လူဦးရေဖြင့် နယ်ချဲ့ခြင်း(၁)
အခွင့်သာတုန်း ဆိုက်ပရပ်နိုင်ငံ အကြောင်းလေး သိသမျှပြောပြပရစေ ဆိုက်ပရပ်သမ္မတနိုင်ငံဟာ မြေထဲပင်လယ်
တူရကီနိုင်ငံအနီးမှာ တည်ရှိပါတယ်။ အလွန်မျှတတဲ့ ရာသီဥတုလဲ ရှိတာကြောင့် ဆိုက်ပရပ်မှာ အပန်းဖြေလာကြတဲ့
နိုင်ငံခြားသားတွေလည်း များပါတယ်။ ပင်လယ်ကူးသဘောင်္အများစုကို မှတ်ပုံတင်ပေးတာကြောင့် ဆိုက်ပရပ် အလံနဲ့
သဘောင်္ဟာ ကမ္ဘာမှာ ၉၀%ကျော်အထိ ဖြစ်ခဲ့ပါတယ်။ အရင်က ဂရိလူမျိုး အများစု နေထိုင်ပြီး တူရကီလူမျိုး
အနည်းငယ်ရှိပါတယ်။ ဂရိစကားကို ရုံးသုံးအဖြစ် ပြဌာန်းခဲ့ပါတယ်။
မကြာသေးခင်ကာလမှာ တူရကီမှ ခိုးဝင်လာသူတွေကြောင့် တူရကီနွယ်ဖွား မွတ်စ်တွေ များပြားလာရာမှ ခွဲထွက်ရေးပြ
သနာစတင်လာပါတော့တယ်။ ခိုးဝင်လာသူတွေ ဘယ်လောက်များလာသလဲ ဆိုတော့ နဂိုရှိရင်းစွဲ ဂရိလူမျိုးတွေထက်ပို
မိုများပြားလာခဲ့ပါတယ်။ ခွဲထွက်ရေးသမားများကိုလည်း တူရကီက လက်နက်ခဲရမ်း ထောက်ပံ့တာမို့ နိုင်ငံအတွင်း ပြည်
တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ ကုလသမဂ္ဂကလည်း ဖွဖွလေး အော်ပေးတာပဲ၊ အမေရိကန်ကလဲ ရွရွလေး အူပေးပေမဲ့ ခုဆို
ဆိုက်ပရပ် ၂ပိုင်းကွဲနေပါပြီ၊ တူရကီက ဂရိထက်စီးပွားရေး တောင့်တင်းခိုင်မာတယ်။ နှစ်နိုင်ငံလုံး နေတိုးအဖွဲ့ဝင်တွေ
ဖြစ်တယ် ဥရောပ ဘုံဈေးအဖွဲ့ဝင်တွေမို့ မဆိုင်သလို ကြည့်နေရာက အခုဆို ဆိုက်ပရပ်နိုင်ငံရဲ့ လူဦးရေ ၃ပုံ၂ပုံဟာ တူ
ရကီနွယ်ဖွားတွေ ဖြစ်နေရပါပြီ။
ဆိုက်ပရပ်ဟာ မငြိမ်းချမ်းတဲ့အတွက် သဘောင်္မှတ်ပုံတင်တဲ့ လုပ်ငန်းလဲ ဆုံးရှုံးခံလိုက်ပြီး ပနားမားကို ပေးအပ်လိုက်ရပါတယ်။
ခုတော့ အရင်ကငြိမ်းချမ်းလို့ အပန်းလာဖြေသူများဟာလဲ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် မလာကြတော့ပါဘူး။
ဒါကြောင့် ကမ္ဘာခရီးသွားလုပ်ငန်းလဲ ရပ်တန့်သွားပါပြီ။
ယ္ခုလိုပင် အရှေ့အုပ်စုမှ လွတ်လပ်လာသော နိုင်ငံ အချို့ အခြေအနေကို ဖတ်ရှုလိုပါက တင်ပြပေးပါမည်။
အောင်သန်းထွန်း
No comments:
Post a Comment