မြန်မာ−အိန္ဒိယနယ်စပ်တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ−အိဖြူမွန်)
Byထားထားမြင့် / 7day
မြန်မာနိုင်ငံ ကလေးတမူး ကားလမ်းအ နီး၊ အိန္ဒိယနိုင်ငံ မ ဏိပူရပြည်နယ် အုခရုလ် ခရိုင်ထဲ မှာရှိသည့် သည်ရွာကလေးသည် အိန္ဒိယ၏ နောက်ဆုံးနယ်နိမိတ် အစပ် ရွာလေးဖြစ်ပါသည်။ ဘယ်နေရာမှာ အိန္ဒိယကဆုံးပြီး ဘယ်နေရာမှာ မြန်မာပြည်က နယ်နိမိတ်စတင်သလဲဆိုတာ ပြောထားခြင်းမရှိပါ။ နယ်စပ်ပိုင်း ခြားမှုကိုကွဲကွဲ ပြားပြားခွဲခြားထား ခြင်းမရှိ။ သစ်သားအိမ်ခြေတိုင် များထူထားသည့် သေးငယ်သော တဲအိမ်လေးတွေကသာ ဟိုဘက် သည်ဘက်နိုင်ငံများဖြစ်ပါသည်။
ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း စောစောအိပ်မှုန်စုံမွှားတွင်ချောင်ကျလှသည့် ဖိုင်ခေါ့ရွာလေးသည် သူတို့ဒေသအတွင်းက နာဂစစ် သွေးကြွစခန်းများကို အိန္ဒိယစစ် သားများ၏ ၀င်ရောက်တိုက်ခိုက် မှုကြောင့် ရုတ်တရက်လန့်နိုးလာ ရပါသည်။ ထိုတိုက်ခိုက်မှုမှာ ဇွန် လ ၄ ရက်က အိန္ဒိယစစ်တပ်ကို သူပုန်များက ချုံခိုတိုက်ခိုက်မှု ပြန်လက်စားချေခြင်းဖြစ်သည်။
‘‘ရုတ်တရက် ခပ်နီးနီးဆီ လောက်က ပစ်တာခတ်တာတွေ ဗုံးသံတွေတော်တော်များများကို ကျွန်တော်တို့ ကြားလိုက်ရတယ်။ ဘုန်းဘုန်းဘုန်းနေတာပဲ။ ဘာတွေဖြစ် ပါသလဲပေါ့။ ဘယ်စစ်သားမှ ရွာထဲဖြတ်တာရော အနီးကပ်တော ထဲမှာရော မမြင်ခဲ့ဘူးလေ။ သူတို့က ညကတည်းက ခြေလျင်နဲ့ တိတ်တိတ်ဝင်လာကြတာ ဖြစ် မယ်’’ဟု ကျေးရွာမှ သက်ကြီးရွာ သားအသက် (၅၂) နှစ်အရွယ် ဟန်မလက်ဂုတဲက ပြောပါသည်။
ပထမဆုံးတိုက်ပွဲဖြစ်သည့် အသံကို ဖိုင်ခေါ့ရွာက ကြားရချိန် တွင် နံနက် ၈ နာရီခန့်ရှိပါပြီ။ သည်ရွာက ကလေး ၁၆ယောက် ခန့် ရွာကျောင်းမှာအတန်းစတက် သည့် အချိန်လည်းဖြစ်ပါသည် ‘‘သူတို့တော့ပြန်လာကြတာ မ တွေ့ဘူး’’ ဟု ဂုတဲက ဆိုပါသည်။
‘‘နေ့ခင်းဘက်ကျတော့ နှစ် နာရီသုံးနာရီလောက်ဖြစ်မယ်။ အိန္ဒိယတပ်သားတွေ တန်းစီပြီး ရွာထဲကို လျှောက်လာကြတယ်။ နောက်တော့ ရဟတ်ယာဉ်လာ တယ်။ ကျွန်တော်တို့ရဲ့ ဘောလုံး ကွင်းမှာ ဆင်းတယ်။ စစ်သားတွေ က တက်ကြတယ်။ ကြည့်ရတာ စစ်သား ၁၀ ယောက်လောက် တော့ရှိမယ်။ ရဟတ်ယာဉ်က နှစ် စီး။ တစ်စီးကို သုံးခေါက်သယ်ရ တယ်။ တချို့စစ်သားတွေက တော့ ခြေကျင်ပဲထွက်သွားကြ တာ’’ဟု ဂုတဲက ပြောပြပါသည်။
အသက် (၆၅)နှစ်အရွယ် ကျေးရွာကောင်စီဥက္ကဋ္ဌ ဟန်ခိုရှီ က သူ့ဘ၀မှာ စစ်တပ်ရဟတ် ယာဉ်ကို မြင်ဖူးတာ ယခုအကြိမ် က ပထမဆုံးပဲဟုဆိုပါသည်။
‘‘ကျွန်တော်လည်းစိတ်သိပ် လှုပ်ရှားတာပေါ့။ စစ်တပ်က လူ တစ်ယောက်က ကျွန်တော်တို့ကို မျက်လုံးပိတ်ထားဖို့ပြောတယ်။ ဘာလို့လဲဆိုတော့ ရဟတ်ယာဉ် ဆင်းရင် ဖုန်တွေအများကြီးထလို့ တဲ့’’ဟု သူက ရယ်ရင်းပြောပါ သည်။
သည်နေရာကနေ မြန်မာ မြေထဲကို အေးအေးဆေးဆေး လမ်းလျှောက်ပြီး ၀င်လို့ရပါ သည်။ရွှံ့ထူနေသည့် ကျဉ်းမြောင်း သောနေရာလေးကပဲ နယ်စပ်လို ဖြစ်နေပါသည်။ ဟန်ခိုရှီက သစ် ပင်တွေအပေါ် မိုးနေသော မီးခိုး ရောင်တောင်ကုန်းတစ်ခုကိုလက် ညှိုးထိုးပြပါသည်။ တောင်ထိပ် ကို အဖြူရောင်တိမ်ခိုးတွေက ဖုံး ထားသည်။
‘‘အဲဒါ အန်ပိုချင်ဘိုတောင် ပဲ မြန်မာပြည်ထဲကို ၁၅ ကီလိုမီ တာ ရောက်တယ်။ UNLF, PLA နဲ့ KYKL ဆိုတဲ့ စစ်သွေးကြွတွေ ရဲ့ စခန်းက အဲဒီမှာရှိတယ်’’ ထို နေရာသည် အဲသည့်နေ့ကအိန္ဒိယ စစ်တပ်သွားရောက်ခဲ့သည့်နေရာ ဖြစ်ပါသည်။ ‘‘ကျွန်တော်တို့ ကြား တာတော့ အခုအဲဒီမှာ PLA စခန်း တွေ ဘာမှမကျန်တော့ဘူးတဲ့။ ဒါ ပေမဲ့ တခြားတောင်ကုန်းတစ်ဖက် မှာရှိတဲ့ UNLF စစ် သွေးကြွတွေရဲ့ စခန်းကို အိန္ဒိယစစ်တပ်ကရောက် ခဲ့သလား ကျွန်တော်တို့ မသိဘူး။ ရောက်ဖို့ သိပ်ခက်တယ်လေ’’ ဟန်ခိုရှီက ရှင်းပြပါသည်။
၎င်း၏ ပြောကြားချက်အရ PLA စစ်သွေးကြွများ၏ စခန်း တွင် လူတစ်ရာကျော်ရှိသည်ဟု သိရပါသည်။ ဖိုင်ခေါ့ရွာသားများ ၏ ပြောဆိုချက်အရ သူပုန်များ သည် အိန္ဒိယဘက်ခြမ်းရှိ နယ်စပ် ရွာများသို့ မကြာခဏကင်းလှည့် ရန် သွားရောက်လေ့ရှိသည်ဟုဆို ပါသည်။ UNLF စစ်သွေးကြွအုပ်စု များကတော့ မကြာခဏလာလေ့ ရှိသည်ဟု ပြောသည်။
‘‘သူတို့က တစ်လတစ်ခါ လောက်လာတယ်။ တစ်ခါတ လေဆို ခဏခဏပဲ။ ကျွန်တော်တို့ နဲ့ စကားပြောတယ်။ သူတို့နေ့ လယ်စာစားတယ်။ ပြီးတော့ ပြန် တယ်။ ဒါပေမဲ့သူတို့ကိုတော့ ကျွန် တော်တို့က မကျွေးမွေးရပါဘူး။ သူတို့က ကျွန်တော်တို့ကို ငွေပေး ပြီး ဆန်ဝယ်တယ်။ သူတို့ဘာ သာချက်တယ်။ တစ်ခါတလေ အ ယောက် ၂၀ တစ်ခါတလေ သူပုန် အယောက် ၄၀ လောက်လာကြ တယ်။ သူတို့ကိုမတွေ့တော့တာ ဇွန်လ ၉ ရက်ကတည်းကပဲ’’ဟု ရွာကောင်စီအတွင်းရေးမှူး ဂျန် ဟန်ဂျန်ခိုဟန်က ပြောပါသည်။ ရွာသားများနှင့် UNLF သူ ပုန်များသည် ဆက်ဆံရေးရင်းရင်း နှီးနှီးရှိသည်ဟု ဂုတဲကဆိုပါသည်။
