Sunday, June 15, 2014

အနောက်တံခါးဝမှ ကျောင်းဆရာ/မများဘဝ

Jun 15, 2014

``ဦးလေးတို့ဆီမှာ လခနှစ်ဆ၂၄၀၀၀၀ရပေမဲ့ မနေချင်တော့ဘူး ဦးလေးရေ။၁၂၀၀၀၀စားပြီးသာ ကျောက်ဖြူကို အေးအေးဆေးဆေး ပြန်ချင်တယ်´´။
မောင်တောဒေသခံတစ်ဦးအား ကျောက်ဖြူမြို့မှလာရောက် စာသင်ကြားနေရသည့် ကျောင်းဆရာမတစ်ဦး၏ ပြောကြားချက်ပါ။



``ဘာဖြစ်လို့လဲ…သမီးရေ´´ သိရက်သားနဲ့ မချိတင်ကဲစွာဖြင့် မောင်တောဒေသခံက မေးပါသည်။

``ကြောက်တယ် ဦးလေးရဲ့။မလုံခြုံဘူး။ကျောင်းသွား/ပြန်ကုလားရွာတွေကို ဖြတ်သွားရတာကို
ကြောက်တယ်။ကျောင်းမှာက စာသင်ဖို့လာတဲ့သူလဲ(ဘင်္ဂလီလေးများ) မရှိဘူး။ဒီလို `မလိုလားလို့´ ကျောင်းမတက်တဲ့နေရာမှာကိုယ့်အလုပ်လေးကြောင့် နေ့စဉ်ဖြတ်သွား/လာလုပ်နေရတာက
ဘယ်နေ့ကိုယ့်ကို ဝိုင်းအုံပြီး အနှိင်ကျင့်လာမလဲဆိုတဲ့စိတ်နဲ့ ကြောက်နေရတယ်´´။

မောင်တောရှိ အစိုးရစာသင်ကျောင်းများရှေ့၌ ကုလားဗလီများရှိသည်။ ကုလားဗလီဘေး၌ ရေကန်။အမြဲတမ်းလူမပြတ်သည့် ကုလားဗလီမှနေ၍ အစိုးရစာသင်ကျောင်းအား အချိန်မရွေး စောင့်ကြည့်နေ၍ ရပါသည်။ဘင်္ဂလီကလေးများ ၁၀၀တွင် ၉၉ယောက်က မြန်မာ့အစိုးရကျောင်းစာကို စိတ်လည်းမဝင်စား၊သင်လည်း မသင်ကြားလိုသလို စာသင်လိုသူ ဘင်္ဂလီတစ်ဦးအဖို့မှာလည်း ဗလီရှေ့မှ စာသင်ကျောင်းသို့ ဗလီဆရာတို့၏ စာမသင်ရဆန္ဒကို အာခံလျှက် ကျောင်းတက်ရန် မလွယ်ချေ။သူတို့အဖို့ `အာရဗီ´ပညာရေးစနစ်သည်သာ အားထားယုံကြည်ရာဖြစ်သည်။

မြန်မာအစိုးရကျောင်းသို့ ဘင်္ဂလီလေးများ ပညာသင်ကြားစေလိုပါသလား? ကလေးတစ်ဦးကို ဆန်တစ်အိတ်ပေးလျှင်ရပါမည်။၂၀၁၂အရေးအခင်းမတိုင်မှီ နှိင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုမှ ((UNHCRလား/WHOလားသေချာမသိတော့ပါ)) ဤသို့ဆန်တစ်အိတ်စီ ရနေသောကြောင့် ဘင်္ဂလီကလေးများ ကျောင်းတက်ခဲ့ကြခြင်းဖြစ်သည်။ယခုမူ မရတော့သဖြင့် ကျောင်းမတက်ကြတော့ ။ပေးတဲ့အဖွဲ့အစည်းကလည်း ကျောင်းတက်စေလို၍ လိမ္မာရေးခြားရှိစေလို၍ ဆန်အိတ်ဖြင့်မြူဆွယ်ကာ ပေးခြင်းမဖြစ်နှိင်။ပေးချင်လွန်း၍သာ မြန်မာနှိင်ငံသားများအမြင်၌ လူကြားကောင်းအောင် အစိုးရကျောင်းတက်၍ ပေးတာပါဟု လုပ်နေခြင်းဖြစ်မည်။ဘင်္ဂလီ
များကလည်း ကျောင်းတက်ချင်လွန်း၍ တက်တာမဖြစ်နှိင်။ ဆန်အိတ်မျက်နှာကြောင့်သာ
ကျောင်းတက်ပြနေခြင်း ဖြစ်ပေမည်။ဒါကိုတော့ သူခိုးနှင့်ဂျပိုးတို့နှစ်ဦးသာ သေချာသိသည့်မဟုတ်။ အိမ်ရှင်ရခိုင်လည်း သိနေ/မြင်နေပါ၏။

မိမိတို့မြန်မာနှိင်ငံသား ကလေးများကတော့ ဆန်အိတ်ရဖို့ကိုဝေးစွ။ သင်ရိုးစာအုပ်တောင်
ပြည့်စုံစွာမရပါ။ မောင်တောမှမဟုတ်။ ရခိုင်တစ်ပြည်လုံး။ မြန်မာတစ်နှိင်ငံလုံးဖြစ်သည်။ ယခုနောက်ပိုင်း အတည်ပြု၍မရသေးသည့် သတင်းတစ်ခုကတော့ ရိုဟင်ဂျာဟု သတ်မှတ်မှ ဘင်္ဂလီများသည် အစိုးရကျောင်းကို တက်ကြပါမည်တဲ့။

ဤစာများကို ဖတ်ရတော့ မျိုးချစ်တို့ကပြောကြပေမည်။ ``ဒီကောင်တွေ ကျောင်းမတက်ချင်ရင်လဲ
နေပေါ့´´ဟု။သို့သော် မြန်မာနှိင်ငံထဲ၌ ဗုဒ္ဓဘာသာ မြန်မာစစ်စစ်များဖြစ်ကြပါလျှက် နေ၍မရသူ
တွေရှိနေသည်။ထိုသို့ `နေလို့မရသည့်အထဲတွင်´ အစိုးရကိုယ်တိုင်က ပါနေတာကပိုခက်သည်။

ဤသို့မြန်မာ့ပညာရေးစနစ်ကို မလိုအပ်ပါသော ဒေသတွင်မှ ကျောင်းဆရာ/မများကို ကုလားရွာတွင်စာပြရန်အတွက် လစာကိုနှစ်ဆပေး၍ သွားရောက်စာပြခိုင်းထားသည်က နှိင်ငံတော်ဘဏ္ဍာလည်း ဆုံးရှုံးနစ်နာလှပေသည်။မောင်တောတွင် ရခိုင်နှင့်ရခိုင်မျိုးနွယ်စုဝင်များကို အားလုံးပေါင်းမှ လူဦးရေသည် ခြောက်သောင်းခန့်ရှိမည်။၎င်းလူဦးရေမှ မူလတန်းမှပင် အထက်တန်းထိ ပညာကိုသင်ကြားမည့်အရွယ်မှာ တစ်ထောင်ပင် ရှိပါလေစ။ကျန်တာတွေက အားလုံးဘင်္ဂလီကုလားလေးများသာ ဖြစ်သည်။ တစ်ထောင်ပင်မပြည့်နှိင်သည့် ရခိုင်နှင့်ရခိုင်မျိုးနွယ်စုဝင် ကျောင်းသူ/သားများအား စာသင်ကြားရန်အတွက် ကျောင်းဆရာ/မအင်အားမှာ (၃၀)ခန့်ဆိုလျှင် လုံလောက် နေပြီဖြစ်သည်။ အစိုးရ၏ လစာနှစ်ဆတိုး စီမံကိန်းတွင်လည်း နှိင်ငံတော်၏ဘဏ္ဍာငွေများ များစွာသက်သာသွားပါမည်။

ယခုမူ ကုလားကိုစာပြမည့် ဆရာ/မများစွာ၊ဆွဲခန့်များစွာသုံးကာ… ထိရောက်စွာလည်း စာပြရန် ဘင်္ဂလီကျောင်းသူ/သားများက ကျောင်းသို့မတက်။ဆရာ/မများမှာသာ နေ့စဉ်နှင့်အမျှ ကုလားရွာထဲဝင်ရောက်ရသည့် စိုးရိမ်စိတ်ဒုက္ခက ကြီးမားလှပေစွ။

မောင်တောမြို့ရောက် ဆရာ/မတို့မှာလည်း လခနှစ်ဆကိုမက်၍ ရောက်လာကြသည်မဟုတ်ပေ။ တာဝန်ပေး၍သာ မသွားလျှင် `အလုပ်ပြုတ်မည်´ကိုစိုးရိမ်သဖြင့် ရောက်လာရသူများ ဘဝဖြစ်သည်။မောင်တောမြို့ပေါ်၌က အရေးမကြီးသော်လည်း နယ်စွန်ဖျားကုလားရွာသို့ တာဝန်ကျပါက ဆရာ/မများမှာ ပူပင်သောက များနေရတော့သည်။ "ဘယ်နေ့သာ ငါလည်း သီတာထွေးဘဝကို ရောက်ရမလဲ။ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဘဝကို ရောက်ရမလဲ" ဟု။
သေနတ်ကိုင် လုံခြုံရေးဆောင်ရွက်နေကြသည့် ရဲ၊စစ်သား၊နစကများပင် အစရှာမရသည့်မောင်တော ကုလားရွာများတွင် မြေဖြူခဲသာလက်တွင်ရှိသည့် ကျောင်းဆရာ/မများဘဝက ချည်နှောင်ပြီးသား ကြက်များသာဖြစ်ပါသည်။သတ်စားချင်တဲ့အ ချိန်မှာ သတ်လိုက်ရုံသာဖြစ်သည်။

မောင်တောမြို့နယ်အတွင်းရှိ ကုလားရွာဟူသမျှတို့တွင် ကား/ဆိုင်ကယ်သွားလာနှိင်သည့် ဗဟိုလမ်းမကြီးမှာ "တစ်လမ်းတည်း" သာ ရှိပါသည်။ရွာတွင်းသို့ဝင်သည့် ကျန်လမ်းသွယ်လေးများသည် တစ်ဖြောင့်တည်းရှိမနေဘဲ ကွေ့ချိုးပေါင်းများစွာ၊ အဝိုက်ပေါင်းများစွာဖြင့် ဖောက်လုပ်ထားလေသည်။အကျယ်မှ လူနှစ်ဦးလွတ်သည် ဆိုရုံမျှသာဖြစ်၏။

ပြဿနာတစ်ရပ်ကို ဖန်တီးပြီဟေ့ဆိုသည်နှင့် ၎င်းကုလားရွာထဲတွင်ရှိသည့် ဗုဒ္ဓဘာသာဝင်တစ်ဦးမှာ လွတ်မြောက်စရာ လမ်းမရှိပါ။ဗဟိုလမ်းမကြီးအတိုင်း ထွက်ပြေးပါက ရွာတွင်းဝင် လမ်းသွယ်ပေါင်းများစွာမှ ထွက်ပေါ်လာကြမည့် ကုလားအပေါင်းတို့လက်ထဲတွင် စိစိညက်ညက် ကြေမွသွားမည်သာဖြစ်သည်။ ဥပမာအနေဖြင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း မှာ ၎င်းဗဟိုလမ်းအတိုင်း ဆုတ်ပြေးသဖြင့် ယခုထိတိုင် အလောင်းပျောက်နေဆဲဖြစ်သည်။ ကျန်လူများမှာမူ ရွာတွင်းဝင်လမ်းသွယ်အတိုင်း ထွက်ပြေးကာ…… ၎င်းလမ်းသွယ်အတိုင်းလည်း ဆက်လက်မပြေးဘဲ ခြံစည်းရိုးများကို ကျော်ဖြတ်ပြေးသဖြင့်သာ ကုလားအုပ်ကြီးလက်တွင်းမှ အသက်အန္တရာယ်ကို ကံကောင်းထောက်မစွာ လွတ်မြောက်လာရခြင်းဖြစ်ပါသည်။

ဤအခြေအနေများကို မျက်မြင်ဒိဌ ကြားဖူးနားဝရှိနေကြသည့် မောင်တောမြို့ရောက် မြေဖြူခဲကိုင် ဧည့်သည်ဆရာ/မများသည် အဘယ်မှာပင် ကုလားရွာသို့စာပြရန် သွားရောက်နေကြသည်ကို မစိုးရိမ်မကြောက်ရွံ့ဘဲ ရှိပါအံ့နည်း။စာသင်သားမရှိသည့် ကျောင်းသို့ မိမိတို့၏ အလုပ်မပြုတ်ရေးအတွက်သာ မသွားချင်ဘဲသွားနေရခြင်း ဖြစ်ပါသည်။`လခနှစ်ဆ´ကို မက်၍မဟုတ်ကြပါ။

ယခုမူ ၂၀၁၂ဇွန်လ(8)ရက်တုန်းက အကြမ်းဖက်မီးရှို့ခဲ့သည့် စစ်တွေထောင်ရောက် ကုလားရာပေါင်းများစွာသည့် ယခု၂၀၁၄တွင် လွတ်လာတော့မည်ဟု ကြားသိနေရရာ ဧည့်သည့်ဆရာ/မများသာမက ဒေသခံမောင်တောသားများပင် စိုးရိမ်စိတ်မှာ ကြီးမားလာကြလေတော့သည်။အစိုးရက လုံခြုံရေးကိုတိုးမြှင့်ထားပါသည်ဟု ကြေညာနေသော်လည်း ကိုယ်တွေ့ကြုံ မောင်တောဒေသခံများအမြင်၌မူ…

ဘင်္ဂလားအလောင်းကိုကျတော့ ပေးလိုက်နှိင်ပြီး ကိုယ့်လူများကိုကျတော့ ကိုယ့်နှိင်ငံထဲမှာ ဖြစ်တာကိုပင် အသက်ကယ်ဖို့ကိုထား၍ အလောင်းပင်ရှာမရခြင်း။မောင်တောမြို့သမိုင်း၌ ရခိုင်သတ်၍ သေသော်ကုလားမရှိဘဲ… ကုလားသတ်၍သာ သေသော်ရခိုင် ရဲ စစ်သား နစက လဝကများရှိနေခြင်း။လူသတ်အကြမ်းဖက်သောကုလားများကို အစဉ်အဆက် လုံးဝဖမ်းမရခြင်း။တစ်ဖက်နှိင်ငံသို့ လွယ်ကူစွာ ရှောင်တိမ်းနှိင်ခြင်း။

စသဖြင့် အချက်အလက်များကိုကြည့်ကာ စိုးရိမ်နေရပါကြောင်း။မောင်တောဒေသတွင် (၇၂)ကြာ အပြေးသမားဘဝရောက် ရခိုင်များသည် ဤတစ်ကြိမ်သာ ထပ်၍ဆုပ်ပြေးပါက ကျန်ရှိနေသော ရခိုင်မျိုးနွယ်စုဝင် မြို သက် ခမီးများပါ ရခိုင်တို့နောက်ကိုလိုက်၍ ဆုတ်ပြေးကြတော့မည်ဖြစ်၍ ၁၀၀ရာခိုင်နှုန်းပြည့် ကုလားနယ်မြေ ဖြစ်တော့မည် ဖြစ်ပါကြောင်း မောင်တောဒေသခံတစ်ဦးမှ လက်ရှိမောင်တောမြို့ရောက် ဆရာ/မများဘဝကို ကိုယ်ချင်းစာ ပြောကြားရင်းဖြင့် သူတို့ရဲ့အခြေအနေကိုပါ ရင်ဖွင့်ခဲ့ပါသည်။

Picnic ကြိုက်တဲ့ စစ်တွေသားတွေ မောင်တောကို အလည်သွားကြပါ။ နောက်ဆယ်နှစ်ဆိုရင်မောင်တောကို ရခိုင်တွေ ခြေဦးတည်လို့တောင် ရချင်မှ ရတော့မှာပါ။ကျွန်တော်လည်းသွားအုံးမယ်။နောက်ဆိုရင် ဗုဒ္ဓဘာသာမဝင်ရ။သီးခြား နယ်မြေ ဖြစ်မလာဟု မဆိုနှိင်ဘူးလေဗျာ။

By Ha Da Ya

No comments: