Narinjara
မေး- မြန်မာနိုင်ငံက အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး လေဆိပ်တွေကို ဦးဇင်းရောက်ဖူးတဲ့ အပေါ် အခြေခံပြီး ပြောပြပေးပါ။
ဦးဇင်းဘီလူး- အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး လေဆိပ်တွေက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ ညောင်ဦးနဲ့ ထားဝယ် လေဆိပ်တို့ ဖြစ်ကြပါတယ်။
မေး- စစ်တွေလေဆိပ် အခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ- စစ်တွေ လေဆိပ်က မြန်မာနိုင်ငံမှာ အညစ်ပတ်ဆုံးနဲ့ ခေတ်မမှီဆုံး လေဆိပ် ဖြစ်ပါတယ်။
မေး- ဘာကြောင့် အဲသလို ပြောရတာပါလဲ။
ဖြေ- ညစ်ပတ်ပေရေနေလို့ပေါ့။ အိမ်သာ တစ်လုံး ကောင်းကောင်းမရှိဘူး။ ရေချိုးခန်း တစ်ခန်း ကောင်းကောင်းမရှိဘူး။ အခုအချိန်ထိ နိုင်ငံခြားသားတွေ အိမ်သာဝင်လို့ရတဲ့ အိမ်သာ ကောင်းကောင်းမရှိဘူး၊ နာခေါင်းရှုံ့ပြီးထွက်လာသူတွေမျာ
မေး- အခုလို ဘာကြောင့် ဖြစ်တာပါလဲ။
ဖြေ- အရေးမစိုက်လို့ပေါ့။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဦးစီးမှူးကလည်း ဘာမှ အရေး မစိုက်ဘူး။
မေး- စစ်တွေလေဆိပ် တိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်ရင် ရမလို့ ထင်ပါသလဲ အရှင်ဘုရား။
ဖြေ- အခုဟာ VIP အခန်းတစ်ခုကိုဘဲ သူတို့က အရေးစိုက်တယ်။ အဲဒီအခန်းမှာဘဲ အိမ်သာတွေကို ကောင်းကောင်း လုပ်ထားတယ်။ Public ( ပြည်သူ)ကို လုံးဝ အရေးမစိုက်ဘူး။ VIP တစ်ခုတည်း ကောင်းနေလို့ မရဘူး။ နေ့စဉ် သွားလာနေတဲ့ ခရီးသည်တွေအတွက် ပိုအရေးကြီးတယ်လို့ မြင်တယ်။ အာဏာပိုင်တွေ အနေနဲ့ ပါးစပ်က ပြောနေလို့ မရဘူး။ လက်တွေ့ လုပ်ပြရမယ့် အချိန်ကို ရောက်နေပြီ ဖြစ်တယ်။
(ပြီး)
No comments:
Post a Comment