Sunday, June 15, 2014

ရခိုင်လူမျိုးကို မျှမျှတတ အုပ်ချုပ်ပါလား၊ တရားမျှတမှုရှိပါသလားလို့ မေးခွန်းထုတ်ချင်ပါသည်။

Photo: လွှတ်တော်ထဲမှာ ရခိုင်ပြည်မီးလင်းရေးကိစ္စနဲ့ ရခိုင်ပြည်ကသဘာဝဓါတ်ငွေ့ သုံးစွဲခွင့်ကိစ္စနဲ့ပတ်သက်လို့ မေးခွန်းမေးတာတွေကို ကွေ့ပတ်ဝိုက်ရှောင်နေကြတဲ့ အစိုးရဌာနအကြီးအကဲများနဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင်အကြီးအကဲများ၊ ရွှေဂက်နဲ့ပတ်သက်ပြီး လုပ်နေကြတဲ့ NGOs များ တစ်ခုသတိပေးချင်ပါတယ်။ အမေရိကန် APR ကုမ္ပဏီကနေပြီးတော့ ကျောက်ဆည် စက်မှုဇုန်မှာ ဂက်စ်ကနေ လျှပ်စစ်ထုတ်နေပါတယ်။ အဲဒီဂက်စ်ဟာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရွှေဂက်စ်ပိုက်လိုင်းကနေပြီးတော့ ရယူတာဖြစ်ပြီးတော့ အစိုးရကို လျှပ်စစ် ပြန်ရောင်းစားတာဖြစ်ပါတယ်၊ အဲဒါ ရခိုင်ပြည်ကထွက်တဲ့ဂက်စ်ကို ရခိုင်ပြည်မီးလင်းဖို့၊ တိုးတက်ဖွံဖြိုးအောင်လုပ်ဖို့အတွက် မသုံးဘဲ အခုလို မေးခွန်းတွေကို ကွေ့ပတ်ရှောင်နေတာက ရခိုင်ပြည်သူတွေအတွက် ခွဲခြားဆက်ဆံမှုများလားလို့ သံသယဖြစ်စရာ အနေအထားဖြစ်နေပါတယ်။ တစ်ခုပြောချင်တာက ဂက်စ်ကနေ လျှပ်စစ်ထုတ်ဖို့အတွက် အချိန်က သုံးလ သာ ကြာမြင့်တယ်ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လုပ်ချင်စိတ်၊ ပေးချင်စိတ်ရှိဖို့ပဲ အရေးကြီးပါတယ်။ မလုပ်ရင် မဖြစ်ပါဘူး။ လုပ်လို့လည်းအခု သုံးလအတွင်းမှာ လျှပ်စစ် ရနေပါပြီ။ အဲဒါ ရခိုင်ပြည်ကထွက်တဲ့သယံဇာတကို ရခိုင်ပြည်အတွက် အသုံးမပြုခြင်းဟာ ရခိုင်ပြည် ရခိုင်လူမျိုးကို မျှမျှတတ အုပ်ချုပ်ပါလား၊ တရားမျှတမှုရှိပါသလားလို့ မေးခွန်းထုတ်ချင်ပါသည်။ အခု ပင်မ လျှပ်စစ်ဓါတ်အားလိုင်းက မီးပေးဝယ်မည်ဆိုလျှင်လည်း အဲဒီပင်မဆိုတာက ဒီနေ့ပေးပြီး မနက်ဖန် ဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ချက်က ရခိုင်ပြည်တိုးတက်ဖွံဖြိုးဖို့အတွက် နိုင်ငံရေးကစားကွက်ထဲမှာ ရခိုင်ပြည်သူတို့ မရှုမလှခံနေကြရပါတယ်။ အဲဒါ ဒီအချက်ကို လာမဲ့ ANP ပါတီခေါင်းဆောင်များအနေနဲ့ ၂၀၁၅ နောက်ပိုင်းမှာ စဉ်းစားသုံးသပ် အဖြေရှာကြစေလိုပါတယ်။

လွှတ်တော်ထဲမှာ ရခိုင်ပြည်မီးလင်းရေးကိစ္စနဲ့ ရခိုင်ပြည်ကသဘာဝဓါတ်ငွေ့ သုံးစွဲခွင့်ကိစ္စနဲ့ပတ်သက်လို့ မေးခွန်းမေးတာတွေကို ကွေ့ပတ်ဝိုက်ရှောင်နေကြတဲ့ အစိုးရဌာနအကြီးအကဲများနဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင်အကြီးအကဲများ၊ ရွှေဂက်နဲ့ပတ်သက်ပြီး လုပ်နေကြတဲ့ NGOs များ တစ်ခုသတိပေးချင်ပါတယ်။ အမေရိကန် APR ကုမ္ပဏီကနေပြီးတော့ ကျောက်ဆည် စက်မှုဇုန်မှာ ဂက်စ်ကနေ လျှပ်စစ်ထုတ်နေပါတယ်။ အဲဒီဂက်စ်ဟာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရွှေဂက်စ်ပိုက်လိုင်းကနေပြီးတော့ ရယူတာဖြစ်ပြီးတော့ အစိုးရကို လျှပ်စစ် ပြန်ရောင်းစားတာဖြစ်ပါတယ်၊

မျိုးစောင့်ဥပဒေ ပြဌာန်းရေး တော်တော်ကြောင်သည့် လုပ်ရပ် ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား


ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခွင့်၊ ဘာသာကူးပြောင်းခွင့် စသည်တို့ ပါဝင်သော မျိုးစောင့်ဥပဒေပြဌာန်းနိုင် ရန် ဆောင်ရွက်နေမှုများ အား တော်တော်ကြောင်သည့် လုပ်ရပ် ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ငြိမ်းချမ်းရေးနိုဗဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ယောင်ပြ ၄၃၆ ပြင်ဆင်ရေးကနေ ၅၉ စလုံးကို ပြင်ဖို့ ကြိုးစားနေကြောင်း NLD ဝန်ခံပြီ




 သမ္မတအရည်အချင်း ဆိုင်ရာပုဒ်မ ၅၉(စ) ကို လတ်တလော မပြင်ဆင်နိုင်ခဲ့ရင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပုဒ်မ ၄၃၆ကို ပြင်ဆင်ရေးကနေ တဆင့် ကြိုးပမ်းသွားမယ်လို့ NLD ပါတီက RFA ကိုပြောဆိုပါတယ်။

လွတ်တော်အတွင်းဖွဲ့စည်းထားတဲ့ ၃၁ ဦးပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကော်မတီ ပြင်ဆင်ရေး အကောင်အထည်ဖေါ်မှုအဖွဲ့မှာ  သမ္မတအရည်အချင်း ဆိုင်ရာပုဒ်မ ၅၉(စ) ကို မပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ် လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး NLD ပါတီက အခုလို ပြောလိုက်တာပါ။

နိုင်ငံတကာအဖွဲ့များ ဘက်လိုက်နေကြောင်း ရခိုင်ဒေသခံများ ကုလ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်ကို ပြောကြား


ကုလလူသားချင်း စာနာ မှုဆိုင်ရာလက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ ဆုံခဲ့ရာ၌ နိုင်ငံတကာအဖွဲ့အ စည်းများက ရခိုင်ပြည်နယ် အတွင်းအကူအညီပေးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဘက် လိုက်မှုများရှိနေဆဲဖြစ်သည်ကို သက်သေနှင့်တကွ ထောက်ပြ ဆွေးနွေးခဲ့ကြောင်း စစ်တွေမြို့မိ မြို့ဖများကပြောသည်။

အီရတ်အရေးမှာ အီရန် ကူညီမယ်

အမေရိကန်နဲ့ ပူးပေါင်း ပြီး အီရတ်ကို ကူမယ်လို့ ရိုဟာနီက ဆို
15 June 2014 
 ရှီယာ မူဆလင်တွေ လွှမ်းမိုးတဲ့ သမ္မတ နိုရီ အယ်လ်မာလီကီ ရဲ့ အီရတ် အစိုးရဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပြီး အရေးပါတဲ့ မဟာမိတ် လည်း ဖြစ်ပါတယ်။

အီရတ်မှာ အီရန် လိုလားတဲ့ အစိုးရ တရပ် ပေါ်ပေါက် လာဖို့ အီရန် နိုင်ငံက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက မျှော်လင့် ကြိုးစား နေခဲ့တာပါ။

ဒါကြောင့် အီရတ်အစိုးရ အတွက် အခက်အခဲ ကြုံရပြီ ဆိုရင် အီရန်ရဲ့ မျှော်လင့် ကြိုးပမ်းချက်တွေ အချည်းအနှီး ဖြစ်သွား နိုင်ပါတယ်။

မောင်တောမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ရှာဖွေစစ်ဆေး 15 June 2014



ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ ရှိ၊ မရှိကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက စစ်ဆေးနေပါတယ်။

Redline ကို ကျော်ရင် စစ်တပ်က အာဏာသိမ်းလိမ့်မယ်


Jun 15, 2014
အာဏာရတွေ အာဏာလက်မဲ့ဖြစ်တဲ့အချိန်၊ အာဏာလက်မဲ့တွေအာဏာရတဲ့အချိန်တွေဟာ ကြောက် စရာအကောင်းဆုံး အချိန်ပါတဲ့။ လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်းနောက်ကြောင်း ပြန်လှည့်သွားမယ့်ဆိုတဲ့ စကားလုံးက အတော်လေးကိုပေါ်ပြူလာဖြစ်ခဲ့ပါတယ်။

အနောက်တံခါးဝမှ ကျောင်းဆရာ/မများဘဝ

Jun 15, 2014

``ဦးလေးတို့ဆီမှာ လခနှစ်ဆ၂၄၀၀၀၀ရပေမဲ့ မနေချင်တော့ဘူး ဦးလေးရေ။၁၂၀၀၀၀စားပြီးသာ ကျောက်ဖြူကို အေးအေးဆေးဆေး ပြန်ချင်တယ်´´။
မောင်တောဒေသခံတစ်ဦးအား ကျောက်ဖြူမြို့မှလာရောက် စာသင်ကြားနေရသည့် ကျောင်းဆရာမတစ်ဦး၏ ပြောကြားချက်ပါ။

ပုလဲမြို့နယ် ၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (ဝံသာနု ရက္ခိတ) အဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားရေး အသိပညာပေး ဟောပြောပွဲ



မင်းတိုင်ပင်စံပြကျေးရွာ၊ ပုလဲမြို့နယ်။
ဟောပြောပွဲ အပြီးမှာ အကျိုးတော်ဆောင်ဆရာတော် ဦးကုဝေရာဓိပတိ(သာကီဆွေ)နှင့် မြန်မာ့အမျိုးသားရေးကွန်ယက်မှ
ပြန်ကြားရေးတာဝန်ခံ ကိုသက်မျိုးဦး( Ko Thet)တို့ က သစ္စာအဓိဋ္ဌာန်(၃)ချက်ကို တိုင်ပေးရာတက်ရောက်လာသော ပရိတ်သတ်က
အမျိုးဘာသာ သာသနာ သစ္စာရှိပါမည်။ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်။ဘာသာတူရာအချင်းချင်းသာဖူးစာ
ရွေးပါမည် ဟူ၍ သစ္စာပြုကြပါသည်။

ယူကရိန်း သူပုန်တွေကို ရုရှား လက်နက်ကြီးတွေထောက်ပံ့

ဇွန်၊၁၄ရက်။

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားတွေအတွက် တင့်ကားတွေနဲ့လက်နက် ကြီးတွေ ထောက်ပံ့ပေးခဲ့ တယ်လို့ မရိကန်နိုင်ငံခြားရေးဌာနကအတည်ပြုပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကပဲ ယူကရိန်းနယ်စပ်ကSnizhneမြို့အနီးနယ်စပ်မှာ T-64 တင့်ကား
သုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြားစစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်း ရုရှားဖက်က ၀င်ရောက်လာတယ် လို့နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က ပြောပါတယ်။

ဒါဟာ လက်ခံလို့မရတဲ့လုပ်ရပ် လို့လည်း ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း နေတိုး အတွင်းရေးမှုးချုပ် Anders Fogh Rasmussen က ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေ အနေနဲ့ တင့်ကားတွေနဲ့ သံချပ်ကာကားတွေ အပါအ၀င်လက်နက်ကြီးတွေကို ရုရှား ထံကနေရရှိတယ် ဆိုတာကို ကြေညာထားပါတယ်။

ဒီအခြေအနေဟာ ယူကရိန်းအရှေခြမ်းက အကြပ်အတည်းကို ပိုပြီး ဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ရုရှားဖက်ကတော့ တို့အနေနဲ့ယူကရိန်းပိုင်နက်ကို နောက်ထပ်ကျူးကျော်တာ မျိုးတွေ မလုပ်ပါဘူးဆိုတာကိုတော့ အထပ်ထပ်ပြောနေတာပါ။

တချိန်တည်းမှာ ယူကရိန်းနိုင်ငံ အရှေ့ခြမ်း donestk ဒေသက Mariupol ဆိပ်ကမ်းမြို့ကို ယူကရိန်းလုံခြုံရေးတပ်ကနေ ပြန်သိမ်းယူလိုက်ပြီလို့ယူကရိန်းအစိုးရ က သောကြာနေ့မှာ ကြေညာပါတယ်။ မြို့တော်ခန်းမပေါ်မှာယူကရိန်းအလံကို ယူကရိန်းတပ်တွေက လွှင့်တင်လိုက်တယ်လို့ ပြည်ထဲရေး ၀န်ကြီးArsen Avakov က ပြောပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံတွေကိုစစ်ဖက်တင့်ကားတွေ အပါအ၀င် လက်နက်ကြီးတွေ တင်ဆောင်ယူလာတာကို ရုရှားဖက်ကခွင့်ပြုခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ရုရှားကိုစွပ်စွဲအပြစ်တင်ခဲ့ပါတယ်။

Source;AFP