(ပေကျင်း)။ ။ တောင်တရုတ် ပင်လယ်တွင် နယ်မြေအပိုင်ပြုမှုကို လွန်ကျုးလုပ်ဆောင်နေသည့်ဟု ဝေဖန်နေကြလင့်ကစား တရုတ်နိုင်ငံအနေဖြင့် လူလုပ်ကျွန်းများကို မကြာမီ တည်ဆောက်မှု အပြီးသတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
အမေရိကန်နှင့် အခြားသောနိုင်ငံများက ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ပြောဆိုထားသည့် နယ်မြေတွင် တရုတ်နိုင်ငံက စစ်တပ်အခြေစိုက် စခန်းအဖြစ် အသုံးပြုရန် လူလုပ်ကျွန်းများကို တည်ဆောက်နေလျက်ရှိသည်။
ကာကွယ်ရေးအတွက် လူလုပ်ကျွန်း တည်ဆောက်ခြင်း ဖြစ်သလို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတို့အတွက်အပြင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်ရေးတို့အတွက် အသုံးပြုနိုင်ရန်အတွက် လူလုပ်ကျွန်းများကို တည်ဆောက်နေခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနက ပြောသည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ဧရိယာများစွာကို ၎င်းပိုင်အဖြစ် အတည်ပြုထားသည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ပိုင်နက်ကျုးအတည်ပြုမှုများကြောင့် အမေရိကန်က တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွား နယ်မြေအတွင်း ယင်းသို့ ပိုင်နက်ကျုးမှုများကို ချက်ချင်းအလျင်အမြန်ရပ်တန့်ပစ်ရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း စပရာတလေး ကျွန်းစုများအနီး တရုတ်ရေတပ်နှင့် အမေရိကန်တပ်တို့ကြား တင်းမာမှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။
REF : BBC
Mizzima
Tuesday, June 16, 2015
တောင်တရုတ် ပင်လယ်တွင် လူလုပ်ကျွန်း တည်ဆောက်နေမှုကို ဝေဖန်မှုများ ရှိနေသည့်ကြား အပြီးသတ် တည်ဆောက်သွားမည်ဟု တရုတ်ပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment