
မြန်မာနိုင်ငံကို ရောက်တော့  နိုင်ငံရေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ တယ် ။ ဆွေးနွေးခဲ့ တာတွေ ပြုလုပ်ခဲ့ တယ် ။ စာပေဟောပြောပွဲတွေ ပြုလုပ်ခဲ့ တယ် ။
မှတ်မိနေတာကတော့  ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်နားက ရခိုင်ဓမ္မာရုံမှာ စစ်တွေမြို့ နယ်အသင်းတွေ့ ဆုံပွဲကို တိုက်ဆိုင်စွာနဲ့  တက်ရောက်ဟောပြောခွင့် ရခဲ့ တယ် ။
ကျွန်တော်က စစ်တွေသားအနေနဲ့  ရန်ကုန်ရောက်စစ်တွေသားကို ကပ်ပြီး အကြောင်းပြု လို့ တက်ရောက်ခဲ့ တာဖြစ်တယ် ။
အမှတ်ရနေသေးသော အဖြစ်အပျက်လေးတခုကို ပြောပြချင်သေးတယ် ။
ပထမအကြိမ်-၂၀၁၄-ခုနှစ်က မြန်မာနိုင်ငံကို နှစ်ပေါင်း-၂၀-အတွင်း
ပြည်ဝင်ခွင့်ဗီဇါ ရလို့  လာခဲ့ ရတယ် ။ အဲဒီတုံးက သမ္မတဦးသိန်းစိန်လက်ထက်က
အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြေပြစ်လာအောင် သံတမန်ရေးအရ
ကြိုးပမ်းလာချိန်မှာ ကျွန်တော်တို့ တွေနဲ့ လဲ ဆက်ဆံရေးခိုင်မာအောင်
ဆက်သွယ်ချဉ်းကပ်လာချိန် ဖြစ်တယ် ။
ခါတိုင်းဆိုရင် ကျွန်တော်တို့ က စစ်အစိုးရကို အမြင် မကြည်တဲ့ အတွက် ထာဝရ နယူးယောက်မြို့ မှာ ရှိတဲ့  မြန်မာကောင်စစ်ဝန်ရုံးကို ဆန္ဒပြကြတယ် ။ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့  မြန်မာသံရုံးကို နယူးယောက်ကနေပြီး အပင်ပမ်းခံလို့  ဆန္ဒပြသွားကြတယ် ။
နိုင်ငံတကာမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး-မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကြွေးကြော်သံနဲ့  နေ့ နေ့ ညည ဆန္ဒပြတာတွေ-အစာငတ်ခံ ဆန္ဒပြတာတွေ- နှစ်ပေါင်း-၂၀-လောက်ကို လမ်းပေါ်ထွက် ပြုလုပ်ခဲ့ ကြတယ် ။
သမ္မတဦးသိန်းစိန်လက်ထက်ကို ရောက်လာတော့  ဒေါ်အောင်ဆန်းစုကြည်ကလဲ ဘဲ လွတ်မြောက်လာတယ် ။ လွှတ်တော်ထဲကို ရောက်သွားတယ် ။ ဒီတော့  ကျွန်တော်တို့ တွေဟာ ဆန္ဒပြစရာ မလိုတော့ ဘူးပေါ့ ။
ဒီလိုအချိန်မှာ အမေရိကန် အစိုးရနဲ့  သံခင်းတမန်ခင်း ဆက်ဆံရေးကို တည်ဆောက်တော့  အခြေအနေကောင်းသွားတယ် ။ ကျွန်တော်တို့  ပြည်ပ အင်အားစုတွေနဲ့  လဲ အဆင်ပြေသွားတယ် ။
ကျွန်တော်တို့  ကို ပြည်ဝင်ခွင့် ဗီဇါပေးတယ် ။
ရန်ကုန်ရောက်လို့  ရွှေတိဂုံစေတီတော်ကို နောက်တရက် မနက်မှာ သွားဖူးတယ်-
အပြန်ကျတော့  တက္ကစီပေါ်က မြင်ရတဲ့  လူတွေကို စိတ်ထဲမှာ သိသလိုလို
ခံစားလာရတယ် ။ အားလုံးကို ပြေးပြီး နုတ်ဆက်လာချင်တော့ တယ် ။
နောက်မှ သတိတရားကို ထိမ်းထားပြီး နေပေးရတယ် ။ ဘာဖြစ်သွားသလဲ ဆိုတော့  ကျွန်တော်တို့ ဟာ ကိုယ့်အရပ်ဒေသနဲ့  နှစ်ပေါင်းများစွာ ဝေးကွာနေသွားတော့  မြေရနံ့ ကိုလဲ အားရပါးရ ရှူရှိုက်ပြီး အလွမ်းဝေဒနာကို ဖြေသိမ့် ခံစားရတဲ့ အတွက် တွေ့ သမျှ လူကို အသိလို စိတ်ထဲ ထင်မှတ်သွားတာ ဖြစ်တယ် ။
ခုလဲဘဲ စစ်တွေသားအသင်းကို ကျွန်တော်တက်ရောက်တော့  စကားပြောရတဲ့ အခါမှာ မနည်းမျက်ရည်ဝဲရတာကို ထိမ်းထားခဲ့ ရတယ် ။
ရန်ကုန်ရောက်စစ်တွေသားတွေဟာ စည်းရုံးညီညွတ်စွာနဲ့  ရှိနေကြတာ တွေ့ ရတယ် ။
အခန်းအနားမှာ မိတ်ဆွေတွေ-ဆွေမျိုးတွေ- ကျွန်တော့်ကို သိနေကြသူတွေ
ဝမ်းသာအားရ တွေ့ ကြ ပြောကြရနဲ့  တသက်တာထိ မမေ့စရာ ဖြစ်ခဲ့ တယ် ။
ကျွန်တော်လေးစားချစ်ခင်သော ရုပ်ရှင်မင်းသား အောင်လွင်ကိုလဲ နာယက လုပ်နေတာတွေ့ လို့  လေးစားဝမ်းသာပါကြောင်း ပြောခဲ့ သလို မျက်စိသမားတော်ကြီး ဒေါက်တာအေးထွန်းကိုလဲ အထူးသတိရ လေးစားပါကြောင်း ဟောပြောတဲ့ အခါ ထည့်သွင်းပြောဆိုဖြစ်ခဲ့ တယ် ။
ကျွန်တော်တို့ က ရောက်လေရာ နေရာဒေသမှာ စကားပြောခွင့်သာ ပေးတယ် ဆိုရင် ကျွန်တော်တို့ က စကားပြောတတ်သူတွေ ဖြစ်တယ် ။
ကိုယ့်အရပ်ဒေသကောင်းကျိုးအတွက် ဆိုရင် -အခန်းအနားတွေကို သွားလို့ ရှိရင် ပလာစတာ ကပ်ခံနေရမယ် ဆိုရင် ဘယ်တော့ မှ အဲဒီအခန်းအနားမျိုးကို မသွားတတ်တာ အကျင့် ဖြစ်ပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
အမှတ်ရနေသေးသော အဖြစ်အပျက်လေးတခုကို ပြောပြချင်သေးတယ် ။
ပထမအကြိမ်-၂၀၁၄-ခုနှစ်က မြန်မာနိုင်ငံကို နှစ်ပေါင်း-၂၀-အတွင်း
ပြည်ဝင်ခွင့်ဗီဇါ ရလို့  လာခဲ့ ရတယ် ။ အဲဒီတုံးက သမ္မတဦးသိန်းစိန်လက်ထက်က
အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြေပြစ်လာအောင် သံတမန်ရေးအရ
ကြိုးပမ်းလာချိန်မှာ ကျွန်တော်တို့ တွေနဲ့ လဲ ဆက်ဆံရေးခိုင်မာအောင်
ဆက်သွယ်ချဉ်းကပ်လာချိန် ဖြစ်တယ် ။ခါတိုင်းဆိုရင် ကျွန်တော်တို့ က စစ်အစိုးရကို အမြင် မကြည်တဲ့ အတွက် ထာဝရ နယူးယောက်မြို့ မှာ ရှိတဲ့  မြန်မာကောင်စစ်ဝန်ရုံးကို ဆန္ဒပြကြတယ် ။ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့  မြန်မာသံရုံးကို နယူးယောက်ကနေပြီး အပင်ပမ်းခံလို့  ဆန္ဒပြသွားကြတယ် ။
နိုင်ငံတကာမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး-မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကြွေးကြော်သံနဲ့  နေ့ နေ့ ညည ဆန္ဒပြတာတွေ-အစာငတ်ခံ ဆန္ဒပြတာတွေ- နှစ်ပေါင်း-၂၀-လောက်ကို လမ်းပေါ်ထွက် ပြုလုပ်ခဲ့ ကြတယ် ။
သမ္မတဦးသိန်းစိန်လက်ထက်ကို ရောက်လာတော့  ဒေါ်အောင်ဆန်းစုကြည်ကလဲ ဘဲ လွတ်မြောက်လာတယ် ။ လွှတ်တော်ထဲကို ရောက်သွားတယ် ။ ဒီတော့  ကျွန်တော်တို့ တွေဟာ ဆန္ဒပြစရာ မလိုတော့ ဘူးပေါ့ ။
ဒီလိုအချိန်မှာ အမေရိကန် အစိုးရနဲ့  သံခင်းတမန်ခင်း ဆက်ဆံရေးကို တည်ဆောက်တော့  အခြေအနေကောင်းသွားတယ် ။ ကျွန်တော်တို့  ပြည်ပ အင်အားစုတွေနဲ့  လဲ အဆင်ပြေသွားတယ် ။
ကျွန်တော်တို့  ကို ပြည်ဝင်ခွင့် ဗီဇါပေးတယ် ။
ရန်ကုန်ရောက်လို့  ရွှေတိဂုံစေတီတော်ကို နောက်တရက် မနက်မှာ သွားဖူးတယ်-
အပြန်ကျတော့  တက္ကစီပေါ်က မြင်ရတဲ့  လူတွေကို စိတ်ထဲမှာ သိသလိုလို
ခံစားလာရတယ် ။ အားလုံးကို ပြေးပြီး နုတ်ဆက်လာချင်တော့ တယ် ။နောက်မှ သတိတရားကို ထိမ်းထားပြီး နေပေးရတယ် ။ ဘာဖြစ်သွားသလဲ ဆိုတော့  ကျွန်တော်တို့ ဟာ ကိုယ့်အရပ်ဒေသနဲ့  နှစ်ပေါင်းများစွာ ဝေးကွာနေသွားတော့  မြေရနံ့ ကိုလဲ အားရပါးရ ရှူရှိုက်ပြီး အလွမ်းဝေဒနာကို ဖြေသိမ့် ခံစားရတဲ့ အတွက် တွေ့ သမျှ လူကို အသိလို စိတ်ထဲ ထင်မှတ်သွားတာ ဖြစ်တယ် ။
ခုလဲဘဲ စစ်တွေသားအသင်းကို ကျွန်တော်တက်ရောက်တော့  စကားပြောရတဲ့ အခါမှာ မနည်းမျက်ရည်ဝဲရတာကို ထိမ်းထားခဲ့ ရတယ် ။
ရန်ကုန်ရောက်စစ်တွေသားတွေဟာ စည်းရုံးညီညွတ်စွာနဲ့  ရှိနေကြတာ တွေ့ ရတယ် ။
အခန်းအနားမှာ မိတ်ဆွေတွေ-ဆွေမျိုးတွေ- ကျွန်တော့်ကို သိနေကြသူတွေ
ဝမ်းသာအားရ တွေ့ ကြ ပြောကြရနဲ့  တသက်တာထိ မမေ့စရာ ဖြစ်ခဲ့ တယ် ။ ကျွန်တော်လေးစားချစ်ခင်သော ရုပ်ရှင်မင်းသား အောင်လွင်ကိုလဲ နာယက လုပ်နေတာတွေ့ လို့  လေးစားဝမ်းသာပါကြောင်း ပြောခဲ့ သလို မျက်စိသမားတော်ကြီး ဒေါက်တာအေးထွန်းကိုလဲ အထူးသတိရ လေးစားပါကြောင်း ဟောပြောတဲ့ အခါ ထည့်သွင်းပြောဆိုဖြစ်ခဲ့ တယ် ။
ကျွန်တော်တို့ က ရောက်လေရာ နေရာဒေသမှာ စကားပြောခွင့်သာ ပေးတယ် ဆိုရင် ကျွန်တော်တို့ က စကားပြောတတ်သူတွေ ဖြစ်တယ် ။
ကိုယ့်အရပ်ဒေသကောင်းကျိုးအတွက် ဆိုရင် -အခန်းအနားတွေကို သွားလို့ ရှိရင် ပလာစတာ ကပ်ခံနေရမယ် ဆိုရင် ဘယ်တော့ မှ အဲဒီအခန်းအနားမျိုးကို မသွားတတ်တာ အကျင့် ဖြစ်ပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment