OppositEyE
မေတ္တာဖြင့် အောင်နိုင်ခြင်း ဆိုတာ ပါရမီ ဖြည့်သူတွေ၊ စွန့်လွှတ် နိုင်သူတွေ၊ သံသရာ ခရီး အတွက် လောကုတ္တရာရေး ဆောင်ရွက် တဲ့ နေရာမှာ မှန်ပါတယ်။ လောကီရေး မှာတော့ သည်းခံပြီး အသက်ပျောက် မခံနိုင်ပါဘူး။ သည်းခံပြီး ဘာသာ အပျောက် မခံနိုင်ပါဘူး။ သည်းခံပြီး လူမျိုး အပျောက် မခံနိုင်ပါဘူး။ သည်းခံပြီး နိုင်ငံ အပျောက် မခံနိုင်ပါဘူး။ သူ့အသက် မသတ်တဲ့ ကပ္ဖိလ၀တ် ပြည် သာကီဝင်တွေ ဘုရားရှင် သက်ရှိ ထင်ရှား ရှိစဉ် မှာပဲ တိုင်းပြည်ပျောက်ပြီး မျိုးတုံး အသတ်ခံရတာ ဘုရားရှင် တောင် မကယ် နိုင်ခဲ့ပါဘူး။ သံသရာ မှာတော့ ကောင်းရာ မွန်ရာ ရောက် ချင် ရောက် မှာပေါ့။ လက်ရှိ ဘ၀မှာတော့ တိုင်းပြည်လဲ ပျောက်၊ လူမျိုး လဲပျောက်ပဲ။ ကမ္ဘာ့ သမိုင်းမှာ ဗုဒ္မ သာသနာ ကို နည်း အမျိုးမျိုး နဲ့ ပျောက် ကွယ်အောင် လုပ်ဆောင် ခံခဲ့ ရတာ နိုင်ငံ အတော် များများ မှာ လက်တွေ့ သက်သေ ပြလို့ ရပါတယ်။ မြန်မာပြည် ကိုတော့ အဲဒီလို မဖြစ်စေ ချင်ဘူးဗျာ။
မြန်မာပြည် တွင်းရှိ ဘာသာကြီး ၄မျိုးမှာ ဗုဒ္မဘာသာ၊ ခရစ်ယာန် ဘာသာ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ် ကြသူ မြန်မာပြည်သား တွေ ကြားမှာ (ကွဲပြားမှုမရှိ ပူးပေါင်း ညီညွတ်နေပြီး) Homogeneous ဖြစ် နေ တော့  ဘာသာရေး ပဋိပက္ခ မရှိတာ တွေ့ရ ပါတယ်။ မြန်မာ လူမျိုးတွေ က ဘာသာခြားတိုင်း ကို ရန်လိုနေ တာတော့ မဟုတ် ပါဘူး။ မြန်မာပြည်မှာ ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံမှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ ကို တိုင်းတပါးသားတွေ ကျူးကျော်လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူဝါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင်။ ကိုယ်နိုင်ငံ ထဲ မှာ နေပြီး ကိုယ့် မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို လက်မခံပဲ တသီးတခြား အာရပ် မွတ်စလင် တိုင်းတပါး ယဉ်ကျေမှု တွေ ပေါ်ပေါ်ထင်ထင် တင်သွင်း လာရင် မုန်းမုန်း၊ မမုန်းမုန်း (လူများစုက) လက်မခံ နိုင်ကြပါဘူး။
ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို၊ ကိုယ့် ဘာသာ တရားကို၊ ကိုယ့် ယဉ်ကျေးမှု ကို ရန်စ ခံရတာပါ။ ကမ္ဘာ့ သမိုင်း ကို ပြန်ကြည့် ရင် ထေရဝါဒ ဗုဒ္ဒ သာသနာ ရဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အပေါ် အခွင့်ကောင်း ယူ ပြီး သုတ်သင် ခံခဲ့ ကြ ရလို့ ထေရဝါဒ ဗုဒ္ဓ ဘာသာ က သမိုင်း မှာ ကမ္ဘာ ပတ် ပြေးနေခဲ့ ရတာပါ။ ဒီတော့ မြန်မာပြည် ကနေ ဘယ်မှ မပြေး ရအောင် ကျွန်တော်တို့ ကြိုးစား ကြရပါမယ်။
Moe Hein Kyaw
26-02-2014
No comments:
Post a Comment