Sunday, April 2, 2017

အမ်းတွင် မဲတစ်သောင်းခန့် အသာစီးရထားဟု ဒေါက်တာအေးမောင်ပြော

(ဓာတ်ပုံ−စိုင်းဇော်)

&days News

အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်နေရာအတွက် ၀င် ရောက်ယှဉ်ပြိုင်သည့် ပြိုင်ဘက် သုံးဦးထက် မဲအရေအတွက် တစ် သောင်းခန့် အသာစီးရနေကြောင်း ရခိုင်အမျိုးသားပါတီကိုယ်စား လှယ်လောင်း ဒေါက်တာအေး မောင်က ပြောသည်။
ရခိုင်အမျိုးသားပါတီမှ စာ ရင်းကောက်ယူထားသော မဲရုံ ၈၀ ကျော်အနက် သုံးရုံခန့်မှ လွဲ၍ ကျန်မဲရုံများတွင် အနိုင်ရထား သောကြောင့် ကျန်ပြိုင်ဘက် သုံး ဦးထက် မဲတစ်သောင်းခန့် အသာ စီးရနေကြောင်း ဧပြီ ၁ ရက် ည ၁၀ နာရီခန့်တွင် ဒေါက်တာ အေးမောင်က 7 Day Daily သတင်းစာအား ပြောသည်။
‘ကျွန်တော့်ဆီပို့တဲ့စာရင်း တွေအရ ကျွန်တော်က မဲအရေ အတွက် တစ်သောင်းခုနစ်ထောင် လောက်ရနေပြီ။ ပြည်ခိုင်ဖြိုးက ခုနစ်ထောင်လောက်နဲ့ ဒုတိယ လိုက်တယ်။ ရွေးကောက်ပွဲရလဒ် တော့ စောင့်ရဦးမယ်။ ကျွန်တော် တော်တော်အခြေအနေကောင်း တယ်’’ ဟု ဒေါက်တာအေးမောင် က ပြောသည်။ အမ်းမဲဆန္ဒနယ်တွင် စုစု ပေါင်းမဲရုံ ၁၃၇ ရုံရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မဲရုံ ၅၀ ခန့် အနိုင်ရထားသော် လည်း ပွတ်ကာသီကာ အနိုင်ရ ခြင်းဖြစ်၍ အနိုင်ရနိုင်ခြေနည်း ပါးနေကြောင်း ဒီချုပ်ကိုယ်စား လှယ်လောင်းဦးဇော်ဝင်းမြင့်က ဧပြီ ၁ ရက် ည ၉ နာရီခန့်တွင် ပြောကြားသည်။
အမ်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ခုနစ်သောင်းငါးထောင်ကျော်ရှိသည့်အနက် လေးသောင်းနှစ်ထောင်ကျော် လာရောက်ဆန္ဒမဲပေးခဲ့သည်။
ပြည်ခိုင်ဖြိုးကို မဲဆန္ဒနယ်ပြင်ပမှ ကြိုတင်မဲပေးသူ ၁,၀၀၈ ဦးက ထောက်ခံမဲပေးခဲ့ပြီး စုစုပေါင်းမဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးသူ ၁,၀၄၄ ဦးထဲမှ တစ် ထောင်ကျော်၏ ထောက်ခံမှု ရခဲ့သည်။ ကြိုတင်မဲတွင် ဒေါက် တာအေးမောင်က ၂၈ မဲ၊ ဦးဇော် ၀င်းမြင့်က သုံးမဲသာရရှိပြီး တစ် သီးပုဂ္ဂလကိုယ်စားလှယ်လောင်း က တစ်မဲမျှ မရှိခဲ့ပေ။
ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူ့ လွှတ်တော်နေရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဆက်တိုက်အနိုင်ရရှိပြီး ယခု ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီက အနိုင်ရ ရန် အခြေအနေကောင်းနေသည်။
‘‘ဒီအချိန်မှာ ဘာမှပြောလို့ မကောင်းသေးပါဘူး။ အမ်းအ တွက် ဘာတွေလုပ်ပေးမလဲဆို တာ ကျွန်တော့်ဗီနိုင်းထဲမှာ ပါ တယ်။ လုပ်စရာတွေကတော့ အများကြီးပဲ’’ ဟု ဒေါက်တာအေး မောင်က ဆိုသည်။
၎င်း၏ မဲဆွယ်ဗီနိုင်းတွင် အတိုက်အခံရခိုင်ပါတီ၏ အကြီး အကဲအနေဖြင့် အမ်းမြို့နယ်ဖွံ့ဖြိုး ရေးကဏ္ဍကို သာမန်အမတ်များ ထက် ပိုမိုတွန်းတိုက်စွမ်းဆောင် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဟု ပါရှိသည်။
ဒေါက်တာအေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုး သားလွှတ်တော်အမတ်အဖြစ်ရွေး ကောက်တင်မြှောက်ခံရပြီး ပြီးခဲ့ သည့်အစိုးရလက်ထက်၌ ခြောက် ပွင့်ဆိုင်တွေ့ဆုံပွဲတွင် လွှတ်တော် တွင်း တိုင်းရင်းသားများအား ကိုယ်စားပြုသည့်အနေဖြင့် ပါဝင် ဆွေးနွေးခဲ့သူဖြစ်သည်။

No comments: