Tuesday, May 23, 2017

၂၁ ပင်လုံတက်ဖို့အ တွက် မြောက် ပိုင်း အဖွဲ့ ၃ ဖွဲ့ကို အစိုးရဖိတ်ကြား

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကို တွေ့ရစဉ်
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကို တွေ့ရစဉ်
Photo: Kan Thar/RFA 
 
မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် အရင် အစည်းအဝေးတုန်းက ဖိတ်ကြားမှု မရှိခဲ့တဲ့ ရခိုင်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကို အစိုးရဘက်က မနေ့က ဖိတ်ကြားလိုက်ပါတယ်။
အဲဒီအဖွဲ့တွေကို ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ဖို့ အစိုးရက မနေ့ညပိုင်းကမှ ဖိတ်စာပေးပို့ခဲ့တာဖြစ်တယ်လို့ TNLA အဖွဲ့ က ဗိုလ်မှုးချုပ် တာဖုန်းကျော်က ပြောပါတယ်။

"ဖိတ်စာတွေကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ဖွဲ့မှာ စောစောတုန်းကတော့ ကျနော်တို့ ၃ဖွဲ့ မရဘူးပေါ့။  မနေ့ညတုန်းကတော့ ကျနော်တို့ ၃ ဖွဲ့ကို ဖိတ်စာပြန်ပို့လာပါတယ် အထူးဖိတ်ကြားသူအနေ နဲ့ပါ။ ဒါပေမယ့်လည်း AA ကတော့ အထူးဖိတ်ကြားသူအနေနဲ့ မဟုတ်ပဲနဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲပဲတက်ဖို့ ခွဲခြားပြီး ဖိတ်ထားတဲ့ သဘောတော့ရှိပါတယ်"


မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ စလုံးကို အစိုးရဘက်က ဖိတ်ကြားထားပြီး ဒီနေ့ ညနေပိုင်းမှာ နေပြည်တော် ကို ရောက်ရှိမှာဖြစ်တယ်လို့ ဗိုလ်မှုးချုပ် တာဖုန်းကျော်က ပြောပါတယ်။
ဒီလို ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလမ်းစ ပွင့်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက်ကို ပူးပေါင်းဆောင်ရွက်တဲ့ သဘောမျိုးဖြစ်ကြောင်း လည်း ပြောပါတယ်။
အဲဒီ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို TNLA အဖွဲ့ က ဒုဥက္ကဌ ၁ ဗိုလ်မှုးချုပ် တာဂျုတ်ဂျားနဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှုး ၂ ဗိုလ်မှုးတာပန်လှတို့ တက်ရောက်မှာဖြစ်ပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မဖွဲ့ဝင် ဦးအောင်စိုးကလည်း NCA လက်မှတ်မထိုးထားတဲ့ တိုးရင်းသားလက်နက် ကိုင်အဖွဲ့ အားလုံးကို ညီလာခံ အထူးဖိတ်ကြားသူတွေအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ အတည်ပြု ပြောကြားပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးကလည်း ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံဖိတ်ကြားမခံရသူတွေပါ ဒီတ ကြိမ်မှာ အထူးဖိတ်ကြားသူတွေအဖြစ်ဖိတ်ကြားခံရပြီး အဲဒီအဖွဲ့တွေက တက်ရောက်ဖို့ရှိတယ်ဆိုတာ တိုးတက် တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ညွီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ဒီကနေ့အထိ အစည်းအဝေး ကျင်းပနေ တုန်းဖြစ်ပြီး လက်ရှိအချိန်အထိတော့ UNFC အဖွဲ့ဝင်တွေ ညီလာခံတက်မတက်ဆိုတာကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

RFA

No comments: