တူရကီနိုင်ငံ
Ceyhan ဆိပ်ကမ်းမှ ရေနံစိမ်းတန်ချိန် ၁၅၀၀၀၀ တင်ဆောင်လာသော
တရုတ်ရေနံတင်သင်္ဘော United Dynamic ကျောက်ဖြူမြို့နယ်
မဒေးကျွန်းဆိပ်ကမ်းသို့ ဧပြီ ၉ ရက် နံနက်ပိုင်းက ဆိုက်ကပ်ခဲ့ပြီး ရေနံ
သိုလှောင်ရုံသို့ တင်ပို့ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-သောင်းတင်)
ယင်းပိုက်လိုင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်eleven Mediaရွက်မှု နောက်ဆုံးရလဒ်တစ်ခုဖြစ်ပြီး ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်ပြီး တရုတ်နိုင်ငံတောင်ဘက်စွန်း ရောက်နေသည့် ယူနန်ပြည်နယ်၏ စွမ်းအင် လိုအပ်ချက်အတွက် အထောက်အပံ့တစ်ခုဖြစ်စေခဲ့ကြောင်း ယင်းကုမ္ပဏီက ဆိုသည်။
ပထမဦးဆုံး ရေနံတင်သင်္ဘောသည် ပြီးခဲ့သော ဧပြီလအတွင်း ကျောက်ဖြူ မဒေးကျွန်းတွင် ဆိုက်ကပ်ခဲ့ပြီး တင်ဆောင်လာခဲ့သော ရေနံတန်ချိန် ၁၄၀၀၀၀ ကို ရေနံဆိပ်ကမ်း၌ ချပြီးနောက် ပိုက်လိုင်းဖြင့် တင်ပို့မှုကို မေလဆန်းတွင် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
CNPC Southeast Asia Pipeline Co.,Ltd ၏ ဒုတိယညွှန်ကြားရေးမှူး Zhang Yong က “ရက်ပေါင်း ၂၀ အတွင်း ယူနန် ပြည်နယ်ရဲ့မြို့တော် ရူလီမှာရှိတဲ့ ရေနံချက် စက်ရုံသစ်ကို ပထမဦးဆုံး ရေနံစိမ်းတွေ ရောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။
မြန်မာ-တရုတ် ရေနံပိုက်လိုင်းကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံစိတ်ချရမှု အခြေအနေသည် ပိုမိုတိုးမြင့်စေခဲ့ကြောင်း တရုတ် အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး Zhang Guobao ကလည်း သုံးသပ်ခဲ့သည်။
၎င်းက “တရုတ် -မြန်မာ ရေနံပိုက်လိုင်းဟာ တရုတ်-ရုရှား ရေနံပိုက်လိုင်း၊ တရုတ်-ကာဇတ်စတန် ရေနံပိုက်လိုင်းတွေလို တရုတ် နိုင်ငံအတွက် အရေးပါတဲ့ စီမံကိန်းတစ်ခု ဖြစ်ပြီး ရေနံတင်သွင်းမှု နည်းလမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုတင်သွင်းမှုလမ်းကြောင်းသစ် မစတင်မီက တရုတ်နိုင်ငံ၏ အရှေ့အလယ်ပိုင်း နှင့် ဥရောပနိုင်ငံအချို့မှ ၀ယ်ယူသော ရေနံများကို မလက္ကာရေလက်ကြားကို ဖြတ်သန်း ပြီး သယ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး ယခုအိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့မှတစ်ဆင့် သယ်ဆောင်လာသော ရေနံစိမ်းများကို မြန်မာ- တရုတ်ရေနံပိုက်လိုင်းဖြင့် တင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ICIS China မှ စွမ်းအင်သုaတသန ညွှန်ကြားရေးမှူး Li Li ဆိုသည်။
၎င်းက “ ဒီလို ပိုက်လိုင်းနဲ့တင်ပို့နိုင်တာဟာ ပင်လယ်ရေကြောင်းကနေ သင်္ဘောနဲ့ တင်သွင်းတာထက် အချိန်၊ ကုန်ကျစရိတ်သက်သာပြီး လုံခြုံစိတ်ချရမှု ပိုရှိသလိုတရုတ် နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ နိုင်ဖို့ ပိုတည်ငြိမ်တဲ့ အခြေအနေ ဖြစ်စေပါတယ်”ဟု ဆိုသည်။
အဆိုပါ မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းသည် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်ရှိ ရေနံချက်စက်ရုံသို့ နေ့စဉ် ရေနံစိမ်းစည် ၂၆၀၀၀၀ ကို စတင် တင်ပို့နိုင်မည်ဖြစ်သည်။
Writer:
စည်သူအောင် Eleven Media GRoup



