By
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ မြို့မရပ်ကွက်မှ ဆယ်ရက်ကြာ
ပျောက်ဆုံးနေ သည့် ဘင်္ဂါလီလူမျိုး ရှီဗလီကို မတ်လ ၃၀ ရက်တွင် ဒါးပိုင်ကျေး
ရွာအုပ်စု ကုလားပန်ဇင်ချောင်း ရေလယ်တွင် ဒဏ်ရာများဖြင့်သေ
ဆုံးလျက်တွေ့ရှိခဲ့သည်။
အဆိုပါဘင်္ဂါလီသည် မတ် လ ၂၁ ရက်က နေအိမ်မှ မီး ကျောင်းခေါင်းဆွဲ ကျေးရွာရှိ ယောက္ခမ၏နေအိမ်သို့ သွားမည် ဟု ပြောဆိုထွက်သွားရာမှ ပျောက် ဆုံးခဲ့သည်။
ပျောက်ဆုံးနေသူ ရှီဗလီ၏ ဇနီးက ဘူးသီးတောင်မြို့မရဲစခန်း ၌ လူပျောက်တိုင်ကြားခဲ့ပြီး လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေခဲ့ရာ ၁၀ရက်အကြာတွင် မြစ်နား ကျေးရွာအနီး ကုလားပန်ဇင်ချောင်းထဲ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက မတ်လ ၃၁ရက်တွင်ထုတ်ပြန်သည်။
သေဆုံးလျက်တွေ့ရှိခဲ့သည့် ၎င်းဘင်္ဂါလီတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာများကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ကြောင့် ရှီဗလီသေဆုံးမှုနှင့် ပတ်သက်၍ တောင်ဘဇာနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့် ပြောင်းလဲ အမှုဖွင့်စုံစမ်းနေသည်။
မောင်တောခရိုင်တွင် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်း နှစ်ခုအကြမ်းဖက်တိုက်ခိုက်ခံရ ပြီးနောက် ဘင်္ဂါလီအချို့နှင့်တိုင်း ရင်းသားအချို့ ပျောက်ဆုံးခြင်း၊ အသတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့နေသည်။

No comments:
Post a Comment