မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ ကျင်းပစဉ်
Photo: Aung Thain Kha/RFA
ဒီကနေ့ အမျိုး၊ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ပြုလုပ်တဲ့ အဖွဲ့ဝင်တွေကို အထူး အသိပေး ရှင်းလင်းပွဲ အခမ်းအနားမှာ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသ က အဲဒီလို မိန့်ကြားလိုက် တာ ဖြစ်ပါတယ်။
မဘသ အဖွဲ့ဆိုင်းဘုတ်တွေ ဖျက်သိမ်းဖို့နဲ့ အဲဒီနာမည်ခံပြီး လှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ကြောင့် မေလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မဘသ အဖွဲ့ ၄ နှစ်ပြည့် ညီလာခံကို မကျင်းပနိုင်တော့ဘဲ အထူးအသိပေးရှင်းလင်းပွဲဆိုပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment