
လွှတ်တော်ထဲမှာ ရခိုင်ပြည်မီးလင်းရေးကိစ္စနဲ့ ရခိုင်ပြည်ကသဘာဝဓါတ်ငွေ့ သုံးစွဲခွင့်ကိစ္စနဲ့ပတ်သက်လို့ မေးခွန်းမေးတာတွေကို ကွေ့ပတ်ဝိုက်ရှောင်နေကြတဲ့ အစိုးရဌာနအကြီးအကဲများနဲ့ ရခိုင်နိုင်ငံရေးခေါင်းဆောင်အကြီးအကဲများ၊ ရွှေဂက်နဲ့ပတ်သက်ပြီး လုပ်နေကြတဲ့ NGOs များ တစ်ခုသတိပေးချင်ပါတယ်။ အမေရိကန် APR ကုမ္ပဏီကနေပြီးတော့ ကျောက်ဆည် စက်မှုဇုန်မှာ ဂက်စ်ကနေ လျှပ်စစ်ထုတ်နေပါတယ်။ အဲဒီဂက်စ်ဟာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရွှေဂက်စ်ပိုက်လိုင်းကနေပြီးတော့ ရယူတာဖြစ်ပြီးတော့ အစိုးရကို လျှပ်စစ် ပြန်ရောင်းစားတာဖြစ်ပါတယ်၊
အဲဒါ ရခိုင်ပြည်ကထွက်တဲ့ဂက်စ်ကို ရခိုင်ပြည်မီးလင်းဖို့၊ တိုးတက်ဖွံဖြိုးအောင်လုပ်ဖို့အတွက် မသုံးဘဲ အခုလို မေးခွန်းတွေကို ကွေ့ပတ်ရှောင်နေတာက ရခိုင်ပြည်သူတွေအတွက် ခွဲခြားဆက်ဆံမှုများလားလို့ သံသယဖြစ်စရာ အနေအထားဖြစ်နေပါတယ်။ တစ်ခုပြောချင်တာက ဂက်စ်ကနေ လျှပ်စစ်ထုတ်ဖို့အတွက် အချိန်က သုံးလ သာ ကြာမြင့်တယ်ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လုပ်ချင်စိတ်၊ ပေးချင်စိတ်ရှိဖို့ပဲ အရေးကြီးပါတယ်။ မလုပ်ရင် မဖြစ်ပါဘူး။ လုပ်လို့လည်းအခု သုံးလအတွင်းမှာ လျှပ်စစ် ရနေပါပြီ။ အဲဒါ ရခိုင်ပြည်ကထွက်တဲ့သယံဇာတကို ရခိုင်ပြည်အတွက် အသုံးမပြုခြင်းဟာ ရခိုင်ပြည် ရခိုင်လူမျိုးကို မျှမျှတတ အုပ်ချုပ်ပါလား၊ တရားမျှတမှုရှိပါသလားလို့ မေးခွန်းထုတ်ချင်ပါသည်။ အခု ပင်မ လျှပ်စစ်ဓါတ်အားလိုင်းက မီးပေးဝယ်မည်ဆိုလျှင်လည်း အဲဒီပင်မဆိုတာက ဒီနေ့ပေးပြီး မနက်ဖန် ဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ချက်က ရခိုင်ပြည်တိုးတက်ဖွံဖြိုးဖို့အတွက် နိုင်ငံရေးကစားကွက်ထဲမှာ ရခိုင်ပြည်သူတို့ မရှုမလှခံနေကြရပါတယ်။ အဲဒါ ဒီအချက်ကို လာမဲ့ ANP ပါတီခေါင်းဆောင်များအနေနဲ့ ၂၀၁၅ နောက်ပိုင်းမှာ စဉ်းစားသုံးသပ် အဖြေရှာကြစေလိုပါတယ်။
No comments:
Post a Comment