‘‘ရွာမှာ ဆရာဝန်ရော ဆေး ဆိုင်ရောမရှိဘူး။ ဒါကြောင့်UNLF သူပုန်တွေက တစ်ခါတလေဆေး တွေပေးတယ်။ ငှက်ဖျားရောဂါက ဒီမှာသိပ်ဆိုးတယ်။ တစ်ခါတလေ သူတို့က ဆရာဝန်ခေါ်ပြီးဆေးတပ် စခန်းချပေးတယ်။ အပြန်အလှန် အားဖြင့် သူတို့က ကျွန်တော်တို့ ကို စစ်တပ်အကြောင်း မေးတယ်။ ဘယ်သူတွေလာသလဲ၊ ဘာတွေ ကြားလဲမေးတယ်။ ပြီးခဲ့တဲ့ ခရစ္စ မတ်က UNLF သူပုန်တွေက ကျွန် တော်တို့ကို ငွေပေးပြီး ညစာစား ပွဲအတွက် ၀က် ဒါမှမဟုတ် နွား ၀ယ်ပေးဖို့ ခိုင်းခဲ့တယ်’’ဟု ဂုတဲ က ပြောပါသည်။
ဟန်ခိုရှီကလည်း UNLF တပ်ဖွဲ့များသည် ကျေးရွာကောင် စီဝင်များ၊ လူကြီးများနှင့် တစ်ခါ တလေ အစည်းအဝေးများလုပ် သည်ဟု ဆိုသည်။
‘‘သူတို့က ကျွန်တော်တို့ကို တိုးတက်ဖွံ့ဖြိုးရေး၊ လမ်းတွေ၊ ပို ကောင်းတဲ့ကျောင်းတွေ၊ဆေးခန်း တွေ၊ လျှပ်စစ်မီးတွေအကြောင်း ပြောတယ်။ ဒါတွေအားလုံးရဖို့သူ တို့က ကျွန်တော်တို့ကို ကူညီမယ် လို့လည်းပြောတယ်’’
ဖိုင်ခေါ့ရွာက မည်သူမျှ ထို သူပုန်စခန်းများဆီသို့ မသွားခဲ့ ကြပါ။ သူတို့ကြားသမျှလည်း သူ ပုန်တွေဆီ ပစ္စည်းတွေသွားရောင်း လေ့ရှိသူ မြန်မာပြည်ဘက် ခြမ်း မှာနေသော သူတို့သူငယ်ချင်းတွေ က ပြန်ပြောတာဖြစ်ပါသည်။
‘‘အင်္ဂါနေ့ကတည်းက မြန် မာဘက်က နယ်စပ်ကို ပိတ်လိုက် တယ်။ ကျွန်တော်တို့နဲ့ ရွာနီးနား ချင်းဟိုဘက်ခြမ်းက မိုဂျီယန်ရွာ ကိုတောင် ကျွန်တော်တို့သွားလို့မ ရဘူး။ ဒါပေမဲ့မကြာခင်တော့ ပိတ်ထားတာ ပြန်ဖွင့်ပေးမှာလို့ မျှော်လင့်တာပဲ’’ဟု ဂုတဲက ပြော ပါသည်။ အိန္ဒိယဘက်နားနှင့် ပို နီးသည့် တောင်သုံးလုံးကို ကျော် ပြီးတွေ့ရသည့် နန်ဖီရှားရွာက ရွာသားများကတော့ ဇွန်လ ၉ ရက်နေ့က ဘာတွေဖြစ်ခဲ့သလဲဆို တာကို ယခုလို ပြန်ပြောပြပါ သည်။
‘‘ရဟတ်ယာဉ်တွေက ထွက် လိုက်ဝင်လိုက် ၀ဲပျံနေတာပဲ။ ရ ဟတ်ယာဉ်အကြီးကြီးတွေ။ ဝေး ဝေးက သေနတ်သံတွေလည်း ကြားနေရတယ်။ ကျွန်တော်တို့ ဘုရားကျောင်းမှာစုနေပြီး လူတွေ ကို ဆုတောင်းခိုင်းတယ်။ ပြီး တော့ရွာကနေ အဝေးမသွားဖို့ လည်း သတိပေးထားတယ်။ အ မဲလိုက်တောင် မထွက်ခိုင်းဘူး။ အိမ်ထဲမှာနေပြီး ဆုပဲတောင်းကြ လို့’’ ပြောတယ်ဟု သင်းအုပ်ဆရာ အာခုခမ်ခါရာက ပြောကြားသည်။ အိန္ဒိယစစ်တပ် အမှတ် (၄၄) အာ သံရိုင်ဖယ်တပ်သည် နန်မီးရှား ရွာမှာ တပ်စခန်းခွဲတစ်ခုရှိသည်။ သူတို့က ကင်းကိုအခိုင်အမာချ ထားသည်။ ဘယ်သူကမှ ဖိုင်ခေါ့ ရွာဘက်ကိုမသွားဟု ကျေးရွာ သားများက ပြောကြားပါသည်။
(The Indian Express တွင်ပါရှိ သည့် At Border Village, reca-lling Army's Myanmar Ope-ration : ‘We heard shooting explosions...boom, boom, boom ဆောင်းပါးကို ထားထား မြင့်ဘာသာပြန်သည်)
Posted via Blogaway
No comments:
Post a Comment