Sunday, March 2, 2014

အနာဂါတ်‌မြန်‌မာ့ ပင်‌လယ်‌ပြင်‌ လုံခြုံ‌ရေး

ရခိုင်‌သားတို့အ‌နေနဲ့ ရခိုင်‌ပင်‌လယ်‌ပြင်‌ကို မပိုင်‌ဆိုင်‌ကြရတာ နှစ်‌‌ပေါင်း‌မြောက်‌များစွာကြာပါပြီ ရခိုင့်‌ပင်‌လယ်‌ပြင်‌မှာ ကုလား‌မှောင်‌ခို ‌‌မော်‌‌တော်‌ ဘုတ်‌များ ကြီးစိုး‌နေခြင်း ကုလား ငါဖမ်းစက်‌‌လှေများကြီးစိုး‌နေခြင်း စစ်‌အစိုးရလက်‌ထက်‌ ‌ရေတပ်‌မှာလည်း ဓမြသာသာ အဆင့်‌ရှိပြီး အားကိုးရာမဲ့ ရခိုင်‌အမျိုးသား တံငါသည်‌များထံမှ စက်‌‌မောင်းဆီ ဆက်‌‌ကြေး ပင်‌လယ်‌ပြင်‌ထွက်‌ ဆက်‌‌ကြေးများ၊ မြစ်‌‌ချောင်းအတွင်း ငါဖမ်းခွင့်‌ကိုလည်း သူတို့ခွင့်‌ပြုသူများကို လုပ်‌ပိုင်‌ခွင့်‌‌ပေးပြီး ဆက်‌‌ကြေး‌ကောက်‌ ခြင်းအမှုသာ ရှိခဲ့‌ပေသည်‌။

ကုလားများအဖို့ စစ်‌အစိုရလက်‌ထက်‌တွင်‌ ရခိုင်‌ပင်‌လယ်‌ပြင်‌သည်‌ သူတို့အတွက်‌ တခါးမရှိ‌သော ဝင်‌‌ပေါက်‌အဖြစ်‌ တည်‌ရှိ‌နေခဲ့သည်‌။ တချိန်‌က ကျွန်‌‌တော်‌ စစ်‌‌တွေနယ်‌ဖက်‌ စက်‌မှုတက္ကသိုလ်‌ နားသို့ ‌ရောက်‌ရှိခဲ့ရာ ကုလားတစ်‌‌ကောင်‌က ဤ‌နေရာမှ ဘင်္ဂလားသို့ စက်‌‌လှေဖြင့်‌ သွားမည်‌ဆိုပါလျှင်‌ နာရီဝက်‌မျှသာ ကြာ‌ကြောင်း၊ စစ်‌အစိုးရ ‌ရေတပ်‌သ‌ဘောင်္များနှင့်‌‌တွေ့လျှင်‌ ဘင်္ဂ‌ဒေ့ခ်ျ‌မှ ‌မော်‌‌တော်‌များသည်‌လျင်‌မြန်‌ရကား ဖမ်းမမိနထုင်‌‌ကြောင်း အကယ်‌၍ ‌ပြေးမလွတ်‌ပါက သူတို့မှာလည်း ‌သေနတ်‌များ‌ဆောင်‌ထား‌ကြောင်း၊ မ‌တော်‌တဆ ရင်‌ဆိုင်‌မိပါက စစ်‌‌ရေယဉ်‌များကို တိုက်‌ပြီး နှစ်‌မြှုပ်‌တတ်‌‌ကြောင်း ရှင်းပြဖူးရာ ယခု အက်‌ရှင်‌ဘဘ ဒီမို၏ ‌ဆောင်းပါးမှာ စိတ်‌ဝင်‌စားဖွယ်‌ ‌ကောင်း‌သော‌ကြောင့်‌ ‌ဖော်‌ပြလိုက်‌ရပါသည်‌။

‌အောင်‌သန်းထွန်း

Credit. OppositEye

၂၀၁၄ နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလ်လင်းပါဝဲလ်နဲ့အတူ စီအိုင်အေအကြီးအကဲဟောင်းတို့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့သိရပါတယ်..

အမေရိကန်_မြန်မာဆက်ဆံရေးသမိုင်းသစ်အတွက် မျိုးစေ့ချ လမ်းဖောက်ခဲ့သူဟာ မစ္စတာကောလ်လင်းပါဝဲလ်ပါ..မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး.. ညူကလီးယားအရေးနဲ့ အနာဂတ်မြန်မာ့ အမြင်တို့ကို ဆွေးနွေးမယ်လို့ သိရပေမဲ့ ဒေသတွင်းမှာ အချက်အခြာကျပြီး မဟာဗျူဟာမြောက် ဖြစ်လာနေတဲ့ ရှည်လျှားလှတဲ့ မြန်မာ့ရေပြင်ပိုင်နက် လုံခြုံရေးကိစ္စတွေကိုလဲ အဓိကထား ဆွေးနွေးလာလိမ့်မယ်လို့ ယူဆရပါတယ်..

ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်နဲ့ မရှေးမနှောင်းမှာပဲ စင်္ကာပူမှာ အခြေစိုက်တဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ အရာရှိများရဲ့ ပဏာမခရီးစဉ် ရှိနေလို့ပါ..ဖေဖော်ဝါရီလထဲမှာတော့ အမေရိကန်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ နည်းပညာ အကြံပေး.. ဆွေးနွေးဖလှယ်မဲ့ မြန်မာနိုင်ငံခရီးစဉ်
လဲရှိနေပါတယ်..

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်မတော်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခြင်းနဲ့အတူ မြန်မာ့ရေပိုင်နက် လုံခြုံရေးအတွက် အကြံပြုဆွေးနွေးခြင်းများလဲ ရှိခဲ့လို့ ဒီအကြောင်းအရာတွေ အားလုံးဟာ အဆက်အစပ် ရှိနေနိုင်တယ်လို့ ဆိုနိုင်ပါတယ်..

ဒါတွေအားလုံးဟာ ဘာကိုဦးတည်နေသလဲဆိုရင် အနာဂတ်မှာ စစ်ရေးအရ အရေးပါလာနေတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေဒေသမှာ တပ်စခန်းမြို့ကြီးတစ်မြို့ တည်ဆောက်မယ်.. ဆိုတဲ့သတင်းများနဲ့ တိုက်ရိုက် သက်ဆိုင်နေမယ်ထင်ပါတယ်..

ညဆိုရင် ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ ရခိုင်ကမ်းလွန်ပြင် ပင်လယ်ပြင်ကြီးကိုကြည့်ကာ ရခိုင်လူမျိုးတို့စိတ်ထဲ မလုံမခြုံနဲ့ ခံစားခဲ့ရတာ ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပါပြီ..

အမှန်တကယ်တော့ ရခိုင်ပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၀၀၀ ခန့်ရှိပြီး ရှည်လျှားလှတဲ့ ပင်လယ်ကမ်းခြေ မိုင်ပေါင်းများစွာ ရှိပေမဲ့ နတ်မြစ်ဝမှ စတင်ကာ ပင်လယ်ပြင် ရေလုပ်ငန်းများကို ဘင်္ဂလီလူမျိုးတွေ တဖြည်းဖြည်းချင်း ထိမ်းချုပ်လုပ်ကိုင်လာတာ ၁၉၈၀ ပြည့်လွန် နှစ်များက စတင်ခဲ့တယ်လို့ ဆိုရပါမယ်..

ယခုအခါမှာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေတလျှောက် ထွက်ပေါက်တွေမှာ ဘင်္ဂလီကျေးရွာတွေ တဖြေးဖြေးနဲ့ နေရာယူလာခဲ့တာ အရေအတွက်တော်တော်များနေပါပြီ.. ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ ရခိုင်လူမျိုးအရေအတွက်ဟာလဲ တော်တော်နည်းပါးလာပါပြီ.. ဒါဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှု့ တွေကြောင့် မဟုတ်ပဲ လူ့ပယောဂခြိမ်းခြောက်မှု
့တွေကြောင့်ဆိုတာ ကာယကံရှင် ရခိုင်လူမျိုးတို့ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး..

ပင်လယ်ပြင် ကမ်းနီး..ကမ်းဝေး.. ငါးဖမ်းလုပ်ငန်းများနဲ့ ကုန်စည်စီးဆင်းမှု့  မှောင်ခိုစက်လှေလုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးစီးပွားရေး လုပ်ငန်းရှင်များကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြကာ သူတို့ရဲ့ လည်ပတ်ငွေတွေဟာ ကျပ်ငွေဘီလျံနဲ့ချီပြီး ရှိလာပါတယ်.. တံခါးမရှိ ဓားမရှိ ဖြစ်လာနေတဲ့ ဒီပင်လယ်ပြင် ဂယ်ပေါက်ကြီးဟာ စီးပွားရေး.. လူမှု့ ရေး.. ဆုံးရှုံးများသာမက နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးစ ပြုလာနေပြီ ဖြစ်ပါတယ်..

ဒီအားသာချက်များကို ရယူကာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ပင်လယ်ပြင်ရေပိုင်နက်
အငြင်းပွားမှု့  ဖြစ်တယ်.. စစ်ရေးတင်းမာမှု့ အခြေအနေထိ ရောက်ခဲ့ရပြီး
နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူရတဲ့ အဖြစ်ထိရောက်ရှိခဲ့တယ်.. ဒါဟာကမ္ဘာပေါ်မှာ ပထမဆုံး ဖြေရှင်းပေးရတဲ့ အမှု့ အခင်းဖြစ်ပါတယ်.. ဘင်္ဂလားဒေရှ့် နိုင်ငံဟာ ကျဉ်းမြှောင်းတဲ့ သူ့ နိုင်ငံပထဝီဝင် အနေအထားအရ ပင်လယ်ပြင်ရေပိုင်နက် ပိုမိုရလိုကြောင်းကို အိန္ဒိယနိုင်ငံထံမှလည်း တောင်းယူခဲ့ပေမဲ့ မြန်မာနိုင်ငံလို ညှိနှိုင်းခွင့် မပေးခဲ့ပဲ ခပ်တင်းတင်းတုန့်ပြန်ခဲ့တာကို သတိပြုသင့် ပါတယ်..

ဒီမိုကရေစီနည်းလမ်းများအရ ပျော့ပျောင်းတာ.. ညှိနှိုင်းဆွေးနွေးတာ.. မျိုးဟာ နိုင်ငံရေးအနေနဲ့ မျက်နှာပန်းလှပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား အကျိုးစီးပွားအရေးတို့မှာ
နိုင်ငံကြီးများအနေနဲ့ ပြတ်သားစွာ ရပ်တည်ကြပါတယ်.. ဒါကို လူ့အခွင့်အရေးစံတွေနဲ့ တိုင်းတာလို့မရပါဘူး..

ယခုလက်ရှိ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားဟာ စစ်သွေးစစ်မာန် ရှိသူတစ်ယောက် ဖြစ်တယ်လို့ ထိုင်းတွေက ပြောတတ်ကြပါတယ်.. ဘုရင့်နောင်မင်းတရားကြီးရဲ့ မွေးစားသား.. မြန်မာ့စစ်ပညာတွေကို တစ်ခုမကျန်သင်ကြားပေးပြီး အိမ်ရှေ့မင်းသားအဆောင်အယောင်တွေ ချီးမြှောက်ပေးခံခဲ့ရတဲ့ ဗြနရစ် ခေါ် နရဲစွမ်ဟာတော့ ယိုးဒယားသမိုင်းမှာ အမျိုးသားသူရဲကောင်းအဖြစ် ထင်ရှားသူဖြစ်ပြီး သူ့ရဲ့သွေး ဆက်ခံသူအဖြစ်လဲ ဆိုတတ်ကြပါတယ်..

သူဟာ အမေရိကန်နိုင်ငံမှာ စစ်ပညာသင်ကြားခဲ့ပြီး စစ်ပညာပါရဂူဘွဲ့အတွက် `` မြန်မာနိုင်ငံကို ပင်လယ်ရေကြောင်းကနေ ချီတက်သိမ်းပိုက်မဲ့ စီမံချက် ´´ စာတမ်းတစ်စောင် ရေးပြီးတင်ခဲ့တယ်လို့ သိရပါတယ်.. ဒီစာတမ်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံကို သိမ်းပိုက်မဲ့ စစ်ရေးအစီအမံများ ပါဝင်ပါတယ်.. စိတ်ကူးနဲ့ သမိုင်းကြွေး ဆပ်ချင်သူလို့ ပြောလို့ရပေမဲ့ သူ့ရဲ့စာတမ်းကိုတော့ စိတ်ဝင်စားမိတယ်..

