ဟနွိုင်း ၊ ၁၅-၆-၂ဝ၁၅
ဗီယက်နမ် နိုင်ငံ၏ K-300 P Bastion-P ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်စနစ် သည် ဟိုင်နန်ကျွန်း ပေါ်ရှိ Shanya ရေတပ် အခြေစိုက် စခန်းကို တိုက်ရိုက် ပစ်ခတ်နိုင်စွမ်း ရှိကြောင်း ကနေဒါ အခြေစိုက် တရုတ်ဘာသာ ဖြင့် ထုတ်ဝေသည့် Kanwa Defense Review စစ်ဘက်မဂ္ဂဇင်း တွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးကျည်သည် ရန်သူ၏ ရေပြင်သွား တိုက်ခိုက်ရေး ရေယာဉ်များကို ဖျက်ဆီးရန် သို့မဟုတ် နှစ်မြှုပ်ရန် အတွက် ပုံစံရေးဆွဲ ထုတ်လုပ် ထားသည့် P-800 Oniks သင်္ဘောဖျက် ခရုစ်ဒုံးကျည်များ ပစ်လွှတ် ရာတွင်လည်း ဗီယက်နမ် ရေတပ်အား အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
အကွာအဝေး ၃ဝဝ ကီလိုမီတာ (၁၈၆ မိုင် ကျော်) အထိ ပစ်ခတ်နိုင်သော အဆိုပါ K-300 P Bastion-P ဒုံးကျည်သည် ဟိုင်နန်ကျွန်း အနီးရှိ တရုတ်နိုင်ငံ၏ အရေးပါသော ပစ်မှတ်များ အထိ ရောက်ရှိနိုင်ပြီး တောင်တရုတ် ပင်လယ် ရေယာဉ်စုကို ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည့် အလားအလာ ရှိကြောင်းနှင့် ဗီယက်နမ် ရေတပ်၏ Gepard အတန်းအစား ဖရီးဂိတ် သင်္ဘောနှစ်စင်း နှင့် အခြား စစ်သင်္ဘောများတွင် တပ်ဆင် ထားသော Kh-35 E သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်သည် ဗီယက်နမ် ကမ်းရိုးတန်း ဒေသအတွင်းသို့ တရုတ်သင်္ဘော ဝင်ရောက်ချိန်တွင် တရုတ် စစ်ရေယာဉ် များကို နှစ်မြှုပ်နိုင်စွမ်း ရှိကြောင်း သိရသည်။
#PyiChitThar
Monday, June 15, 2015
ဗီယက်နမ်၏ K-300 P Bastion-P ဒုံးကျည်က ဟိုင်နန်ကျွန်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်း ရှိဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment