေနဲ့ ဖြေရှင်းတာမှာ ကျန်ခဲ့တာတွေ အများကြီးရှိတယ်။ အဲဒါလေးတွေ နည်းနည်းလေး ပါလိုက်ရင်တော့ ပြည့်စုံသွားမှာပေါ့။ ဒီနေ့ဖြေရှင်းတာကိုတော့ ကျွန်တော့်အနေနဲ့ ရာခိုင်နှုန်း ၇၀ လောက် ကျေနပ်အားရပါတယ်။ ကျွန်တော် အဆိုတင်ခဲ့တဲ့ထဲမှာလဲ ပါပြီးသား။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဆိုကတည်းကိုက အားလုံးသိတဲ့အတိုင်း ကွန်တိန်နာ ကိစ္စတွေ၊ တက္ကစီတွေရမ်းတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေအားလုံးကို သေသေချာချာ ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်။ စည်းကမ်းအပိုင်းကိုလည်း အဆိုထဲမှာ ထည့်ထားတယ်။ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးဖို့ပါတယ်။ ၀န်ကြီးကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အချက်အလက်က အားပျော့နေတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့်အထိ တင်ထားတယ်လို့ ပြောတယ်။ ၀န်ကြီးချုပ်က အလုပ်များတဲ့ အတွက်ကြောင့် သူရှိခြင်း မရှိခြင်းက သိပ်ပြီးတော့ အရေးကြီးလှတာ မဟုတ်ပါဘူး။ ဒီကိစ္စက YRTA ဥက္ကဋ္ဌလည်းဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ရှိတဲ့အတွက် ၀န်ကြီးချုပ် ရှိခြင်း မရှိခြင်းဆိုတာ သိပ်ပြီးတော့ အရေးမကြီးပါဘူး။ ကိုယ်စားလှယ်တွေကတော့ ပြည်သူထဲက အသံတွေအတိုင်းပဲ ပြောကြတာပေါ့။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျရှုံးတယ် ပြောပြော၊ မအောင်မြင်ဘူး ပြောပြော၊ မိတ်ကပ်တွေကွာကျတယ် ပြောပြော၊ ဝေဖန်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ နားလည်ပြီးတော့ ကျွန်တော်တို့က အစိုးရကို အပြုတ်တိုက်တာ မဟုတ်ဘူး။ တိုက်ခိုက်တာ မဟုတ်ဘူး။ အစိုးရကို လွဲနေရင် ပြန်တည့်လို့ရအောင် ထိန်းကျောင်းတဲ့ သဘောနဲ့ ပြောတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS နှင့်ပတ်သက်ပြီး အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
Writer: 
ထက်ရှိုင်း၊ ဆန်းထူးအောင် Eleven Media

ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂက အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ အတင်းစေလွှတ်ပါက မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား


ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂက အချက်အလက်ရှာဖွေဖော်ထုတ်ရေး အဖွဲ့ အတင်းစေလွှတ်ပါက မြန်မာနိုင်ငံက လက်ခံမည် မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင် ဧပြီ ၂၈ ရက်ကပြုလုပ်သည့် အစိုးရသစ်လက်ထက် ပထမတစ်နှစ်တာ ကာလအတွင်း ၀န်ကြီးဌာနများ၊ ရုံးများ၏ ဆောင်ရွက်ခဲ့မှုများကို သတင်းစာရှင်းလင်း ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ဖြစ်ပွားသည့် ရခိုင်ပြည်နယ် မောင်တောတိုက်ခိုက်မှု နောက်ပိုင်းတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေး ကောင်စီအထိ ဆွေးနွေးသည့်အဆင့်သို့ ရောက်ခဲ့ပြီး လုံခြုံရေးကောင်စီက Statement ထုတ်ပြန်မှုကို တရုတ်နှင့် ရုရှားက ကန့်ကွက်ခဲ့သည့်အတွက် မထုတ်ပြန်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်သို့ အချက်အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်သည့်အပေါ် မြန်မာနိုင်ငံက လက်မခံခဲ့ကြောင်း၊ ယင်းအဖွဲ့ကို အတင်းစေလွှတ်ပါကလည်း လက်ခံသွားမည် မဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ရခိုင်မှာ မောင်တောမှာ ဘာပြဿနာမှ မရှိတဲ့အချိန်မှာ ဒီကိစ္စကဖြစ်လာတယ်။ ဖြစ်လာပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နောက်လုံခြုံရေး ကောင်စီအထိ ဆွေးနွေးတဲ့အဆင့်ကို ရောက်လာပါတယ်။ ကံအားလျော်စွာပဲ ကျွန်တော်တို့ဘက်ကနေ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီက Statement ထုတ်မှာကို ကန့်ကွက်ခဲ့ပါတယ်။ ဒီအတွက် မထုတ်နိုင်ခဲ့ပါဘူး။ သို့သော် လူ့အခွင့်အရေးကောင်စီမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မောင်တော ဖြစ်စဉ်နဲ့ပတ်သက်လို့ Fact Finding Mission Team ဖွဲ့မယ်ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပေမယ်လို့ Resolution ကို ချတဲ့အချိန်မှာ မြန်မာနိုင်ငံက Disassociate လုပ်ခဲ့ပါတယ်။ Disassociate ဆိုတာ ဒီဆုံးဖြတ်ချက်အပေါ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက သဘောမတူဘူး လက်မခံဘူး။ အဲဒါကို ကျွန်တော်တို့ ပြသတာဖြစ်ပါတယ်။ ပြသတော့ အခုမေးလာတဲ့ မေးခွန်းတွေက ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံက လက်မခံဘူး။
ကုလသမဂ္ဂမှာက Resolution ကို ချလိုက်တယ်ပေါ့နော်။ အဲဒီတော့ ဒီ Fact Finding Mission Team ကို မြန်မာနိုင်ငံက လက်ခံမှာလားဆိုတာ။ ကျွန်တော်တို့က ပြောပြီးသား။ ဒီ Resolution ကို မြန်မာအစိုးရ မြန်မာနိုင်ငံက လက်မခံဘူး။ လက်မခံတော့ ဒီ Resolution ကို အကောင်အထည်ဖော်လာတဲ့ ဆောင်ရွက်ချက်များကို လက်ခံမှာမဟုတ်ပါဘူး။ ဒါ မီဒီယာတွေကို ရှင်းလင်းအောင် ထပ်ပြောတာ ဖြစ်ပါတယ်။ အဲဒီ Team ကို ဒီကို ဇွတ်လွှတ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်အနေဖြင့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကော်မရှင်က တင်သွင်းသည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း ထိရောက်စွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်က ဘာလဲဆိုတော့ မောင်တောအပါအ၀င် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြဿနာတွေကို အသိအမှတ် ပြုတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘာတွေကို မျက်စိစုံမှိတ်ငြင်းဆန်နေတာ မဟုတ်ဘူး။ ရှိတယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားပေး အရေးယူမယ်။ ဒါကလည်း တပ်မတော် အကြီးအကဲတွေ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူအဆင့်ဆင့်က ထုတ်ပြန်ထားတဲ့ အချက်ဖြစ်ပါတယ်။ ပေါ်လာရင် အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ယင်းကဲ့သို့ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကို ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်နေစဉ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း တိုက်ခိုက်ရန်ရည်ရွယ်သည့် လုပ်ဆောင်မှုများကို ကြိုတင် တားဆီးနှိမ်နင်း နိုင်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် မောင်တောဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် အပြုသဘော မဆောင်သည့် အမြင်ဖော်ပြချက်များ ရှိနေကြောင်း၊ မောင်တောဒေသသို့ မီဒီယာများ သတင်းရယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထပ်မံ၍လည်း မြေပြင်အခြေအနေမှန်ကို လက်တွေ့သိရှိကာ မီဒီယာများမှ သတင်းပြန့်နိုင်ရန် ဒေသအေးချမ်းမှုအပေါ် မူတည်ပြီး သတင်းရယူနိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
Writer: 
စိုးမင်းထိုက်၊ ကျော်မျိုး Eleven Media

Thursday, April 27, 2017

ကန်စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ငွေ Trump အစိုးရ သိသာစွာလျော့ချ


အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်ကြီးတွေအတွက် အခွန်အခတွေ သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေးလုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်ကြီးထွားမှု တိုးလာစေဖို့ဖြစ်ပြီး နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ အခွန်အခ သတ်မှတ်ချက်တွေအတွက် ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှု ဖြစ်သလို ဒါဟာ အခွန်ထမ်း အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုလည်း ရှိလာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စက်မှုထွန်းကားတဲ့ နိုင်ငံတွေကြားမှာ အများဆုံး ဖြစ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကြီးတွေအတွက် ကောက်ခံတဲ့ အခွန်ခနှုန်းကို ၃၅ % ကနေ ၁၅ % အထိ လျှော့ချဖို့ သမ္မတ Trump က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပြင်ပမှာ ဖွင့်ထားတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့ရတဲ့ အမြတ်ငွေတွေကို ပြန်ထုတ်ခွင့် တကြိမ်သာ ပေးဖို့လည်း ပါဝင်ပါတယ်။ ဒီလို လုပ်တာဟာ အမေရိကန် နိုင်ငံထဲ ငွေ ဒေါ်လာ ထရီလီယံပေါင်းများစွာ ပြန်ရောက်လာမှာ ဖြစ်ပြီး ပြည်တွင်း ရင်းနှီးမှု ချဲ့ဖို့ ဖြစ်လာနိုင်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin ကပြောပါတယ်။

သမ္မတအိမ်ဖြူ စီးပွါးရေးအကြံပေး အရာရှိချုပ် Gary Cohn ကတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ စီးပွါးရေးကြီးထွားလာစေဖို့က ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ပြောပါတယ်။ အဓိက အခြေခံပြီး လုပ်ဆောင်တာက အခွန်စံနစ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပေးရတဲ့ နှုန်းကို လျှော့ပြီး သက်သာအောင် လုပ်ပေးတာလို့လည်း ပြောပါတယ်။ ဒါ့အပြင် လူတွေ အခွန်နဲ့ ပိမနေပဲ စံနစ်ကို မျှတအောင် လုပ်ရင်း စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုတွေ ပြန်ပြီး နိုးကြွလာအောင်လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အခွန်လျှော့ချမှုလုပ်ဖို့ အဆိုတင်သွင်းတာလို့လည်း Mnuchin ပြောပါတယ်။

အခုလို အခွန်ပေးဆောင်တဲ့ အစီအစဉ်ကို ချက်ချင်း လုပ်ဆောင်ဖို့ သမ္မတ Trump က မပြောသေးပေမယ့် ဒါဟာ လာမယ့် ဆယ်နှစ် ကျော်ကျော်လောက်ကျရင် အမေရိကန်အတွက် လက်ရှိ ကြွေးမြီ သန်းပေါင်း ၂၀ ထရီလီယံ ရှိနေတဲ့ထဲမှာ နောက်ထပ် ၂ ထရီလီယံလောက် ထပ်ဆောင်းလာနိုင်တဲ့ အနေထားလို့ စီးပွါးရေး သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

" မြန်မာ့အမျိုးသားရေးအတွက် တကယ့်ရင်မအေးစရာပါ "

Image may contain: 1 person, standing and outdoor

(က) " ဟဲလို ...မင်္ဂလာပါ 

ကိုလတ်..." " ဟုတ်ကဲ့ ကိုနီဒိုး...မင်္ဂလာပါ...၊ ပြောပါ...၊" 

" ဒီနေ့ ၂၆ ရက်နေ့ ဗဟန်း၅၀၅(ခ)နဲ့ ကိုလတ် ကိုဖိုးသား ကိုနောင်တော်လေးကို ဆင့်ခေါ်စာပို့ပြီး ခေါ်ထားတယ်ကြားလို့ပါ...တကယ်လို သွားဖြစ်ရင် လာရောက်ဝန်းရံပေးမလို မေးကြည့်တာပါ 

ကိုလတ်.." " ဟုတ်ကဲ့ ဒီလိုပါ ကိုနီဒိုး...ကိုဖိုးသားဆီကိုတော့ စာရောက်တယ်...ကိုဖိုးသားက ခရီးလွန်နေတယ် ထင်တယ်။ ကျွန်တော့်အိမ်ကိုတော့ စာမရောက်လာပါဘူး၊ ကျွန်တော်ကျွန်ပျူတာဆိုင်ဖွင့်ထားတဲ့ လိပ်စာနဲ့ ရောက်လာရင်တော့ မပြောတတ်ဘူး..ကျွန်တော်ကတော့ ၂၈ ရက်နေ့ ကမာရွက်တရားရုံးကို သွားမှာပါ..."

 "ဟုတ်ကဲ့ပါ ... ကိုလတ်...၅၀၅(ခ) ပုဒ်မဆိုတာက ဖမ်းပြီးမှ တရားရင်ဆိုင် ရတာလား၊ ဆင့်ခေါ်ပြီးမှ ဖမ်းရတာလား...ကိုလတ် အမြင်အရပေါ့..." 

 " ကျွန်တော်ထင်ပါတယ် ...ကျွန်တော်တို့ မပြေးမှန်းသိလို့ လာရောက်အဖမ်းခံဖို့ ခေါ်တာပါ..." - ကိုလတ်နဲ့ ဖုန်းစကားပြောအပြီးမှာတော့ ကျွန်တော်မှာ စိတ်မကောင်းကြီးစွာနဲ့ ။
 ဖြူ စင်ပြီး စိတ်ထားမွန်မြတ်စွာနဲ့ မြန်မာ့အမျိုးသားရေးမှာ တက်ကြွစွာ လှုပ်ရှားနေသူ..ကိုလတ်..။
 မိဘမဲ့ ကလေးသူငယ်တွေကို လှုဒါန်းကူညီထောက်ပံ့ကာ ပရဟိတလုပ်ရပ်တွေနဲ့ မွန်မြတ်ဒါနပရဟိတအသင်းကို ဦးဆောင်ခဲ့သူ..။
 White card နဲ့ မဲပေးခွင့် မရရှိရေးလှုပ်ရှားခဲ့သူ..။ 
OIC ရုံး မြန်မာနိုင်တွင်းထဲမှာ လာရောက်မဖွင့်လှစ်အောင် လှုပ်ရှားခဲ့သူ..၊။ ရန်ကုန်မြု့လယ်က ရွှေတိဂုံဘုရားအနီးမှ တပ်ပိုင်မြေပေါ်တွင် ဒဂုံစီးတီအထပ်မြင့် အဆောင်အဦးဖျက်သိမ်းပေးရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူ..။ 
 ရိုဟင်ဂျာလူမျိုးလိမ်နဲ့ မြန်မာကို အစ္စလာမ်မိုင်ဇေးရှင်း လုပ်မှုကို အမြဲကန့်ကွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြီး မီဒီယာများကို လေးလေးစာစားဆက်ဆံရင်း မြန်မာ့အမျိုးရေးအဆင့်အတန်းကို ပြတ်ပြတ်သားသားအမြဲဂုဏ်တင်လေ့ ရှိသူ ... ကိုလတ် ...။ 
Image may contain: 5 people, people standing
 Image may contain: 3 people, people sitting
 (ခ) ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူး။ လူရိုဂျာလူမျိုးဟု နာမည်တပ်ပြီးပြောတဲ့ အမေရိကန်ပဲဖြစ်ဖြစ်။ မလေးပဲ ဖြစ်ဖြစ် ၊ဘယ်OIC နိုင်ငံပဲဖြစ်ဖြစ် မြန်မာ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ကိုယ်စား အမုန်းခံကာ မြန်မာ့အမျိုးသားရေး ရဟန်သံဃာတော်တွေ ၊ အမျိုးသားရေးသမားတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ လုံးဝ မရှိပါဘူး။ ခင်ဗျားတို့ လူမျိုးလိမ်နဲ့ အစ္စလာမ်မိုင်ဇေးရှင်းလုပ်သချင်သပဆိုရင် မြန်မာနိုင်ငံမှ ရဟန်းရှင်လူ ပြည်သူများကတော့ "NO"ပါလို့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်။ 
 Image may contain: one or more people and outdoor
 ပထမတစ်ခေါက်က ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုဖိုးသားတို့ ၊( နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅(ခ) နဲ့ ဒီနေ့ ၂၆ ရက် ရုံးချိန်မှာ ကိုဖိုးသား(ရခိုင်ပြည်သူပြည်သားများအရေးများကို တက်ကြွလှုပ်ရှားသူ) ဆီကို စာရောက်လာပါတယ် ။ ကိုဖိုးသား ခရီးလွန်နေကြောင်းသိရ) ဒုတိယတစ်ခေါက်ဖြစ်တဲ့ အမေရိကန်သံရုံးရှေ့ ဆန္ဒဖေါ်ထုတ်ပွဲမှာ ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးသုစိတ္တ ၊ဆရာတော်ဦးဥာဏဓမ္မ၊ ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုသက်မျိုးဦး၊ ကိုနေဝင်းအောင်တို့ကို ၅၀၅(ခ) နဲ့ ၂၈ ရက်နေ့မှာ ကမာရွက်တရားရုံးကို လာရောအဖမ်းခံဖို့ စာရောက်လာပါတယ်။ 

အကြောင်းရင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူး ဆိုတာကို မရှိတဲ့အကြောင်းကို ဒီမိုကရေစီရဲ့နည်းလမ်းအတိုင်း တရားဝင်းစာတင်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြတာပါ။ ဒါကို ဆန္ဒပြတဲ့နေရာမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာ ဥပဒေကို မိမိတို့လိုချင်ရာ ဆွဲကာ လုပ်ချင်သလို လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ပေါ်လွင်လှပါတယ်။ ဒီလိုမျိုး ဥပဒေကို လိုရင်တစ်မျိုး မလိုရင်တစ်မျိုးဆိုတဲ့ လုပ်ချင်သလိုလုပ်နေတာဟာ မြန်မာအနာဂတ်အမျိုးသားရေးအတွက် တကယ့်ကို ရင်မအေးစရာအဖြစ် မြင်မိပါတယ်။ 
 Image may contain: 19 people
ဒါတွေဟာ မြန်မာ့အမျိုးသားရေးအတွက်အနုတ်ရလာဒ်သာ ဖြစ်ပါလိမ်မယ်။ (ဂ) ဟိုး...လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က တာလီဘန်အစ္စလာမ်မေ့စ် အကြမ်းဖက်သမားတွေက အာဖကန်နစ်စတန်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ဒိုင်းနမိုင်းဗုံးတွေနဲ့ ဖေါက်ခွဲခဲ့ကြတယ် ။ အဲဒီအခါကျမှ အစ္စလာမ်နိုင်ငံဖြစ်နေတဲ့ အာဖကန်နစ်စတန်နိုင်ငံဟာ ဟိုး...လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လာက်က ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်ခဲ့တယ် ဆိုတာကို ရင်နာနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ သိခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ဝင်ရောက်တားမြစ်တာကိုလည်း လုံးဝ နားမထောင်ခဲ့ပါ။ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်ပေါင်းများစွာနဲ့ ကမ္ဘာသူ ကမ္ဘာသားများစွာဟာ ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြပေမဲ့ အစ္စလာမ်ဘာသာဝင်တိုင်းက ကျိပ်ပြီးဝမ်းသာနေခဲ့ကြတယ်။

 မြန်မာနိုင်ငံမှ ဘယ်အစ္စလာမ်အဖွဲ့အစည်းကမှ ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ချက်တွေ မရှိခဲ့ကြပါဘူး။ (ဃ) အင်ဒိုနီးရှားရဲ့ ဗုဒ္ဓဘာသာသမိုင်းကော ဘယ်လိုပါလဲ ။ မလေးရှားရဲ့ ဗုဒ္ဓဘာသာသမိုင်းကော ဘယ်လိုရှိခဲ့သလဲ။ ထိုင်းနိုင်ငံ တောင်ပိုင်းကော ဘယ်လိုအခြေအနေ ရှိနေပြီလဲ။ ရခိုင်က ဘူးသီးတောင် မောင်တောကော လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ဘယ်လိုအခြေအနေ ရှိခဲ့သလဲ။ နောက်နှစ်ပေါင်း (၃၀) ဆယ်လောက်မှာ ရန်ကုန်မြို့ကြီးက အစ္စာလာမ်ဘာသာဝင်ဦးရေကော ဘယ်လောက် ရှိနိင်မှာလဲ။ မြန်မာ့အနာဂတ်ကို တန်ဖိုးထားတဲ့ ခေါင်းဆောင်တိုင်း ပြည်သူလူထုတိုင်း လုံးဝ စဉ်းစားတွေးတော ထားရပါလိမ့်မယ်။

Ni Doe