မြန်မာနိုင်ငံကို ပင်လယ်ရေလမ်းခရီးကနေ ထိုးဖောက်ဝင်ရောက်မဲ့ အစီအစဉ်များမှာ သူတို့ချန်လှပ်ထားတဲ့
နေရာလေးတစ်ခုကို အဓိကပြောချင်တာပါ.. အဲ့ဒီနေရာကတော့ ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းဒေသ
ဖြစ်ပါတယ်.. အကြောင်းပြချက်ကတော့ သဘာဝတောတောင် ရေမြေအနေအထားကြောင့်
မြန်မာပြည်တွင်းကို ဝင်ရောက်ရန် ခက်ခဲတဲ့ဒေသအဖြစ် သတ်မှတ်ထားလို့ပါ..

ဒီသုံးသပ်ချက်ကို ပြောင်းပြန်အချိုးချ ကြည့်မယ်ဆိုရင် ဒီဒေသတွေမှာ တစ်ခုခုဖြစ်ရင် ပြည်မကနေလဲ အလွယ်တကူ မရောက်နိုင်သလို ဒီနယ်မြေဒေသမှာ အုပ်ချုပ်မှု့ အာဏာမသက်ရောက်နိုင်ရင် ရေရှည်မှာ တိုင်းပြည်နယ်မြေ ဆုံးရှုံးလာနိုင်တဲ့အထိ ရောက်နိုင်ပါတယ်.. ရှည်လျှားလှတဲ့ မြန်မာ့ပင်လယ်
ကမ်းရိုးတန်းဟာ အကောင်းကော.. အဆိုးပါ.. ရှိနေတာပါ.. ဒါကို တစ်ခြားနိုင်ငံတွေက ဘယ်လို အသုံးချချင်ကြသလဲဆိုတာ သိစေချင်တာပါ..

ကျွန်တော့အနေနဲ့ ဒီအကြောင်းအရာတွေကို ရှည်ရှည်ဝေးဝေးနဲ့ ဥပမာပေး ပြောနေရတာ အကြောင်းရှိပါတယ်.. အခုနောက်ပိုင်းမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ရင် မဆိုင်သလို နေလာကြသူတွေ ရှိလာနေလို့ပါ.. လူမျိုးရေးမုန်းတီးတာနဲ့.. သမိုင်းမှာမရှိခဲ့တဲ့ လူမျိုးတစ်ခုကို အကြောင်းပြုပြီး ကိုယ့်နိုင်ငံ နယ်မြေ ဒေသတွေကို အချောင်ရယူလာချင်သူတွေရဲ့ အကြံအစည်တွေကို ခွဲခြားသိမြင်နိုင်အောင် ပြောနေရခြင်းပါ.. ကျွန်တော်တို့ သွေးအေးနေလို့ မရတော့ပါဘူး..

ဘင်္ဂလီအရေးကိစ္စကို နှစ်ပေါင်းများစွာ သုတေသနပြုစောင့် ကြည့်ပြီး စာတမ်းပေါင်းများစွာ.. ဆောင်ပါးပေါင်းများစွာ.. ရေးသားပြုစု သတိပေးခဲ့တဲ့ ဒေါက်တာမြင့်သိန်း အဆိုအရကတော့ အနောက်တံခါးဟာ ကျိုးပေါက်သွားပါပြီ.. လူဦးရေထိမ်းချုပ်ဖို့ရယ်.. ဥပဒေနဲ့အညီ စီစစ်ဖို့ရယ်ပဲ လုပ်နိုင်တော့မှာပါ.. ရခိုင်လူမျိုးတို့ရဲ့ ရခိုင်ဒေသမှာ လူဦးရေ အချိုးအရ ရခိုင်လူမျိုးတွေထက် ဘင်္ဂလီတွေဟာ နှစ်ဆရှိနေပါပြီ....

....ဆက်လက်ရေးပါမည်.

အက်ရှင် ဘဘ ဒီမို

No comments: