Sunday, June 15, 2014

ယူကရိန်း သူပုန်တွေကို ရုရှား လက်နက်ကြီးတွေထောက်ပံ့

ဇွန်၊၁၄ရက်။

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားတွေအတွက် တင့်ကားတွေနဲ့လက်နက် ကြီးတွေ ထောက်ပံ့ပေးခဲ့ တယ်လို့ မရိကန်နိုင်ငံခြားရေးဌာနကအတည်ပြုပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကပဲ ယူကရိန်းနယ်စပ်ကSnizhneမြို့အနီးနယ်စပ်မှာ T-64 တင့်ကား
သုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြားစစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်း ရုရှားဖက်က ၀င်ရောက်လာတယ် လို့နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က ပြောပါတယ်။

ဒါဟာ လက်ခံလို့မရတဲ့လုပ်ရပ် လို့လည်း ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း နေတိုး အတွင်းရေးမှုးချုပ် Anders Fogh Rasmussen က ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေ အနေနဲ့ တင့်ကားတွေနဲ့ သံချပ်ကာကားတွေ အပါအ၀င်လက်နက်ကြီးတွေကို ရုရှား ထံကနေရရှိတယ် ဆိုတာကို ကြေညာထားပါတယ်။

ဒီအခြေအနေဟာ ယူကရိန်းအရှေခြမ်းက အကြပ်အတည်းကို ပိုပြီး ဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ရုရှားဖက်ကတော့ တို့အနေနဲ့ယူကရိန်းပိုင်နက်ကို နောက်ထပ်ကျူးကျော်တာ မျိုးတွေ မလုပ်ပါဘူးဆိုတာကိုတော့ အထပ်ထပ်ပြောနေတာပါ။

တချိန်တည်းမှာ ယူကရိန်းနိုင်ငံ အရှေ့ခြမ်း donestk ဒေသက Mariupol ဆိပ်ကမ်းမြို့ကို ယူကရိန်းလုံခြုံရေးတပ်ကနေ ပြန်သိမ်းယူလိုက်ပြီလို့ယူကရိန်းအစိုးရ က သောကြာနေ့မှာ ကြေညာပါတယ်။ မြို့တော်ခန်းမပေါ်မှာယူကရိန်းအလံကို ယူကရိန်းတပ်တွေက လွှင့်တင်လိုက်တယ်လို့ ပြည်ထဲရေး ၀န်ကြီးArsen Avakov က ပြောပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံတွေကိုစစ်ဖက်တင့်ကားတွေ အပါအ၀င် လက်နက်ကြီးတွေ တင်ဆောင်ယူလာတာကို ရုရှားဖက်ကခွင့်ပြုခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ရုရှားကိုစွပ်စွဲအပြစ်တင်ခဲ့ပါတယ်။

Source;AFP

No comments: